သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေသဒဏ္စီရင္မႈေၾကာင့္ ျမန္မာပဋိပကၡ ပိုၿပီးခက္ခဲရႈပ္ေထြးေစ- ထိုင္းႏိုင္ငံျခားေရးတုံ႔ျပန္


ေသဒဏ္စီရင္ၿပီးစီးေၾကာင္း ဇူလိုင္လ ၂၅ရက္ေန႔ သတင္းထုတ္ျပန္ခဲ့သူ ကိုၿဖိဳးေဇယ်ာေသာ္၊ ကိုဂ်င္မီ၊ ကိုလွမ်ိဳးေအာင္၊ ကိုေအာင္သူရေဇာ္ (ထက္မွေအာက္၊ ဝဲမွယာ)

[[Zawgyi/Unicode]]

ျမန္မာႏိုင္ငံအတြင္း ႏိုင္ငံေရးအရ ေရရွည္တည္တံ့နိုင္မယ့္ နည္းလမ္းရႏိုင္ေအာင္ သက္ဆိုင္သူအားလုံးက ႀကိဳးပမ္း ေဆာင္ရြက္ၾကဖို႔နဲ႔ အသက္ဆုံးရႈံးမႈေတြ မရွိေအာင္ လုပ္ေဆာင္ၾကဖို႔ ထိုင္းႏိုင္ငံျခားေရးဌာနက မေန႔ အဂၤါေန႔မွာ တိုက္တြန္း ေျပာၾကားလိုက္ပါတယ္။

ျမန္မာႏိုင္ငံမွာ ထင္ရွားတဲ့ ႏိ္ုင္ငံေရးသမားေတြျဖစ္ၾကတဲ့ ၈၈ မ်ဳိးဆက္ေက်ာင္းသားေခါင္းေဆာင္ ကိုဂ်င္မီ၊ NLD လႊတ္ေတာ္ကိုယ္စားလွယ္ ကိုၿဖိဳးေဇယ်ာေသာ္နဲ႔ ကိုလွမ်ဳိးေအာင္၊ ကိုေအာင္သူရေဇာ္တို႔ ၄ ဦးကို စစ္ေကာင္စီက ကြပ္မ်က္လိုက္ၿပီးတဲ့ေနာက္ ထိုင္းႏိုင္ငံက အခုလို ေျပာၾကားလိုက္တာပါ။

ဒီ ၄ ေယာက္ရဲ႕အသက္ဆုံးရႈံးသြားရတဲ့ ျဖစ္ရပ္က ျမန္မာႏိုင္ငံရဲ႕ပဋိပကၡကို ပိုၿပီး ခက္ခဲ ရႈပ္ေထြးသြားေစတယ္လို႔ ထိုင္းႏိုင္ငံျခားေရးဌာန ေျပာခြင့္ရ Tanee Sangrat က ေျပာပါတယ္။

အင္အားသုံးၿဖိဳခြင္းတာ၊ ရက္စက္တဲ့ အၾကမ္းဖက္ နည္းလမ္းေတြအသုံးျပဳတာေတြဟာ ႏိုင္ငံေရးအရ သေဘာထားကြဲမႈေတြကို ဘယ္ေတာ့မွ ေျဖရွင္းလို႔ ရႏိုင္မွာမဟုတ္ဘူးလို႔လည္း Tanee Sangrat က ေျပာပါတယ္။

ေသဆုံးသြားတဲ့သူေတြရဲ႕ မိသားစု၀င္ေတြအတြက္လည္း သူက ဝမ္းနည္းစကား ေျပာၾကားခဲ့ၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

===========

[[Unicode]]

သေဒဏ်စီရင်မှုကြောင့် မြန်မာပဋိပက္ခ ပိုပြီးခက်ခဲရှုပ်ထွေးစေ- ထိုင်းနိုင်ငံခြားရေးတုံ့ပြန်

မြန်မာနိုင်ငံအတွင်း နိုင်ငံရေးအရ ရေရှည်တည်တံ့နိုင်မယ့် နည်းလမ်းရနိုင်အောင် သက်ဆိုင်သူအားလုံးက ကြိုးပမ်း ဆောင်ရွက်ကြဖို့နဲ့ အသက်ဆုံးရှုံးမှုတွေ မရှိအောင် လုပ်ဆောင်ကြဖို့ ထိုင်းနိုင်ငံခြားရေးဌာနက မနေ့ အင်္ဂါနေ့မှာ တိုက်တွန်း ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ထင်ရှားတဲ့ နိုင်ငံရေးသမားတွေဖြစ်ကြတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ၊ NLD လွှတ်တော်ကိုယ်စားလှယ် ကိုဖြိုးဇေယျာသော်နဲ့ ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော်တို့ ၄ ဦးကို စစ်ကောင်စီက ကွပ်မျက်လိုက်ပြီးတဲ့နောက် ထိုင်းနိုင်ငံက အခုလို ပြောကြားလိုက်တာပါ။

ဒီ ၄ ယောက်ရဲ့အသက်ဆုံးရှုံးသွားရတဲ့ ဖြစ်ရပ်က မြန်မာနိုင်ငံရဲ့ပဋိပက္ခကို ပိုပြီး ခက်ခဲ ရှုပ်ထွေးသွားစေတယ်လို့ ထိုင်းနိုင်ငံခြားရေးဌာန ပြောခွင့်ရ Tanee Sangrat က ပြောပါတယ်။

အင်အားသုံးဖြိုခွင်းတာ၊ ရက်စက်တဲ့ အကြမ်းဖက် နည်းလမ်းတွေအသုံးပြုတာတွေဟာ နိုင်ငံရေးအရ သဘောထားကွဲမှုတွေကို ဘယ်တော့မှ ဖြေရှင်းလို့ ရနိုင်မှာမဟုတ်ဘူးလို့လည်း Tanee Sangrat က ပြောပါတယ်။

သေဆုံးသွားတဲ့သူတွေရဲ့ မိသားစုဝင်တွေအတွက်လည်း သူက ဝမ်းနည်းစကား ပြောကြားခဲ့ကြပါတယ်။

XS
SM
MD
LG