သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကန္ႏိုင္ငံျခားေရးဝန္ႀကီးနဲ႔ ျမန္မာ့အေရး VOA ေမးျမန္းမႈ


ကေမၻာဒီးယားႏုိင္ငံ၊ ဖႏြမ္းပင္ၿမိဳ႕မွာ အာဆီယံႏုိင္ငံျခားေရးဝန္ႀကီးမ်ားအစည္းအေဝးတက္ေနတဲ့ Antony Blinken (ၾသဂုတ္ ၅၊ ၂၀၂၂)


[[Zawgyi/Unicode]]

ကေမာၻဒီးယားႏိုင္ငံ၊ ဖႏြမ္းပင္မွာက်င္းပေနတဲ့ အာဆီယံအစည္းအေဝးကို တက္ေရာက္လာတဲ့ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး ဘလင္ကန္နဲ႔ ဗြီအိုေအ ကေမာၻဒီးယားဌာန သတင္းေထာက္ သီးသန႔္ေတြ႕ဆုံခြင့္ ရရွိခဲ့ပါတယ္။ မၾကာေသးခင္ နာရီပိုင္းကပဲလုပ္ခဲ့တဲ့ ဒီေတြ႕ဆုံေမးျမန္းခန္းမွာ ျမန္မာႏိုင္ငံနဲ႔ပတ္သက္လို႔လည္း အေမရိကန္ႏိုင္င့ရဲ႕ သေဘာထားနဲ႔ အာဆီယံႏိုင္ငံေတြအေပၚ တိုက္တြန္းလိုတဲ့အခ်က္ေတြကို ေမးျမန္းခဲ့ပါတယ္။

ေမး။ ။ ျမန္မာႏိုင္ငံမွာ အေျခအေနေတြ ပိုၿပီးဆိုးဝါးလာေနတာ က်ေနာ္တို႔ေတြ႕ေနရပါတယ္။ အဲေတာ့ အထူးသျဖင့္ ေရနံနဲ႔ဓါတ္ေငြ႔လုပ္ငန္းေတြအေပၚ အေရးယူမႈအပါအဝင္ ျမန္မာႏိုင္ငံကို အေရးယူပိတ္ဆို႔မႈေတြ လုပ္ဖို႔ အဆိုျပဳသင့္ပါသလား။

ေျဖ။ ။ က်ေနာ္ျမင္တာကေတာ့ အေျခအေနက ဆိုးသထက္ဆိုးလာေနပါတယ္။ အာဆီယံနဲ႔ ကေမာၻဒီးယားႏိုင္ငံက ေမတၱာရပ္ခံေနတဲ့ၾကားက ႏိုင္ငံေရးတက္ႂကြလႈပ္ရွားသူ ေလးဦးကို ေသဒဏ္စီရင္သတ္ျဖတ္ခဲ့တာ အင္မတန္ဆိုးပါတယ္။ ဒါက အာဏာသိမ္းၿပီး အေျခအေနေတြကို ေျဖရွင္းႏိုင္ဖို႔အတြက္ ႏိုင္ငံတကာရဲ႕ႀကိဳးပမ္းမႈနဲ႔ ပန္ၾကားခ်က္ေတြကို စစ္ေကာင္စီက လုံးဝ လ်စ္လ်ဴျပဳေနတာထင္ရွားပါတယ္။ အာဆီယံ အဖြဲ႔ဝင္ႏိုင္ငံေတြအပါအဝင္ စစ္ေကာင္စီကပါ သေဘာတူထားတဲ့ ျမန္မာ့အေရး အာဆီယံသေဘာတူညီခ်က္ ၅ ခ်က္မွာဆိုရင္ အၾကမ္းဖက္မႈေတြရပ္ဖို႔၊ ႏိုင္ငံေရးအက်ဥ္းသားေတြ လႊတ္ေပးဖို႔၊ ဒီမိုကေရစီေရးေရွ႕႐ႈမႈေတြ ပါဝင္ေပမယ့္ အခုလေပါင္းမ်ားစြာၾကာခဲ့တာေတာင္ ျမန္မာဘက္က ဒါေတြကို အေကာင္အထည္ေဖာ္ဖို႔ဆႏၵ လုံးဝမရွိတာကို ေတြ႕ရပါတယ္။ ဒါေၾကာင့္မို႔လို ႏိုင္ငံတကာအေနနဲ႔ စစ္ေကာင္စီအေပၚ ႏိုင္ငံေရး၊ စီးပြားေရး ဖိအားေတြ တိုးျမႇင့္ေပးရမယ္၊ ဒါ့အျပင္ အမ်ိဳးသားညီၫြတ္ေရးအစိုးရအပါအဝင္ ျမန္မာႏိုင္ငံထဲက ဘက္ေပါင္းစုံနဲ႔ ထိေတြ႕ဆက္ဆံမႈေတြလုပ္ရပါမယ္။ လူသားခ်င္းစာနာမႈအကူအညီေတြ ျပည္သူေတြဆီေရာက္ဖို႔၊ လက္နက္ေတြ စစ္ေကာင္စီဆီမေရာက္ဖို႔ စတာေတြ လုပ္ရပါမယ္။

ေမး။ ။ ျမန္မာစစ္ေကာင္စီကို က်ဥ္ထားတဲ့အျပင္ အာဆီယံအေနနဲ႔ ဒီထက္ပိုၿပီး ဘာေတြ အေရးယူမႈေတြလုပ္သင့္သလဲ။

ေျဖ။ ။ စစ္ေကာင္စီဘက္က အာဆီယံသေဘာတူညီခ်က္ ၅ ခ်က္ကို လိုက္နာဖို႔ ျငင္းပယ္ထားပါတယ္။ အဲဒီေတာ့ အခု ေလာေလာဆယ္အားျဖင့္ အေရးပါတဲ့အစည္းအေဝးေတြမွာ ႏိုင္ငံေရးအရ မပတ္သက္တဲ့ ကိုယ္စားလွယ္ကိုပဲ လက္ခံမယ္လို႔ သတ္မွတ္ထားတဲ့ အခ်က္ဟာ မွန္ကန္တဲ့အခ်က္ျဖစ္တယ္။ စစ္ေကာင္စီအေနနဲ႔ ဒီကိစၥအေပၚ လိုက္နာမႈေတြမရွိဘူးဆိုရင္ အာဆီယံအေနနဲ႔ အေျခအေနေတြအေပၚ ျပန္သုံးသပ္ၿပီး အာဆီယံကေန ထုတ္ပယ္တဲ့အဆင့္အပါအဝင္ လုပ္စရာရွိတာ လုပ္သြားရမွာပါ။

တိုက္႐ိုက္ လင့္ခ္

=============


[[Unicode]]

ကန်နိုင်ငံခြားရေးဝန်ကြီးနဲ့ မြန်မာ့အရေး VOA မေးမြန်းမှု

ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မှာကျင်းပနေတဲ့ အာဆီယံအစည်းအဝေးကို တက်ရောက်လာတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်နဲ့ ဗွီအိုအေ ကမ္ဘောဒီးယားဌာန သတင်းထောက် သီးသန့်တွေ့ဆုံခွင့် ရရှိခဲ့ပါတယ်။ မကြာသေးခင် နာရီပိုင်းကပဲလုပ်ခဲ့တဲ့ ဒီတွေ့ဆုံမေးမြန်းခန်းမှာ မြန်မာနိုင်ငံနဲ့ပတ်သက်လို့လည်း အမေရိကန်နိုင်င့ရဲ့ သဘောထားနဲ့ အာဆီယံနိုင်ငံတွေအပေါ် တိုက်တွန်းလိုတဲ့အချက်တွေကို မေးမြန်းခဲ့ပါတယ်။

မေး။ ။ မြန်မာနိုင်ငံမှာ အခြေအနေတွေ ပိုပြီးဆိုးဝါးလာနေတာ ကျနော်တို့တွေ့နေရပါတယ်။ အဲတော့ အထူးသဖြင့် ရေနံနဲ့ဓါတ်ငွေ့လုပ်ငန်းတွေအပေါ် အရေးယူမှုအပါအဝင် မြန်မာနိုင်ငံကို အရေးယူပိတ်ဆို့မှုတွေ လုပ်ဖို့ အဆိုပြုသင့်ပါသလား။

ဖြေ။ ။ ကျနော်မြင်တာကတော့ အခြေအနေက ဆိုးသထက်ဆိုးလာနေပါတယ်။ အာဆီယံနဲ့ ကမ္ဘောဒီးယားနိုင်ငံက မေတ္တာရပ်ခံနေတဲ့ကြားက နိုင်ငံရေးတက်ကြွလှုပ်ရှားသူ လေးဦးကို သေဒဏ်စီရင်သတ်ဖြတ်ခဲ့တာ အင်မတန်ဆိုးပါတယ်။ ဒါက အာဏာသိမ်းပြီး အခြေအနေတွေကို ဖြေရှင်းနိုင်ဖို့အတွက် နိုင်ငံတကာရဲ့ကြိုးပမ်းမှုနဲ့ ပန်ကြားချက်တွေကို စစ်ကောင်စီက လုံးဝ လျစ်လျူပြုနေတာထင်ရှားပါတယ်။ အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေအပါအဝင် စစ်ကောင်စီကပါ သဘောတူထားတဲ့ မြန်မာ့အရေး အာဆီယံသဘောတူညီချက် ၅ ချက်မှာဆိုရင် အကြမ်းဖက်မှုတွေရပ်ဖို့၊ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့၊ ဒီမိုကရေစီရေးရှေ့ရှုမှုတွေ ပါဝင်ပေမယ့် အခုလပေါင်းများစွာကြာခဲ့တာတောင် မြန်မာဘက်က ဒါတွေကို အကောင်အထည်ဖော်ဖို့ဆန္ဒ လုံးဝမရှိတာကို တွေ့ရပါတယ်။ ဒါကြောင့်မို့လို နိုင်ငံတကာအနေနဲ့ စစ်ကောင်စီအပေါ် နိုင်ငံရေး၊ စီးပွားရေး ဖိအားတွေ တိုးမြှင့်ပေးရမယ်၊ ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် မြန်မာနိုင်ငံထဲက ဘက်ပေါင်းစုံနဲ့ ထိတွေ့ဆက်ဆံမှုတွေလုပ်ရပါမယ်။ လူသားချင်းစာနာမှုအကူအညီတွေ ပြည်သူတွေဆီရောက်ဖို့၊ လက်နက်တွေ စစ်ကောင်စီဆီမရောက်ဖို့ စတာတွေ လုပ်ရပါမယ်။

မေး။ ။ မြန်မာစစ်ကောင်စီကို ကျဉ်ထားတဲ့အပြင် အာဆီယံအနေနဲ့ ဒီထက်ပိုပြီး ဘာတွေ အရေးယူမှုတွေလုပ်သင့်သလဲ။

ဖြေ။ ။ စစ်ကောင်စီဘက်က အာဆီယံသဘောတူညီချက် ၅ ချက်ကို လိုက်နာဖို့ ငြင်းပယ်ထားပါတယ်။ အဲဒီတော့ အခု လောလောဆယ်အားဖြင့် အရေးပါတဲ့အစည်းအဝေးတွေမှာ နိုင်ငံရေးအရ မပတ်သက်တဲ့ ကိုယ်စားလှယ်ကိုပဲ လက်ခံမယ်လို့ သတ်မှတ်ထားတဲ့ အချက်ဟာ မှန်ကန်တဲ့အချက်ဖြစ်တယ်။ စစ်ကောင်စီအနေနဲ့ ဒီကိစ္စအပေါ် လိုက်နာမှုတွေမရှိဘူးဆိုရင် အာဆီယံအနေနဲ့ အခြေအနေတွေအပေါ် ပြန်သုံးသပ်ပြီး အာဆီယံကနေ ထုတ်ပယ်တဲ့အဆင့်အပါအဝင် လုပ်စရာရှိတာ လုပ်သွားရမှာပါ။

XS
SM
MD
LG