သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

၇ ဇူလိုင္ အထိမ္းအမွတ္ တက္ႂကြလႈပ္ရွားသူေတြ ဆႏၵျပ


7 July အေရးအခင္း အထိမ္းအမွတ္ ခ်ီတက္ဆႏၵျပပဲြ (ယခင္ပံုေဟာင္း)

[[Zawgyi/Unicode]]

ရန္ကုန္တကၠသိုလ္ နယ္ေျမအတြင္းမွာ ဆႏၵျပေက်ာင္းသားေက်ာင္းသူေတြကို စစ္တပ္က ပစ္ခတ္သတ္ျဖတ္ခဲ့တဲ့ ဆဲဗင္းဂ်ဴလိုင္ေန႔ဟာ ဒီကေန႔မွာ အႏွစ္ ၆၀ ျပည့္ခဲ့ပါၿပီ။ အဲဒီေန႔ မွာ ျဖစ္ပ်က္ခဲ့တဲ့ အေတြ႔အႀကဳံေတြကို ႏွစ္ေပါင္း ၆၀ ၾကာလာခ်ိန္အထိ မေမ့ႏိုင္သူေတြရွိသလို ဒီကေန႔ေခတ္ ေက်ာင္းသားလူငယ္ေတြဟာလည္း ဆဲဗင္းဇူလိုင္အထိမ္းအမွတ္ ျမန္မာႏိုင္ငံေနရာအေတာ္မ်ားမ်ားမွာ လွ်ပ္တျပက္ဆႏၵျပမႈေတြ လုပ္ခဲ့ပါတယ္။ ရန္ကုန္က သတင္းေပးပို႔ထားတာကို မဆုမြန္က တင္ျပေပးထားပါတယ္။

၁၉၆၂ ခုႏွစ္၊ ဇူလိုင္လ ၇ ရက္ေန႔မွာ ရန္ကုန္တကၠသိုလ္နယ္ေျမထဲ ဆႏၵျပခဲ့ၾကတဲ့ ေက်ာင္းသားေက်ာင္းသူေတြကို စစ္တပ္က အၾကမ္းဖက္ ေသနတ္နဲ႔ပစ္သတ္ခဲ့လို႔ ေသဆုံးသူေတြအပါအဝင္ စစ္အာဏာသိမ္းၿပီးခ်ိန္ကစလို႔ မတရားဖမ္းဆီးခံရသူေတြနဲ႔ ေသဆုံးခဲ့သူေတြအတြက္ ႏိုင္ငံအႏွံ႔ ဆႏၵျပလႈပ္ရွားမႈေတြ ရွိခဲ့ပါတယ္။ ရန္ကုန္ၿမိဳ႕မွာေတာ့ ေတာ္လွန္ေရး ေက်ာင္းသားလူငယ္ေတြ 7 ဇူလိုင္ စိတ္ဓါတ္ကိုင္စြဲၾကဆိုတဲ့ စာတမ္းကိုင္ေဆာင္ၿပီး လွ်ပ္တျပက္ ဆႏၵျပခဲ့ၾကပါတယ္။ ဆဲဗင္းဇူလိုင္မွာသတ္ျဖတ္ခံခဲ့ရတဲ့ေက်ာင္းသားေတြနဲ႔ ေႏြဦးေတာ္လွန္ေရးအတြင္း မတရားဖမ္းခံထားရတဲ့ ေက်ာင္းသားလူငယ္ေတြအတြက္ အခုလို ဆႏၵျပတာလို႔ ဆႏၵျပမႈမွာပါဝင္တဲ့ တကသမ်ား ရန္ကုန္ကအဖြဲ႔ဝင္ ကိုရဲညီညီထက္က ဗြီအိုေအကို ေျပာပါတယ္။

"က်ေနာ္တို႔ ေက်ာင္းသားေတြကို ရက္ရက္စက္စက္သတ္ျဖတ္ခဲ့တဲ့ ဒါအာဏာရွင္အဆက္ ဆက္ထဲကမွ အာဏာရွင္တဦးျဖစ္တဲ့ ဗိုလ္ေနဝင္းဟာ ၁၉၆၂ ခုႏွစ္မွာ ရာနဲ႔ခ်ီတဲ့ေက်ာင္းသားေတြကို သတ္ျဖတ္ခဲ့တယ္။ ၿပီးေတာ့ ဇူလိုင္ ၈ ရက္ေန႔မွာဆိုရင္လည္း က်ေနာ္တို႔ ေက်ာင္းသား သမဂၢအေဆာက္အဦလည္း ယမ္းဗုံးေတြနဲ႔ ၿဖိဳခ်ဖ်က္စီးခဲ့တဲ့ ႏွစ္ပတ္လည္ေတြျဖစ္တယ္ေပါ့၊ အႏွစ္ ၆၀ ျပည့္လည္းျဖစ္တယ္။ အဲ့ေတာ့ က်ေနာ္တို႔ ဆရာ ဆရာႀကီးသခင္ကိုယ္ေတာ္မႈိင္း ေျပာခဲ့သလိုေပါ့။ က်ေနာ္တို႔ ေက်ာင္းသားသမဂၢရဲ႕ အေဆာက္အဦးေတြ ၿဖိဳခ်လို႔ပဲရမယ္။ က်ေနာ္တို႔ သမဂၢေတြရဲ႕စိတ္ေတြေပါ့။ ဘယ္သူမွ လာေရာက္ၿဖိဳၿပီးေတာ့ ခ်လို႔မွာမဟုတ္ဘူးဆိုတဲ့ ပုံစံမ်ိဳးပါ။ ၿပီးေတာ့ အခုေႏြဦးေတာ္လွန္ေရးမွာဆိုလည္း က်ေနာ္တို႔ရဲ႕ ဒီေက်ာင္းသားေခါင္းေဆာင္ေတြ ရွိတယ္၊ ေက်ာင္းသားေတြရွိတယ္။ သူတို႔ေတြ မတရားအဖမ္းခံထားတဲ့သူရွိတယ္။ အဲဒီလူေတြအတြက္နဲ႔ က်ေနာ္တို႔က ရပ္တည္ၿပီးထြက္ခဲ့တာလည္း ျဖစ္ပါတယ္။"

ဒီကေန႔ က်ေရာက္တဲ့ ဆဲဗင္းဇူလိုင္ေန႔မွာ ရန္ကုန္၊ မုံ႐ြာ၊ ယင္းမာပင္၊ ဆားလင္းႀကီး၊ ကနီ၊ အရာေတာ္၊ ကေလး၊ ဖားကန႔္နဲ႔ ေလာင္းလုံ စတဲ့ ေဒသအေတာ္မ်ားမ်ားမွာလည္း တတ္ႂကြလႈပ္ရွားသူေတြ ခ်ီတက္ဆႏၵျပခဲ့ၾကပါတယ္။

ဇူလိုင္လ ၇ ရက္ေန႔မွာ တကၠသိုလ္နယ္ေျမထဲ ေသနတ္ပစ္ခတ္ခံရလို႔ ေသဆုံးခဲ့ရတဲ့ ေက်ာင္းသားလူငယ္ေတြ ရွိခဲ့သလို ဇူလိုင္လ ၈ ရက္ေန႔မွာေတာ့ အာဏာသိမ္းစစ္တပ္က ေက်ာင္းသားသမဂၢ အေဆာက္အဦကို ဗုံးေဖာက္ၿဖိဳခြဲခဲ့ပါတယ္။ ဒီလို ေသြးပ်က္ေျခာက္ျခားစရာ ျဖစ္ရပ္ဟာ အႏွစ္ ၆၀ ၾကာလာခဲ့ေပမယ့္ အဲဒီေန႔က ျမင္ကြင္းေတြကို ဒီကေန႔ အထိ ျပန္မွတ္မိေနတယ္လို႔ ရန္ကုန္တကၠသိုလ္ ေက်ာင္းသားေဟာင္းတဦးက ေျပာပါတယ္။

"အန္ကယ္တို႔က မႏၲေလးေဆာင္ေဘးမွာ ရွိေနတာ။ ေသနတ္နဲ႔ ညေန ၅ နာရီ ၅၀ မိနစ္ေလာက္မွာ ပစ္တာ။ ပထမတႀကိမ္ ပစ္တုန္းကေတာ့ လူကိုမထိဘူးကြ။ မႏၲေလးေဆာင္ အလယ္ဘေလာက္ေပါ့ သူကခ်ိန္ၿပီးပစ္တာ။ ဒုတိယတႀကိမ္ပစ္မွ လူေတြကိုထိေအာင္ပစ္တာ။ အန္ကယ္တို႔လည္း အေဆာင္ေဘးမွာ ေမွာက္လ်က္သားေလးေနတာေပါ့။ ပစ္တာေတြၿငိမ္သြားေတာ့မွ အေဆာင္ထဲကိုေျပးဝင္ေတာ့ အေဆာင္ဘလက္ဘုတ္မွာ ေက်ာင္းသားတေယာက္က သူ႔အက်ႌကိုခြၽတ္ၿပီးေတာ့ ေသြးေတြနဲ႔စာေရးေနတာေတြ႕တယ္။ ေနာက္ အေဆာင္ေရွ႕မွာလည္းပဲ ေသေနတဲ့လူေတြ အမ်ားႀကီးရွိတယ္။"

လက္နက္နဲ႔အၾကမ္းဖက္ပစ္ခတ္လို႔ ေက်ာင္းသားေတြေသဆုံးခဲ့ရတာကို သူ႔ကိုယ္တိုင္မ်က္ျမင္ေတြ႕ရတဲ့အေၾကာင္း ခုလို ဆက္ေျပာပါတယ္။

"အဲဒီမွာ ဘာေတြေတြ႕ရလဲဆိုေတာ့ အျပင္မွာက ဗိုလ္မႉးစိန္လြင္ရွိတယ္။ အခုေတာ့ ေသသြားၿပီေပါ့။ ေက်ာင္းသားေတြလည္း အမ်ားႀကီးရွိတယ္။ တခ်ိဳ႕ေက်ာင္းသားေတြဆိုရင္ တကိုယ္လုံးမွာ မထိထားတဲ့ေနရာ မရွိဘူး။ ေသတဲ့သူေတြကေတာ့ အမ်ားႀကီးေပါ့။ တခ်ိဳ႕ကလည္း ၁၀၀ ေက်ာ္ေသတယ္ ေျပာတယ္။ တခ်ိဳ႕ကလည္း ၁၄ - ၁၅ ေယာက္ပဲ ေသတယ္ေျပာတယ္။ ဘယ္ဟာမွန္သလဲေတာ့ မသိဘူး။ ေသတာေတာ့ ေသၾကတာပဲ။ မႏၲေလးေဆာင္မွာ အပစ္ခံရတုန္းက ေဝါေဝါ ေဝါေဝါ...ဆိုပစ္လိုက္ ၿငိမ္သြားတယ္။ ၿငိမ္ သြားတဲ့အခ်ိန္မွာ အန္ကယ့္အေရွ႕ကလူက အျမန္ထလိုက္တာ ေခါင္းကိုတည့္တည့္ထိၿပီး ေသသြားတယ္။ အဲေတာ့ အန္ကယ္လည္း ပစ္တာမခံရေအာင္ဆိုၿပီးေတာ့ လုံးဝၿငိမ္သြားမွ တြားသြားၿပီးေတာ့ မႏၲေလးေဆာင္ေနာက္ေဖးေပါက္က ဝင္ရတာ။ အန္ကယ္ကေတာ့ အခုထက္ထိ မ်က္စိထဲျမင္ေနတုန္းပဲေပါ့။"

၂၀၂၁ ခုႏွစ္ စစ္အာဏာသိမ္းကာလ မတိုင္ခင္အခ်ိန္ထိ ႏွစ္စဥ္ ဇူလိုင္လ ၇ ရက္ေန႔ေရာက္တိုင္း ရန္ကုန္တကၠသိုလ္ထဲက သမဂၢမ်က္ခင္းျပင္မွာ ေအာက္ေမ့ဖြယ္အခမ္းအနားကို ေက်ာင္းသားလူငယ္ေတြက ဦးေဆာင္က်င္းပေနၾကျဖစ္ပါတယ္။ အခုလို စစ္အာဏာသိမ္းထားတဲ့ ကာလမွာ ေက်ာင္းသားလူငယ္ေတြအျပင္ ျပည္သူလူထုတရပ္လုံးကလည္း စစ္ အာဏာရွင္ေတြရဲ႕ လုပ္ရပ္အေပၚ သိရွိေနၿပီျဖစ္လို႔ ဒီအေရးေတာ္ပုံဟာ မၾကာခင္ အခ်ိန္တခုမွာ ေအာင္ပြဲရႏိုင္ဖို႔ ေမွ်ာ္လင့္ထားတယ္လို႔ လူ႔ေဘာင္သစ္ဒီမိုကရက္တစ္ပါတီ ဥကၠ႒လည္းျဖစ္ ၈၈ မ်ိဳးဆက္ ဦးေအာင္မိုးေဇာ္က အခုလိုေျပာပါတယ္။

"ဆဲဗင္းဇူလိုင္ အေရးေတာ္ပုံဟာ အဲဒီတုန္းက ေက်ာင္းသားထုက ဗမာျပည္မွာ ဖက္ဆစ္စနစ္၊ စစ္အာဏာရွင္စနစ္ အျမစ္တြယ္ၿပီဆိုတာကို သူတို႔အသက္ေတြ၊ ေခြၽးေတြ၊ ေထာင္ က်ခံ တန္းက်ခံၿပီးေတာ့ ဒီဖက္ဆစ္စနစ္ကို ေသေသခ်ာခ်ာ တိတိက်က် မီးေမာင္းထိုးျပခဲ့တာ ျဖစ္တယ္လို႔ ေျပာခ်င္ပါတယ္ဗ်။ ၁၆၉၂ က ဒီေက်ာင္းသားေတြ မီးေမာင္းထိုးျပတဲ့ ဖက္ဆစ္စနစ္ဟာ ကေန႔အေျခအေနမွာ ပိုၿပီးေတာ့ ပီပီျပင္ျပင္ အစြယ္ေတာင္ထြက္လာတဲ့ အေျခအေနမွာရွိတယ္။ သို႔ေသာ္လည္း ေက်ာင္းသားေတြက ၁၉၆၂ ကစၿပီး ၁၉၇၀ ေက်ာ္ ကာလေတြမွာေရာ၊ ၁၉၈၀ ေက်ာ္ ကာလေတြမွာေရာ၊ ကေန႔အေနအထားမွာေရာ ဒီ ဖက္ ဆစ္ စစ္အာဏာရွင္ေတြကို က်ေနာ္တို႔တိုင္းျပည္က ေမာင္းထုတ္ပစ္ရမယ္၊ ဒီႏိုင္ငံေရးအဝန္းအဝိုင္းထဲက ေနၿပီးေတာ့ ဖယ္ထုတ္ပစ္ရမယ္ဆိုတဲ့ အေျခခံနဲ႔ ကေန႔အေျခအေနထိ ျပည္သူေတြကို ဒုကၡေပးေနတဲ့ စစ္အုပ္စု၊ စစ္အာဏာရွင္ကို သူတို႔ဘဝ၊ သူတို႔အသက္ေတြကို ရင္းၿပီးေတာ့ ကေန႔အခ်ိန္အထိ ေမာင္းထုတ္ႏိုင္ေအာင္ ႀကိဳးစားေနတုန္းျဖစ္တယ္။"

ေခတ္အဆက္ဆက္ အာဏာရွင္စနစ္ကို ေတာ္လွန္ခဲ့ၾကတဲ့ ေက်ာင္းသားေက်ာင္းသူေတြကို ဒီကေန႔အခ်ိန္ထိ မေမ့ေလ်ာ့ဘဲ အထိမ္းအမွတ္ပြဲေတြ ႏွစ္စဥ္က်င္းပခဲ့ၾကတာပါ။ ရန္ကုန္ အေမရိကန္သံ႐ုံးကလည္း ၁၉၆၂ ခုႏွစ္ ဇူလိုင္ ၇ ရက္မွာ အသက္ေပးခဲ့ၾကသူေတြနဲ႔ ၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလကစလို႔ ဒီမိုကေရစီကို ခုခံကာကြယ္ရင္း အသက္ေပးခဲ့ၾကတဲ့ လူေထာင္ခ်ီကို ဂုဏ္ျပဳေၾကာင္း ထုတ္ျပန္ခဲ့ပါတယ္။ ဒါ့အျပင္ လူတိုင္း အလွမ္းမီတဲ့ ပညာေရးနဲ႔ ကိုယ့္ရဲ႕လူ႔အခြင့္အေရး၊ အေျခခံက်တဲ့ လြတ္လပ္ခြင့္ေတြကို က်င့္သုံးပိုင္ခြင့္ ခံစားပိုင္ခြင့္ရွိတယ္လို႔ ေဖာ္ျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

==============

[[Unicode]]

၇ ဇူလိုင် အထိမ်းအမှတ် တက်ကြွလှုပ်ရှားသူတွေ ဆန္ဒပြ


ရန်ကုန်တက္ကသိုလ် နယ်မြေအတွင်းမှာ ဆန္ဒပြကျောင်းသားကျောင်းသူတွေကို စစ်တပ်က ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့ ဆဲဗင်းဂျူလိုင်နေ့ဟာ ဒီကနေ့မှာ အနှစ် ၆၀ ပြည့်ခဲ့ပါပြီ။ အဲဒီနေ့ မှာ ဖြစ်ပျက်ခဲ့တဲ့ အတွေ့အကြုံတွေကို နှစ်ပေါင်း ၆၀ ကြာလာချိန်အထိ မမေ့နိုင်သူတွေရှိသလို ဒီကနေ့ခေတ် ကျောင်းသားလူငယ်တွေဟာလည်း ဆဲဗင်းဇူလိုင်အထိမ်းအမှတ် မြန်မာနိုင်ငံနေရာအတော်များများမှာ လျှပ်တပြက်ဆန္ဒပြမှုတွေ လုပ်ခဲ့ပါတယ်။ ရန်ကုန်က သတင်းပေးပို့ထားတာကို မဆုမွန်က တင်ပြပေးထားပါတယ်။

၁၉၆၂ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့မှာ ရန်ကုန်တက္ကသိုလ်နယ်မြေထဲ ဆန္ဒပြခဲ့ကြတဲ့ ကျောင်းသားကျောင်းသူတွေကို စစ်တပ်က အကြမ်းဖက် သေနတ်နဲ့ပစ်သတ်ခဲ့လို့ သေဆုံးသူတွေအပါအဝင် စစ်အာဏာသိမ်းပြီးချိန်ကစလို့ မတရားဖမ်းဆီးခံရသူတွေနဲ့ သေဆုံးခဲ့သူတွေအတွက် နိုင်ငံအနှံ့ ဆန္ဒပြလှုပ်ရှားမှုတွေ ရှိခဲ့ပါတယ်။ ရန်ကုန်မြို့မှာတော့ တော်လှန်ရေး ကျောင်းသားလူငယ်တွေ 7 ဇူလိုင် စိတ်ဓါတ်ကိုင်စွဲကြဆိုတဲ့ စာတမ်းကိုင်ဆောင်ပြီး လျှပ်တပြက် ဆန္ဒပြခဲ့ကြပါတယ်။ ဆဲဗင်းဇူလိုင်မှာသတ်ဖြတ်ခံခဲ့ရတဲ့ကျောင်းသားတွေနဲ့ နွေဦးတော်လှန်ရေးအတွင်း မတရားဖမ်းခံထားရတဲ့ ကျောင်းသားလူငယ်တွေအတွက် အခုလို ဆန္ဒပြတာလို့ ဆန္ဒပြမှုမှာပါဝင်တဲ့ တကသများ ရန်ကုန်ကအဖွဲ့ဝင် ကိုရဲညီညီထက်က ဗွီအိုအေကို ပြောပါတယ်။

"ကျနော်တို့ ကျောင်းသားတွေကို ရက်ရက်စက်စက်သတ်ဖြတ်ခဲ့တဲ့ ဒါအာဏာရှင်အဆက် ဆက်ထဲကမှ အာဏာရှင်တဦးဖြစ်တဲ့ ဗိုလ်နေဝင်းဟာ ၁၉၆၂ ခုနှစ်မှာ ရာနဲ့ချီတဲ့ကျောင်းသားတွေကို သတ်ဖြတ်ခဲ့တယ်။ ပြီးတော့ ဇူလိုင် ၈ ရက်နေ့မှာဆိုရင်လည်း ကျနော်တို့ ကျောင်းသား သမဂ္ဂအဆောက်အဦလည်း ယမ်းဗုံးတွေနဲ့ ဖြိုချဖျက်စီးခဲ့တဲ့ နှစ်ပတ်လည်တွေဖြစ်တယ်ပေါ့၊ အနှစ် ၆၀ ပြည့်လည်းဖြစ်တယ်။ အဲ့တော့ ကျနော်တို့ ဆရာ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ပြောခဲ့သလိုပေါ့။ ကျနော်တို့ ကျောင်းသားသမဂ္ဂရဲ့ အဆောက်အဦးတွေ ဖြိုချလို့ပဲရမယ်။ ကျနော်တို့ သမဂ္ဂတွေရဲ့စိတ်တွေပေါ့။ ဘယ်သူမှ လာရောက်ဖြိုပြီးတော့ ချလို့မှာမဟုတ်ဘူးဆိုတဲ့ ပုံစံမျိုးပါ။ ပြီးတော့ အခုနွေဦးတော်လှန်ရေးမှာဆိုလည်း ကျနော်တို့ရဲ့ ဒီကျောင်းသားခေါင်းဆောင်တွေ ရှိတယ်၊ ကျောင်းသားတွေရှိတယ်။ သူတို့တွေ မတရားအဖမ်းခံထားတဲ့သူရှိတယ်။ အဲဒီလူတွေအတွက်နဲ့ ကျနော်တို့က ရပ်တည်ပြီးထွက်ခဲ့တာလည်း ဖြစ်ပါတယ်။"

ဒီကနေ့ ကျရောက်တဲ့ ဆဲဗင်းဇူလိုင်နေ့မှာ ရန်ကုန်၊ မုံရွာ၊ ယင်းမာပင်၊ ဆားလင်းကြီး၊ ကနီ၊ အရာတော်၊ ကလေး၊ ဖားကန့်နဲ့ လောင်းလုံ စတဲ့ ဒေသအတော်များများမှာလည်း တတ်ကြွလှုပ်ရှားသူတွေ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

ဇူလိုင်လ ၇ ရက်နေ့မှာ တက္ကသိုလ်နယ်မြေထဲ သေနတ်ပစ်ခတ်ခံရလို့ သေဆုံးခဲ့ရတဲ့ ကျောင်းသားလူငယ်တွေ ရှိခဲ့သလို ဇူလိုင်လ ၈ ရက်နေ့မှာတော့ အာဏာသိမ်းစစ်တပ်က ကျောင်းသားသမဂ္ဂ အဆောက်အဦကို ဗုံးဖောက်ဖြိုခွဲခဲ့ပါတယ်။ ဒီလို သွေးပျက်ခြောက်ခြားစရာ ဖြစ်ရပ်ဟာ အနှစ် ၆၀ ကြာလာခဲ့ပေမယ့် အဲဒီနေ့က မြင်ကွင်းတွေကို ဒီကနေ့ အထိ ပြန်မှတ်မိနေတယ်လို့ ရန်ကုန်တက္ကသိုလ် ကျောင်းသားဟောင်းတဦးက ပြောပါတယ်။

"အန်ကယ်တို့က မန္တလေးဆောင်ဘေးမှာ ရှိနေတာ။ သေနတ်နဲ့ ညနေ ၅ နာရီ ၅၀ မိနစ်လောက်မှာ ပစ်တာ။ ပထမတကြိမ် ပစ်တုန်းကတော့ လူကိုမထိဘူးကွ။ မန္တလေးဆောင် အလယ်ဘလောက်ပေါ့ သူကချိန်ပြီးပစ်တာ။ ဒုတိယတကြိမ်ပစ်မှ လူတွေကိုထိအောင်ပစ်တာ။ အန်ကယ်တို့လည်း အဆောင်ဘေးမှာ မှောက်လျက်သားလေးနေတာပေါ့။ ပစ်တာတွေငြိမ်သွားတော့မှ အဆောင်ထဲကိုပြေးဝင်တော့ အဆောင်ဘလက်ဘုတ်မှာ ကျောင်းသားတယောက်က သူ့အင်္ကျီကိုချွတ်ပြီးတော့ သွေးတွေနဲ့စာရေးနေတာတွေ့တယ်။ နောက် အဆောင်ရှေ့မှာလည်းပဲ သေနေတဲ့လူတွေ အများကြီးရှိတယ်။"

လက်နက်နဲ့အကြမ်းဖက်ပစ်ခတ်လို့ ကျောင်းသားတွေသေဆုံးခဲ့ရတာကို သူ့ကိုယ်တိုင်မျက်မြင်တွေ့ရတဲ့အကြောင်း ခုလို ဆက်ပြောပါတယ်။

"အဲဒီမှာ ဘာတွေတွေ့ရလဲဆိုတော့ အပြင်မှာက ဗိုလ်မှူးစိန်လွင်ရှိတယ်။ အခုတော့ သေသွားပြီပေါ့။ ကျောင်းသားတွေလည်း အများကြီးရှိတယ်။ တချို့ကျောင်းသားတွေဆိုရင် တကိုယ်လုံးမှာ မထိထားတဲ့နေရာ မရှိဘူး။ သေတဲ့သူတွေကတော့ အများကြီးပေါ့။ တချို့ကလည်း ၁၀၀ ကျော်သေတယ် ပြောတယ်။ တချို့ကလည်း ၁၄ - ၁၅ ယောက်ပဲ သေတယ်ပြောတယ်။ ဘယ်ဟာမှန်သလဲတော့ မသိဘူး။ သေတာတော့ သေကြတာပဲ။ မန္တလေးဆောင်မှာ အပစ်ခံရတုန်းက ဝေါဝေါ ဝေါဝေါ...ဆိုပစ်လိုက် ငြိမ်သွားတယ်။ ငြိမ် သွားတဲ့အချိန်မှာ အန်ကယ့်အရှေ့ကလူက အမြန်ထလိုက်တာ ခေါင်းကိုတည့်တည့်ထိပြီး သေသွားတယ်။ အဲတော့ အန်ကယ်လည်း ပစ်တာမခံရအောင်ဆိုပြီးတော့ လုံးဝငြိမ်သွားမှ တွားသွားပြီးတော့ မန္တလေးဆောင်နောက်ဖေးပေါက်က ဝင်ရတာ။ အန်ကယ်ကတော့ အခုထက်ထိ မျက်စိထဲမြင်နေတုန်းပဲပေါ့။"

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းကာလ မတိုင်ခင်အချိန်ထိ နှစ်စဉ် ဇူလိုင်လ ၇ ရက်နေ့ရောက်တိုင်း ရန်ကုန်တက္ကသိုလ်ထဲက သမဂ္ဂမျက်ခင်းပြင်မှာ အောက်မေ့ဖွယ်အခမ်းအနားကို ကျောင်းသားလူငယ်တွေက ဦးဆောင်ကျင်းပနေကြဖြစ်ပါတယ်။ အခုလို စစ်အာဏာသိမ်းထားတဲ့ ကာလမှာ ကျောင်းသားလူငယ်တွေအပြင် ပြည်သူလူထုတရပ်လုံးကလည်း စစ် အာဏာရှင်တွေရဲ့ လုပ်ရပ်အပေါ် သိရှိနေပြီဖြစ်လို့ ဒီအရေးတော်ပုံဟာ မကြာခင် အချိန်တခုမှာ အောင်ပွဲရနိုင်ဖို့ မျှော်လင့်ထားတယ်လို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌလည်းဖြစ် ၈၈ မျိုးဆက် ဦးအောင်မိုးဇော်က အခုလိုပြောပါတယ်။

"ဆဲဗင်းဇူလိုင် အရေးတော်ပုံဟာ အဲဒီတုန်းက ကျောင်းသားထုက ဗမာပြည်မှာ ဖက်ဆစ်စနစ်၊ စစ်အာဏာရှင်စနစ် အမြစ်တွယ်ပြီဆိုတာကို သူတို့အသက်တွေ၊ ချွေးတွေ၊ ထောင် ကျခံ တန်းကျခံပြီးတော့ ဒီဖက်ဆစ်စနစ်ကို သေသေချာချာ တိတိကျကျ မီးမောင်းထိုးပြခဲ့တာ ဖြစ်တယ်လို့ ပြောချင်ပါတယ်ဗျ။ ၁၆၉၂ က ဒီကျောင်းသားတွေ မီးမောင်းထိုးပြတဲ့ ဖက်ဆစ်စနစ်ဟာ ကနေ့အခြေအနေမှာ ပိုပြီးတော့ ပီပီပြင်ပြင် အစွယ်တောင်ထွက်လာတဲ့ အခြေအနေမှာရှိတယ်။ သို့သော်လည်း ကျောင်းသားတွေက ၁၉၆၂ ကစပြီး ၁၉၇၀ ကျော် ကာလတွေမှာရော၊ ၁၉၈၀ ကျော် ကာလတွေမှာရော၊ ကနေ့အနေအထားမှာရော ဒီ ဖက် ဆစ် စစ်အာဏာရှင်တွေကို ကျနော်တို့တိုင်းပြည်က မောင်းထုတ်ပစ်ရမယ်၊ ဒီနိုင်ငံရေးအဝန်းအဝိုင်းထဲက နေပြီးတော့ ဖယ်ထုတ်ပစ်ရမယ်ဆိုတဲ့ အခြေခံနဲ့ ကနေ့အခြေအနေထိ ပြည်သူတွေကို ဒုက္ခပေးနေတဲ့ စစ်အုပ်စု၊ စစ်အာဏာရှင်ကို သူတို့ဘဝ၊ သူတို့အသက်တွေကို ရင်းပြီးတော့ ကနေ့အချိန်အထိ မောင်းထုတ်နိုင်အောင် ကြိုးစားနေတုန်းဖြစ်တယ်။"

ခေတ်အဆက်ဆက် အာဏာရှင်စနစ်ကို တော်လှန်ခဲ့ကြတဲ့ ကျောင်းသားကျောင်းသူတွေကို ဒီကနေ့အချိန်ထိ မမေ့လျော့ဘဲ အထိမ်းအမှတ်ပွဲတွေ နှစ်စဉ်ကျင်းပခဲ့ကြတာပါ။ ရန်ကုန် အမေရိကန်သံရုံးကလည်း ၁၉၆၂ ခုနှစ် ဇူလိုင် ၇ ရက်မှာ အသက်ပေးခဲ့ကြသူတွေနဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကစလို့ ဒီမိုကရေစီကို ခုခံကာကွယ်ရင်း အသက်ပေးခဲ့ကြတဲ့ လူထောင်ချီကို ဂုဏ်ပြုကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ ဒါ့အပြင် လူတိုင်း အလှမ်းမီတဲ့ ပညာရေးနဲ့ ကိုယ့်ရဲ့လူ့အခွင့်အရေး၊ အခြေခံကျတဲ့ လွတ်လပ်ခွင့်တွေကို ကျင့်သုံးပိုင်ခွင့် ခံစားပိုင်ခွင့်ရှိတယ်လို့ ဖော်ပြထားပါတယ်။

XS
SM
MD
LG