သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

မုန္တိုင္းငယ္ ျမစ္ဝကြၽန္းေပၚျဖတ္ၿပီးေနာက္ အားေပ်ာ့သြားဖြယ္ရွိ


ျမန္မာႏိုင္ငံတြင္း ဝင္ေရာက္တိုက္ခတ္ေနတဲ့ အားေကာင္းမုန္တုိင္းငယ္ (ဓာတ္ပံု-ျမန္မာ မိုးဇလ)


[[Zawgyi/Unicode]]

ျမန္မာႏိုင္ငံအေနာက္ဘက္ကေန ဝင္ေရာက္လာတဲ့ အားေကာင္းတဲ့မုန္တိုင္းငယ္ဟာ ဒီေန႔ ေန႔လယ္ပိုင္းက ဧရာတီျမစ္ဝကြၽန္းေပၚေဒသဘက္ကို ျဖတ္သန္းတိုက္ခတ္ပါတယ္။ မုန္တိုင္းျဖတ္ေက်ာ္ ဝင္ေရာက္ခ်ိန္မွာ ဧရာဝတီတိုင္းက ၿမိဳ႕အခ်ိဳ႕မွာ ေလျပင္းေတြ တိုက္ခတ္ၿပီး အပ်က္အစီး အနည္းငယ္ရွိခဲ့ပါတယ္။ ရခိုင္ဘက္ကိုဦးတည္ေနတဲ့ ဒီမုန္တိုင္းဟာ မနက္ျဖန္မွာ ရခိုင္ျပည္နယ္ေတာင္ပိုင္းကိုေရာက္ရွိၿပီးေနာက္ အားေပ်ာ့ ပ်က္ျပယ္သြားမယ္လို႔ မိုးဇလတာဝန္ရွိသူေတြက ဗီအိုေအကို ေျပာပါတယ္။ ရန္ကုန္က ေပးပို႔လာတဲ့သတင္းကို ကိုသားၫြန႔္ဦးက တင္ျပေပးထားပါတယ္။

လက္႐ွိအခ်ိန္မွာ ရခိုင္ျပည္နယ္ေတာင္ပိုင္းဘက္ကို ဦးတည္သြားေနတဲ့ အားေကာင္းတဲ့မုန္တုိင္းငယ္ဟာ ဒီေန႔ မတ္ လ ၂၂ ရက္ ေန႔လယ္ပိုင္းက ဧရာဝတီတိုင္း ျမစ္ဝကြ်န္းေပၚေဒသကို ျဖတ္သန္းတိုက္ခတ္ပါတယ္။ ေန႔လယ္ ၁၂ ခြဲေလာက္မွာ ဟိုင္းႀကီးကၽြန္းနားကျဖတ္ေက်ာ္လာတဲ့ မုန္တိုင္းဟာ ပုသိမ္ကမ္း႐ိုးတမ္းဘက္ကို တိုက္ခတ္ျဖတ္ေက်ာ္ၿပီး ရခုိင္ဘက္ကို အခုေ႐ႊ႕လ်ားသြားေနတာျဖစ္ပါတယ္။ မုန္တိုင္း ျဖတ္သြားစဥ္ ဧရာဝတီတိုင္း လပြတၱာ ၿမိဳ႕မွာ ေလျပင္းတိုက္ခတ္တာေတြရွိခဲ့သလို စိုက္ထူထားတဲ့ ေၾကာ္ျငာဆိုင္းဘုတ္ေတြလည္း အနည္းငယ္ပ်က္စီးခဲ့ပါတယ္။ မုန္တိုင္းလာမယ့္သတိေပးခ်က္ေၾကာင့္ ေဒသခံ ၁,၀၀၀ ေလာက္ဟာ ၿမိဳ႕ေပၚက ဘုန္းေတာ္ႀကီးေက်ာင္းေတြမွာ သြားေရာက္ ခိုလံႈတာေတြရွိတယ္လို႔ ေဒသခံတဦးက ေျပာပါတယ္။

“ေန႔ခင္းပိုင္း မနက္ပိုင္းကေတာ့ ေတာင္ေလက တိုက္ေနေတာ့ လိႈင္းနည္းနည္းထတာပါ။ အခုေတာ့ ေရျပန္ေလ်ာလာၿပီ။ မနက္နဲ႔ ေန႔လယ္ကေတာ့ ၁ နာရီ မိုင္ ၂၀-၂၅ ေလာက္ပဲ တိုက္တာပါ။ ဆိုင္းဘုတ္အေဟာင္းေတြ ကမ္းနားကေလ ေၾကာ္ျငာဆိုင္းဘုတ္အေဟာင္းေတြက သြပ္ပလိန္းျပားေတြဆိုေတာ့ အဲ့ဒါေတြက ကြာက်တာေပါ့။ ေရေဘးေရွာင္ေတြက ၿမိဳ႕ေပၚက ဘုန္းႀကီးေက်ာင္းေတြမွာ ၁ ေနရာကို ၂၀၀ ေက်ာ္ ၁၀၀ ေက်ာ္ မ်ားတယ္။ ၾကက္ေျခနီကို ေမးၾကည့္တာ ၁ ေထာင္ေက်ာ္ ေလာက္ျဖစ္သြားၿပီလုိ႔ေျပာတယ္။”

မုန္တိုင္းေရြ႕လ်ားေနခ်ိန္ ဧရာဝတီတိုင္းေဒသႀကီးမွာ ေလတိုက္ႏႈန္း အျမင့္ဆံုး ၁ နာရီ မိုင္ ၄၀ အထိ တိုက္ခတ္ႏိုင္သလို ရန္ကုန္တုိင္းမွာ မိုင္ ၃၀ အထိ တိုက္ခတ္ႏိုင္တယ္လို႔ မိုးဇလက ခန္႔မွန္းခ်က္ ထုတ္ျပန္ခဲ့ပါတယ္။ အခုလက္႐ွိမွာ ရခိုင္ျပည္နယ္ေတာင္ပိုင္းကို ဦးတည္ေနတဲ့ အားေကာင္းတဲ့ မုန္တိုင္းငယ္ဟာ နက္ျဖန္ဗုဒၶဟူးေန႔က်ရင္ ရခိုင္ျပည္နယ္ ေတာင္ပိုင္းဘက္ကို ဝင္ေရာက္ၿပီး အားေပ်ာ့ ပ်က္ျပယ္သြားမွာျဖစ္တယ္လို႔ တာဝန္ရွိသူေတြက ေျပာပါတယ္။

မုန္တိုင္းအရွိန္ေၾကာင့္ မိုးရြာသြန္းမႈ႐ွိေပမယ့္ အထူးစိုးရိမ္စရာမ႐ွိဘူးလို႔ မိုးဇလ တာဝန္ရွိသူတဦးက ဗြီအိုေအကို အခုလိုေျပာပါတယ္။

“ဆက္ေရြ႕ၿပီး ရခိုင္ကမ္းရိုးတမ္း ေတာင္ပိုင္းကို ေရာက္သြားမယ္ေပါ့။ သြားရင္းသြားရင္းနဲ႔ပဲ အားေပ်ာ့ ပ်က္ျပယ္သြားမွာေပါ့။ အရမ္းစိုးရိမ္ရမယ့္ အေနအထားမရွိပါဘူး။ အားေလ်ာ့ရင္းနဲ႔ပဲ တေျဖးေျဖးနဲ႔ မိုးေတြရြာေလျပင္းလည္း တိုက္မယ္ေပါ့ေလ။ ေလျပင္းတိုက္တာေတြ မိုးေတြရြာတာေတြနဲ႔တင္ တေျဖးေျဖးနဲ႔ အားေပ်ာ့သြားမွာေပါ့။ ေျပာရရင္ လက္ရွိ အေနအထားကေတာ့ အရမ္းႀကီး စိုးရိမ္ရမယ့္ အေနအထားမရွိပါဘူး။ မုန္တိုင္းဆဲလ္ေတြေၾကာင့္ ေလျပင္းတိုက္ မိုးသည္းထန္စြာရြာမယ့္ အေနအထားေတြက ဒီတိမ္တိုက္ႀကီး မေပ်ာက္မကြယ္ခ်င္းေတာ့ ရွိေနအံုးမွာေပါ့ေလ။ လံုးဝ Clear မိုးလံုးဝ မရြာမယ့္ အေနအထားက ၂၄-၂၅ ေလာက္မွပဲ ျဖစ္ႏိုင္မယ္။ က်န္တာကေတာ့ အႂကြင္းအက်န္ တိမ္တိုက္ေတြေၾကာင့္ ရြာတာပဲရွိမယ္။”

ဗုဒၶဟူးေန႔ ညေန ၄ နာရီမွာ မိုးဇလဌာနရဲ႕ သတိေပးထုတ္ျပန္ခ်က္အရ ဒီေန႔ကေန နက္ျဖန္ မတ္လ ၂၃ ရက္ေန႔ အထိ ေနျပည္ေတာ္၊ စစ္ကိုင္းတိုင္းေအာက္ပိုင္း၊ မႏၲေလးတိုင္း၊ မေကြးတိုင္း၊ ပဲခူးတိုင္း၊ ရန္ကုန္တိုင္း၊ ဧရာဝတီတိုင္း၊ တနသၤာရီတိုင္း၊ ရွမ္းျပည္နယ္၊ ခ်င္းျပည္နယ္၊ ရခိုင္ျပည္နယ္၊ ကယားျပည္နယ္၊ ကရင္ျပည္နယ္ႏွင့္ မြန္ျပည္နယ္တို႔မွာ ေနရာစိပ္စိပ္မွ ေနရာအႏွံ႔အျပား မိုးထစ္ခ်ဳန္း႐ြာၿပီး၊ အခ်ိဳ႕ေဒသေတြမွာ ေဒသအလိုက္ႏွင့္ ေနရာကြက္ၿပီး မိုးႀကီးႏိုင္တယ္လို႔ သတိေပးထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

===========

[[Unicode]]

မုန်တိုင်းငယ် မြစ်ဝကျွန်းပေါ်ဖြတ်ပြီးနောက် အားပျော့သွားဖွယ်ရှိ

မြန်မာနိုင်ငံအနောက်ဘက်ကနေ ဝင်ရောက်လာတဲ့ အားကောင်းတဲ့မုန်တိုင်းငယ်ဟာ ဒီနေ့ နေ့လယ်ပိုင်းက ဧရာတီမြစ်ဝကျွန်းပေါ်ဒေသဘက်ကို ဖြတ်သန်းတိုက်ခတ်ပါတယ်။ မုန်တိုင်းဖြတ်ကျော် ဝင်ရောက်ချိန်မှာ ဧရာဝတီတိုင်းက မြို့အချို့မှာ လေပြင်းတွေ တိုက်ခတ်ပြီး အပျက်အစီး အနည်းငယ်ရှိခဲ့ပါတယ်။ ရခိုင်ဘက်ကိုဦးတည်နေတဲ့ ဒီမုန်တိုင်းဟာ မနက်ဖြန်မှာ ရခိုင်ပြည်နယ်တောင်ပိုင်းကိုရောက်ရှိပြီးနောက် အားပျော့ ပျက်ပြယ်သွားမယ်လို့ မိုးဇလတာဝန်ရှိသူတွေက ဗီအိုအေကို ပြောပါတယ်။ ရန်ကုန်က ပေးပို့လာတဲ့သတင်းကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

လက်ရှိအချိန်မှာ ရခိုင်ပြည်နယ်တောင်ပိုင်းဘက်ကို ဦးတည်သွားနေတဲ့ အားကောင်းတဲ့မုန်တိုင်းငယ်ဟာ ဒီနေ့ မတ် လ ၂၂ ရက် နေ့လယ်ပိုင်းက ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်ဒေသကို ဖြတ်သန်းတိုက်ခတ်ပါတယ်။ နေ့လယ် ၁၂ ခွဲလောက်မှာ ဟိုင်းကြီးကျွန်းနားကဖြတ်ကျော်လာတဲ့ မုန်တိုင်းဟာ ပုသိမ်ကမ်းရိုးတမ်းဘက်ကို တိုက်ခတ်ဖြတ်ကျော်ပြီး ရခိုင်ဘက်ကို အခုရွှေ့လျားသွားနေတာဖြစ်ပါတယ်။ မုန်တိုင်း ဖြတ်သွားစဉ် ဧရာဝတီတိုင်း လပွတ္တာ မြို့မှာ လေပြင်းတိုက်ခတ်တာတွေရှိခဲ့သလို စိုက်ထူထားတဲ့ ကြော်ငြာဆိုင်းဘုတ်တွေလည်း အနည်းငယ်ပျက်စီးခဲ့ပါတယ်။ မုန်တိုင်းလာမယ့်သတိပေးချက်ကြောင့် ဒေသခံ ၁,၀၀၀ လောက်ဟာ မြို့ပေါ်က ဘုန်းတော်ကြီးကျောင်းတွေမှာ သွားရောက် ခိုလှုံတာတွေရှိတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“နေ့ခင်းပိုင်း မနက်ပိုင်းကတော့ တောင်လေက တိုက်နေတော့ လှိုင်းနည်းနည်းထတာပါ။ အခုတော့ ရေပြန်လျောလာပြီ။ မနက်နဲ့ နေ့လယ်ကတော့ ၁ နာရီ မိုင် ၂၀-၂၅ လောက်ပဲ တိုက်တာပါ။ ဆိုင်းဘုတ်အဟောင်းတွေ ကမ်းနားကလေ ကြော်ငြာဆိုင်းဘုတ်အဟောင်းတွေက သွပ်ပလိန်းပြားတွေဆိုတော့ အဲ့ဒါတွေက ကွာကျတာပေါ့။ ရေဘေးရှောင်တွေက မြို့ပေါ်က ဘုန်းကြီးကျောင်းတွေမှာ ၁ နေရာကို ၂၀၀ ကျော် ၁၀၀ ကျော် များတယ်။ ကြက်ခြေနီကို မေးကြည့်တာ ၁ ထောင်ကျော် လောက်ဖြစ်သွားပြီလို့ပြောတယ်။”

မုန်တိုင်းရွေ့လျားနေချိန် ဧရာဝတီတိုင်းဒေသကြီးမှာ လေတိုက်နှုန်း အမြင့်ဆုံး ၁ နာရီ မိုင် ၄၀ အထိ တိုက်ခတ်နိုင်သလို ရန်ကုန်တိုင်းမှာ မိုင် ၃၀ အထိ တိုက်ခတ်နိုင်တယ်လို့ မိုးဇလက ခန့်မှန်းချက် ထုတ်ပြန်ခဲ့ပါတယ်။ အခုလက်ရှိမှာ ရခိုင်ပြည်နယ်တောင်ပိုင်းကို ဦးတည်နေတဲ့ အားကောင်းတဲ့ မုန်တိုင်းငယ်ဟာ နက်ဖြန်ဗုဒ္ဓဟူးနေ့ကျရင် ရခိုင်ပြည်နယ် တောင်ပိုင်းဘက်ကို ဝင်ရောက်ပြီး အားပျော့ ပျက်ပြယ်သွားမှာဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

မုန်တိုင်းအရှိန်ကြောင့် မိုးရွာသွန်းမှုရှိပေမယ့် အထူးစိုးရိမ်စရာမရှိဘူးလို့ မိုးဇလ တာဝန်ရှိသူတဦးက ဗွီအိုအေကို အခုလိုပြောပါတယ်။

“ဆက်ရွေ့ပြီး ရခိုင်ကမ်းရိုးတမ်း တောင်ပိုင်းကို ရောက်သွားမယ်ပေါ့။ သွားရင်းသွားရင်းနဲ့ပဲ အားပျော့ ပျက်ပြယ်သွားမှာပေါ့။ အရမ်းစိုးရိမ်ရမယ့် အနေအထားမရှိပါဘူး။ အားလျော့ရင်းနဲ့ပဲ တဖြေးဖြေးနဲ့ မိုးတွေရွာလေပြင်းလည်း တိုက်မယ်ပေါ့လေ။ လေပြင်းတိုက်တာတွေ မိုးတွေရွာတာတွေနဲ့တင် တဖြေးဖြေးနဲ့ အားပျော့သွားမှာပေါ့။ ပြောရရင် လက်ရှိ အနေအထားကတော့ အရမ်းကြီး စိုးရိမ်ရမယ့် အနေအထားမရှိပါဘူး။ မုန်တိုင်းဆဲလ်တွေကြောင့် လေပြင်းတိုက် မိုးသည်းထန်စွာရွာမယ့် အနေအထားတွေက ဒီတိမ်တိုက်ကြီး မပျောက်မကွယ်ချင်းတော့ ရှိနေအုံးမှာပေါ့လေ။ လုံးဝ Clear မိုးလုံးဝ မရွာမယ့် အနေအထားက ၂၄-၂၅ လောက်မှပဲ ဖြစ်နိုင်မယ်။ ကျန်တာကတော့ အကြွင်းအကျန် တိမ်တိုက်တွေကြောင့် ရွာတာပဲရှိမယ်။”

ဗုဒ္ဓဟူးနေ့ ညနေ ၄ နာရီမှာ မိုးဇလဌာနရဲ့ သတိပေးထုတ်ပြန်ချက်အရ ဒီနေ့ကနေ နက်ဖြန် မတ်လ ၂၃ ရက်နေ့ အထိ နေပြည်တော်၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့မှာ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့ဒေသတွေမှာ ဒေသအလိုက်နှင့် နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ သတိပေးထားပါတယ်။

===========

XS
SM
MD
LG