သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ၿဗိတိန္သံ႐ုံးတာဝန္ခံ ထြက္ခြာသြားမႈ စစ္ေကာင္စီႏိုင္ငံျခားေရးဌာနရွင္းလင္း


Mr. Pete Vowles

[[Zawgyi/Unicode]]

ျမန္မာဆိုင္ရာ ၿဗိတိန္သံ႐ုံးတာဝန္ခံေျပာတဲ့ ျမန္မာႏိုင္ငံက ထြက္သြားရျခင္းအေၾကာင္းရင္းက မမွန္ပါဘူးလို႔ ျမန္မာစစ္ေကာင္စီက ျငင္းလိုက္ပါတယ္။ ၿဗိတိန္သံ႐ုံးတာဝန္ခံ Pete Vowles က စစ္ေကာင္စီအေနနဲ႔ ဖိအားေပးလို႔ သူထြက္သြားရပါၿပိလို႔ Twitter ကေန မေန႔ကေရးခဲ့အၿပီးမွာ စစ္ေကာင္စီ ႏိုင္ငံျခားေရးဌာနက အခုလို ဒီေန႔ ေၾကညာခ်က္ထုတ္ ျပန္ျငင္းလိုက္တာပါ။

ဒီႏိုင္ငံျခားေရးဝန္ႀကီးဌာန ေၾကညာခ်က္ထဲမွာ Mr. Vowles အေနနဲ႔ ျမန္မာဗီဇာ သက္တမ္းမျပည့္ခင္ ျပန္ထြက္သြားတာျဖစ္တယ္လို႔ ေျပာပါတယ္။ ၿဗိတိန္သံအမတ္ႀကီး ခန႔္အပ္လႊာမေပးဘဲ ႏိုင္ငံထဲ ဆက္ေနသြားဖို႔ ႀကိဳးစားခဲ့တာဟာ သံတမန္ က်င့္ဝတ္နဲ႔မညီဘူးလို႔ ျမန္မာစစ္ေကာင္စီ ႏိုင္ငံျခားေရးဌာနကေဝဖန္ပါတယ္။

တကယ္ေတာ့ Mr.Vowles ကို ၿဗိတိန္ႏိုင္ငံျခားေရးဌာနက ျမန္မာႏိုင္ငံဆိုင္ရာသံအမတ္ႀကီးအျဖစ္ ၂၀၂၁ခုႏွစ္ ဇူလိုင္လမွာ ခန႔္အပ္ခဲ့ေပမယ့္ စစ္ေကာင္စီဥကၠ႒ ထံကို သံအမတ္ခန႔္အပ္လႊာမေပးလိုတာေၾကာင့္ ေ႐ႊ႕ဆိုင္းၿပီး ဩဂုတ္လအတြင္းမွာ သံ႐ုံးတာဝန္ခံအျဖစ္ အဆင့္ေလွ်ာ့ ျပန္လည္ခန႔္အပ္ခဲ့တာပါ။ အခုလို သံ႐ုံး ယာယီတာဝန္ခံသာထားမယ္ဆိုရင္ အျခားတဦးကိုထားဖို႔ အဆိုျပဳခဲ့ၿပီး ျမန္မာႏိုင္ငံမွာက်န္ခဲ့တဲ့ သူ႔ပစၥည္းေတြကို ျပန္လည္သိမ္းဆည္းယူႏိုင္ေအာင္ Mr.Vowels ကို ျပည္ဝင္ခြင့္ျပန္ေပးခဲ့တာလို႔ စစ္ေကာင္စီႏိုင္ငံျခားေရးဌာနက ေျပာပါတယ္။

ၿဗိတိန္သံ႐ုံးတာဝန္ခံ Vowles ဘက္ကေတာ့ အခုလို ထြက္သြားဖို႔ ဖိအားအေပၚ စိတ္မေကာင္းေပမယ့္ ရက္စက္တဲ့စစ္ေကာင္စီကို သံအမတ္အဆင့္ ခန႔္အပ္လႊာေပးအပ္ အသိအမွတ္ျပဳရာမေရာက္ခဲ့တဲ့အတြက္ေတာ့ ဝမ္းသာမိတယ္လို႔ ဆိုခဲ့ပါတယ္။ အခုလို ၿဗိတိန္သံ႐ုံးတာဝန္ခံ ထြက္သြားရတဲ့အေပၚ ျမန္မာႏိုင္ငံဆိုင္ရာ ၿဗိတိန္ စစ္သံမႉး Jamie Murray ကလည္း ျမန္မာစစ္ေကာင္စီအေနနဲ႔ သံတမန္ေရးအရ ရမ္းကားတဲ့လုပ္ရပ္ျဖစ္တယ္လို႔ သူ႔ကိုယ္ပိုင္ တြစ္တာကေန ေဝဖန္ေရးသားခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

==========

[[Unicode]]

ဗြိတိန်သံရုံးတာဝန်ခံ ထွက်ခွာသွားမှု စစ်ကောင်စီနိုင်ငံခြားရေးဌာနရှင်းလင်း

မြန်မာဆိုင်ရာ ဗြိတိန်သံရုံးတာဝန်ခံပြောတဲ့ မြန်မာနိုင်ငံက ထွက်သွားရခြင်းအကြောင်းရင်းက မမှန်ပါဘူးလို့ မြန်မာစစ်ကောင်စီက ငြင်းလိုက်ပါတယ်။ ဗြိတိန်သံရုံးတာဝန်ခံ Pete Vowles က စစ်ကောင်စီအနေနဲ့ ဖိအားပေးလို့ သူထွက်သွားရပါပြိလို့ Twitter ကနေ မနေ့ကရေးခဲ့အပြီးမှာ စစ်ကောင်စီ နိုင်ငံခြားရေးဌာနက အခုလို ဒီနေ့ ကြေညာချက်ထုတ် ပြန်ငြင်းလိုက်တာပါ။

ဒီနိုင်ငံခြားရေးဝန်ကြီးဌာန ကြေညာချက်ထဲမှာ Mr. Vowles အနေနဲ့ မြန်မာဗီဇာ သက်တမ်းမပြည့်ခင် ပြန်ထွက်သွားတာဖြစ်တယ်လို့ ပြောပါတယ်။ ဗြိတိန်သံအမတ်ကြီး ခန့်အပ်လွှာမပေးဘဲ နိုင်ငံထဲ ဆက်နေသွားဖို့ ကြိုးစားခဲ့တာဟာ သံတမန် ကျင့်ဝတ်နဲ့မညီဘူးလို့ မြန်မာစစ်ကောင်စီ နိုင်ငံခြားရေးဌာနကဝေဖန်ပါတယ်။

တကယ်တော့ Mr.Vowles ကို ဗြိတိန်နိုင်ငံခြားရေးဌာနက မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီးအဖြစ် ၂၀၂၁ခုနှစ် ဇူလိုင်လမှာ ခန့်အပ်ခဲ့ပေမယ့် စစ်ကောင်စီဥက္ကဋ္ဌ ထံကို သံအမတ်ခန့်အပ်လွှာမပေးလိုတာကြောင့် ရွှေ့ဆိုင်းပြီး ဩဂုတ်လအတွင်းမှာ သံရုံးတာဝန်ခံအဖြစ် အဆင့်လျှော့ ပြန်လည်ခန့်အပ်ခဲ့တာပါ။ အခုလို သံရုံး ယာယီတာဝန်ခံသာထားမယ်ဆိုရင် အခြားတဦးကိုထားဖို့ အဆိုပြုခဲ့ပြီး မြန်မာနိုင်ငံမှာကျန်ခဲ့တဲ့ သူ့ပစ္စည်းတွေကို ပြန်လည်သိမ်းဆည်းယူနိုင်အောင် Mr.Vowels ကို ပြည်ဝင်ခွင့်ပြန်ပေးခဲ့တာလို့ စစ်ကောင်စီနိုင်ငံခြားရေးဌာနက ပြောပါတယ်။

ဗြိတိန်သံရုံးတာဝန်ခံ Vowles ဘက်ကတော့ အခုလို ထွက်သွားဖို့ ဖိအားအပေါ် စိတ်မကောင်းပေမယ့် ရက်စက်တဲ့စစ်ကောင်စီကို သံအမတ်အဆင့် ခန့်အပ်လွှာပေးအပ် အသိအမှတ်ပြုရာမရောက်ခဲ့တဲ့အတွက်တော့ ဝမ်းသာမိတယ်လို့ ဆိုခဲ့ပါတယ်။ အခုလို ဗြိတိန်သံရုံးတာဝန်ခံ ထွက်သွားရတဲ့အပေါ် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန် စစ်သံမှူး Jamie Murray ကလည်း မြန်မာစစ်ကောင်စီအနေနဲ့ သံတမန်ရေးအရ ရမ်းကားတဲ့လုပ်ရပ်ဖြစ်တယ်လို့ သူ့ကိုယ်ပိုင် တွစ်တာကနေ ဝေဖန်ရေးသားခဲ့ပါတယ်။

XS
SM
MD
LG