သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗြိတိန်သံရုံးတာဝန်ခံ မြန်မာနိုင်ငံကနေ ရုတ်တရက် ထွက်ခွာ


မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးတာဝန်ခံ Pete Vowles
မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးတာဝန်ခံ Pete Vowles

[[Zawgyi/Unicode]]

မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးတာဝန်ခံ Pete Vowles က မြန်မာနိုင်ငံကနေ ဒီနေ့ ရုတ်တရက် ထွက်ခွာလိုက်ရပြီလို့ သူ့ရဲ့ Twitter စာမျက်နှာမှာ ဒီနေ့ဇူလိုင် ၁၃ ရက်နေ့စွဲနဲ့ ရေးသား အသိပေးခဲ့ပါတယ်။

စစ်ကောင်စီက သူထွက်သွားဖို့ ဖိအားပေးနေတဲ့အပေါ် စိတ်မကောင်းဖြစ်ပေမယ့် ရက်စက်တဲ့ အာဏာသိမ်းစစ်ကောင်စီကို တရားဝင် အသိအမှတ်ပြုရာ မရောက်အောင် သူတို့ဖိအားကို မနာခံခဲ့တာကို ဝမ်းသာတယ်လို့ ဗြိတိန်သံရုံးတာဝန်ခံ Pete Vowles ကရေးသားပါတယ်။

မြန်မာနိုင်ငံမှာ ကျန်ခဲ့တဲ့ သံရုံးဝန်ထမ်းတွေအနေနဲ့ မြန်မာပြည်သူတွေ လိုလားနေတဲ့ ငြိမ်းချမ်းမှု၊ လွတ်လပ်မှုနဲ့ တရားမျှတမှုတို့ ရရှိရေးအတွက် တတ်နိုင်သမျှ ဆက်လက် ရပ်တည်ဆောင်ရွက်သွားမယ်လို့ Pete Vowles က Twitter မှာရေးသားခဲ့ပါတယ်။

၂၀၂၁ ခုနှစ် ဇူလိုင်လမှာ မြန်မာနိုင်ငံဆိုင်ရာဗြိတိန်သံအမတ်သစ် အဖြစ် ခန့်အပ်ခံရတဲ့ Pete Vowles ဟာ သံအမတ်ခန့်အပ်လွှာကို စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ တရားဝင်ပေးအပ်ခဲ့ခြင်းမရှိဘဲ ရွှေ့ဆိုင်းခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် August လမှာတော့ သူ့ကို မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးတာဝန်ခံ အဖြစ် ဗြိတိန်အစိုးရက ပြောင်းလဲခန့်အပ်ခဲ့ပါတယ်။ မြန်မာနိုင်ငံကနေ ပြည်ပခရီးစဉ်တခုကို ၂၀၂၂ February လမှာ ထွက်သွားပြီးနောက် June လကုန်ပိုင်းအထိ Pete Vowles ကို စစ်ကောင်စီက ပြည်ဝင်ခွင့်ဗီဇာထုတ်ပေးပဲ ငြင်းဆန်ထားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့ ရက်သီတင်းပတ်အနည်းငယ်အတွင်းကပဲ စစ်ကောင်စီက သူ့ကို ဗီဇာပေးပြီး ပြန်ဝင်ခွင့်ပေးခဲ့ပါတယ်။ အခု မြန်မာနိုင်ငံက ရုတ်တရက်ထွက်ခွာရတယ်ဆိုတာနဲ့ပတ်သက်လို့ အကြောင်းရင်းတော့ မသိရသေးပါဘူး။ မြန်မာစစ်ကောင်စီကလည်း တစုံတရာထုတ်ပြန်တာမျိုးမရှိသေးပါဘူး။

ဗြိတိန်သံရုံးတာဝန်ခံ မြန်မာနိုင်ငံကနေ ရုတ်တရက် ထွက်ခွာ.mp3
please wait

No media source currently available

0:00 0:01:05 0:00
တိုက်ရိုက် လင့်ခ်

==============

[[Unicode]]







XS
SM
MD
LG