သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမဝတီ ခ်စ္ၾကည္ေရးတံတား (၁) ေမ ၁၅ မတိုင္ခင္ျပန္ဖြင့္ႏိုင္ဖို႔ညႇိႏိႈင္း


မဲေဆာက္-ျမဝတီ ခ်စ္ၾကည္ေရးတံတား အမွတ္ (၁) (ဓာတ္ပံု-ဗီြအိုေအ)

[[Zawgyi/Unicode]]

ထိုင္းျမန္မာနယ္စပ္ တာ့ခ္ျပည္နယ္ မဲေဆာက္နဲ႔ ကရင္ျပည္နယ္ ျမဝတီဘက္ကို သြားလာလို႔ရတဲ့မဲေဆာက္-ျမဝတီ ခ်စ္ၾကည္ေရးတံတား (၁) ကို ေမလ ၁၅ ရက္မတိုင္ခင္ျပန္ဖြင့္ႏိုင္ဖို႔အတြက္ ႏွစ္ႏိုင္ငံ နယ္စပ္ေကာ္မတီက တာဝန္ရွိသူေတြ ေမလ ၄ ရက္ေန႔မွာ ေဆြးေႏြးခဲ့ၾကပါတယ္။ ႏိုင္ငံေရးအေျခအေန မတည္မၿငိမ္ျဖစ္ေနတာေၾကာင့္ တံတားျပန္ဖြင့္ခ်ိန္မွာ ျမန္မာဘက္က စစ္ေဆးမႈေတြမ်ားမွာကိုလည္း ေ႐ႊ႕ေျပာင္းအလုပ္သမားေတြဘက္က စိုးရိမ္ေနၾကပါတယ္။ ဒီသတင္းကို ဗြီအိုေအသတင္းေထာက္ မေအးေအးမာက သတင္းေပးပို႔ထားပါတယ္။

ကိုဗစ္ကပ္ေဘးျဖစ္ေနတာေၾကာင့္ ၂ ႏွစ္ေက်ာ္ၾကာပိတ္ထားတဲ့ ထိုင္းျမန္မာနယ္စပ္က မဲေဆာက္-ျမဝတီ ခ်စ္ၾကည္ေရးတံတား (၁) ကို ျပန္ဖြင့္ဖို႔အတြက္ ထိုင္း-ျမန္မာ နယ္စပ္ေကာ္မတီက တာဝန္ရွိသူေတြဟာ ေမလ ၄ ရက္ေန႔က ေဆြးေႏြးခဲ့ၾကပါတယ္။ ေမလ ၅ ရက္ေန႔မွာ ျပန္ဖြင့္ဖို႔ျပင္ဆင္ထားတဲ့ ခ်စ္ၾကည္ေရးတံတား (၁) ဟာ ေမလ ၁၅ ရက္မတိုင္ခင္ေလာက္ ဖြင့္ဖို႔အတြက္ ရက္ေ႐ႊ႕ဆိုင္းထားပါတယ္ နယ္စပ္တံတားကိုျပန္ဖြင့္ဖို႔အတြက္ ထိုင္းဘက္က ေတာင္းဆိုခဲ့တာနဲ႔ပတ္သက္လို႔ ေရာင္ျခည္ဦးအလုပ္သမားအဖြဲ႕ တာဝန္ခံဦးမိုးေက်ာ္က အခုလိုေျပာပါတယ္။

“ေဆြးေႏြးတဲ့အဓိကအေၾကာင္းအရင္းကေတာ့ နယ္စပ္တံတားေတြဖြင့္ဖို႔ကိစၥေတာ့ ဖြင့္မွာေတ့ာ ေမလ ၅ ရက္ေန႔ ဖြင့္ဖို႔ေတာ့ ထိုင္းဘက္က ပထမျပင္ဆင္တယ္။ ဒီလ ၅ ရက္မွာဖြင့္မယ္ေပါ့။ ညႇိႏႈိင္းေဆာင္႐ြက္ၿပီး ေဆြးေႏြးတဲ့အခါက်ေတာ့ အခု အလြတ္သေဘာေဆြးေႏြးမႈမွာေတာ့ ေမလ ၁၅ ရက္မတိုင္ခင္ တံတားဖြင့္ဖို႔အတြက္ ထိုင္းဘက္ကေတာင္းဆိုတာရွိတယ္လို႔ သိရတယ္။

နယ္စပ္တံတားကိုျပန္ဖြင့္တဲ့အခါမွာ အရင္လို ေန႔သြား ညျပန္လက္မွတ္ေတြလုပ္ၿပီး သြားလာခြင့္ေတြေပးမေပးဆိုတာေတြကေတာ့ မေသခ်ာေသးသလို အလုပ္လုပ္ဖို႔လာၾကတဲ့အလုပ္ သမားေတြအတြက္လည္း ႏိုင္ငံေရးမတည္ၿငိမ္တဲ့ကာလမို႔ အခက္အခဲေတြရွိႏိုင္ပါတယ္။ အခုလို ကိုဗစ္ကပ္ေဘးကာလမွာထိုင္းက ေနရပ္ျပန္တဲ့အလုပ္သမားေတြဟာ ျမန္မာဘက္မွာ စစ္ေဆးဖမ္းဆီးခံရတေတြရွိေနတာပါ။ ဒီကာလမွာ ျမန္မာျပည္ကေန ထိုင္းမွာ အလုပ္လုပ္ဖို႔ထြက္လာသူေတြေကာ ထိုင္းကျပန္မယ့္သူေတြကိုပါ လုံၿခဳံေရးအရ တင္းတင္းၾကပ္ၾကပ္ စစ္ေဆးဖမ္ဆီးမွာကိုစိုးရိမ္တယ္လို႔ အလုပ္သမားတဦးကလည္းေျပာျပပါတယ္။

“တံတားျပန္ဖြင့္ရင္ က်ေနာ္တို႔ဘက္က ေငြေရးေၾကးေရးအတြက္ကေတာ့ အက်ိဳးရွိသလို တံတားဖြင့္တယ္ဆိုေပမယ့္ ေပ်ာ္႐ြင္မႈအျပည့္ေတာ့ မျဖစ္ႏိုင္ေသးဘူး။ တဘက္ကအက်ိဳးရွိသလို တဘက္ကလည္း စိုးရိမ္စိတ္ရွိတာေပါ့။ မွတ္ပုံတင္ကိုင္ထားတာေတာင္မွ ဒီလိုျပႆနာေတြမရွိခင္တုန္းကေတာင္ ဂိတ္ေတြေရာက္ရင္ မွတ္ပုံတင္ကိုင္ထားတာေတာင္ “မွတ္ပုံတင္ထုတ္၊ ပိုက္ဆံငါးရာေပး”...ဆိုတာေတြလည္း အဲဒီေခတ္ကတည္းက ႀကဳံခဲ့တယ္ဆိုေတာ့ စိုးရိမ္စိတ္ေတာ့ ရွိတာေပါ့။ အခုက ျပႆနာေတြ ရႈပ္ေထြးေနတဲ့အခ်ိန္မွာ ျပန္ဖြင့္မယ္ဆိုေတာ့ က်ေနာ္တို႔က စိုးရိမ္စိတ္ေတြေတာ့ ရွိတာေပါ့။”

ထိုင္းႏိုင္ငံကေတာ့ အလုပ္သမားလိုအပ္ခ်က္ေတြရွိတဲ့အတြက္ ႏွစ္ႏိုင္ငံ သေဘာတူညီခ်က္ MOU နဲ႔လာမယ့္အလုပ္သမားေတြေကာ ရာသီအလိုက္ သီးႏွံစိုက္ပ်ိဳးဖို႔နဲ႔ အလုပ္ၾကမ္းေတြလုပ္ဖို႔အတြက္ နယ္စပ္မွာရွိေနတဲ့ အေျခခံလုပ္သားေတြလိုအပ္ေနတာပါ။ ထိုင္းႏိုင္ငံကအလုပ္ေတြမွာ လူဦးေရ သိန္းနဲ႔ခ်ီလိုအပ္ေနတာေၾကာင့္ ျမန္မာႏိုင္ငံသားေတြကို အမ်ားဆုံးေခၚယူသြားမွာျဖစ္ပါတယ္။ ဒီအတြက္ နယ္စပ္တံတားေတြျပန္ဖြင့္ဖို႔ကို ထိုင္းဘက္ကလည္း အေရးတႀကီးလိုအပ္ေနတာပါ။

အခုလို လိုအပ္ေနေပမယ့္ ျမန္မာဘက္က ေတာ့ နယ္စပ္ေတြျပန္ဖြင့္မယ့္ရက္ကို တိတိက်က်သတင္းထုတ္ျပန္တာေတာ့မရွိေသးပါဘူး။

ႏွစ္ဘက္ေဆြးေႏြးမႈေတြကေတာ့ ခပ္စိတ္စိတ္လုပ္လာၿပီး ေမလ ၁၅ ရက္မတိုင္ခင္ တံတားေတြျပန္ဖြင့္ႏိုင္ဖို႔ ႏွစ္ႏိုင္ငံနယ္စပ္ေကာ္မတီက တာဝန္ရွိသူေတြက ေဆးေႏြးေနၾကဆဲျဖစ္ပါတယ္ရွင္။

#MyanmarThailand #Myawaddy-MaeSot #MyanmarMigrants #VOABurmese
#ထိုင္းျမန္မာနယ္စပ္ #ခ်စ္ၾကည္ေရးတံတား(၁) #ေ႐ႊ႕ေျပာင္းအလုပ္သမား #ဗြီအိုေအ
===========

[[Unicode]]

မြဝတီ ချစ်ကြည်ရေးတံတား (၁) မေ ၁၅ မတိုင်ခင်ပြန်ဖွင့်နိုင်ဖို့ ညှိနှိုင်း

ထိုင်းမြန်မာနယ်စပ် တာ့ခ်ပြည်နယ် မဲဆောက်နဲ့ ကရင်ပြည်နယ် မြဝတီဘက်ကို သွားလာလို့ရတဲ့မဲဆောက်-မြဝတီ ချစ်ကြည်ရေးတံတား (၁) ကို မေလ ၁၅ ရက်မတိုင်ခင်ပြန်ဖွင့်နိုင်ဖို့အတွက် နှစ်နိုင်ငံ နယ်စပ်ကော်မတီက တာဝန်ရှိသူတွေ မေလ ၄ ရက်နေ့မှာ ဆွေးနွေးခဲ့ကြပါတယ်။ နိုင်ငံရေးအခြေအနေ မတည်မငြိမ်ဖြစ်နေတာကြောင့် တံတားပြန်ဖွင့်ချိန်မှာ မြန်မာဘက်က စစ်ဆေးမှုတွေများမှာကိုလည်း ရွှေ့ပြောင်းအလုပ်သမားတွေဘက်က စိုးရိမ်နေကြပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကိုဗစ်ကပ်ဘေးဖြစ်နေတာကြောင့် ၂ နှစ်ကျော်ကြာပိတ်ထားတဲ့ ထိုင်းမြန်မာနယ်စပ်က မဲဆောက်-မြဝတီ ချစ်ကြည်ရေးတံတား (၁) ကို ပြန်ဖွင့်ဖို့အတွက် ထိုင်း-မြန်မာ နယ်စပ်ကော်မတီက တာဝန်ရှိသူတွေဟာ မေလ ၄ ရက်နေ့က ဆွေးနွေးခဲ့ကြပါတယ်။ မေလ ၅ ရက်နေ့မှာ ပြန်ဖွင့်ဖို့ပြင်ဆင်ထားတဲ့ ချစ်ကြည်ရေးတံတား (၁) ဟာ မေလ ၁၅ ရက်မတိုင်ခင်လောက် ဖွင့်ဖို့အတွက် ရက်ရွှေ့ဆိုင်းထားပါတယ် နယ်စပ်တံတားကိုပြန်ဖွင့်ဖို့အတွက် ထိုင်းဘက်က တောင်းဆိုခဲ့တာနဲ့ပတ်သက်လို့ ရောင်ခြည်ဦးအလုပ်သမားအဖွဲ့ တာဝန်ခံဦးမိုးကျော်က အခုလိုပြောပါတယ်။

“ဆွေးနွေးတဲ့အဓိကအကြောင်းအရင်းကတော့ နယ်စပ်တံတားတွေဖွင့်ဖို့ကိစ္စတော့ ဖွင့်မှာတေ့ာ မေလ ၅ ရက်နေ့ ဖွင့်ဖို့တော့ ထိုင်းဘက်က ပထမပြင်ဆင်တယ်။ ဒီလ ၅ ရက်မှာဖွင့်မယ်ပေါ့။ ညှိနှိုင်းဆောင်ရွက်ပြီး ဆွေးနွေးတဲ့အခါကျတော့ အခု အလွတ်သဘောဆွေးနွေးမှုမှာတော့ မေလ ၁၅ ရက်မတိုင်ခင် တံတားဖွင့်ဖို့အတွက် ထိုင်းဘက်ကတောင်းဆိုတာရှိတယ်လို့ သိရတယ်။

နယ်စပ်တံတားကိုပြန်ဖွင့်တဲ့အခါမှာ အရင်လို နေ့သွား ညပြန်လက်မှတ်တွေလုပ်ပြီး သွားလာခွင့်တွေပေးမပေးဆိုတာတွေကတော့ မသေချာသေးသလို အလုပ်လုပ်ဖို့လာကြတဲ့အလုပ် သမားတွေအတွက်လည်း နိုင်ငံရေးမတည်ငြိမ်တဲ့ကာလမို့ အခက်အခဲတွေရှိနိုင်ပါတယ်။ အခုလို ကိုဗစ်ကပ်ဘေးကာလမှာထိုင်းက နေရပ်ပြန်တဲ့အလုပ်သမားတွေဟာ မြန်မာဘက်မှာ စစ်ဆေးဖမ်းဆီးခံရတတွေရှိနေတာပါ။ ဒီကာလမှာ မြန်မာပြည်ကနေ ထိုင်းမှာ အလုပ်လုပ်ဖို့ထွက်လာသူတွေကော ထိုင်းကပြန်မယ့်သူတွေကိုပါ လုံခြုံရေးအရ တင်းတင်းကြပ်ကြပ် စစ်ဆေးဖမ်ဆီးမှာကိုစိုးရိမ်တယ်လို့ အလုပ်သမားတဦးကလည်းပြောပြပါတယ်။

“တံတားပြန်ဖွင့်ရင် ကျနော်တို့ဘက်က ငွေရေးကြေးရေးအတွက်ကတော့ အကျိုးရှိသလို တံတားဖွင့်တယ်ဆိုပေမယ့် ပျော်ရွင်မှုအပြည့်တော့ မဖြစ်နိုင်သေးဘူး။ တဘက်ကအကျိုးရှိသလို တဘက်ကလည်း စိုးရိမ်စိတ်ရှိတာပေါ့။ မှတ်ပုံတင်ကိုင်ထားတာတောင်မှ ဒီလိုပြဿနာတွေမရှိခင်တုန်းကတောင် ဂိတ်တွေရောက်ရင် မှတ်ပုံတင်ကိုင်ထားတာတောင် “မှတ်ပုံတင်ထုတ်၊ ပိုက်ဆံငါးရာပေး”...ဆိုတာတွေလည်း အဲဒီခေတ်ကတည်းက ကြုံခဲ့တယ်ဆိုတော့ စိုးရိမ်စိတ်တော့ ရှိတာပေါ့။ အခုက ပြဿနာတွေ ရှုပ်ထွေးနေတဲ့အချိန်မှာ ပြန်ဖွင့်မယ်ဆိုတော့ ကျနော်တို့က စိုးရိမ်စိတ်တွေတော့ ရှိတာပေါ့။”

ထိုင်းနိုင်ငံကတော့ အလုပ်သမားလိုအပ်ချက်တွေရှိတဲ့အတွက် နှစ်နိုင်ငံ သဘောတူညီချက် MOU နဲ့လာမယ့်အလုပ်သမားတွေကော ရာသီအလိုက် သီးနှံစိုက်ပျိုးဖို့နဲ့ အလုပ်ကြမ်းတွေလုပ်ဖို့အတွက် နယ်စပ်မှာရှိနေတဲ့ အခြေခံလုပ်သားတွေလိုအပ်နေတာပါ။ ထိုင်းနိုင်ငံကအလုပ်တွေမှာ လူဦးရေ သိန်းနဲ့ချီလိုအပ်နေတာကြောင့် မြန်မာနိုင်ငံသားတွေကို အများဆုံးခေါ်ယူသွားမှာဖြစ်ပါတယ်။ ဒီအတွက် နယ်စပ်တံတားတွေပြန်ဖွင့်ဖို့ကို ထိုင်းဘက်ကလည်း အရေးတကြီးလိုအပ်နေတာပါ။

အခုလို လိုအပ်နေပေမယ့် မြန်မာဘက်က တော့ နယ်စပ်တွေပြန်ဖွင့်မယ့်ရက်ကို တိတိကျကျသတင်းထုတ်ပြန်တာတော့မရှိသေးပါဘူး။

နှစ်ဘက်ဆွေးနွေးမှုတွေကတော့ ခပ်စိတ်စိတ်လုပ်လာပြီး မေလ ၁၅ ရက်မတိုင်ခင် တံတားတွေပြန်ဖွင့်နိုင်ဖို့ နှစ်နိုင်ငံနယ်စပ်ကော်မတီက တာဝန်ရှိသူတွေက ဆေးနွေးနေကြဆဲဖြစ်ပါတယ်ရှင်။

#MyanmarThailand #Myawaddy-MaeSot #MyanmarMigrants #VOABurmese
#ထိုင်းမြန်မာနယ်စပ် #ချစ်ကြည်ရေးတံတား(၁) #ရွှေ့ပြောင်းအလုပ်သမား #ဗွီအိုအေ
===========

XS
SM
MD
LG