သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

႐ုရွားႏိုင္ငံျခားေရးဝန္ႀကီး စစ္ေကာင္စီေခါင္းေဆာင္ေတြနဲ႔ေတြ႕ဆုံ


ျမန္မာႏိုင္ငံကိုေရာက္ေနတဲ့ ရုရွားႏုိင္ငံျခားေရးဝန္ႀကီး Sergei Lavrov နဲ႔ စစ္ေကာင္စီဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လိႈင္တို႔ ေနျပည္ေတာ္မွာ ေတြ႔ဆံုစဥ္။ (ၾသဂုတ္လ ၃၊ ၂၀၂၂)

[[Zawgyi/Unicode]]

ျမန္မာႏိုင္ငံတည္ၿငိမ္ေအာင္ စစ္ေကာင္စီရဲ႕အားထုတ္မႈေတြအေပၚ ႐ုရွားႏိုင္ငံက ေထာက္ခံတယ္လို႔ ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီး Sergei Lavrov ကေျပာၾကားလိုက္ပါတယ္။ ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီးက စစ္ေကာင္စီႏိုင္ငံျခားေရးဝန္ႀကီး ဦးဝဏၰေမာင္လြင္နဲ႔ ေနျပည္ေတာ္မွာ ဒီေန႔ ေတြ႔ဆုံစဥ္မွာ ခုလိုေျပာၾကားခဲ့တာျဖစ္ပါတယ္။

ျမန္မာႏိုင္ငံမွာျဖစ္ေနတဲ့အေျခအေနေတြ တည္ၿငိမ္ေအာင္ ဝန္ႀကီးခ်ဳပ္နဲ႔အစိုးရရဲ႕ အားထုတ္ေဆာင္႐ြက္မႈေတြအတိုင္း ႐ုရွားႏိုင္ငံ တသားတည္းရွိပါတယ္လို႔ ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီး Lavrov ကေျပာၾကားသြားတာပါ။

ေရွ႕ႏွစ္က်င္းပမယ့္ လႊတ္ေတာ္ေ႐ြးေကာက္ပြဲေတြ ေအာင္ျမင္ဖို႔နဲ႔ ျမန္မာႏိုင္ငံ ပိုမိုအားေကာင္းခိုင္မာၿပီး ပိုမိုအက်ိဳးျဖစ္ထြန္း သာယာဝေျပာဖို႔လည္း သူကဆုေတာင္းစကားေျပာခဲ့ပါတယ္။ ဝန္ႀကီး Lavrov ေနျပည္ေတာ္ကို လာေရာက္တာဟာ ၂ ႏိုင္ငံၾကားက ေကာင္းမြန္တဲ့ ဆက္ဆံေရးနဲ႔ ပူးေပါင္းေဆာင္႐ြက္မႈကို ျပသေနတာျဖစ္တယ္လို႔ ဦးဝဏၰေမာင္လြင္ကလည္း ေတြ႕ဆုံပြဲမွာ ေျပာၾကားခဲ့ပါတယ္။

၈၈ မ်ိဳးဆက္ေခါင္းေဆာင္ ကိုဂ်င္မီနဲ႔ လႊတ္ေတာ္အမတ္ေဟာင္း ၿဖိဳးေဇယ်ာေသာ္ အပါအဝင္ ေသဒဏ္ခ်ခံထားသူတခ်ိဳ႕ကို ကြပ္မ်က္ခဲ့လို႔ စစ္ေကာင္စီအေပၚ ႏိုင္ငံတကာရဲ႕ ေဝဖန္ျပစ္တင္မႈေတြ တဖန္ထြက္ေပၚေနခ်ိန္မွာ ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီး ျမန္မာႏိုင္ငံကို သြားေရာက္တာျဖစ္ပါတယ္။ ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီးဟာ ေနျပည္ေတာ္မွာ စစ္ေကာင္စီဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္နဲ႔လည္း ဒီေန႔ ေတြ႔ဆံုခဲ့ပါတယ္။ ေတြ႕ဆုံပြဲမွာ ေဆြးေႏြးခဲ့တာနဲ႔ပတ္သက္လို႔ စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက VOA ျမန္မာပိုင္းကို ခုလိုေျပာပါတယ္။

“ဒီေန႔က ႏုိင္ငံျခားေရးဝန္ႀကီးလာတယ္။ က်ေနာ္တို႔ ျမန္မာႏိုင္ငံျခားေရးဝန္ႀကီးနဲ႔ေတြ႔ဆံုတယ္။ ဒီေန႔ ေန႔လယ္ ၂ နာရီမွာေတာ့ ႏိုင္ငံေတာ္ စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ ႏုိင္ငံေတာ္ဝန္ႀကီးခ်ဳပ္နဲ႔ ၂ နာရီကေန ၃ နာရီခြဲေက်ာ္ေက်ာ္အထိ ေတြ႔ဆံုပါတယ္။ အဓိက ကေတာ့ ႏွစ္ႏုိင္ငံၾကား ပူးေပါင္းေဆာင္ရြက္မႈကိစၥေတြ၊ ေကာင္စစ္ဝန္ရံုးေတြတိုးခ်ဲ႕ၿပီး အျပန္အလွန္ဖြင့္လွစ္ဖို႔ကိစၥေတြ၊ ေနာက္ရက္ဆိုရင္ ၇၅ ႏွစ္ေျမာက္ က်ေနာ္တို႔ ႐ုရွား-ျမန္မာခ်စ္ၾကည္ေရး ၇၅ ႏွစ္ေျမာက္ေန႔ျဖစ္တယ္။ အဲဒါေၾကာင့္မို႔လို႔ အထိမ္းအမွတ္အခမ္းအနားေတြ ျပဳလုပ္ဖို႔၊ ၿပီးရင္ေတာ့ က်ေနာ္တို႔ ႏုိင္ငံေရး၊ စီးပြါးေရး၊ လူမႈေရးဆုိင္ရာပူးေပါင္းေဆာင္ရြက္ေရးကိစၥေတြ၊ ပညာေတာ္သင္ကိစၥေတြ- ဒါေတြကို အေသးစိတ္ ေဆြးေႏြးခဲ့ပါတယ္။”

ျမန္မာႏိုင္ငံမွာ စစ္တပ္အာဏာသိမ္းအုပ္ခ်ဳပ္ၿပီး အတိုက္အခံေတြအေပၚ အၾကမ္းဖက္ႏွိမ္ႏွင္းေနတဲ့အေပၚ အေနာက္ႏိုင္ငံေတြက အေရးယူဒဏ္ခတ္မႈေတြ ခ်မွတ္ေနခ်ိန္မွာ စစ္ေကာင္စီနဲ႔ ႐ုရွားရဲ႕ ဆက္ဆံေရး တိုးတက္ေနပုံရတယ္လို႔ အကဲခတ္ေတြက သုံးသပ္ပါတယ္။ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ဟာ ဇူလိုင္လက ႐ုရွားႏိုင္ငံကို ပုဂၢိဳလ္ေရးအရ သြားေရာက္ခဲ့ပါတယ္။ ႐ုရွားႏိုင္ငံဟာ ျမန္မာစစ္တပ္အတြက္ စစ္လက္နက္ပစၥည္း ကိရိယာေတြကို အဓိက တင္ပို႔ေရာင္းခ်ေနတဲ့ ႏိုင္ငံတခုျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

==================

[[Unicode]]

ရုရှားနိုင်ငံခြားရေးဝန်ကြီး စစ်ကောင်စီခေါင်းဆောင်တွေနဲ့တွေ့ဆုံ

မြန်မာနိုင်ငံတည်ငြိမ်အောင် စစ်ကောင်စီရဲ့အားထုတ်မှုတွေအပေါ် ရုရှားနိုင်ငံက ထောက်ခံတယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov ကပြောကြားလိုက်ပါတယ်။ ရုရှားနိုင်ငံခြားရေးဝန်ကြီးက စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ နေပြည်တော်မှာ ဒီနေ့ တေ့ွဆုံစဉ်မှာ ခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာဖြစ်နေတဲ့အခြေအနေတွေ တည်ငြိမ်အောင် ဝန်ကြီးချုပ်နဲ့အစိုးရရဲ့ အားထုတ်ဆောင်ရွက်မှုတွေအတိုင်း ရုရှားနိုင်ငံ တသားတည်းရှိပါတယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး Lavrov ကပြောကြားသွားတာပါ။

ရှေ့နှစ်ကျင်းပမယ့် လွှတ်တော်ရွေးကောက်ပွဲတွေ အောင်မြင်ဖို့နဲ့ မြန်မာနိုင်ငံ ပိုမိုအားကောင်းခိုင်မာပြီး ပိုမိုအကျိုးဖြစ်ထွန်း သာယာဝပြောဖို့လည်း သူကဆုတောင်းစကားပြောခဲ့ပါတယ်။ ဝန်ကြီး Lavrov နေပြည်တော်ကို လာရောက်တာဟာ ၂ နိုင်ငံကြားက ကောင်းမွန်တဲ့ ဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်မှုကို ပြသနေတာဖြစ်တယ်လို့ ဦးဝဏ္ဏမောင်လွင်ကလည်း တွေ့ဆုံပွဲမှာ ပြောကြားခဲ့ပါတယ်။

၈၈ မျိုးဆက်ခေါင်းဆောင် ကိုဂျင်မီနဲ့ လွှတ်တော်အမတ်ဟောင်း ဖြိုးဇေယျာသော် အပါအဝင် သေဒဏ်ချခံထားသူတချို့ကို ကွပ်မျက်ခဲ့လို့ စစ်ကောင်စီအပေါ် နိုင်ငံတကာရဲ့ ဝေဖန်ပြစ်တင်မှုတွေ တဖန်ထွက်ပေါ်နေချိန်မှာ ရုရှားနိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံကို သွားရောက်တာဖြစ်ပါတယ်။ ရုရှားနိုင်ငံခြားရေးဝန်ကြီးဟာ နေပြည်တော်မှာ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့လည်း ဒီနေ့ တွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံပွဲမှာ ဆွေးနွေးခဲ့တာနဲ့ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက VOA မြန်မာပိုင်းကို ခုလိုပြောပါတယ်။

“ဒီနေ့က နိုင်ငံခြားရေးဝန်ကြီးလာတယ်။ ကျနော်တို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးနဲ့တွေ့ဆုံတယ်။ ဒီနေ့ နေ့လယ် ၂ နာရီမှာတော့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နဲ့ ၂ နာရီကနေ ၃ နာရီခွဲကျော်ကျော်အထိ တွေ့ဆုံပါတယ်။ အဓိက ကတော့ နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုကိစ္စတွေ၊ ကောင်စစ်ဝန်ရုံးတွေတိုးချဲ့ပြီး အပြန်အလှန်ဖွင့်လှစ်ဖို့ကိစ္စတွေ၊ နောက်ရက်ဆိုရင် ၇၅ နှစ်မြောက် ကျနော်တို့ ရုရှား-မြန်မာချစ်ကြည်ရေး ၇၅ နှစ်မြောက်နေ့ဖြစ်တယ်။ အဲဒါကြောင့်မို့လို့ အထိမ်းအမှတ်အခမ်းအနားတွေ ပြုလုပ်ဖို့၊ ပြီးရင်တော့ ကျနော်တို့ နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးကိစ္စတွေ၊ ပညာတော်သင်ကိစ္စတွေ- ဒါတွေကို အသေးစိတ် ဆွေးနွေးခဲ့ပါတယ်။”

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းအုပ်ချုပ်ပြီး အတိုက်အခံတွေအပေါ် အကြမ်းဖက်နှိမ်နှင်းနေတဲ့အပေါ် အနောက်နိုင်ငံတွေက အရေးယူဒဏ်ခတ်မှုတွေ ချမှတ်နေချိန်မှာ စစ်ကောင်စီနဲ့ ရုရှားရဲ့ ဆက်ဆံရေး တိုးတက်နေပုံရတယ်လို့ အကဲခတ်တွေက သုံးသပ်ပါတယ်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ဇူလိုင်လက ရုရှားနိုင်ငံကို ပုဂ္ဂိုလ်ရေးအရ သွားရောက်ခဲ့ပါတယ်။ ရုရှားနိုင်ငံဟာ မြန်မာစစ်တပ်အတွက် စစ်လက်နက်ပစ္စည်း ကိရိယာတွေကို အဓိက တင်ပို့ရောင်းချနေတဲ့ နိုင်ငံတခုဖြစ်ပါတယ်။

XS
SM
MD
LG