သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ၿဗိတိန္သံ႐ုံးတာဝန္ခံ ျမန္မာႏိုင္ငံကေန ႐ုတ္တရက္ ထြက္ခြာ


ျမန္မာႏိုင္ငံဆိုင္ရာ ၿဗိတိန္သံ႐ုံးတာဝန္ခံ Pete Vowles

[[Zawgyi/Unicode]]

ျမန္မာႏိုင္ငံဆိုင္ရာ ၿဗိတိန္သံ႐ုံးတာဝန္ခံ Pete Vowles က ျမန္မာႏိုင္ငံကေန ဒီေန႔ ႐ုတ္တရက္ ထြက္ခြာလိုက္ရၿပီလို႔ သူ႔ရဲ႕ Twitter စာမ်က္ႏွာမွာ ဒီေန႔ဇူလိုင္ ၁၃ ရက္ေန႔စြဲနဲ႔ ေရးသား အသိေပးခဲ့ပါတယ္။

စစ္ေကာင္စီက သူထြက္သြားဖို႔ ဖိအားေပးေနတဲ့အေပၚ စိတ္မေကာင္းျဖစ္ေပမယ့္ ရက္စက္တဲ့ အာဏာသိမ္းစစ္ေကာင္စီကို တရားဝင္ အသိအမွတ္ျပဳရာ မေရာက္ေအာင္ သူတို႔ဖိအားကို မနာခံခဲ့တာကို ဝမ္းသာတယ္လို႔ ၿဗိတိန္သံ႐ုံးတာဝန္ခံ Pete Vowles ကေရးသားပါတယ္။

ျမန္မာႏိုင္ငံမွာ က်န္ခဲ့တဲ့ သံ႐ုံးဝန္ထမ္းေတြအေနနဲ႔ ျမန္မာျပည္သူေတြ လိုလားေနတဲ့ ၿငိမ္းခ်မ္းမႈ၊ လြတ္လပ္မႈနဲ႔ တရားမွ်တမႈတို႔ ရရွိေရးအတြက္ တတ္ႏိုင္သမွ် ဆက္လက္ ရပ္တည္ေဆာင္႐ြက္သြားမယ္လို႔ Pete Vowles က Twitter မွာေရးသားခဲ့ပါတယ္။

၂၀၂၁ ခုႏွစ္ ဇူလိုင္လမွာ ျမန္မာႏိုင္ငံဆိုင္ရာၿဗိတိန္သံအမတ္သစ္ အျဖစ္ ခန႔္အပ္ခံရတဲ့ Pete Vowles ဟာ သံအမတ္ခန႔္အပ္လႊာကို စစ္ေကာင္စီဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ထံ တရားဝင္ေပးအပ္ခဲ့ျခင္းမရွိဘဲ ေ႐ႊ႕ဆိုင္းခဲ့ပါတယ္။ ၂၀၂၁ ခုႏွစ္ August လမွာေတာ့ သူ႔ကို ျမန္မာႏိုင္ငံဆိုင္ရာ ၿဗိတိန္သံ႐ုံးတာဝန္ခံ အျဖစ္ ၿဗိတိန္အစိုးရက ေျပာင္းလဲခန႔္အပ္ခဲ့ပါတယ္။ ျမန္မာႏိုင္ငံကေန ျပည္ပခရီးစဥ္တခုကို ၂၀၂၂ February လမွာ ထြက္သြားၿပီးေနာက္ June လကုန္ပိုင္းအထိ Pete Vowles ကို စစ္ေကာင္စီက ျပည္ဝင္ခြင့္ဗီဇာထုတ္ေပးပဲ ျငင္းဆန္ထားခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္ ၿပီးခဲ့တဲ့ ရက္သီတင္းပတ္အနည္းငယ္အတြင္းကပဲ စစ္ေကာင္စီက သူ႔ကို ဗီဇာေပးၿပီး ျပန္ဝင္ခြင့္ေပးခဲ့ပါတယ္။ အခု ျမန္မာႏိုင္ငံက ႐ုတ္တရက္ထြက္ခြာရတယ္ဆိုတာနဲ႔ပတ္သက္လို႔ အေၾကာင္းရင္းေတာ့ မသိရေသးပါဘူး။ ျမန္မာစစ္ေကာင္စီကလည္း တစုံတရာထုတ္ျပန္တာမ်ိဳးမရွိေသးပါဘူး။

တိုက္႐ိုက္ လင့္ခ္

==============

[[Unicode]]

ဗြိတိန်သံရုံးတာဝန်ခံ မြန်မာနိုင်ငံကနေ ရုတ်တရက် ထွက်ခွာ

မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးတာဝန်ခံ Pete Vowles က မြန်မာနိုင်ငံကနေ ဒီနေ့ ရုတ်တရက် ထွက်ခွာလိုက်ရပြီလို့ သူ့ရဲ့ Twitter စာမျက်နှာမှာ ဒီနေ့ဇူလိုင် ၁၃ ရက်နေ့စွဲနဲ့ ရေးသား အသိပေးခဲ့ပါတယ်။

စစ်ကောင်စီက သူထွက်သွားဖို့ ဖိအားပေးနေတဲ့အပေါ် စိတ်မကောင်းဖြစ်ပေမယ့် ရက်စက်တဲ့ အာဏာသိမ်းစစ်ကောင်စီကို တရားဝင် အသိအမှတ်ပြုရာ မရောက်အောင် သူတို့ဖိအားကို မနာခံခဲ့တာကို ဝမ်းသာတယ်လို့ ဗြိတိန်သံရုံးတာဝန်ခံ Pete Vowles ကရေးသားပါတယ်။

မြန်မာနိုင်ငံမှာ ကျန်ခဲ့တဲ့ သံရုံးဝန်ထမ်းတွေအနေနဲ့ မြန်မာပြည်သူတွေ လိုလားနေတဲ့ ငြိမ်းချမ်းမှု၊ လွတ်လပ်မှုနဲ့ တရားမျှတမှုတို့ ရရှိရေးအတွက် တတ်နိုင်သမျှ ဆက်လက် ရပ်တည်ဆောင်ရွက်သွားမယ်လို့ Pete Vowles က Twitter မှာရေးသားခဲ့ပါတယ်။

၂၀၂၁ ခုနှစ် ဇူလိုင်လမှာ မြန်မာနိုင်ငံဆိုင်ရာဗြိတိန်သံအမတ်သစ် အဖြစ် ခန့်အပ်ခံရတဲ့ Pete Vowles ဟာ သံအမတ်ခန့်အပ်လွှာကို စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ တရားဝင်ပေးအပ်ခဲ့ခြင်းမရှိဘဲ ရွှေ့ဆိုင်းခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် August လမှာတော့ သူ့ကို မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးတာဝန်ခံ အဖြစ် ဗြိတိန်အစိုးရက ပြောင်းလဲခန့်အပ်ခဲ့ပါတယ်။ မြန်မာနိုင်ငံကနေ ပြည်ပခရီးစဉ်တခုကို ၂၀၂၂ February လမှာ ထွက်သွားပြီးနောက် June လကုန်ပိုင်းအထိ Pete Vowles ကို စစ်ကောင်စီက ပြည်ဝင်ခွင့်ဗီဇာထုတ်ပေးပဲ ငြင်းဆန်ထားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့ ရက်သီတင်းပတ်အနည်းငယ်အတွင်းကပဲ စစ်ကောင်စီက သူ့ကို ဗီဇာပေးပြီး ပြန်ဝင်ခွင့်ပေးခဲ့ပါတယ်။ အခု မြန်မာနိုင်ငံက ရုတ်တရက်ထွက်ခွာရတယ်ဆိုတာနဲ့ပတ်သက်လို့ အကြောင်းရင်းတော့ မသိရသေးပါဘူး။ မြန်မာစစ်ကောင်စီကလည်း တစုံတရာထုတ်ပြန်တာမျိုးမရှိသေးပါဘူး။

XS
SM
MD
LG