[[Zawgyi/Unicode]]
ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ဘာသာေရးလြတ္လပ္ခြင့္ ပိုၿပီးက်ဆင္းသြားတယ္လို႔ အေမရိကန္ႏိုင္ငံျခားေရး ဝန္ႀကီးဌာနရဲ႕ ၂၀၂၁ ခုႏွစ္ ႏိုင္ငံတကာ ဘာသာေရးလြတ္လပ္ခြင့္ အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။ ျပည္တြင္းက မတူကြဲျပားတဲ့ဘာသာဝင္ေတြရဲ႕ သေဘာထားအျမင္က ဘယ္လိုရွိေနပါသလဲ။ ရန္ကုန္ ကေပးပိုတဲ့ ေပးပို႔တဲ့ ဒီသတင္းကို မျမသဇင္ေအာင္က တင္ျပေပးထားပါတယ္။
အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနရဲ႕ ဇြန္လ ၂ ရက္၊ ၾကာသပေတးေန႔တုန္းကထုတ္ျပန္လိုက္တဲ့ ၂၀၂၁ ခုႏွစ္ ႏိုင္ငံတကာ ဘာသာေရးလြတ္လပ္ခြင့္ အစီရင္ခံစာမွာ ျမန္မာႏိုင္ငံရဲ႕ ဘာသာေရးလြတ္လပ္ခြင့္ဟာ အာဏာသိမ္းၿပီးေနာက္ပိုင္း ပိုၿပီးက်ဆင္းသြားတယ္လို႔ ေဖာ္ျပထားပါတယ္။ ၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒမွာ ႏိုင္ငံသားတိုင္း လြတ္လပ္စြာကိုးကြယ္ခြင့္ရွိၿပီး ဘာသာေရးယုံၾကည္မႈအေပၚ ေစာ္ကားေျပာဆိုတာနဲ႔ အသေရဖ်က္ျခင္းတို႔ကို တားျမစ္ထားေပမယ့္လည္း ဘာသာေရးခြဲျခားကန႔္သတ္မႈေတြ ႏွိပ္ကြပ္မႈေတြကေတာ့ ရွိေနဆဲလို႔ ေဖာ္ျပပါတယ္။
စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ၂၀၂၁ ခုႏွစ္၊ ဧၿပီလတုန္းက ရန္ကုန္က ဗလီတခုမွာ မူဆလင္ဘာသာေရး ဆရာတဦးကို အမ်ိဳးသမီးဝတ္စုံဝတ္၊ ႏႈတ္ခမ္းနီဆိုးၿပီး ႀကိဳးဆြဲခ်သတ္ခဲ့တဲ့ ျဖစ္ရပ္ကိုလည္း အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။ လူမ်ိဳးမေ႐ြး ဘာသာေပါင္းစုံကို ပရဟိတကူညီေပးေနတဲ့ အစၥလာမ္ဘာသာဝင္တဦးကေတာ့ အရင္ကတည္းက ရွိခဲ့တဲ့ ဘာသာေရးဖိႏွိပ္ခံရမႈဟာ အခုစစ္အာဏာသိမ္းၿပီးေနာက္ပိုင္းမွာ ပိုၿပီးဆိုးလာတယ္လို႔ ေျပာပါတယ္။
"သူတို႔ေတြက ဘာသာေရးကို ဖိႏွိပ္တာထက္ ဘာသာေရးကို အသုံးခ်ေနတာက ပိုမ်ားတယ္။ ဒီလိုအသုံးခ်လိုက္ရင္ တဦးနဲ႔တဦး၊ ဘာသာတခုနဲ႔ တခုကို ရန္တိုက္ေပးလိုက္လို႔ရွိရင္ သူတို႔ေတြရဲ႕ေအာင္ျမင္မႈက ရလိမ့္မယ္ လို႔ ထင္ေနတာ။ အဲလိုမ်ိဳးလည္း သူတို႔အရင္တုန္းက လုပ္တယ္။ ဘာသာအခ်င္းခ်င္း ဗုဒၶဘာသာနဲ႔ အစၥလာမ္ဘာသာေတြကို ရန္တိုက္ေပးမယ္။ အခု စကစလက္ထက္မွာလည္း ဒီအတိုင္းပဲ။ သူတို႔ဘာသာေရးကို မီးေမႊးမယ္။ မီးေမႊးၿပီးရင္ သူတို႔လိုခ်င္တဲ့ပုံစံမ်ိဳးေတြကို ဖန္တီးမယ္၊ ယူမယ္။ အစၥလာမ္ဘာသာဝင္ေတြကို ဘာသာေရးဖိႏွိပ္တာက အခုမွမဟုတ္ဘူး။ က်ေနာ္တို႔ ဘိုးေဘးေတြလက္ထက္ကတည္းက ဖိႏွိပ္ခံရတာ က်မတို႔အခု မ်ိဳးဆက္သစ္အထိပဲေပါ့ေနာ္။"
စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ဖ်က္စီးခံရတဲ့အထဲ လူေနအိမ္ေျခေတြအျပင္ ဘာသာေရးအေဆာက္အဦေတြလည္း ၁၀၀ နီးပါးေလာက္ရွိပါတယ္။ ကုလအဖြဲ႕အစည္းေတြနဲ႔ လူ႔အခြင့္အေရးအဖြဲ႕ေတြရဲ႕ အခ်က္အလက္ကို ကိုးကားထားတဲ့ အာရွကက္သလစ္ အသင္းေတာ္မ်ားသတင္လႊာ UCA ရဲ႕ ထုတ္ျပန္ခ်က္မွာ ခရစ္ယာန္ဘာသာဝင္အမ်ားစု ေနထိုင္တဲ့ ခ်င္းျပည္နယ္တခုတည္းမွာတင္ ဘာသာေရးအေဆာက္အဦ ၆၂ ခုေလာက္ မီးရႈိ႕ခံရတယ္လို႔ ေဖာ္ျပထားပါတယ္။ ခရစ္ယာန္ဘာသာေရး ေခါင္းေဆာင္တဦးကေတာ့ ကိုယ္ယုံၾကည္ရာ ကိုးကြယ္ခြင့္ရွိတဲ့အေနအထားဟာ အခုခ်ိန္မွာ အမ်ားႀကီးကြာျခားသြားတယ္လို႔ ေျပာပါတယ္။
"ကြာျခားသြားတာေတာ့ အမ်ားႀကီးပဲေပါ့။ အရင္တုန္းကေတာ့ ကိုယ့္ရဲ႕ဘာသာတရားအတိုင္းပဲ လြတ္လြတ္လပ္လပ္ ကိုယ္ယုံၾကည္ရာကို ဝတ္ျပဳကိုးကြယ္ခြင့္ရတယ္၊ လုပ္ေဆာင္ခြင့္ရွိတာေပါ့။ ဒီေနာက္ပိုင္းက အၿမဲတမ္း က်ေနာ္တို႔ ထိတ္လန႔္ေနရတာေပါ့။ ဝတ္ျပဳကိုးကြယ္တာေတာင္မွ အရင္လိုမ်ိဳး ေပ်ာ္႐ႊင္မႈကမရွိသေလာက္ ခံစားမိပါတယ္ေပါ့။ ဘာျဖစ္လို႔လဲဆိုေတာ့ အၿမဲတမ္း အေျခအေနအမ်ိဳးမ်ိဳးကို အခုကနားစြင့္ေနရတာေပါ့ေနာ္။ ကိုယ္ယုံၾကည္ရာေတာ့ ယုံၾကည္မႈနဲ႔ဝတ္ျပဳတယ္။ အရင္လိုမ်ိဳးေတာ့မဟုတ္၊ အမ်ားႀကီးကြာဟပါတယ္။"
အေမရိကန္ရဲ႕ ၂၀၂၁ ခုႏွစ္ ႏိုင္ငံတကာ ဘာသာေရးလြတ္လပ္ခြင့္ အစီရင္ခံစာထဲမွာ ျမန္မာစစ္တပ္အျပင္ တိုင္းရင္းသားလက္နက္ကိုင္ေတြထဲက ရခိုင့္တပ္မေတာ္ AA ကလည္း သူ႔ေဒသထဲက ခရစ္ယာန္ဘာသာေရး ေခါင္းေဆာင္ေတြကို စစ္သင္တန္း အဓမၼတက္ခိုင္းတာ၊ အခေၾကးေငြမေပးဘဲ အလုပ္ခိုင္းေစတာေတြ ရွိတယ္လို႔ ေဖာ္ျပထားပါတယ္။
၂၀၂၁ ခုႏွစ္ ႏိုင္ငံတကာ ဘာသာေရးလြတ္လပ္ခြင့္ အစီရင္ခံစာ ေရးသားရာမွာ အဓိကပါဝင္ခဲ့တဲ့ အေမရိကန္ အဆင့္ျမင့္သံတမန္ Rashad Hussain က ျမန္မာႏိုင္ငံနဲ႔ တ႐ုတ္ႏိုင္ငံမွာ လူနည္းစုဘာသာေရး အသိုင္းအဝိုင္းအေပၚ မၾကာေသးခင္အခ်ိန္ကာလတုန္းက လူမ်ိဳးတုန္းသတ္ျဖတ္မႈႀကီး က်ဴးလြန္ခဲ့တာကို ေတြ႕ရတယ္လို႔ေျပာပါတယ္။ ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း AAPP က ျပဳစုထားတဲ့စာရင္းအရဆို စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ဖမ္းဆီးထိန္းသိမ္းခံထားရတဲ့ သံဃာေတာ္ ၃၅ ပါးနဲ႔ ခရစ္ယာန္သင္းအုပ္ ဆရာေတာ္ ၉ ဦးရွိတယ္လို႔လည္း အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။
အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Antony Blinken က ဘာသာေရးလြတ္လပ္ခြင့္အေပၚ ေလးစားအသိအမွတ္ျပဳတာဟာ အေျခခံအက်ဆုံး လူ႔အခြင့္အေရးျဖစ္တယ္လို႔ အစီရင္ခံစာ ထုတ္ျပန္ပြဲေန႔မွာ ေျပာခဲ့ပါတယ္။ ဒါ့အျပင္ ျမန္မာစစ္တပ္ဟာ ရခိုင္ျပည္နယ္ေျမာက္ပိုင္းမွာ ၂၀၁၇ ခုႏွစ္တုန္းက ႐ိုဟင္ဂ်ာ အစၥလာမ္ဘာသာဝင္ေတြအေပၚ လူမ်ိဳးတုန္းသတ္ျဖတ္မႈနဲ႔ ရာဇဝတ္မႈေတြ က်ဴးလြန္ခဲ့ၿပီး လူမ်ိဳးေရး၊ ဘာသာေရး ႏွိမ့္ခ်ဆက္ဆံတာေတြ ရွိခဲ့တယ္လို႔ ေျပာပါတယ္။
===========
[[Unicode]]
ကန် ဘာသာရေးအစီရင်ခံစာအပေါ် ပြည်တွင်းတုံ့ပြန်မှု
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဘာသာရေးလွတ်လပ်ခွင့် ပိုပြီးကျဆင်းသွားတယ်လို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ၂၀၂၁ ခုနှစ် နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ပြည်တွင်းက မတူကွဲပြားတဲ့ဘာသာဝင်တွေရဲ့ သဘောထားအမြင်က ဘယ်လိုရှိနေပါသလဲ။ ရန်ကုန် ကပေးပိုတဲ့ ပေးပို့တဲ့ ဒီသတင်းကို မမြသဇင်အောင်က တင်ပြပေးထားပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဇွန်လ ၂ ရက်၊ ကြာသပတေးနေ့တုန်းကထုတ်ပြန်လိုက်တဲ့ ၂၀၂၁ ခုနှစ် နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့် အစီရင်ခံစာမှာ မြန်မာနိုင်ငံရဲ့ ဘာသာရေးလွတ်လပ်ခွင့်ဟာ အာဏာသိမ်းပြီးနောက်ပိုင်း ပိုပြီးကျဆင်းသွားတယ်လို့ ဖော်ပြထားပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ နိုင်ငံသားတိုင်း လွတ်လပ်စွာကိုးကွယ်ခွင့်ရှိပြီး ဘာသာရေးယုံကြည်မှုအပေါ် စော်ကားပြောဆိုတာနဲ့ အသရေဖျက်ခြင်းတို့ကို တားမြစ်ထားပေမယ့်လည်း ဘာသာရေးခွဲခြားကန့်သတ်မှုတွေ နှိပ်ကွပ်မှုတွေကတော့ ရှိနေဆဲလို့ ဖော်ပြပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ်၊ ဧပြီလတုန်းက ရန်ကုန်က ဗလီတခုမှာ မူဆလင်ဘာသာရေး ဆရာတဦးကို အမျိုးသမီးဝတ်စုံဝတ်၊ နှုတ်ခမ်းနီဆိုးပြီး ကြိုးဆွဲချသတ်ခဲ့တဲ့ ဖြစ်ရပ်ကိုလည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ လူမျိုးမရွေး ဘာသာပေါင်းစုံကို ပရဟိတကူညီပေးနေတဲ့ အစ္စလာမ်ဘာသာဝင်တဦးကတော့ အရင်ကတည်းက ရှိခဲ့တဲ့ ဘာသာရေးဖိနှိပ်ခံရမှုဟာ အခုစစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပိုပြီးဆိုးလာတယ်လို့ ပြောပါတယ်။
"သူတို့တွေက ဘာသာရေးကို ဖိနှိပ်တာထက် ဘာသာရေးကို အသုံးချနေတာက ပိုများတယ်။ ဒီလိုအသုံးချလိုက်ရင် တဦးနဲ့တဦး၊ ဘာသာတခုနဲ့ တခုကို ရန်တိုက်ပေးလိုက်လို့ရှိရင် သူတို့တွေရဲ့အောင်မြင်မှုက ရလိမ့်မယ် လို့ ထင်နေတာ။ အဲလိုမျိုးလည်း သူတို့အရင်တုန်းက လုပ်တယ်။ ဘာသာအချင်းချင်း ဗုဒ္ဓဘာသာနဲ့ အစ္စလာမ်ဘာသာတွေကို ရန်တိုက်ပေးမယ်။ အခု စကစလက်ထက်မှာလည်း ဒီအတိုင်းပဲ။ သူတို့ဘာသာရေးကို မီးမွှေးမယ်။ မီးမွှေးပြီးရင် သူတို့လိုချင်တဲ့ပုံစံမျိုးတွေကို ဖန်တီးမယ်၊ ယူမယ်။ အစ္စလာမ်ဘာသာဝင်တွေကို ဘာသာရေးဖိနှိပ်တာက အခုမှမဟုတ်ဘူး။ ကျနော်တို့ ဘိုးဘေးတွေလက်ထက်ကတည်းက ဖိနှိပ်ခံရတာ ကျမတို့အခု မျိုးဆက်သစ်အထိပဲပေါ့နော်။"
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖျက်စီးခံရတဲ့အထဲ လူနေအိမ်ခြေတွေအပြင် ဘာသာရေးအဆောက်အဦတွေလည်း ၁၀၀ နီးပါးလောက်ရှိပါတယ်။ ကုလအဖွဲ့အစည်းတွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေရဲ့ အချက်အလက်ကို ကိုးကားထားတဲ့ အာရှကက်သလစ် အသင်းတော်များသတင်လွှာ UCA ရဲ့ ထုတ်ပြန်ချက်မှာ ခရစ်ယာန်ဘာသာဝင်အများစု နေထိုင်တဲ့ ချင်းပြည်နယ်တခုတည်းမှာတင် ဘာသာရေးအဆောက်အဦ ၆၂ ခုလောက် မီးရှို့ခံရတယ်လို့ ဖော်ပြထားပါတယ်။ ခရစ်ယာန်ဘာသာရေး ခေါင်းဆောင်တဦးကတော့ ကိုယ်ယုံကြည်ရာ ကိုးကွယ်ခွင့်ရှိတဲ့အနေအထားဟာ အခုချိန်မှာ အများကြီးကွာခြားသွားတယ်လို့ ပြောပါတယ်။
"ကွာခြားသွားတာတော့ အများကြီးပဲပေါ့။ အရင်တုန်းကတော့ ကိုယ့်ရဲ့ဘာသာတရားအတိုင်းပဲ လွတ်လွတ်လပ်လပ် ကိုယ်ယုံကြည်ရာကို ဝတ်ပြုကိုးကွယ်ခွင့်ရတယ်၊ လုပ်ဆောင်ခွင့်ရှိတာပေါ့။ ဒီနောက်ပိုင်းက အမြဲတမ်း ကျနော်တို့ ထိတ်လန့်နေရတာပေါ့။ ဝတ်ပြုကိုးကွယ်တာတောင်မှ အရင်လိုမျိုး ပျော်ရွှင်မှုကမရှိသလောက် ခံစားမိပါတယ်ပေါ့။ ဘာဖြစ်လို့လဲဆိုတော့ အမြဲတမ်း အခြေအနေအမျိုးမျိုးကို အခုကနားစွင့်နေရတာပေါ့နော်။ ကိုယ်ယုံကြည်ရာတော့ ယုံကြည်မှုနဲ့ဝတ်ပြုတယ်။ အရင်လိုမျိုးတော့မဟုတ်၊ အများကြီးကွာဟပါတယ်။"
အမေရိကန်ရဲ့ ၂၀၂၁ ခုနှစ် နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့် အစီရင်ခံစာထဲမှာ မြန်မာစစ်တပ်အပြင် တိုင်းရင်းသားလက်နက်ကိုင်တွေထဲက ရခိုင့်တပ်မတော် AA ကလည်း သူ့ဒေသထဲက ခရစ်ယာန်ဘာသာရေး ခေါင်းဆောင်တွေကို စစ်သင်တန်း အဓမ္မတက်ခိုင်းတာ၊ အခကြေးငွေမပေးဘဲ အလုပ်ခိုင်းစေတာတွေ ရှိတယ်လို့ ဖော်ပြထားပါတယ်။
၂၀၂၁ ခုနှစ် နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့် အစီရင်ခံစာ ရေးသားရာမှာ အဓိကပါဝင်ခဲ့တဲ့ အမေရိကန် အဆင့်မြင့်သံတမန် Rashad Hussain က မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံမှာ လူနည်းစုဘာသာရေး အသိုင်းအဝိုင်းအပေါ် မကြာသေးခင်အချိန်ကာလတုန်းက လူမျိုးတုန်းသတ်ဖြတ်မှုကြီး ကျူးလွန်ခဲ့တာကို တွေ့ရတယ်လို့ပြောပါတယ်။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ပြုစုထားတဲ့စာရင်းအရဆို စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ သံဃာတော် ၃၅ ပါးနဲ့ ခရစ်ယာန်သင်းအုပ် ဆရာတော် ၉ ဦးရှိတယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ဘာသာရေးလွတ်လပ်ခွင့်အပေါ် လေးစားအသိအမှတ်ပြုတာဟာ အခြေခံအကျဆုံး လူ့အခွင့်အရေးဖြစ်တယ်လို့ အစီရင်ခံစာ ထုတ်ပြန်ပွဲနေ့မှာ ပြောခဲ့ပါတယ်။ ဒါ့အပြင် မြန်မာစစ်တပ်ဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ၂၀၁၇ ခုနှစ်တုန်းက ရိုဟင်ဂျာ အစ္စလာမ်ဘာသာဝင်တွေအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့ပြီး လူမျိုးရေး၊ ဘာသာရေး နှိမ့်ချဆက်ဆံတာတွေ ရှိခဲ့တယ်လို့ ပြောပါတယ်။
===========