သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ယူကရိန္းျပည္သူေတြနဲ႔အတူရွိေၾကာင္း ျမန္မာဆႏၵျပသူေတြထုတ္ေဖာ္


စစ္အုပ္ခ်ဳပ္ေရးေဒသ သတ္မွတ္ထားတဲ့ ေတာင္ဒဂုံမွာ ႐ုရွားက်ဴးေက်ာ္ခံေနရတဲ့ယူကရိန္းျပည္သူမ်ားႏွင့္အတူရပ္တည္ေၾကာင္း ဆႏၵျပသူမ်ား။ ( ၀၂၊ ၂၇၊ ၂၀၂၂)

[[Zawgyi/Unicode]]

ျမန္မာႏိုင္ငံတြင္း ရန္ကုန္၊ မႏၲေလးၿမိဳ႕အပါအဝင္ ၿမိဳ႕တခ်ိဳ႕က စစ္အာဏာသိမ္းမႈဆန႔္က်င္ေရးလွ်ပ္တျပက္ဆႏၵျပမႈေတြမွာ ယူကရိန္းကို ႐ုရွားက်ဴးေက်ာ္မႈအေပၚကန႔္ကြက္ရႈတ္ခ်တဲ့ စာသားေတြကိုပါ ကိုင္ေဆာင္ဆႏၵျပခဲ့ၾကပါတယ္။ ဒီအေၾကာင္း ရန္ကုန္ကေပးပို႔တဲ့သတင္းကို မဆုမြန္က တင္ျပေပးထားပါတယ္။

ရန္ကုန္မွာ ဒီကေန႔ ေဖေဖာ္ဝါရီ ၂၈ ရက္ေန႔ မနက္ပိုင္းက ‘အဖိႏွိပ္ခံပဲရွိတယ္။ ဘာသာ၊ လူမ်ိဳး မကြဲျပားဘူး’ ဆိုတဲ့ ေခါင္းစည္းစာတန္းကိုင္ၿပီး ရန္ကုန္လူထုသပိတ္အဖြဲ႕က ဦးေဆာင္ၿပီး လွ်ပ္တျပက္ ဆႏၵျပခဲ့ၾကပါတယ္။ စစ္အာဏာသိမ္းဆန႔္က်င္မႈေတြကို စစ္တပ္က အၾကမ္းဖက္ပစ္ခတ္ၿဖိဳခြဲတာေၾကာင့္ ရန္ကုန္မွာပထမဆုံးက်ဆုံးခဲ့မႈ ႏွစ္ပတ္လည္အျဖစ္နဲ႔ ဆႏၵျပၾကတာပါ။ စစ္ေကာင္စီရဲ႕ ပစ္ခတ္ၿဖိဳခြဲမႈေၾကာင့္ ရန္ကုန္မွာ က်ဆုံးခဲ့ၾကတဲ့ ကိုညီညီေအာင္ထက္ႏိုင္၊ ေမာင္ဇင္လင္းထက္၊ ကိုဟိန္းထြဋ္ေအာင္၊ ဆရာမ ေဒၚတင္ႏြဲ႕ရီ တို႔ က်ဆုံးတဲ့တႏွစ္ျပည့္လည္းျဖစ္ပါတယ္။

ေဖေဖာ္ဝါရီ ၂၇ ရက္ မေန႔ကလည္း ‘ေၾကာက္ေခတ္ကို ေမွာက္ပစ္’ ေခါင္းစဥ္နဲ႔ စစ္အုပ္ခ်ဳပ္ေရးေဒသအျဖစ္ သတ္မွတ္ထားတဲ့ ေတာင္ဒဂုံၿမိဳ႕နယ္မွာ ‘ေတာ္လွန္ေသြးမကုန္ ေတာင္ဒဂုံ သပိတ္အင္အားစု’က ဦးေဆာင္ၿပီး စစ္အာဏာသိမ္းမႈ ဆန႔္က်င္ဆႏၵျပပြဲတခု ျပဳလုပ္ခဲ့ၾကပါတယ္။ အဲ့ဒီ ဆႏၵျပပြဲမွာ ယူကရိန္းျပည္သူေတြနဲ႔အတူ ရပ္တည္ေၾကာင္းကိုလည္း ေဖာ္ျပခဲ့ၾကတယ္လို႔ ဆႏၵျပပြဲ ဦးေဆာင္သူတစ္ဦးက VOA ကို ခုလိုေျပာပါတယ္။

“ဒီမိုကေရစီကို ေသြဖည္ၿပီးေတာ့ေပါ့ လက္နက္ကိုင္ အာဏာရွင္ လူတစုက က်ေနာ္တို႔ရဲ႕ ဒီမိုကေရစီေျမေတြကို မတရား လက္နက္ကိုင္ ၿခိမ္းေျခာက္တာမ်ိဳးေတြ အႏိုင္က်င့္တဲ့ လုပ္ရပ္ မ်ိဳးေတြကို ကန႔္ကြက္တယ္ေပါ့ေနာ္။ ယူကရိန္းနဲ႔႐ုရွားက ျမန႔္မာ့အေရးမွာ ဝင္ရႈပ္ခဲ့ေပမယ့္လည္း ဒီမိုကေရစီ သေဘာတရားအရ ၾကည့္မယ္ဆိုရင္ ယူကရိန္းဘက္ကေန က်ေနာ္တို႔ ရပ္တည္တယ္ေပါ့ဗ်ာ။ အဲ့ဒါေၾကာင့္ ယူကရိန္းနဲ႔အတူတူ တေသြးတည္းတသားတည္း ရွိေၾကာင္း ထုတ္ေဖာ္ျပသတာေပါ့။”

မႏၲေလးၿမိဳ႕မွာလည္း စစ္ေကာင္စီရဲ႕ စစ္ေဆးတင္းၾကပ္မႈေတြ ၾကားကပဲ ဒီကေန႔ ေန႔လယ္က အမ်ိဳးသမီးေတြ ဦးေဆာင္တဲ့ စစ္အာဏာသိမ္းမႈ ဆန႔္က်င္ေရး ဆႏၵျပခဲ့ၾကပါတယ္။ ႏိုင္ငံတြင္းက စစ္အာဏာသိမ္းမႈကို ဆန႔္က်င္ဆႏၵျပၾကသလို လက္ရွိျဖစ္ေနတဲ့ ယူကရိန္းနဲ႔ ႐ုရွားစစ္ပြဲမွာ ယူကရိန္း ျပည္သူေတြဘက္က ရပ္တည္ေၾကာင္းကိုလည္း ထည့္သြင္းဆႏၵျပခဲ့ၾကတယ္လို႔ မႏၲေလးသပိတ္တက္ႂကြလႈပ္ရွားသူ မခ်မ္းက ေျပာပါတယ္။

“စစ္ေရွာင္ေတြက ဒီျမန္မာမွာတင္မက ယူကရိန္းမွာလည္း စစ္ပြဲေတြ ျဖစ္ၿပီးေတာ့ စစ္ေရွာင္ေနရတဲ့သူေတြအတြက္ေပါ့ေႏွာ္။ အဲ့ဒီစစ္ေရွာင္ေနရတဲ့ ျပည္သူေတြနဲ႔ အတူတူ တသားတည္းရပ္တည္ပါတယ္ဆိုတဲ့ အဓိပၸာယ္ေလးပါ။”

မႏၲေလးၿမိဳ႕မွာ စစ္ေကာင္စီတပ္ေတြရဲ႕ လုံၿခဳံေရးအင္းအားေတြက တိုးျမင့္ထားဆဲ ျဖစ္ၿပီးေတာ့ ဖမ္းဆီးမႈေတြနဲ႔ စစ္ေဆးမႈေတြကလည္း ဆက္ရွိေနတယ္လို႔ မခ်မ္းက ေျပာပါတယ္။

“လက္ရွိေတာ့ မႏၲေလးတစ္ၿမိဳ႕လုံးကို ပိုက္စိပ္တိုက္ၿပီးစစ္ေနတဲ့ အေျခအေနပါပဲ။ ေလ်ာ့သြားတယ္လို႔ေတာ့ မရွိဘူး။ ပိုတိုးလာေနတဲ့ အေနအထားပါပဲ။ ဟိုတေခါက္က ကိုသူရေအာင္တို႔ ပါသြားေတာ့ သူတို႔နဲ႔ ပတ္သက္ၿပီး ပါသြားတဲ့သူေတြလည္း ရွိေတာ့ အဲ့ဒါနဲ႔ ပတ္သက္ၿပီး ဘယ္လိုေတြ လိုက္ေနလဲဆိုတာလည္း မသိရဘူးေလ။ ဘယ္သူေတြကို လိုက္ေနမွန္းမသိရဘူးေပါ့။ အဲ့ၾကားထဲကမွ risk ယူၿပီး ထြက္ခဲ့ရတာေပါ့။”

၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီ ၂၈ ရက္ေန႔က ပစ္ခတ္ၿဖိဳခြဲမႈေၾကာင့္ ျပည္သူ ၄ ဦး က်ဆုံးၿပီး အမ်ားအျပား ဒဏ္ရာရခဲ့တဲ့ စစ္အာဏာသိမ္းမႈ ဆန႔္က်င္ဆႏၵျပပြဲ တႏွစ္ျပည့္ အျဖစ္ တနသၤာရီတိုင္း ေလာင္းလုံၿမိဳ႕နယ္မွာ ဒီကေန႔မနက္က ခ်ီတက္ ဆႏၵျပခဲ့ၾကပါတယ္။ ဒီကေန႔ စစ္အာဏာသိမ္းမႈ ဆႏၵျပပြဲမွာ ျမန္မာရဲ႕ စစ္အာဏာသိမ္းမႈဆန႔္က်င္တာအျပင္ ယူကရိန္းျပည္သူေတြနဲ႔ တသားတည္းရွိေၾကာင္း ျပတဲ့အေနနဲ႔ ‘WE stand with Ukarine’ စာတန္းကိုပါ ကိုင္ၿပီး ဆႏၵျပခဲ့ၾကတာပါ။

ျမန္မာနဲ႔ ယူကရိန္းျပည္သူေတြရဲ႕ လြတ္လပ္ခြင့္နဲ႔ ရပိုင္ခြင့္ေတြကို အျပည့္အဝ ေလးစားလိုက္နာဖို႔နဲ႔ ျမန္မာနဲ႔ ယူကရိန္း ျပည္သူေတြနဲ႔အတူ တစ္သားတည္းရပ္တည္ေၾကာင္း ျမန္မာႏိုင္ငံဆိုင္ရာ ျပင္သစ္သံ႐ုံးကလည္း ဒီကေန႔ ထုတ္ျပန္ခဲ့ပါတယ္။

ေဖေဖာ္ဝါရီ ၂၆ ရက္ေန႔ကလည္း ကခ်င္ျပည္နယ္က စစ္ေဘးေရွာင္လူငယ္ေတြစုေပါင္းၿပီး ယူကရိန္းကို က်ဴးေက်ာ္တိုက္ခိုက္တဲ့ ႐ုရွားကို ရႈတ္ခ်ၿပီး ယူကရိန္း ျပည္သူေတြနဲ႔ အတူရပ္တည္ေၾကာင္း ေဖာ္ထုတ္ျပသတဲ့ လႈုပ္ရွားမႈတခု လုပ္ခဲ့ၾကပါတယ္။

ဒီမိုကေရစီေရးလႈပ္ရွားသူေတြဘက္က အခုလို ယူကရိန္းကို ႐ုရွားက်ဴးေက်ာ္မႈ ကန႔္ကြက္ေၾကာင္း ထုတ္ေဖာ္ဆႏၵျပခ်ိန္မွာပဲ အာဏာသိမ္းစစ္ေကာင္စီကေတာ့ ႐ုရွားအခ်ဳပ္အခ်ာအာဏာတည္တံဖို႔နဲ႔ ကမာၻ႔ၿငိမ္းခ်မ္းေရးထိမ္းညႇိဳဖို႔ လုပ္ရပ္အျဖစ္ ႐ုရွားလုပ္ရပ္ကို ေထာက္ခံေျပာဆိုထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

=============

[[Unicode]]

ယူကရိန်းပြည်သူတွေနဲ့အတူရှိကြောင်း မြန်မာဆန္ဒပြသူတွေထုတ်ဖော်

မြန်မာနိုင်ငံတွင်း ရန်ကုန်၊ မန္တလေးမြို့အပါအဝင် မြို့တချို့က စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးလျှပ်တပြက်ဆန္ဒပြမှုတွေမှာ ယူကရိန်းကို ရုရှားကျူးကျော်မှုအပေါ်ကန့်ကွက်ရှုတ်ချတဲ့ စာသားတွေကိုပါ ကိုင်ဆောင်ဆန္ဒပြခဲ့ကြပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့တဲ့သတင်းကို မဆုမွန်က တင်ပြပေးထားပါတယ်။

ရန်ကုန်မှာ ဒီကနေ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့ မနက်ပိုင်းက ‘အဖိနှိပ်ခံပဲရှိတယ်။ ဘာသာ၊ လူမျိုး မကွဲပြားဘူး’ ဆိုတဲ့ ခေါင်းစည်းစာတန်းကိုင်ပြီး ရန်ကုန်လူထုသပိတ်အဖွဲ့က ဦးဆောင်ပြီး လျှပ်တပြက် ဆန္ဒပြခဲ့ကြပါတယ်။ စစ်အာဏာသိမ်းဆန့်ကျင်မှုတွေကို စစ်တပ်က အကြမ်းဖက်ပစ်ခတ်ဖြိုခွဲတာကြောင့် ရန်ကုန်မှာပထမဆုံးကျဆုံးခဲ့မှု နှစ်ပတ်လည်အဖြစ်နဲ့ ဆန္ဒပြကြတာပါ။ စစ်ကောင်စီရဲ့ ပစ်ခတ်ဖြိုခွဲမှုကြောင့် ရန်ကုန်မှာ ကျဆုံးခဲ့ကြတဲ့ ကိုညီညီအောင်ထက်နိုင်၊ မောင်ဇင်လင်းထက်၊ ကိုဟိန်းထွဋ်အောင်၊ ဆရာမ ဒေါ်တင်နွဲ့ရီ တို့ ကျဆုံးတဲ့တနှစ်ပြည့်လည်းဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၂၇ ရက် မနေ့ကလည်း ‘ကြောက်ခေတ်ကို မှောက်ပစ်’ ခေါင်းစဉ်နဲ့ စစ်အုပ်ချုပ်ရေးဒေသအဖြစ် သတ်မှတ်ထားတဲ့ တောင်ဒဂုံမြို့နယ်မှာ ‘တော်လှန်သွေးမကုန် တောင်ဒဂုံ သပိတ်အင်အားစု’က ဦးဆောင်ပြီး စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြပွဲတခု ပြုလုပ်ခဲ့ကြပါတယ်။ အဲ့ဒီ ဆန္ဒပြပွဲမှာ ယူကရိန်းပြည်သူတွေနဲ့အတူ ရပ်တည်ကြောင်းကိုလည်း ဖော်ပြခဲ့ကြတယ်လို့ ဆန္ဒပြပွဲ ဦးဆောင်သူတစ်ဦးက VOA ကို ခုလိုပြောပါတယ်။

“ဒီမိုကရေစီကို သွေဖည်ပြီးတော့ပေါ့ လက်နက်ကိုင် အာဏာရှင် လူတစုက ကျနော်တို့ရဲ့ ဒီမိုကရေစီမြေတွေကို မတရား လက်နက်ကိုင် ခြိမ်းခြောက်တာမျိုးတွေ အနိုင်ကျင့်တဲ့ လုပ်ရပ် မျိုးတွေကို ကန့်ကွက်တယ်ပေါ့နော်။ ယူကရိန်းနဲ့ရုရှားက မြန့်မာ့အရေးမှာ ဝင်ရှုပ်ခဲ့ပေမယ့်လည်း ဒီမိုကရေစီ သဘောတရားအရ ကြည့်မယ်ဆိုရင် ယူကရိန်းဘက်ကနေ ကျနော်တို့ ရပ်တည်တယ်ပေါ့ဗျာ။ အဲ့ဒါကြောင့် ယူကရိန်းနဲ့အတူတူ တသွေးတည်းတသားတည်း ရှိကြောင်း ထုတ်ဖော်ပြသတာပေါ့။”

မန္တလေးမြို့မှာလည်း စစ်ကောင်စီရဲ့ စစ်ဆေးတင်းကြပ်မှုတွေ ကြားကပဲ ဒီကနေ့ နေ့လယ်က အမျိုးသမီးတွေ ဦးဆောင်တဲ့ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြပါတယ်။ နိုင်ငံတွင်းက စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြကြသလို လက်ရှိဖြစ်နေတဲ့ ယူကရိန်းနဲ့ ရုရှားစစ်ပွဲမှာ ယူကရိန်း ပြည်သူတွေဘက်က ရပ်တည်ကြောင်းကိုလည်း ထည့်သွင်းဆန္ဒပြခဲ့ကြတယ်လို့ မန္တလေးသပိတ်တက်ကြွလှုပ်ရှားသူ မချမ်းက ပြောပါတယ်။

“စစ်ရှောင်တွေက ဒီမြန်မာမှာတင်မက ယူကရိန်းမှာလည်း စစ်ပွဲတွေ ဖြစ်ပြီးတော့ စစ်ရှောင်နေရတဲ့သူတွေအတွက်ပေါ့နှော်။ အဲ့ဒီစစ်ရှောင်နေရတဲ့ ပြည်သူတွေနဲ့ အတူတူ တသားတည်းရပ်တည်ပါတယ်ဆိုတဲ့ အဓိပ္ပာယ်လေးပါ။”

မန္တလေးမြို့မှာ စစ်ကောင်စီတပ်တွေရဲ့ လုံခြုံရေးအင်းအားတွေက တိုးမြင့်ထားဆဲ ဖြစ်ပြီးတော့ ဖမ်းဆီးမှုတွေနဲ့ စစ်ဆေးမှုတွေကလည်း ဆက်ရှိနေတယ်လို့ မချမ်းက ပြောပါတယ်။

“လက်ရှိတော့ မန္တလေးတစ်မြို့လုံးကို ပိုက်စိပ်တိုက်ပြီးစစ်နေတဲ့ အခြေအနေပါပဲ။ လျော့သွားတယ်လို့တော့ မရှိဘူး။ ပိုတိုးလာနေတဲ့ အနေအထားပါပဲ။ ဟိုတခေါက်က ကိုသူရအောင်တို့ ပါသွားတော့ သူတို့နဲ့ ပတ်သက်ပြီး ပါသွားတဲ့သူတွေလည်း ရှိတော့ အဲ့ဒါနဲ့ ပတ်သက်ပြီး ဘယ်လိုတွေ လိုက်နေလဲဆိုတာလည်း မသိရဘူးလေ။ ဘယ်သူတွေကို လိုက်နေမှန်းမသိရဘူးပေါ့။ အဲ့ကြားထဲကမှ risk ယူပြီး ထွက်ခဲ့ရတာပေါ့။”

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်နေ့က ပစ်ခတ်ဖြိုခွဲမှုကြောင့် ပြည်သူ ၄ ဦး ကျဆုံးပြီး အများအပြား ဒဏ်ရာရခဲ့တဲ့ စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြပွဲ တစ်နှစ်ပြည့်နေ့အဖြစ် တနင်္သာရီတိုင်း လောင်းလုံမြို့နယ်မှာ ဒီကနေ့မနက်က ချီတက် ဆန္ဒပြခဲ့ကြပါတယ်။ ဒီကနေ့ စစ်အာဏာသိမ်းမှု ဆန္ဒပြပွဲမှာ မြန်မာရဲ့ စစ်အာဏာသိမ်းမှုဆန့်ကျင်တာအပြင် ယူကရိန်းပြည်သူတွေနဲ့ တသားတည်းရှိကြောင်း ပြတဲ့အနေနဲ့ ‘WE stand with Ukarine’ စာတန်းကိုပါ ကိုင်ပြီး ဆန္ဒပြခဲ့ကြတာပါ။

မြန်မာနဲ့ ယူကရိန်းပြည်သူတွေရဲ့ လွတ်လပ်ခွင့်နဲ့ ရပိုင်ခွင့်တွေကို အပြည့်အဝ လေးစားလိုက်နာဖို့နဲ့ မြန်မာနဲ့ ယူကရိန်း ပြည်သူတွေနဲ့အတူ တစ်သားတည်းရပ်တည်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံးကလည်း ဒီကနေ့ ထုတ်ပြန်ခဲ့ပါတယ်။

ဖေဖော်ဝါရီ ၂၆ ရက်နေ့ကလည်း ကချင်ပြည်နယ်က စစ်ဘေးရှောင်လူငယ်တွေစုပေါင်းပြီး ယူကရိန်းကို ကျူးကျော်တိုက်ခိုက်တဲ့ ရုရှားကို ရှုတ်ချပြီး ယူကရိန်း ပြည်သူတွေနဲ့ အတူရပ်တည်ကြောင်း ဖော်ထုတ်ပြသတဲ့ လှုုပ်ရှားမှုတခု လုပ်ခဲ့ကြပါတယ်။

ဒီမိုကရေစီရေးလှုပ်ရှားသူတွေဘက်က အခုလို ယူကရိန်းကို ရုရှားကျူးကျော်မှု ကန့်ကွက်ကြောင်း ထုတ်ဖော်ဆန္ဒပြချိန်မှာပဲ အာဏာသိမ်းစစ်ကောင်စီကတော့ ရုရှားအချုပ်အချာအာဏာတည်တံဖို့နဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးထိမ်းညှိုဖို့ လုပ်ရပ်အဖြစ် ရုရှားလုပ်ရပ်ကို ထောက်ခံပြောဆိုထားပါတယ်။

=============

XS
SM
MD
LG