သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာ့ဒီမိုကေရစီ အျမန္ျပန္လည္ေဖာ္ေဆာင္ဖို႔ Quad ေခါင္းေဆာင္ေတြ တိုက္တြန္း


 ၾသစေၾတးလ်ဝန္ႀကီးခ်ဳပ္ Anthony Albanese၊ အေမရိကန္သမၼတ Joe Biden၊ ဂ်ပန္ဝန္ႀကီးခ်ဳပ္ Fumio Kishida နဲ႔ အိႏၵိယဝန္ႀကီးခ်ဳပ္ Narendra Modi ဂ်ပန္ႏိုင္ငံ၊ တိုက်ဳိၿမိဳ႕မွာ ေလးႏုိင္ငံထိပ္သီးေခါင္းေဆာင္ေတြေတြ႔ဆံုစဥ္။ (ေမ ၂၄၊ ၂၀၂၂)

[[Zawgyi/Unicode]]

ျမန္မာႏိုင္ငံမွာ ဒီမိုကေရစီစနစ္ အျမန္ဆံုး ျပန္လည္ ေဖာ္ေဆာင္ဖို႔ အင္ဒို Pacific ေဒသက ေခါင္းေဆာင္ေတြ ေတာင္းဆိုလိုက္ၾကပါတယ္။

လူသားခ်င္းစာနာစရာ ဆင္းရဲဒုကၡေတြျဖစ္ေနၿပီး ေဒသတြင္း တည္ၿငိမ္မႈကို ၿခိမ္းေျခာက္ေနတဲ့ ျမန္မာႏိုင္ငံပဋိပကၡကို အထူးစိုးရိမ္တယ္လို႔ အေမရိကန္၊ ဂ်ပန္၊ Australia နဲ႔ အိႏၵိယႏိုင္ငံေခါင္းေဆာင္ေတြရဲ႕ အင္ဒို Pacific ၄ ႏိုင္ငံ ထိပ္သီးေဆြးေႏြးပြဲအၿပီး ပူးတြဲထုတ္ျပန္တဲ့ ေၾကညာခ်က္မွာ ထည့္သြင္း ေဖာ္ျပခဲ့ၾကပါတယ္။

ျမန္မာႏိုင္ငံမွာ အၾကမ္းဖက္မႈေတြ ခ်က္ခ်င္းရပ္ဖို႔၊ ႏိုင္ငံျခားသားေတြအပါအဝင္ ႏိုင္ငံေရးအက်ဥ္းသားအားလံုးကို ျပန္လႊတ္ေပးဖို႔၊ ထိေရာက္တဲ့ ေဆြးေႏြးမႈေတြလုပ္ဖို႔၊ လူသားခ်င္းစာနာနဲ႔ အကူအညီေတြ ေပးခြင့္ျပဳဖို႔နဲ႔ ဒီမိုကေရစီစနစ္ ျပန္လည္က်င့္သံုးဖို႔လည္း ပူးတြဲေၾကညာခ်က္မွာ ေတာင္းဆိုပါတယ္။ ျမန္မာႏိုင္ငံျပႆနာအတြက္ အာဆီယံဦးေဆာင္တဲ့ အားထုတ္မႈေတြအေပၚ ေထာက္ခံၿပီး အာဆီယံဥကၠ႒ရဲ႕ အထူးသံတမန္ရဲ႕ အခန္းက႑ကိုလည္း ႀကိဳဆိုတယ္လို႔ ေဖာ္ျပထားပါတယ္။ ျမန္မာႏိုင္ငံဆိုင္ရာ အာဆီယံ ဘံုသေဘာတူညီခ်က္ ၅ ခ်က္ကို အျမန္ဆံုး အေကာင္အထည္ေဖာ္ဖို႔ အတြက္လည္း အင္ဒို Pacific ေဒသ ၄ ႏိုင္ငံ ေခါင္းေဆာင္ေတြ ဒီေန႔ ေမလ ၂၄ ရက္ ပူးတြဲထုတ္ျပန္ခ်က္မွာ ေတာင္းဆိုခဲ့ၾကပါတယ္။

အဲဒီ ၄ ႏိုင္ငံထဲပါဝင္တဲ့ Australia ႏိုင္ငံက စီးပြားေရးပညာရွင္ Sean Turnell ကို စစ္အာဏာသိမ္းၿပီးေနာက္ စစ္ေကာင္စီက ဖမ္းဆီးခဲ့ၿပီး ႏိုင္ငံေတာ္ လွ်ဳိ႕ဝွက္ခ်က္ဥပေဒ၊ လူဝင္မႈႀကီးၾကပ္ေရး ဥပေဒေတြနဲ႔ တရားစြဲထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

============

[[Unicode]]

မြန်မာ့ဒီမိုကရေစီ အမြန်ပြန်လည်ဖော်ဆောင်ဖို့ Quad ခေါင်းဆောင်တွေ တိုက်တွန်း

မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် အမြန်ဆုံး ပြန်လည် ဖော်ဆောင်ဖို့ အင်ဒို Pacific ဒေသက ခေါင်းဆောင်တွေ တောင်းဆိုလိုက်ကြပါတယ်။

လူသားချင်းစာနာစရာ ဆင်းရဲဒုက္ခတွေဖြစ်နေပြီး ဒေသတွင်း တည်ငြိမ်မှုကို ခြိမ်းခြောက်နေတဲ့ မြန်မာနိုင်ငံပဋိပက္ခကို အထူးစိုးရိမ်တယ်လို့ အမေရိကန်၊ ဂျပန်၊ Australia နဲ့ အိန္ဒိယနိုင်ငံခေါင်းဆောင်တွေရဲ့ အင်ဒို Pacific ၄ နိုင်ငံ ထိပ်သီးဆွေးနွေးပွဲအပြီး ပူးတွဲထုတ်ပြန်တဲ့ ကြေညာချက်မှာ ထည့်သွင်း ဖော်ပြခဲ့ကြပါတယ်။

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ဖို့၊ နိုင်ငံခြားသားတွေအပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို ပြန်လွှတ်ပေးဖို့၊ ထိရောက်တဲ့ ဆွေးနွေးမှုတွေလုပ်ဖို့၊ လူသားချင်းစာနာနဲ့ အကူအညီတွေ ပေးခွင့်ပြုဖို့နဲ့ ဒီမိုကရေစီစနစ် ပြန်လည်ကျင့်သုံးဖို့လည်း ပူးတွဲကြေညာချက်မှာ တောင်းဆိုပါတယ်။ မြန်မာနိုင်ငံပြဿနာအတွက် အာဆီယံဦးဆောင်တဲ့ အားထုတ်မှုတွေအပေါ် ထောက်ခံပြီး အာဆီယံဥက္ကဋ္ဌရဲ့ အထူးသံတမန်ရဲ့ အခန်းကဏ္ဍကိုလည်း ကြိုဆိုတယ်လို့ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို အမြန်ဆုံး အကောင်အထည်ဖော်ဖို့ အတွက်လည်း အင်ဒို Pacific ဒေသ ၄ နိုင်ငံ ခေါင်းဆောင်တွေ ဒီနေ့ မေလ ၂၄ ရက် ပူးတွဲထုတ်ပြန်ချက်မှာ တောင်းဆိုခဲ့ကြပါတယ်။

အဲဒီ ၄ နိုင်ငံထဲပါဝင်တဲ့ Australia နိုင်ငံက စီးပွားရေးပညာရှင် Sean Turnell ကို စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး နိုင်ငံတော် လျှို့ဝှက်ချက်ဥပဒေ၊ လူဝင်မှုကြီးကြပ်ရေး ဥပဒေတွေနဲ့ တရားစွဲထားပါတယ်။

============

XS
SM
MD
LG