သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စက္သုံးဆီဆိုင္အမ်ားစု အလုံအေလာက္ေရာင္းခ်ဖို႔ အခက္ႀကဳံေနဆဲ


ဧၿပီလ ၁၉ ရက္၊ စက္သံုးဆီရဖို႔ ေစာင့္ဆုိင္းတန္းစီေနတဲ့ ကားတန္းကို ေတြ႔ရစဥ္။ (ဓာတ္ပံု-ေနမ်ဳိးလင္း)


[[Zawgyi/Unicode]]

စက္သုံးဆီဆိုင္ေတြမွာ ဆီကို လိုသေလာက္ဝယ္လို႔ရေနတယ္လို႔ စစ္ေကာင္စီက အဂၤါေန႔ညေနပိုင္းက သတင္းထုတ္ျပန္ခဲ့ေပမယ့္ ၿမိဳ႕ႀကီးေတြက ဆီဆိုင္အမ်ားစုမွာ အကန႔္အသတ္နဲ႔ပဲ ေရာင္းခ်ေနတုန္းျဖစ္ပါတယ္။ ဓာတ္ဆီေစ်းကလည္း သႀကၤန္ေနာက္ပိုင္းမွာ တလီတာကို ပ်မ္းမွ်က်ပ္ ၂,၀၀၀ ဝန္းက်င္ေပးဝယ္ေနရၿပီး တကၠစီယာဥ္ေမာင္းေတြလို ေန႔တိုင္း ဆီဝယ္ယူေနရတဲ့သူေတြအဖို႔ အခက္အခဲေတြ ရွိေနပါတယ္။ ရန္ကုန္ကေပးပို႔တဲ့ ဒီသတင္းကို ကိုသားၫြန႔္ဦးက တင္ျပေပးထားပါတယ္။

ေန႔စဥ္သုံး စက္သုံးဆီဝယ္ယူမႈ အက်ပ္အတည္းျဖစ္လာတဲ့ေနာက္ ျပည္တြင္းမွာ စက္သုံးဆီအလုံအေလာက္ရွိၿပီး ျပတ္လပ္မႈလုံးဝမျဖစ္ႏိုင္ဘူးလို႔ စစ္ေကာင္စီက သတင္းထုတ္ျပန္ခဲ့ပါတယ္။ ဆီဆိုင္ေတြကလည္း လိုသေလာက္ေရာင္းခ်ေပးမယ္လို႔ စာေတြ အသီးသီးထုတ္ျပန္ခဲ့ေပမယ့္ ရန္ကုန္နဲ႔ မႏၲေလးအပါအဝင္ ၿမိဳ႕ႀကီးေတြက စက္သုံးဆီဆိုင္တခ်ိဳ႕မွာ ဒီေန႔အထိ အကန႔္အသတ္နဲ႔ ေရာင္းခ်ေနရတုန္း ျဖစ္ပါတယ္။ မနက္ပိုင္းတုန္းက စက္သုံးဆီဆိုင္တခ်ိဳ႕ လိုသေလာက္ေရာင္းခ်ေပးခဲ့ေပမယ့္ ေနာက္ပိုင္း ဆီျပတ္ၿပီး ဆိုင္ပိတ္သြားတာေတြရွိပါတယ္။ ဒါေပမယ့္ ရန္ကုန္က တခ်ိဳ႕ဆိုင္ေတြမွာေတာ့ ဆီလက္က်န္မရွိလို႔ မေရာင္းေပးတဲ့ဆိုင္ေတြ ရွိတယ္လို႔ ဆီငါးေသာင္းဖိုးရဖို႔ ဆိုင္သုံးေလးဆိုင္မွာ လွည့္ပတ္ဝယ္ခဲ့တဲ့ တကၠစီ ယာဥ္ေမာင္းတဦးက ေျပာပါတယ္။

"က်ေနာ္ကိုယ္တိုင္ တညင္းကုန္းအေက်ာ္က ဂတ္စ္ဆိုင္ေရွ႕ကဆိုင္မွာ သြားထည့္ တယ္။ မယုံလို႔ဆိုၿပီးေတာ့ က်ေနာ္တို႔သြားထည့္တယ္။ ထည့္တဲ့အခ်ိန္မွာ 92 နဲ႔ 95 ဆိုရင္ မရပါဘူးဆိုၿပီး ကုန္သြားပါၿပီ၊ ဒီအတိုင္းေျပာလိုက္တယ္။ ၁၂ နာရီ ၁၅ မိနစ္ကပါ။ ကားနည္းတဲ့ဆိုင္မွန္သမွ် က်ေနာ္တို႔ ဝင္ထိုးရတယ္။ က်ေနာ္တို႔ကားေတြက် အခက္အခဲရွိတာေပါ့။"

ဆီလက္က်န္ျပတ္သြားလို႔ ဆိုင္ပိတ္ခဲ့ရရင္ တာဝန္ရွိသူေတြ ေခၚယူေမးျမန္းမွာစိုးတာေၾကာင့္ ဆိုင္အမ်ားစုကေတာ့ ထိန္းၿပီးေရာင္းေနၾကတယ္လို႔ ဆီဆိုင္လုပ္ငန္းရွင္တဦးက ေျပာပါတယ္။

မႏၲေလးအပါအဝင္ တျခားၿမိဳ႕ေတြက ဆိုင္ေတြမွာလည္း မေန႔ကေလာက္ တိုးႀကိတ္တာေတြ မရွိေပမဲ့လည္း ဓာတ္ဆီ၊ ဒီဇယ္ေစ်းေတြကေတာ့ သႀကၤန္အၿပီးမွာ ထပ္ၿပီး တက္လာပါတယ္။ ပရီမီယံဒီဇယ္ တပီပါကို သႀကၤန္မတိုင္ခင္က ေစ်းထက္ သႀကၤန္အၿပီးမွာ က်ပ္ ၂၀၀,၀၀၀ (ႏွစ္သိန္း) နီးပါးေလာက္ ေစ်းတက္လာတယ္လို႔ မႏၲေလးက စက္သုံးဆီလုပ္ငန္းရွင္တဦးက ဗြီအိုေအကို ေျပာပါတယ္။

"လက္ကားေစ်းက ပိုေျမာက္သြားတယ္ ၅၈၀,၀၀၀၊ ၆၀၀,၀၀၀ ပတ္ခ်ာလည္ကို ႀကိဳက္ေရာင္းႀကိဳက္ဝယ္ေတြ ေရာက္သြားတယ္။ သႀကၤန္မတိုင္ခင္က ဆီတပီပါကို ၄၂၀,၀၀၀ ေလာက္ပဲရွိတာ။ ေအာက္တိန္းဆိုရင္ ၅၁၀,၀၀၀ ေလာက္ကို ေရာက္ သြားတယ္။ ေတာ္ေတာ္ကြာသြားတယ္။ ဒီေန႔ တခ်ိဳ႕ဆိုင္ႀကီးေတြက ပိတ္သြားတယ္၊ ဒါေပမဲ့ က်ေနာ္တို႔ကေတာ့ မပိတ္ဘူး။ ဆီျပတ္တဲ့အထိ ေရာင္းလိုက္တယ္။"

ဓာတ္ဆီကို လိုသေလာက္ဝယ္လို႔မရေသးတာဟာ တကၠစီလုပ္ငန္းေတြလို ေန႔တိုင္း မရွိမျဖစ္ ဓာတ္ဆီသုံးရတဲ့ လုပ္ငန္းေတြအတြက္ အခက္အခဲရွိပါတယ္။ တကၠစီယာဥ္စီးခႏႈန္းေတြလည္း ဒီရက္ပိုင္းထဲမွာ ပိုၿပီးယူေနရတယ္လို႔ ရန္ကုန္က တကၠစီယာဥ္ေမာင္းတဦးက ေျပာပါတယ္။

ရန္ကုန္နဲ႔ မႏၲေလးက စက္သုံးဆီအေျခအေနေတြကို အကဲခတ္ၿပီး ေဝးလံေခါင္ ဖ်ား ေဒသေတြက ဆီဆိုင္ေတြလည္း အကန႔္အသတ္နဲ႔ပဲ ထိန္းၿပီးေရာင္းခ်ၾကပါတယ္။ စက္သုံးဆီတင္သြင္းတဲ့ လုပ္ငန္းရွင္တခ်ိဳ႕ကေတာ့ ျပည္ပကေန ဆီတင္သြင္းဖို႔အတြက္ သူတို႔လက္ထဲမွာ ေဒၚလာေငြအလုံအေလာက္ မရွိတာေၾကာင့္လို႔ ဗြီအိုေအေျပာပါတယ္။ စက္သုံးဆီေစ်းတက္ၿပီး လိုသေလာက္မေပးႏိုင္တာဟာ ျပည္တြင္းမွာ ေဒၚလာရွားပါးတာေၾကာင့္ လုပ္ငန္းရွင္ေတြက ေျပာေပမယ့္ ဒီလိုေျပာတာေတြဟာ ေကာလာဟလေတြသာျဖစ္ၿပီး စက္သုံးဆီေစ်း တည္ၿငိမ္ဖို႔အတြက္ ေဒၚလာေတြ ေရာင္းခ်ေပးထာတာရွိေၾကာင္း စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာထားပါတယ္။ ဒါ့အျပင္ စက္သုံးဆီလုပ္ငန္းရွင္ေတြကိုလည္း တာဝန္ရွိသူေတြက မေန႔က ေခၚယူေတြ႕ဆုံၿပီး၊ စက္သုံးဆီ ဝယ္ယူျဖန႔္ျဖဴေရးအတြက္ ညႇိဳႏႈိင္းေဆြးေႏြးခဲ့တယ္လို႔ ျမန္မာစစ္ေကာင္စီသတင္းေတြမွာ ထုတ္ျပန္ခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

=============
[[Unicode]]

စက်သုံးဆီဆိုင်အများစု အလုံအလောက်ရောင်းချဖို့ အခက်ကြုံနေဆဲ

စက်သုံးဆီဆိုင်တွေမှာ ဆီကို လိုသလောက်ဝယ်လို့ရနေတယ်လို့ စစ်ကောင်စီက အင်္ဂါနေ့ညနေပိုင်းက သတင်းထုတ်ပြန်ခဲ့ပေမယ့် မြို့ကြီးတွေက ဆီဆိုင်အများစုမှာ အကန့်အသတ်နဲ့ပဲ ရောင်းချနေတုန်းဖြစ်ပါတယ်။ ဓာတ်ဆီဈေးကလည်း သြင်္ကန်နောက်ပိုင်းမှာ တလီတာကို ပျမ်းမျှကျပ် ၂,၀၀၀ ဝန်းကျင်ပေးဝယ်နေရပြီး တက္ကစီယာဉ်မောင်းတွေလို နေ့တိုင်း ဆီဝယ်ယူနေရတဲ့သူတွေအဖို့ အခက်အခဲတွေ ရှိနေပါတယ်။ ရန်ကုန်ကပေးပို့တဲ့ ဒီသတင်းကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

နေ့စဉ်သုံး စက်သုံးဆီဝယ်ယူမှု အကျပ်အတည်းဖြစ်လာတဲ့နောက် ပြည်တွင်းမှာ စက်သုံးဆီအလုံအလောက်ရှိပြီး ပြတ်လပ်မှုလုံးဝမဖြစ်နိုင်ဘူးလို့ စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဆီဆိုင်တွေကလည်း လိုသလောက်ရောင်းချပေးမယ်လို့ စာတွေ အသီးသီးထုတ်ပြန်ခဲ့ပေမယ့် ရန်ကုန်နဲ့ မန္တလေးအပါအဝင် မြို့ကြီးတွေက စက်သုံးဆီဆိုင်တချို့မှာ ဒီနေ့အထိ အကန့်အသတ်နဲ့ ရောင်းချနေရတုန်း ဖြစ်ပါတယ်။ မနက်ပိုင်းတုန်းက စက်သုံးဆီဆိုင်တချို့ လိုသလောက်ရောင်းချပေးခဲ့ပေမယ့် နောက်ပိုင်း ဆီပြတ်ပြီး ဆိုင်ပိတ်သွားတာတွေရှိပါတယ်။ ဒါပေမယ့် ရန်ကုန်က တချို့ဆိုင်တွေမှာတော့ ဆီလက်ကျန်မရှိလို့ မရောင်းပေးတဲ့ဆိုင်တွေ ရှိတယ်လို့ ဆီငါးသောင်းဖိုးရဖို့ ဆိုင်သုံးလေးဆိုင်မှာ လှည့်ပတ်ဝယ်ခဲ့တဲ့ တက္ကစီ ယာဉ်မောင်းတဦးက ပြောပါတယ်။

"ကျနော်ကိုယ်တိုင် တညင်းကုန်းအကျော်က ဂတ်စ်ဆိုင်ရှေ့ကဆိုင်မှာ သွားထည့် တယ်။ မယုံလို့ဆိုပြီးတော့ ကျနော်တို့သွားထည့်တယ်။ ထည့်တဲ့အချိန်မှာ 92 နဲ့ 95 ဆိုရင် မရပါဘူးဆိုပြီး ကုန်သွားပါပြီ၊ ဒီအတိုင်းပြောလိုက်တယ်။ ၁၂ နာရီ ၁၅ မိနစ်ကပါ။ ကားနည်းတဲ့ဆိုင်မှန်သမျှ ကျနော်တို့ ဝင်ထိုးရတယ်။ ကျနော်တို့ကားတွေကျ အခက်အခဲရှိတာပေါ့။"

ဆီလက်ကျန်ပြတ်သွားလို့ ဆိုင်ပိတ်ခဲ့ရရင် တာဝန်ရှိသူတွေ ခေါ်ယူမေးမြန်းမှာစိုးတာကြောင့် ဆိုင်အများစုကတော့ ထိန်းပြီးရောင်းနေကြတယ်လို့ ဆီဆိုင်လုပ်ငန်းရှင်တဦးက ပြောပါတယ်။

မန္တလေးအပါအဝင် တခြားမြို့တွေက ဆိုင်တွေမှာလည်း မနေ့ကလောက် တိုးကြိတ်တာတွေ မရှိပေမဲ့လည်း ဓာတ်ဆီ၊ ဒီဇယ်ဈေးတွေကတော့ သြင်္ကန်အပြီးမှာ ထပ်ပြီး တက်လာပါတယ်။ ပရီမီယံဒီဇယ် တပီပါကို သြင်္ကန်မတိုင်ခင်က ဈေးထက် သြင်္ကန်အပြီးမှာ ကျပ် ၂၀၀,၀၀၀ (နှစ်သိန်း) နီးပါးလောက် ဈေးတက်လာတယ်လို့ မန္တလေးက စက်သုံးဆီလုပ်ငန်းရှင်တဦးက ဗွီအိုအေကို ပြောပါတယ်။

"လက်ကားဈေးက ပိုမြောက်သွားတယ် ၅၈၀,၀၀၀၊ ၆၀၀,၀၀၀ ပတ်ချာလည်ကို ကြိုက်ရောင်းကြိုက်ဝယ်တွေ ရောက်သွားတယ်။ သြင်္ကန်မတိုင်ခင်က ဆီတပီပါကို ၄၂၀,၀၀၀ လောက်ပဲရှိတာ။ အောက်တိန်းဆိုရင် ၅၁၀,၀၀၀ လောက်ကို ရောက် သွားတယ်။ တော်တော်ကွာသွားတယ်။ ဒီနေ့ တချို့ဆိုင်ကြီးတွေက ပိတ်သွားတယ်၊ ဒါပေမဲ့ ကျနော်တို့ကတော့ မပိတ်ဘူး။ ဆီပြတ်တဲ့အထိ ရောင်းလိုက်တယ်။"

ဓာတ်ဆီကို လိုသလောက်ဝယ်လို့မရသေးတာဟာ တက္ကစီလုပ်ငန်းတွေလို နေ့တိုင်း မရှိမဖြစ် ဓာတ်ဆီသုံးရတဲ့ လုပ်ငန်းတွေအတွက် အခက်အခဲရှိပါတယ်။ တက္ကစီယာဉ်စီးခနှုန်းတွေလည်း ဒီရက်ပိုင်းထဲမှာ ပိုပြီးယူနေရတယ်လို့ ရန်ကုန်က တက္ကစီယာဉ်မောင်းတဦးက ပြောပါတယ်။

ရန်ကုန်နဲ့ မန္တလေးက စက်သုံးဆီအခြေအနေတွေကို အကဲခတ်ပြီး ဝေးလံခေါင် ဖျား ဒေသတွေက ဆီဆိုင်တွေလည်း အကန့်အသတ်နဲ့ပဲ ထိန်းပြီးရောင်းချကြပါတယ်။ စက်သုံးဆီတင်သွင်းတဲ့ လုပ်ငန်းရှင်တချို့ကတော့ ပြည်ပကနေ ဆီတင်သွင်းဖို့အတွက် သူတို့လက်ထဲမှာ ဒေါ်လာငွေအလုံအလောက် မရှိတာကြောင့်လို့ ဗွီအိုအေပြောပါတယ်။ စက်သုံးဆီဈေးတက်ပြီး လိုသလောက်မပေးနိုင်တာဟာ ပြည်တွင်းမှာ ဒေါ်လာရှားပါးတာကြောင့် လုပ်ငန်းရှင်တွေက ပြောပေမယ့် ဒီလိုပြောတာတွေဟာ ကောလာဟလတွေသာဖြစ်ပြီး စက်သုံးဆီဈေး တည်ငြိမ်ဖို့အတွက် ဒေါ်လာတွေ ရောင်းချပေးထာတာရှိကြောင်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောထားပါတယ်။ ဒါ့အပြင် စက်သုံးဆီလုပ်ငန်းရှင်တွေကိုလည်း တာဝန်ရှိသူတွေက မနေ့က ခေါ်ယူတွေ့ဆုံပြီး၊ စက်သုံးဆီ ဝယ်ယူဖြန့်ဖြူရေးအတွက် ညှိုနှိုင်းဆွေးနွေးခဲ့တယ်လို့ မြန်မာစစ်ကောင်စီသတင်းတွေမှာ ထုတ်ပြန်ခဲ့ပါတယ်။
=============

XS
SM
MD
LG