[[Zawgyi/Unicode]]
Shangri-La Dialogue အာရွေဒသလုံၿခဳံေရးဆိုင္ရာ ထိပ္သီးအစည္းအေဝးကို စင္ကာပူႏိုင္ငံမွာ ျပဳလုပ္ေနရာမွာ ကမာၻအရပ္ရပ္က ပဋိပကၡေတြ၊ လုံၿခဳံေရးဆိုင္ရာစိုးရိမ္ခ်က္ေတြနဲ႔ အတူ ျမန္မာႏိုင္ငံတြင္း ပဋိပကၡအေျခအေနကလည္း ေဆြးေႏြးပြဲရဲ႕ အေၾကာင္းအရာတခုျဖစ္ေနပါတယ္။
ကမာၻ႔အင္အားႀကီးႏိုင္ငံေတြအပါအဝင္ အာရွ-ပစိဖိတ္ေဒသတြင္းက ကာကြယ္ေရးဝန္ႀကီးေတြ ပါဝင္ေလ့ရွိတဲ့ အခုႏွစ္ ဒီလုံၿခဳံေရးဆိုင္ရာ ထိပ္သီးေဆြးေႏြးပြဲ ဖြင့္ပြဲ ဒီေန႔ညေနမစတင္ခင္မွာပဲ ျမန္မာ့လုံၿခဳံေရး ျပႆနာအေၾကာင္း ဒီေန႔ ေန႔လယ္ဘက္က ႀကိဳေဆြးေႏြးခဲ့ပါတယ္။ ဒီေဆြးေႏြးပြဲကိုေတာ့ အာဏာသိမ္းစစ္ေကာင္စီဘက္က ကာကြယ္ေရးဝန္ႀကီးေရာ၊ NUG ၾကားကာလ အမ်ိဳးသားညီၫြတ္ေရးကိုယ္စားလွယ္ပါ တက္ေရာက္ႏိုင္ျခင္းမရွိပါဘူး။ ဒါေပမယ့္လည္း မနက္ျဖန္ စေနေန႔မွာေတာ့ ျမန္မာ့အေရးေခါင္းစဥ္နဲ႔ ေဆြးေႏြးၾကဖို႔ရွိပါတယ္။
မနက္ျဖန္မွ ျမန္မာ့အေရးေဆြးေႏြးမယ္ဆိုေပမယ့္ ဒီေန႔ ေန႔လယ္ပိုင္းမွာေတာ့ ျမန္မာပဋိပကၡနဲ႔ပတ္သက္လို႔ စာတမ္းတခုကို မိတ္ဆက္ခဲ့တယ္လို႔ ဒီေဆြးေႏြးပြဲမွာ ေရာက္ရွိေနတဲ့ နယူးေယာက္ Cornell တကၠသိုလ္က ျမန္မာသုေတသီ ကိုေနယံဦးက ေျပာပါတယ္။
“ဒီေန႔ကေတာ့ သူတို႔ တရားဝင္ conference ကေတာ့ မစေသးဘူးေပါ့ေနာ္။ ဒီညေနမွစမွာေပါ့။ သို႔ေသာ္ conference မစခင္မွာ သူတို႔လုပ္ထားတဲ့ ျမန္မာနဲ႔ပတ္သက္တဲ့ research သုေတသန project တခုကိုေတာ့ မိတ္ဆက္ပါတယ္ခင္ဗ်။ အဲဒါကေတာ့ ျမန္မာနဲ႔ပတ္သက္တဲ့ ပဋိပကၡ သုေတသန-၂၀၂၀ ေဖေဖၚဝါရီ အာဏာသိမ္းမႈေနာက္ပိုင္း ျဖစ္ေပၚလာခဲ့တဲ့ ပဋိပကၡေတြအကုန္လုံးကို သူတို႔ သုေတသနလုပ္ထားတာေပါ့ေနာ္၊ ဘယ္ေနရာမွာျဖစ္တာလဲ၊ ဘယ္သူေတြနဲ႔ျဖစ္တာလဲ၊ ဘယ္လိုမ်ိဳးျဖစ္တာလဲ၊ စသည္အားျဖင့္ သုေတသနလုပ္ထားတယ္။”
မနက္ျဖန္ညေနမွာေတာ့ ျမန္မာ့ေရွ႕ေရး ဘယ္လိုဝိုင္းကူသင့္လဲဆိုတာကို မေလးရွားႏိုင္ငံျခားေရးဝန္ႀကီး၊ အေမရိကန္ႏိုင္ငံျခားေရးအတိုင္ပင္ခံ၊ ေနာက္ ကုလသမဂၢနဲ႔ ထိုင္းႏိုင္ငံတိုရဲ႕ ျမန္မာဆိုင္ရာအထူးကိုယ္စားလွယ္ေတြ အဓိက ဦးေဆာင္ေဆြးေႏြးၾကဖို႔ရွိပါတယ္။ ဒီပြဲမွာ ျမန္မာ့ မဟာျဗဴဟာနဲ႔ မူဝါဒေလ့လာေရး အင္စတီက်ဳ ISP၊ ၿငိမ္းခ်မ္းေရးနဲ႔လုံၿခဳံေရးဆိုင္ရာ ျမန္မာအင္စတီက်ဳ (MIPS)၊ အနာဂတ္ အင္စတီက်ဳနဲ႔ အေရွေတာင္အာရွေလ့လာေရး ISEAS Yusof Ishak Institute အဖြဲ႔ေတြကို ဖိတ္ၾကားခဲ့တယ္လို႔ သိရပါတယ္။
===============
[[Unicode]]
Shangri-La လုံခြုံရေးအစည်းအဝေးအတွင်း မြန်မာ့အရေးဆွေးနွေးမည်
Shangri-La Dialogue အာရှဒေသလုံခြုံရေးဆိုင်ရာ ထိပ်သီးအစည်းအဝေးကို စင်ကာပူနိုင်ငံမှာ ပြုလုပ်နေရာမှာ ကမ္ဘာအရပ်ရပ်က ပဋိပက္ခတွေ၊ လုံခြုံရေးဆိုင်ရာစိုးရိမ်ချက်တွေနဲ့ အတူ မြန်မာနိုင်ငံတွင်း ပဋိပက္ခအခြေအနေကလည်း ဆွေးနွေးပွဲရဲ့ အကြောင်းအရာတခုဖြစ်နေပါတယ်။
ကမ္ဘာ့အင်အားကြီးနိုင်ငံတွေအပါအဝင် အာရှ-ပစိဖိတ်ဒေသတွင်းက ကာကွယ်ရေးဝန်ကြီးတွေ ပါဝင်လေ့ရှိတဲ့ အခုနှစ် ဒီလုံခြုံရေးဆိုင်ရာ ထိပ်သီးဆွေးနွေးပွဲ ဖွင့်ပွဲ ဒီနေ့ညနေမစတင်ခင်မှာပဲ မြန်မာ့လုံခြုံရေး ပြဿနာအကြောင်း ဒီနေ့ နေ့လယ်ဘက်က ကြိုဆွေးနွေးခဲ့ပါတယ်။ ဒီဆွေးနွေးပွဲကိုတော့ အာဏာသိမ်းစစ်ကောင်စီဘက်က ကာကွယ်ရေးဝန်ကြီးရော၊ NUG ကြားကာလ အမျိုးသားညီညွတ်ရေးကိုယ်စားလှယ်ပါ တက်ရောက်နိုင်ခြင်းမရှိပါဘူး။ ဒါပေမယ့်လည်း မနက်ဖြန် စနေနေ့မှာတော့ မြန်မာ့အရေးခေါင်းစဉ်နဲ့ ဆွေးနွေးကြဖို့ရှိပါတယ်။
မနက်ဖြန်မှ မြန်မာ့အရေးဆွေးနွေးမယ်ဆိုပေမယ့် ဒီနေ့ နေ့လယ်ပိုင်းမှာတော့ မြန်မာပဋိပက္ခနဲ့ပတ်သက်လို့ စာတမ်းတခုကို မိတ်ဆက်ခဲ့တယ်လို့ ဒီဆွေးနွေးပွဲမှာ ရောက်ရှိနေတဲ့ နယူးယောက် Cornell တက္ကသိုလ်က မြန်မာသုတေသီ ကိုနေယံဦးက ပြောပါတယ်။
“ဒီနေ့ကတော့ သူတို့ တရားဝင် conference ကတော့ မစသေးဘူးပေါ့နော်။ ဒီညနေမှစမှာပေါ့။ သို့သော် conference မစခင်မှာ သူတို့လုပ်ထားတဲ့ မြန်မာနဲ့ပတ်သက်တဲ့ research သုတေသန project တခုကိုတော့ မိတ်ဆက်ပါတယ်ခင်ဗျ။ အဲဒါကတော့ မြန်မာနဲ့ပတ်သက်တဲ့ ပဋိပက္ခ သုတေသန-၂၀၂၀ ဖေဖေါ်ဝါရီ အာဏာသိမ်းမှုနောက်ပိုင်း ဖြစ်ပေါ်လာခဲ့တဲ့ ပဋိပက္ခတွေအကုန်လုံးကို သူတို့ သုတေသနလုပ်ထားတာပေါ့နော်၊ ဘယ်နေရာမှာဖြစ်တာလဲ၊ ဘယ်သူတွေနဲ့ဖြစ်တာလဲ၊ ဘယ်လိုမျိုးဖြစ်တာလဲ၊ စသည်အားဖြင့် သုတေသနလုပ်ထားတယ်။”
မနက်ဖြန်ညနေမှာတော့ မြန်မာ့ရှေ့ရေး ဘယ်လိုဝိုင်းကူသင့်လဲဆိုတာကို မလေးရှားနိုင်ငံခြားရေးဝန်ကြီး၊ အမေရိကန်နိုင်ငံခြားရေးအတိုင်ပင်ခံ၊ နောက် ကုလသမဂ္ဂနဲ့ ထိုင်းနိုင်ငံတိုရဲ့ မြန်မာဆိုင်ရာအထူးကိုယ်စားလှယ်တွေ အဓိက ဦးဆောင်ဆွေးနွေးကြဖို့ရှိပါတယ်။ ဒီပွဲမှာ မြန်မာ့ မဟာဗြူဟာနဲ့ မူဝါဒလေ့လာရေး အင်စတီကျု ISP၊ ငြိမ်းချမ်းရေးနဲ့လုံခြုံရေးဆိုင်ရာ မြန်မာအင်စတီကျု (MIPS)၊ အနာဂတ် အင်စတီကျုနဲ့ အရှေတောင်အာရှလေ့လာရေး ISEAS Yusof Ishak Institute အဖွဲ့တွေကို ဖိတ်ကြားခဲ့တယ်လို့ သိရပါတယ်။
===============