သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာစစ္အာဏာသိမ္းဆန႔္က်င္သူေတြကို ညႇင္းပမ္းႏွိပ္စက္မႈ AI ထုတ္ျပန္


စစ္အာဏာသိမ္းၿပီး တလနီးပါးအၾကာ စစ္အာဏာသိမ္းမႈကို ဆန္႔က်င္ဆႏၵျပေနတဲ့အရပ္သားျပည္သူေတြကို လိုက္လံဖမ္းဆီးေနတဲ့ျမင္ကြင္း။ (ေဖေဖၚဝါရီ ၂၇၊ ၂၀၂၁) 

[[Zawgyi/Unicode]]

စစ္အာဏာသိမ္းမႈ ဆန႔္က်င္ၾကသူေတြကို ဖမ္းခ်ဳပ္ထားတုန္း စစ္တပ္ဟာ ညႇင္းပန္းႏွိပ္စက္၊ ဒါမွမဟုတ္ ရက္စက္ၾကမ္းၾကဳတ္စြာ ျပဳမူဆက္ဆံခဲ့ၿပီး အဆင့္တိုင္းမွာ ဥပေဒကို ခ်ိဳးေဖာက္ခဲ့တယ္လို႔ ႏိုင္ငံတကာ လြတ္ၿငိမ္းခ်မ္းသာခြင့္အဖြဲ႕ႀကီး (AI) က မေန႔က ေၾကညာခ်က္ ထုတ္ျပန္လိုက္ပါတယ္။

ကုလသမဂၢ လုံၿခဳံေရးေကာင္စီက ျမန္မာစစ္တပ္အေပၚ ဖိအားတိုးေပးဖို႔လည္း AI က ေတာင္းဆိုလိုက္ပါတယ္။ အျပည္ျပည္ဆိုင္ရာ ရာဇဝတ္မႈတရား႐ုံးကို စစ္ေကာင္စီကို ပို႔ဖို႔၊ လက္နက္တင္ပို႔တာကို တကမာၻလုံးက ပိတ္ဆို႔ဖို႔နဲ႔ ပစ္မွတ္ထား ပိတ္ဆို႔ အေရးယူဖို႔ အစရွိတဲ့ဖိအားေတြနဲ႔ အေရးယူေဆာင္႐ြက္ဖို႔လည္း ေၾကညာခ်က္မွာ တိုက္တြန္းထားပါတယ္။

အျပည္ျပည္ဆိုင္ရာ လြတ္ၿငိမ္းခ်မ္းသာခြင့္အဖြဲ႕ႀကီးက ႏိုင္ငံေရး အက်ဥ္းသားေတြ၊ အက်ဥ္းသားေတြရဲ႕ ေရွ႕ေနေတြ၊ ကြၽမ္းက်င္သူေတြနဲ႔ အင္တာဗ်ဴး ၁၅ ခု လုပ္ခဲ့ၿပီး ေတြ႕ရွိခ်က္ေတြကို ခုလို ထုတ္ျပန္လိုက္တာပါ။ ဒါ့အျပင္ သတင္း အခ်က္အလက္ေတြနဲ႔ မွတ္တမ္း ၁၀၀ ေက်ာ္ကိုလည္း ေလ့လာခဲ့တယ္လို႔ ဆိုပါတယ္။ အင္တာဗ်ဴးလုပ္တဲ့အခါ အဖမ္းဆီး ခံခဲ့ရတဲ့ အခ်ိန္၊ စစ္ေၾကာေရး ကာလ၊ ေထာင္က်ေနတဲ့အခ်ိန္နဲ႔ ျပန္လြတ္လာတဲ့အခ်ိန္ေတြကို AI အဖြဲ႕က စနစ္တက် မွတ္တမ္းတင္ခဲ့တာ ျဖစ္ပါတယ္။

ဖမ္းဆီးစဥ္မွာလည္း ဝရမ္း မပါသလို ဝန္ခံခ်က္ရရွိဖို႔ ညႇဥ္းပန္းႏွိပ္စက္၊ ရက္စက္ၾကမ္းၾကဳတ္စြာ ဆက္ဆံၿပီး လူေတြကို ေဖ်ာက္ပစ္တာေတြ၊ မိသားစု ေဆြမ်ိဳးေတြအေပၚ လက္စားေခ်တာေတြ၊ ေရွ႕ေန၊ မိသားစုနဲ႔ ေတြ႕ခြင့္မေပးတာေတြ၊ အစရွိတဲ့ ဥပေဒခ်ိဳးေဖာက္မႈေတြကို စစ္တပ္ဟာ ဖမ္းဆီးစဥ္က စၿပီး ခ်ဳပ္ေႏွာင္ ေထာင္ခ်ထားခ်ိန္အထိ အဆင့္တိုင္းမွာ က်ဴးလြန္ခဲ့တယ္လို႔ အျပည္ျပည္ဆိုင္ရာ လြတ္ၿငိမ္းခ်မ္းသာခြင့္ အဖြဲ႕ႀကီး AI က ထုတ္ျပန္ခ်က္မွာ ေျပာထားပါတယ္။ ဖမ္းဆီးတဲ့အခါမွာ ဖုန္းနဲ႔ လက္ပ္ေတာ့ပ္ ကြန္ပ်ဴတာလို အီလက္ထေရာနစ္ ပစၥည္းေတြနဲ႔ လက္ဝတ္ရတနာအပါအဝင္ အျခား ပစၥည္းေတြကိုလည္း ယူသြားၾကတယ္လို႔ ဆိုပါတယ္။ ေထာင္ထဲမွာ ႏွိပ္စက္တာေတြကိုလည္း AI က ေထာက္ျပထားပါတယ္။

ခုလို ညႇဥ္းပန္းႏွိပ္စက္မႈေတြဟာ စစ္ေကာင္စီဆန႔္က်င္သူေတြရဲ႕ စိတ္ဓာတ္ကို ႐ိုက္ခ်ိဳးဖို႔ မဟာဗ်ဴဟာတခုလုံးရဲ႕ အစိတ္အပိုင္းျဖစ္တယ္လို႔ AI ရဲ႕ Agnes Callamard က ေျပာပါတယ္။ ဒါေပမယ့္ ျမန္မာေတြဟာ ခုထိ ဦးမၫြတ္ၾကဘူး လို႔ ေၾကညာခ်က္ မွာ ဆိုထားပါတယ္။ “ဖုန္းေတြလိုပါပဲ၊ ဘက္ထရီကုန္သြားတဲ့အခါ ျပန္အားသြင္းလိုက္ၾကတာပါပဲ” လို႔ အင္တာဗ်ဴးတခုမွာ ေျပာခဲ့တာကိုလည္း ေၾကညာခ်က္မွာ ကိုးကားေဖာ္ျပသြားပါတယ္။

တိုက္႐ိုက္ လင့္ခ္

==========

[[Unicode]]

မြန်မာစစ်အာဏာသိမ်းဆန့်ကျင်သူတွေကို ညှင်းပမ်းနှိပ်စက်မှု AI ထုတ်ပြန်

စစ်အာဏာသိမ်းမှု ဆန့်ကျင်ကြသူတွေကို ဖမ်းချုပ်ထားတုန်း စစ်တပ်ဟာ ညှင်းပန်းနှိပ်စက်၊ ဒါမှမဟုတ် ရက်စက်ကြမ်းကြုတ်စွာ ပြုမူဆက်ဆံခဲ့ပြီး အဆင့်တိုင်းမှာ ဥပဒေကို ချိုးဖောက်ခဲ့တယ်လို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီး (AI) က မနေ့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မြန်မာစစ်တပ်အပေါ် ဖိအားတိုးပေးဖို့လည်း AI က တောင်းဆိုလိုက်ပါတယ်။ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံးကို စစ်ကောင်စီကို ပို့ဖို့၊ လက်နက်တင်ပို့တာကို တကမ္ဘာလုံးက ပိတ်ဆို့ဖို့နဲ့ ပစ်မှတ်ထား ပိတ်ဆို့ အရေးယူဖို့ အစရှိတဲ့ဖိအားတွေနဲ့ အရေးယူဆောင်ရွက်ဖို့လည်း ကြေညာချက်မှာ တိုက်တွန်းထားပါတယ်။

အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးက နိုင်ငံရေး အကျဉ်းသားတွေ၊ အကျဉ်းသားတွေရဲ့ ရှေ့နေတွေ၊ ကျွမ်းကျင်သူတွေနဲ့ အင်တာဗျူး ၁၅ ခု လုပ်ခဲ့ပြီး တွေ့ရှိချက်တွေကို ခုလို ထုတ်ပြန်လိုက်တာပါ။ ဒါ့အပြင် သတင်း အချက်အလက်တွေနဲ့ မှတ်တမ်း ၁၀၀ ကျော်ကိုလည်း လေ့လာခဲ့တယ်လို့ ဆိုပါတယ်။ အင်တာဗျူးလုပ်တဲ့အခါ အဖမ်းဆီး ခံခဲ့ရတဲ့ အချိန်၊ စစ်ကြောရေး ကာလ၊ ထောင်ကျနေတဲ့အချိန်နဲ့ ပြန်လွတ်လာတဲ့အချိန်တွေကို AI အဖွဲ့က စနစ်တကျ မှတ်တမ်းတင်ခဲ့တာ ဖြစ်ပါတယ်။

ဖမ်းဆီးစဉ်မှာလည်း ဝရမ်း မပါသလို ဝန်ခံချက်ရရှိဖို့ ညှဉ်းပန်းနှိပ်စက်၊ ရက်စက်ကြမ်းကြုတ်စွာ ဆက်ဆံပြီး လူတွေကို ဖျောက်ပစ်တာတွေ၊ မိသားစု ဆွေမျိုးတွေအပေါ် လက်စားချေတာတွေ၊ ရှေ့နေ၊ မိသားစုနဲ့ တွေ့ခွင့်မပေးတာတွေ၊ အစရှိတဲ့ ဥပဒေချိုးဖောက်မှုတွေကို စစ်တပ်ဟာ ဖမ်းဆီးစဉ်က စပြီး ချုပ်နှောင် ထောင်ချထားချိန်အထိ အဆင့်တိုင်းမှာ ကျူးလွန်ခဲ့တယ်လို့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီး AI က ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။ ဖမ်းဆီးတဲ့အခါမှာ ဖုန်းနဲ့ လက်ပ်တော့ပ် ကွန်ပျူတာလို အီလက်ထရောနစ် ပစ္စည်းတွေနဲ့ လက်ဝတ်ရတနာအပါအဝင် အခြား ပစ္စည်းတွေကိုလည်း ယူသွားကြတယ်လို့ ဆိုပါတယ်။ ထောင်ထဲမှာ နှိပ်စက်တာတွေကိုလည်း AI က ထောက်ပြထားပါတယ်။

ခုလို ညှဉ်းပန်းနှိပ်စက်မှုတွေဟာ စစ်ကောင်စီဆန့်ကျင်သူတွေရဲ့ စိတ်ဓာတ်ကို ရိုက်ချိုးဖို့ မဟာဗျူဟာတခုလုံးရဲ့ အစိတ်အပိုင်းဖြစ်တယ်လို့ AI ရဲ့ Agnes Callamard က ပြောပါတယ်။ ဒါပေမယ့် မြန်မာတွေဟာ ခုထိ ဦးမညွတ်ကြဘူး လို့ ကြေညာချက် မှာ ဆိုထားပါတယ်။ “ဖုန်းတွေလိုပါပဲ၊ ဘက်ထရီကုန်သွားတဲ့အခါ ပြန်အားသွင်းလိုက်ကြတာပါပဲ” လို့ အင်တာဗျူးတခုမှာ ပြောခဲ့တာကိုလည်း ကြေညာချက်မှာ ကိုးကားဖော်ပြသွားပါတယ်။

XS
SM
MD
LG