[[Zawgyi/Unicode]]
ၿဗိတိန္အစိုးရဲ႕ အာရွနဲ႔ အေရွ႕အလယ္ပိုင္းဆိုင္ရာ အႀကီးတန္းသံတမန္ Amanda Milling က NUG ထိပ္တန္းေခါင္းေဆာင္တဦးျဖစ္တဲ့ ေဒါက္တာေဇာ္ေဝစိုးနဲ႔ လန္ဒန္ၿမိဳ႕က ၿဗိတိန္ႏိုင္ငံျခားေရး႐ုံးမွာ ေတြ႕ဆုံၿပီး ၿဗိတိန္ႏိုင္ငံအေနနဲ႔ ျမန္မာျပည္သူေတြနဲ႔ ရပ္တည္တယ္ဆိုတာ ရွင္းရွင္းျပသလိုက္တာျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။
ပါေမာကၡေဒါက္တာေဇာ္ေဝစိုးဟာ NUG အေဝးေရာက္အမ်ိဳးသားညီၫြတ္ေရး အစိုးရအဖြဲ႕မွာ က်န္းမာေရးနဲ႔ ပညာေရးဝန္ႀကီးဌာန တာဝန္ယူထားသူပါ။ ၿဗိတိန္အေနနဲ႔ NUG နဲ႔ ဒီမိုကေရစီ ျပန္လည္အသက္ဝင္ေရး ေတာင္းဆိုေနသူေတြအားလုံးကို ေထာက္ခံတယ္လို႔ ၿဗိတိန္အစိုးရဲ႕ အာရွနဲ႔ အေရွ႕အလယ္ပိုင္းဆိုင္ရာ အႀကီးတန္းသံတမန္ Amanda Milling က ေျပာၾကားခဲ့တဲ့အေၾကာင္း ၿဗိတိန္အစိုးရက သတင္းထုတ္ျပန္ပါတယ္။
ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းမႈအေပၚ ဆန႔္က်င္ေတာ္လွန္ေနတဲ့ ကိစၥေတြ၊ လူသားခ်င္းစာနာေထာက္ထားေရးနဲ႔ ျမန္မာႏိုင္ငံမွာ ၿငိမ္းခ်မ္းေရးနဲ႔ ဒီမိုကေရစီလမ္းေၾကာင္းေပၚ ျပန္လည္ေရာက္ရွိေရးနဲ႔ ၂ ဘက္ပူးေပါင္းေဆာင္႐ြက္မယ့္ ကိစၥေတြကို အျပန္အလွန္ေဆြးေႏြးခဲ့ၾကတယ္ လို႔ ေဒါက္တာေဇာ္ေဝစိုးရဲ႕ လူမႈကြန္ယက္စာမ်က္ႏွာမွာ ေဖာ္ျပပါတယ္။ ျမန္မာျပည္သူေတြအေပၚ ၿဗိတိန္အစိုးရက အၿမဲမျပတ္ ကူညီအားေပးမႈေတြအေပၚ ေက်းဇူးတင္ေၾကာင္းေျပာၾကားခဲ့တယ္လို႔လည္း ေရးသားထားပါတယ္။
မၾကာေသးခင္ကလည္း NUG ေခါင္းေဆာင္တဦးျဖစ္တဲ့ ႏိုင္ငံျခားေရးဝန္ႀကီးေဒၚဇင္မာေအာင္ကို အေမရိကန္လက္ေထာက္ႏိုင္ငံျခားေရးဝန္ႀကီး Wendy Sherman နဲ႔ မေလးရွားႏိုင္ငံျခားေရးဝန္ႀကီးေတြကဝါရွင္တန္မွာသီးျခားစီလက္ခံေတြ႕ဆုံခဲ့ၾကပါေသးတယ္။ ၿဗိတိန္နဲ႔ ျမန္မာဆက္ဆံေရးအေျခအေနကေတာ့ထူးျခားတဲ့အေျခအေနတရပ္မွာရွိေနပါတယ္။
ျမန္မာႏိုင္ငံမွာစစ္အာဏာသိမ္းထားခဲ့ေပမယ့္ ၂၀၂၁ ဇူလိုင္မွာ ၿဗိတန္ႏိုင္ငံက ျမန္မာႏိုင္ငံဆိုင္ရာၿဗိတိန္သံအမတ္သစ္ ေၾကျငာခန႔္အပ္ခဲ့တာမို႔ စစ္အအာဏာသိမ္းမႈဆန႔္က်င္တဲ့ အေနာက္အုပ္စုႏိုင္ငံေတြရဲ႕ေဝဖန္မႈကိုခံခဲ့ရပါတယ္။ အဲဒီေနာက္ သံအမတ္သစ္ Pete Vowles က သံအမတ္ခန႔္အပ္လႊာကို စစ္ေကာင္စီဥကၠ႒ ဗိုလ္ခ်ဳပ္မႈးႀကီးမင္းေအာင္လႈိင္ထံ တရားဝင္ေပးအပ္ပြဲမလုပ္ပဲ ေ႐ႊ႕ဆိုင္းခဲ့တာေၾကာင့္ ျမန္မာဘက္ကလည္း သံအမတ္သစ္ Pete Vowles ကို ျပည္ဝင္ခြင့္ဗီဇာထုတ္ေပးပဲ ျငင္းဆန္ထားပါတယ္။ မၾကာေသးခင္ကေတာ့ သံအမတ္ႀကီး Pete Vowles ကို သံအမတ္အျဖစ္မဟုတ္ေတာ့ဘဲ သံ႐ုံးယာယီတာဝန္ခံအျဖစ္ တာဝန္ေျပာင္းလဲခဲ့ပါတယ္။ ျမန္မာဘက္ကေတာ့ ၿဗိတိန္သံ႐ုံးတာဝန္ခံ Pete Vowles ကို အခုအခ်ိန္အထိ ျပည္ဝင္ခြင့္ဗီဇာမေပးေသးပါဘူး။
===============
[[Unicode]]
ဗြိတိန်အစိုးရအကြီးတန်းသံတမန် NUG ဝန်ကြီးနဲ့တွေ့ဆုံဆွေးနွေး
ဗြိတိန်အစိုးရဲ့ အာရှနဲ့ အရှေ့အလယ်ပိုင်းဆိုင်ရာ အကြီးတန်းသံတမန် Amanda Milling က NUG ထိပ်တန်းခေါင်းဆောင်တဦးဖြစ်တဲ့ ဒေါက်တာဇော်ဝေစိုးနဲ့ လန်ဒန်မြို့က ဗြိတိန်နိုင်ငံခြားရေးရုံးမှာ တွေ့ဆုံပြီး ဗြိတိန်နိုင်ငံအနေနဲ့ မြန်မာပြည်သူတွေနဲ့ ရပ်တည်တယ်ဆိုတာ ရှင်းရှင်းပြသလိုက်တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
ပါမောက္ခဒေါက်တာဇော်ဝေစိုးဟာ NUG အဝေးရောက်အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့မှာ ကျန်းမာရေးနဲ့ ပညာရေးဝန်ကြီးဌာန တာဝန်ယူထားသူပါ။ ဗြိတိန်အနေနဲ့ NUG နဲ့ ဒီမိုကရေစီ ပြန်လည်အသက်ဝင်ရေး တောင်းဆိုနေသူတွေအားလုံးကို ထောက်ခံတယ်လို့ ဗြိတိန်အစိုးရဲ့ အာရှနဲ့ အရှေ့အလယ်ပိုင်းဆိုင်ရာ အကြီးတန်းသံတမန် Amanda Milling က ပြောကြားခဲ့တဲ့အကြောင်း ဗြိတိန်အစိုးရက သတင်းထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုအပေါ် ဆန့်ကျင်တော်လှန်နေတဲ့ ကိစ္စတွေ၊ လူသားချင်းစာနာထောက်ထားရေးနဲ့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိရေးနဲ့ ၂ ဘက်ပူးပေါင်းဆောင်ရွက်မယ့် ကိစ္စတွေကို အပြန်အလှန်ဆွေးနွေးခဲ့ကြတယ် လို့ ဒေါက်တာဇော်ဝေစိုးရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ဖော်ပြပါတယ်။ မြန်မာပြည်သူတွေအပေါ် ဗြိတိန်အစိုးရက အမြဲမပြတ် ကူညီအားပေးမှုတွေအပေါ် ကျေးဇူးတင်ကြောင်းပြောကြားခဲ့တယ်လို့လည်း ရေးသားထားပါတယ်။
မကြာသေးခင်ကလည်း NUG ခေါင်းဆောင်တဦးဖြစ်တဲ့ နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်ကို အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Wendy Sherman နဲ့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးတွေကဝါရှင်တန်မှာသီးခြားစီလက်ခံတွေ့ဆုံခဲ့ကြပါသေးတယ်။ ဗြိတိန်နဲ့ မြန်မာဆက်ဆံရေးအခြေအနေကတော့ထူးခြားတဲ့အခြေအနေတရပ်မှာရှိနေပါတယ်။
မြန်မာနိုင်ငံမှာစစ်အာဏာသိမ်းထားခဲ့ပေမယ့် ၂၀၂၁ ဇူလိုင်မှာ ဗြိတန်နိုင်ငံက မြန်မာနိုင်ငံဆိုင်ရာဗြိတိန်သံအမတ်သစ် ကြေငြာခန့်အပ်ခဲ့တာမို့ စစ်အအာဏာသိမ်းမှုဆန့်ကျင်တဲ့ အနောက်အုပ်စုနိုင်ငံတွေရဲ့ဝေဖန်မှုကိုခံခဲ့ရပါတယ်။ အဲဒီနောက် သံအမတ်သစ် Pete Vowles က သံအမတ်ခန့်အပ်လွှာကို စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်ထံ တရားဝင်ပေးအပ်ပွဲမလုပ်ပဲ ရွှေ့ဆိုင်းခဲ့တာကြောင့် မြန်မာဘက်ကလည်း သံအမတ်သစ် Pete Vowles ကို ပြည်ဝင်ခွင့်ဗီဇာထုတ်ပေးပဲ ငြင်းဆန်ထားပါတယ်။ မကြာသေးခင်ကတော့ သံအမတ်ကြီး Pete Vowles ကို သံအမတ်အဖြစ်မဟုတ်တော့ဘဲ သံရုံးယာယီတာဝန်ခံအဖြစ် တာဝန်ပြောင်းလဲခဲ့ပါတယ်။ မြန်မာဘက်ကတော့ ဗြိတိန်သံရုံးတာဝန်ခံ Pete Vowles ကို အခုအချိန်အထိ ပြည်ဝင်ခွင့်ဗီဇာမပေးသေးပါဘူး။
===============