သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

႐ုရွားႏိုင္ငံျခားေရးဝန္ႀကီး ျမန္မာျပည္လာမည္


ဥပကစၥတန္ႏိုင္ငံမွာ ျပဳလုပ္တဲ့ အစည္းအေဝးတခုအၿပီးေတြ႔ရတဲ့ ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီး ဆာေဂးလက္ဗေရာ့ဗ္ (ဇူလိုင္ ၂၉၊ ၂၀၂၂)

[[Zawgyi/Unicode]]

႐ုရွားႏိုင္ငံျခားေရးဝန္ႀကီး ဆာေဂးလက္ဗေရာ့ဗ္ဟာ မနက္ျဖန္ ၾသဂုတ္ ၃ ရက္ ဗုဒၶဟူးေန႔မွာ ျမန္မာႏိုင္ငံကိုသြားမယ္လို႔ ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာခြင့္ရ မာရီယာဇာခါ႐ိုဗာက ဒီကေန႔ သတင္းစာရွင္းလင္းပြဲအတြင္း ေျပာၾကားသြားတာကို ကိုးကားၿပီး ႐ုရွားအစိုးရပိုင္ Tass မွာ ေဖာ္ျပထားပါတယ္။

ဝန္ႀကီးလက္ဗေရာ့ဗ္ရဲ႕ခရီးစဥ္ဟာ အလုပ္သေဘာခရီးစဥ္ျဖစ္ၿပီး စစ္ေကာင္စီႏိုင္ငံျခားေရးဝန္ႀကီး ဦးဝဏၰေမာင္လြင္နဲ႔ ေတြ႕ဆုံၿပီး ႏိုင္ငံေရးအရ ေတြ႕ဆုံေဆြးေႏြးမႈ၊ ကုန္သြယ္ေရးနဲ႔ စီးပြားေရးဆိုင္ရာ ပူးေပါင္းေဆာင္ရြက္မႈ၊ လုံျခံဳေရးနဲ႔ ကာကြယ္ေရးဆိုင္ရာကိစၥေတြ၊ လူသားခ်င္းစာနာမႈဆိုင္ရာ ကိစၥရပ္ေတြအပါအ၀င္ ႐ုရွား-ျမန္မာ ဆက္ဆံေရးအေျခအေန အလုံးစုံကို ေဆြးေႏြးၾကမယ္လို႔ ေျပာခြင့္ရ မာရီယာဇာခါ႐ိုဗာက ေျပာပါတယ္။

ဒါ့အျပင္ ထိပ္တန္းေရာက္ေနတဲ့ ႏိုင္ငံတကာအေရးကိစၥေတြကိုပါ ေဆြးေႏြးၾကမယ္လို႔လည္း ႐ုရွားႏိုင္ငံျခားေရးဌာနမာရီယာဇာခါ႐ိုဗာရဲ႕ ေျပာၾကားခ်က္ကို ကိုးကားၿပီး Tass သတင္းမွာ ေဖာ္ျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

==========

[[Unicode]]

ရုရှားနိုင်ငံခြားရေးဝန်ကြီး မြန်မာပြည်လာမည်

ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ဗရော့ဗ်ဟာ မနက်ဖြန် သြဂုတ် ၃ ရက် ဗုဒ္ဓဟူးနေ့မှာ မြန်မာနိုင်ငံကိုသွားမယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ မာရီယာဇာခါရိုဗာက ဒီကနေ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားသွားတာကို ကိုးကားပြီး ရုရှားအစိုးရပိုင် Tass မှာ ဖော်ပြထားပါတယ်။

ဝန်ကြီးလက်ဗရော့ဗ်ရဲ့ခရီးစဉ်ဟာ အလုပ်သဘောခရီးစဉ်ဖြစ်ပြီး စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ တွေ့ဆုံပြီး နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှု၊ ကုန်သွယ်ရေးနဲ့ စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊ လုံခြုံရေးနဲ့ ကာကွယ်ရေးဆိုင်ရာကိစ္စတွေ၊ လူသားချင်းစာနာမှုဆိုင်ရာ ကိစ္စရပ်တွေအပါအဝင် ရုရှား-မြန်မာ ဆက်ဆံရေးအခြေအနေ အလုံးစုံကို ဆွေးနွေးကြမယ်လို့ ပြောခွင့်ရ မာရီယာဇာခါရိုဗာက ပြောပါတယ်။

ဒါ့အပြင် ထိပ်တန်းရောက်နေတဲ့ နိုင်ငံတကာအရေးကိစ္စတွေကိုပါ ဆွေးနွေးကြမယ်လို့လည်း ရုရှားနိုင်ငံခြားရေးဌာနမာရီယာဇာခါရိုဗာရဲ့ ပြောကြားချက်ကို ကိုးကားပြီး Tass သတင်းမှာ ဖော်ပြထားပါတယ်။

=========

XS
SM
MD
LG