သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

၄ လၾကာပိတ္ထားတဲ့ ဆင္ခြန္နယ္စပ္ဂိတ္ျပန္ဖြင့္


ျမန္မာႏိုင္ငံၿမိတ္ၿမိဳ႕နဲ႔ကပ္လ်က္ ထိုင္းႏိုင္ငံဘက္က ဆင္ခြန္နယ္စပ္ဂိတ္ျမင္ကြင္း။ (ဓာတ္ပံု-CJ)

[[Zawgyi/Unicode]]

ထိုင္း-ျမန္မာနယ္စပ္ ကုန္စည္စီးဆင္းလည္ပတ္ေနတဲ့ ဆင္ခြန္နယ္စပ္ဂိတ္ကို တနသၤာရီတိုင္းအတြင္း တိုက္ပြဲမ်ားျဖစ္ေနတာေၾကာင့္ ၄ လေက်ာ္ၾကာပိတ္ထားရာကေန ထိုင္းျမန္မာအာဏာပိုင္ေတြ ေဆြးေႏြးၾကၿပီး ၾသဂုတ္လ ၂ ရက္ေန႔မွာ ျပန္လည္ဖြင့္လွစ္လိုက္ပါတယ္။ ဒီသတင္းကို ဗြီအိုေအသတင္းေထာက္ မေအးေအးမာကသတင္းေပးပို႔ထားပါတယ္။

ထိုင္း-ျမန္မာ ကုန္စည္စီးဆင္းရာ နယ္စပ္ဂိတ္တခုျဖစ္တဲ့ ဆင္ခြန္ (Sin Khon- Maw Daung) နယ္စပ္ စစ္ေဆးေရးဂိတ္ကို ၄ လေက်ာ္ၾကာ ပိတ္ထားရာကေန ၾသဂုတ္လ၂ ရက္ေန႔က ထိုင္းျမန္မာ အာဏာပိုင္ေတြ ေဆြးေႏြးၿပီး ျပန္ဖြင့္လွစ္ခဲ့တာပါ။ ဆင္ခြန္ နယ္စပ္ဂိတ္ျပန္ဖြင့္လိုက္တာဟာ ထိုင္းဘက္က စီပြားေရးအရပိုၿပီးတိုးတက္ႏိုင္တယ္လို႔ အလုပ္သမားေရးလုွပ္ရွားသူ ဦးမိုးႀကိဳးကေျပာပါတယ္။

“ဆင္ခြန္ဂိတ္ တရားဝင္ဖြင့္လိုက္တယ္ဆိုေတာ့ တနသၤာရီတိုင္းကေနတဆင့္ ျမန္ မာႏိုင္ငံက ကုန္စည္ပို႔ေဆာင္ေရးေတြလည္း လြယ္လာတာေပါ့။ ထိုင္းႏိုင္ငံကေတာ့ကုန္သြယ္စီးပြားမွာေတာ့ အေပၚစီးကပဲ ရၿမဲရေနမွာပဲ။ အဓိကေတာ့ လူသုံးကုန္ပစၥည္းအမ်ိဳးမ်ိဳး၊ စားေသာက္ကုန္ေတြ၊ စက္သုံးဆီအမ်ိဳးမ်ိဳးေတြက တနသၤာရီတိုင္းကေနတဆင့္ ထိုင္းႏိုင္ငံက ပို႔ကုန္ေတြအေနနဲ႔ေပါ့။ ေလွလုပ္သားေတြရယ္၊ ေခါင္း႐ြက္ဗ်တ္ထိုးေဈးသယ္ေတြအေနနဲ႔ကလည္း အေသးစားနဲ႔ အလတ္စားကုန္သည္ပြဲစားေတြကလည္း အက်ိဳးရွိတာပဲ။ ထိုင္းပစၥည္းကိုျမန္မာႏိုင္ငံေနရာအႏွံ႔အျပား ေရာင္းဝယ္ေဖာက္ကားမယ့္ အႀကီးစားစီးပြားေရးလုပ္ငန္းရွင္ေတြအတြက္လည္း အက်ိဳးရွိတာေပါ့။”

ျမန္မာဘက္ျခမ္းက ေမာေထာင္နယ္စပ္ၿမိဳ႕နဲ႔ ထိုင္းဘက္အျခမ္းက Klong Wan နယ္စပ္ၿမိဳ႕ကို ညီအမၿမိဳ႕အျဖစ္သတ္မွတ္ထားၿပီး ျမန္မာဘက္ကအလုပ္သမားေတြ လနဲ႔ခ်ီ အလုပ္လုပ္ကိုင္ေနထိုင္လို႔ရတဲ့ နယ္စပ္ျဖစ္ပါတယ္။ အဲဒီနယ္စပ္ဂိတ္ဘက္ ကေန ထိုင္းႏိုင္ငံက လွ်ပ္စစ္ပစၥည္းေတြ၊ အစားအေသာက္ သီးႏွံထြက္ကုန္ေတြအေျမာက္အမ်ား ျမန္မာဘက္ကို ပို႔ေဆာင္ေနတာပါ။ အခုလိုဖြင့္လိုက္တဲ့အတြက္ ထိုင္းနဲ႔ျမန္မာဘက္က ေအာက္ေျခအလုပ္ေတြလုပ္ေနတဲ့ အေျခခံလူတန္းစား ျမန္မာအလုပ္သမားေတြအတြက္ကေတာ့ အက်ိဳးရွိမွာျဖစ္တယ္လို႔လည္း သူကေျပာပါတယ္။

“ဒီဘက္ကမ္းမွာရွိတဲ့ အလုပ္သမားေတြအတြက္ကလည္း ထိုင္းပစၥည္းေတြကို ျမန္မာႏိုင္ငံကိုပို႔ေဆာင္ရတဲ့အတြက္ ကုန္တင္ကုန္ခ် အလုပ္သမားေတြ၊ ေလွလုပ္ သားေတြ၊ ပင္လယ္နဲ႔ေရထြက္ပစၥည္းလုပ္ငန္းေတြလုပ္တဲ့ ျမန္မာေ႐ႊ႕ေျပာင္းအလုပ္ သမားေတြအတြက္လည္း အက်ိဳးရွိတာေပါ့။ ပုံမွန္ဝင္ေငြအျပင္ အခ်ိန္ပိုလုပ္အားခေတြလည္းရတယ္။ ေန႔ဆိုင္း ညဆိုင္းေတြလည္း ခြဲထားတာကိုး။”

ဆင္ခြန္နယ္စပ္ဂိတ္ကို တနလၤာေန႔က စေန႔ေန႔အထိ မနက္ ၈ နာရီကေန ညေန ၄ နာရီထိ ဖြင့္လွစ္သြားမွာျဖစ္ၿပီး ကိုဗစ္စည္းကမ္းနဲ႔အညီ ကုန္စည္ပို႔ေဆာင္သြားရမွာျဖစ္ပါတယ္။

ၿမိတ္ၿမိဳ႕နဲ႔ ကပ္ေနတဲ့ ဆင္ခြန္နယ္စပ္ဂိတ္ဟာ ထိုင္းႏိုင္ငံကေန ျမန္မာႏိုင္ငံဘက္ ကို ဘတ္သန္း ၁,၄၀၀ ေလာက္ တန္ဖိုးရွိတဲ့ ကုန္စည္ေတြ ႏွစ္စဥ္ တင္ပို႔ေရာင္းခ် ကုန္စည္စီးဆင္းေနတဲ့ နယ္စပ္ဂိတ္တခုလည္းျဖစ္ပါတယ္။ ျမန္မာႏိုင္ငံဘက္ကေတာ့ ေဒသထြက္ကုန္ေတြ၊ စားေသာက္ကုန္ေတြကိုသာ ပို႔ေဆာင္ေနတာျဖစ္ပါတယ္။

#MyanmarThailand #VOABurmese #နယ္စပ္ကုန္သြယ္ေရး #ဆင္ခြန္နယ္စပ္ဂိတ္
==============

[[Unicode]]

၄ လကြာပိတ်ထားတဲ့ ဆင်ခွန်နယ်စပ်ဂိတ်ပြန်ဖွင့်


ထိုင်း-မြန်မာနယ်စပ် ကုန်စည်စီးဆင်းလည်ပတ်နေတဲ့ ဆင်ခွန်နယ်စပ်ဂိတ်ကို တနင်္သာရီတိုင်းအတွင်း တိုက်ပွဲများဖြစ်နေတာကြောင့် ၄ လကျော်ကြာပိတ်ထားရာကနေ ထိုင်းမြန်မာအာဏာပိုင်တွေ ဆွေးနွေးကြပြီး သြဂုတ်လ ၂ ရက်နေ့မှာ ပြန်လည်ဖွင့်လှစ်လိုက်ပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာကသတင်းပေးပို့ထားပါတယ်။

ထိုင်း-မြန်မာ ကုန်စည်စီးဆင်းရာ နယ်စပ်ဂိတ်တခုဖြစ်တဲ့ ဆင်ခွန် (Sin Khon- Maw Daung) နယ်စပ် စစ်ဆေးရေးဂိတ်ကို ၄ လကျော်ကြာ ပိတ်ထားရာကနေ သြဂုတ်လ၂ ရက်နေ့က ထိုင်းမြန်မာ အာဏာပိုင်တွေ ဆွေးနွေးပြီး ပြန်ဖွင့်လှစ်ခဲ့တာပါ။ ဆင်ခွန် နယ်စပ်ဂိတ်ပြန်ဖွင့်လိုက်တာဟာ ထိုင်းဘက်က စီပွားရေးအရပိုပြီးတိုးတက်နိုင်တယ်လို့ အလုပ်သမားရေးလုှပ်ရှားသူ ဦးမိုးကြိုးကပြောပါတယ်။

“ဆင်ခွန်ဂိတ် တရားဝင်ဖွင့်လိုက်တယ်ဆိုတော့ တနင်္သာရီတိုင်းကနေတဆင့် မြန် မာနိုင်ငံက ကုန်စည်ပို့ဆောင်ရေးတွေလည်း လွယ်လာတာပေါ့။ ထိုင်းနိုင်ငံကတော့ကုန်သွယ်စီးပွားမှာတော့ အပေါ်စီးကပဲ ရမြဲရနေမှာပဲ။ အဓိကတော့ လူသုံးကုန်ပစ္စည်းအမျိုးမျိုး၊ စားသောက်ကုန်တွေ၊ စက်သုံးဆီအမျိုးမျိုးတွေက တနင်္သာရီတိုင်းကနေတဆင့် ထိုင်းနိုင်ငံက ပို့ကုန်တွေအနေနဲ့ပေါ့။ လှေလုပ်သားတွေရယ်၊ ခေါင်းရွက်ဗျတ်ထိုးဈေးသယ်တွေအနေနဲ့ကလည်း အသေးစားနဲ့ အလတ်စားကုန်သည်ပွဲစားတွေကလည်း အကျိုးရှိတာပဲ။ ထိုင်းပစ္စည်းကိုမြန်မာနိုင်ငံနေရာအနှံ့အပြား ရောင်းဝယ်ဖောက်ကားမယ့် အကြီးစားစီးပွားရေးလုပ်ငန်းရှင်တွေအတွက်လည်း အကျိုးရှိတာပေါ့။”

မြန်မာဘက်ခြမ်းက မောထောင်နယ်စပ်မြို့နဲ့ ထိုင်းဘက်အခြမ်းက Klong Wan နယ်စပ်မြို့ကို ညီအမမြို့အဖြစ်သတ်မှတ်ထားပြီး မြန်မာဘက်ကအလုပ်သမားတွေ လနဲ့ချီ အလုပ်လုပ်ကိုင်နေထိုင်လို့ရတဲ့ နယ်စပ်ဖြစ်ပါတယ်။ အဲဒီနယ်စပ်ဂိတ်ဘက် ကနေ ထိုင်းနိုင်ငံက လျှပ်စစ်ပစ္စည်းတွေ၊ အစားအသောက် သီးနှံထွက်ကုန်တွေအမြောက်အများ မြန်မာဘက်ကို ပို့ဆောင်နေတာပါ။ အခုလိုဖွင့်လိုက်တဲ့အတွက် ထိုင်းနဲ့မြန်မာဘက်က အောက်ခြေအလုပ်တွေလုပ်နေတဲ့ အခြေခံလူတန်းစား မြန်မာအလုပ်သမားတွေအတွက်ကတော့ အကျိုးရှိမှာဖြစ်တယ်လို့လည်း သူကပြောပါတယ်။

“ဒီဘက်ကမ်းမှာရှိတဲ့ အလုပ်သမားတွေအတွက်ကလည်း ထိုင်းပစ္စည်းတွေကို မြန်မာနိုင်ငံကိုပို့ဆောင်ရတဲ့အတွက် ကုန်တင်ကုန်ချ အလုပ်သမားတွေ၊ လှေလုပ် သားတွေ၊ ပင်လယ်နဲ့ရေထွက်ပစ္စည်းလုပ်ငန်းတွေလုပ်တဲ့ မြန်မာရွှေ့ပြောင်းအလုပ် သမားတွေအတွက်လည်း အကျိုးရှိတာပေါ့။ ပုံမှန်ဝင်ငွေအပြင် အချိန်ပိုလုပ်အားခတွေလည်းရတယ်။ နေ့ဆိုင်း ညဆိုင်းတွေလည်း ခွဲထားတာကိုး။”

ဆင်ခွန်နယ်စပ်ဂိတ်ကို တနင်္လာနေ့က စနေ့နေ့အထိ မနက် ၈ နာရီကနေ ညနေ ၄ နာရီထိ ဖွင့်လှစ်သွားမှာဖြစ်ပြီး ကိုဗစ်စည်းကမ်းနဲ့အညီ ကုန်စည်ပို့ဆောင်သွားရမှာဖြစ်ပါတယ်။

မြိတ်မြို့နဲ့ ကပ်နေတဲ့ ဆင်ခွန်နယ်စပ်ဂိတ်ဟာ ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံဘက် ကို ဘတ်သန်း ၁,၄၀၀ လောက် တန်ဖိုးရှိတဲ့ ကုန်စည်တွေ နှစ်စဉ် တင်ပို့ရောင်းချ ကုန်စည်စီးဆင်းနေတဲ့ နယ်စပ်ဂိတ်တခုလည်းဖြစ်ပါတယ်။ မြန်မာနိုင်ငံဘက်ကတော့ ဒေသထွက်ကုန်တွေ၊ စားသောက်ကုန်တွေကိုသာ ပို့ဆောင်နေတာဖြစ်ပါတယ်။

#MyanmarThailand #VOABurmese #နယ်စပ်ကုန်သွယ်ရေး #ဆင်ခွန်နယ်စပ်ဂိတ်
==============

XS
SM
MD
LG