သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကေလးေတာင္ပိုင္း ရွားဖိုေက်း႐ြာတိုက္ပြဲ ေဒသခံေတြစစ္ေဘးေရွာင္ရ


ေမလ ၃ ရက္၊ ၂၀၂၂ ခုႏွစ္ ေဒသခံကာကြယ္ေရးတပ္ေတြနဲ႔ စစ္ေကာင္စီတပ္တို႔ တုိက္ပြဲျဖစ္ခဲ့တဲ့ စစ္ကိုင္းတုိင္း၊ ကေလးၿမိဳ႕နယ္ေတာင္ပိုင္း ရွားဖိုေက်းရြာ။

[[Zawgyi/Unicode]]

စစ္ကိုင္းတိုင္း ကေလးၿမိဳ႕နယ္ေတာင္ပိုင္း ရွားဖိုေက်း႐ြာအနားမွာ ေမလ ၃ ရက္ ဒီေန႔ ညေန ၃ နာရီခန႔္က စစ္ေကာင္စီနဲ႔ ျပည္သူ႔ကာကြယ္ေရးတပ္ေတြၾကား တိုက္ပြဲျဖစ္ၿပီး စစ္ေကာင္စီဘက္က ရဟတ္ယာဥ္သုံး တိုက္ခိုက္တာရွိတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ကေလးၿမိဳ႕ ေတာင္ပိုင္းေဒသမွာ အခုရက္ပိုင္း ေန႔စဥ္လိုလို တိုက္ပြဲေတြျဖစ္ေနလို႔ ေဒသခံေသာင္းခ်ီ အိုးအိမ္စြန႔္ခြာေျပးေနရပါတယ္။ ဒီအေျခအေန ရန္ကုန္ သတင္းေပးပို႔ထားတာကို မဆုမြန္က တင္ျပေပးထားပါတယ္။

ေမလ ၃ ရက္ ဒီေန႔ ညေန ၃ နာရီခန႔္က ကေလးၿမိဳ႕နယ္ေတာင္ပိုင္း ရွားဖိုေက်း႐ြာအနား တိုက္ပြဲျဖစ္ရာမွာ စစ္ေကာင္စီဘက္က ေလေၾကာင္းသုံး တိုက္ခိုက္တာေတြရွိတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ဒီတိုက္ပြဲေၾကာင့္ ႐ြာထဲ လက္နက္ႀကီးေတြက်ေရာက္တာရွိသလို၊ ေဒသခံအေတာ္မ်ားမ်ားကေတာ့ ေဘးလြတ္ရာ ေျပးေရွာင္ေနရတယ္လို႔ ႐ြာခံတဦးက ေျပာပါတယ္။

“၂၇ ရက္ေန႔က စထိုးတယ္ဗ်။ ဒီေန႔ျဖစ္တုန္း ထိပ္တိုက္မႈ ထိေတြ႔မႈျဖစ္တုန္းရွိေသးတယ္ဗ်။ ခုနေနကမွ လြန္ခဲ့တဲ့ နာရီဝက္ေလာက္ မိနစ္ ၂၀ ေလာက္ကမွ သူတို႔ ရဟတ္ယာဥ္နဲ႔ လာထိုးတယ္ဗ်။ ဒီရွားဖိုဘက္ေတြကို တအားပစ္သြားတယ္။ ေလေၾကာင္းဘက္ကေနၿပီးမွ ဒီျပည္သူေတြကလည္း ဘုန္းႀကီးေက်ာင္းေတြမွာ ခိုေနတာေတာ့ ရွိေသးတယ္ဗ်။ အေရွ႕စီး႐ြာကလည္း အိမ္ေျခက နည္းနည္းပဲ က်န္ေတာ့တယ္ဗ်။ ၂၀ ေက်ာ္ ၃၀ ေလာက္ပဲ က်န္ေတာ့တယ္။ ဒီအိမ္ေျခက ၈၀၀၊ ၈၀၀ ေက်ာ္ရွိတာ အကုန္လုံးမီးရႈိ႕သြားတယ္ဗ်။ ၂၈ ရက္ေန႔က စရႈိ႕တာဗ်။”

ကေလးနယ္ဘက္က လတ္တေလာတိုက္ပြဲနဲ႔ ပတ္သက္လို႔ စစ္ေကာင္စီဘက္ကေတာ့ တရာတစုံထုတ္ျပန္တာမ်ိဳး မေတြ႔ရေသးပါဘူး။

ၿပီးခဲ့တဲ့ ဧၿပီ ၂၇ ရက္တုန္းက ကေလးၿမိဳ႕နယ္ေတာင္ပိုင္း အေရွ႕စီး႐ြာဘက္မွာ စစ္ေကာင္စီက အင္အားအေျမာက္အမ်ားနဲ႔ ထိုးစစ္ဆင္လာၿပီး ျပည္သူ႔ကာကြယ္ေရးတပ္ေတြနဲ႔ တိုက္ပြဲျဖစ္ပြားခဲ့တယ္လို႔ ေဒသခံက ေျပာပါတယ္။ ဒီလို တိုက္ပြဲျဖစ္ၿပီးတဲ့ေနာက္ စစ္ေကာင္စီတပ္ေတြဟာ အိမ္ေျခ ၈၀၀ ေက်ာ္ရွိတဲ့ အေရွ႕စီး႐ြာကို ဝင္လာၿပီး ၂၈ ရက္ေန႔မွာ ေနအိမ္ရာနဲ႔ခ်ီ မီးရႈိ႕ဖ်က္ဆီးခဲ့တယ္လို႔ မ်က္ျမင္ေဒသခံတဦးက ေျပာပါတယ္။

ဒါ့အျပင္ ပတ္ဝန္းက်င္ေက်း႐ြာေတြကိုလည္း စစ္တပ္က ဝင္ေရာက္လာလို႔၊ ေဒသခံေတြ ႐ြာလုံးကြၽတ္ထြက္ေျပးေနရတာလို႔ ေနာက္ထပ္ေဒသခံတဦးက ေျပာပါတယ္။

“အေရွ႕စီးမွာတိုက္ၾကတာဗ်။ တိုက္တဲ့အခါက်ေတာ့ ႐ြာအနားနီးနီး ႐ြာထဲထိဝင္ ဝင္တဲ့အခါက်ေတာ့ ကုတ္ကုတ္ေျပးၾကတာ ေလွေတြလည္း မဆံ့။ ေခ်ာင္းထဲကူးေတာ့လည္း လူကလည္း အလုအယက္နဲ႔ ေျပးလႊာေနၾကတယ္။ ေျပးၾကတာေတာ့ ႐ြာလုံးကြၽတ္ပဲဗ်။ လက္နက္ႀကီးနဲ႔ လွမ္းလွမ္းထုတဲ့အခါက်ေတာ့ မေနရဲၾကတာ အားလုံး၊ အနီးအနား အနီးကပ္ေတြ လာလာက်တဲ့အခါေတာ့ ျပာၿပီးေတာ့မွ သူေျပးကိုယ္ေျပး တခါတေလ ဘာမွမပါဘူး လူလြတ္ေျပးရတယ္ဗ်။ ထြက္ေျပးရတဲ့အခါ ဘာမွမပါတဲ့အခါေတာ့ နည္နည္း အစားအေသာက္ေတာ့ ခက္ခဲတာေပါ့။”

ဒီအေျခအေနေတြေၾကာင့္ အေရွ႕စီး႐ြာအပါအဝင္ ႐ြာ ၉ ႐ြာထက္မနည္း ေသာင္းနဲ႔ခ်ီနဲ႔ ေဒသခံေတြ အိုအိမ္စြန႔္ခြာထြက္ေျပးေနၾကရတာလို႔ ကိုယ္တိုင္ထြက္ေျပးေနရတဲ့ တင္သား႐ြာခံတဦးက ေျပာပါတယ္။

“က်ေနာ္တို႔ ဒီအုပ္စုမွာက တပတ္ရွိၿပီးေျပးေနရတာေလး၊ လက္နက္ႀကီးေတြ ပစ္ခတ္လို႔ပါဗ်၊ လက္နက္ႀကီးေတြ တေန႔ကုန္တညလုံး အဲ့လိုမ်ိဳးပစ္တာသူတို႔က ေနရာအႏွံ႔အျပားကို ပစ္ခတ္တာ၊ ႐ြာထဲထိကို ပစ္ခတ္တာ။ ေျပးရတာကေတာ့ အေရွ႕စီး၊ မင္းလွ၊ ရွားဖို၊ တင္သား၊ ေက်ာက္ဖူး၊ ဒိုးႏြယ္၊ မွန္ေတာ၊ ေအာင္သာယာ၊ ေအာင္မဂၤလာ အကုန္ေျပးရတာပဲ၊ လူဦး သုံးေသာင္းခြဲ၊ ေလးေသာင္း ၅ ေသာင္းနားနီးေလာက္ေတာ့ ရွိမယ္ဗ် ေျပးေနရတာ။”

သက္ႀကီး႐ြာအိုေတြ ကေလးသူငယ္အပါအဝင္ စစ္ေျပးေရွာင္ ေလးပုံတပုံေလာက္ ဝမ္းပ်က္ဝမ္းေလွ်ာေရာဂါ ျဖစ္ေနၾကတယ္လို႔ တင္သား႐ြာခံက ေျပာပါတယ္။

“အခက္အခဲကေတာ့ မ်ိဳးစုံပဲဗ်။ စားဝတ္ေနေရးေရာ ေနေရးထိုင္ေရးေရာ က်န္းမာေရးေတြေရာ အမ်ိဳးစုံပဲ ဒုကၡေရာက္ပါတယ္။ ဝမ္းပ်က္ဝမ္းေလွ်ာေတြျဖစ္တယ္၊ ေရေခ်ာင္း ေရေျမာင္းေတြဆိုေတာ့ ေရကရွားတာနဲ႔ မတည့္တဲ့ေရတို႔၊ အစားအေသာက္တို႔၊ ေနရာထိုင္ခင္း ပူတဲ့ရာသီဆိုေတာ့ မိုးကာတဲတန္းနဲ႔ ေနရတာတို႔။ ဒီေတာေတာင္ထဲ ေခ်ာင္းေတြေျမာင္းေတြၾကား ေနရတာဆိုေတာ့ ဝမ္းပ်က္ဝမ္းေလွ်ာေတြျဖစ္တယ္။ ဖ်ားတယ္။ ျဖစ္တဲ့လူေတြက ေသာင္းခ်ီရွိတယ္။ လူဦးေရရဲ႕ အခုက်ေနာ္တို႔ ထြက္ေျပးတိမ္းေရွာင္တဲ့ လူဦးေရရဲ႕ ၃ ပံု ၁ ပုံ။ ၄ ပုံ၊ ၁ ပုံ ခန႔္ကေတာ့ ဒီက်န္းမာေရးထိခိုက္မႈရွိတယ္။”

စစ္ေျပးဒုကၡသည္ေတြဟာ ေတာေတာင္ေတြထဲမွာ မိုးကာတဲထိုးၿပီး ျဖစ္သလိုေနထိုင္စားေသာက္ ေနၾကရပါတယ္။ တိုက္ပြဲေတြအၾကား ေျပးလႊားလာရတာမို႔လည္း စားေရးေသာက္ေရးနဲ႔ ေဆးဝါးအခက္အခဲေတြနဲ႔ ရင္ဆိုင္ေနၾကရပါတယ္။

ကေလးၿမိဳ႕နယ္ေတာင္ပိုင္း ေက်း႐ြာေတြဘက္မွာ စစ္ေကာင္စီကို ဆန႔္က်င္တဲ့ ေဒသခံျပည္သူ႔ကာကြယ္ေရးအဖြဲ႕ေတြ လႈပ္ရွားေနသလို၊ဈ စစ္ေကာင္စီတပ္ေတြလည္း တ႐ြာဝင္ တ႐ြာထြက္ နယ္ေျမရွင္းလင္းေရးလုပ္ေဆာင္ေနတာမို႔ တိုက္ပြဲေတြ ဆက္တိုက္ျဖစ္ေနပါတယ္။

#MyanmarViolence #KalayFighting #VOABurmese

==============

[[Unicode]]

ကလေးတောင်ပိုင်း ရှားဖိုကျေးရွာတိုက်ပွဲ ဒေသခံတွေစစ်ဘေးရှောင်ရ

စစ်ကိုင်းတိုင်း ကလေးမြို့နယ်တောင်ပိုင်း ရှားဖိုကျေးရွာအနားမှာ မေလ ၃ ရက် ဒီနေ့ ညနေ ၃ နာရီခန့်က စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေကြား တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က ရဟတ်ယာဉ်သုံး တိုက်ခိုက်တာရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကလေးမြို့ တောင်ပိုင်းဒေသမှာ အခုရက်ပိုင်း နေ့စဉ်လိုလို တိုက်ပွဲတွေဖြစ်နေလို့ ဒေသခံသောင်းချီ အိုးအိမ်စွန့်ခွာပြေးနေရပါတယ်။ ဒီအခြေအနေ ရန်ကုန် သတင်းပေးပို့ထားတာကို မဆုမွန်က တင်ပြပေးထားပါတယ်။

မေလ ၃ ရက် ဒီနေ့ ညနေ ၃ နာရီခန့်က ကလေးမြို့နယ်တောင်ပိုင်း ရှားဖိုကျေးရွာအနား တိုက်ပွဲဖြစ်ရာမှာ စစ်ကောင်စီဘက်က လေကြောင်းသုံး တိုက်ခိုက်တာတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီတိုက်ပွဲကြောင့် ရွာထဲ လက်နက်ကြီးတွေကျရောက်တာရှိသလို၊ ဒေသခံအတော်များများကတော့ ဘေးလွတ်ရာ ပြေးရှောင်နေရတယ်လို့ ရွာခံတဦးက ပြောပါတယ်။

“၂၇ ရက်နေ့က စထိုးတယ်ဗျ။ ဒီနေ့ဖြစ်တုန်း ထိပ်တိုက်မှု ထိတွေ့မှုဖြစ်တုန်းရှိသေးတယ်ဗျ။ ခုနနေကမှ လွန်ခဲ့တဲ့ နာရီဝက်လောက် မိနစ် ၂၀ လောက်ကမှ သူတို့ ရဟတ်ယာဉ်နဲ့ လာထိုးတယ်ဗျ။ ဒီရှားဖိုဘက်တွေကို တအားပစ်သွားတယ်။ လေကြောင်းဘက်ကနေပြီးမှ ဒီပြည်သူတွေကလည်း ဘုန်းကြီးကျောင်းတွေမှာ ခိုနေတာတော့ ရှိသေးတယ်ဗျ။ အရှေ့စီးရွာကလည်း အိမ်ခြေက နည်းနည်းပဲ ကျန်တော့တယ်ဗျ။ ၂၀ ကျော် ၃၀ လောက်ပဲ ကျန်တော့တယ်။ ဒီအိမ်ခြေက ၈၀၀၊ ၈၀၀ ကျော်ရှိတာ အကုန်လုံးမီးရှို့သွားတယ်ဗျ။ ၂၈ ရက်နေ့က စရှို့တာဗျ။”

ကလေးနယ်ဘက်က လတ်တလောတိုက်ပွဲနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ တရာတစုံထုတ်ပြန်တာမျိုး မတွေ့ရသေးပါဘူး။

ပြီးခဲ့တဲ့ ဧပြီ ၂၇ ရက်တုန်းက ကလေးမြို့နယ်တောင်ပိုင်း အရှေ့စီးရွာဘက်မှာ စစ်ကောင်စီက အင်အားအမြောက်အများနဲ့ ထိုးစစ်ဆင်လာပြီး ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။ ဒီလို တိုက်ပွဲဖြစ်ပြီးတဲ့နောက် စစ်ကောင်စီတပ်တွေဟာ အိမ်ခြေ ၈၀၀ ကျော်ရှိတဲ့ အရှေ့စီးရွာကို ဝင်လာပြီး ၂၈ ရက်နေ့မှာ နေအိမ်ရာနဲ့ချီ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ မျက်မြင်ဒေသခံတဦးက ပြောပါတယ်။

ဒါ့အပြင် ပတ်ဝန်းကျင်ကျေးရွာတွေကိုလည်း စစ်တပ်က ဝင်ရောက်လာလို့၊ ဒေသခံတွေ ရွာလုံးကျွတ်ထွက်ပြေးနေရတာလို့ နောက်ထပ်ဒေသခံတဦးက ပြောပါတယ်။

“အရှေ့စီးမှာတိုက်ကြတာဗျ။ တိုက်တဲ့အခါကျတော့ ရွာအနားနီးနီး ရွာထဲထိဝင် ဝင်တဲ့အခါကျတော့ ကုတ်ကုတ်ပြေးကြတာ လှေတွေလည်း မဆံ့။ ချောင်းထဲကူးတော့လည်း လူကလည်း အလုအယက်နဲ့ ပြေးလွှာနေကြတယ်။ ပြေးကြတာတော့ ရွာလုံးကျွတ်ပဲဗျ။ လက်နက်ကြီးနဲ့ လှမ်းလှမ်းထုတဲ့အခါကျတော့ မနေရဲကြတာ အားလုံး၊ အနီးအနား အနီးကပ်တွေ လာလာကျတဲ့အခါတော့ ပြာပြီးတော့မှ သူပြေးကိုယ်ပြေး တခါတလေ ဘာမှမပါဘူး လူလွတ်ပြေးရတယ်ဗျ။ ထွက်ပြေးရတဲ့အခါ ဘာမှမပါတဲ့အခါတော့ နည်နည်း အစားအသောက်တော့ ခက်ခဲတာပေါ့။”

ဒီအခြေအနေတွေကြောင့် အရှေ့စီးရွာအပါအဝင် ရွာ ၉ ရွာထက်မနည်း သောင်းနဲ့ချီနဲ့ ဒေသခံတွေ အိုအိမ်စွန့်ခွာထွက်ပြေးနေကြရတာလို့ ကိုယ်တိုင်ထွက်ပြေးနေရတဲ့ တင်သားရွာခံတဦးက ပြောပါတယ်။

“ကျနော်တို့ ဒီအုပ်စုမှာက တပတ်ရှိပြီးပြေးနေရတာလေး၊ လက်နက်ကြီးတွေ ပစ်ခတ်လို့ပါဗျ၊ လက်နက်ကြီးတွေ တနေ့ကုန်တညလုံး အဲ့လိုမျိုးပစ်တာသူတို့က နေရာအနှံ့အပြားကို ပစ်ခတ်တာ၊ ရွာထဲထိကို ပစ်ခတ်တာ။ ပြေးရတာကတော့ အရှေ့စီး၊ မင်းလှ၊ ရှားဖို၊ တင်သား၊ ကျောက်ဖူး၊ ဒိုးနွယ်၊ မှန်တော၊ အောင်သာယာ၊ အောင်မင်္ဂလာ အကုန်ပြေးရတာပဲ၊ လူဦး သုံးသောင်းခွဲ၊ လေးသောင်း ၅ သောင်းနားနီးလောက်တော့ ရှိမယ်ဗျ ပြေးနေရတာ။”

သက်ကြီးရွာအိုတွေ ကလေးသူငယ်အပါအဝင် စစ်ပြေးရှောင် လေးပုံတပုံလောက် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်နေကြတယ်လို့ တင်သားရွာခံက ပြောပါတယ်။

“အခက်အခဲကတော့ မျိုးစုံပဲဗျ။ စားဝတ်နေရေးရော နေရေးထိုင်ရေးရော ကျန်းမာရေးတွေရော အမျိုးစုံပဲ ဒုက္ခရောက်ပါတယ်။ ဝမ်းပျက်ဝမ်းလျှောတွေဖြစ်တယ်၊ ရေချောင်း ရေမြောင်းတွေဆိုတော့ ရေကရှားတာနဲ့ မတည့်တဲ့ရေတို့၊ အစားအသောက်တို့၊ နေရာထိုင်ခင်း ပူတဲ့ရာသီဆိုတော့ မိုးကာတဲတန်းနဲ့ နေရတာတို့။ ဒီတောတောင်ထဲ ချောင်းတွေမြောင်းတွေကြား နေရတာဆိုတော့ ဝမ်းပျက်ဝမ်းလျှောတွေဖြစ်တယ်။ ဖျားတယ်။ ဖြစ်တဲ့လူတွေက သောင်းချီရှိတယ်။ လူဦးရေရဲ့ အခုကျနော်တို့ ထွက်ပြေးတိမ်းရှောင်တဲ့ လူဦးရေရဲ့ ၃ ပုံ ၁ ပုံ။ ၄ ပုံ၊ ၁ ပုံ ခန့်ကတော့ ဒီကျန်းမာရေးထိခိုက်မှုရှိတယ်။”

စစ်ပြေးဒုက္ခသည်တွေဟာ တောတောင်တွေထဲမှာ မိုးကာတဲထိုးပြီး ဖြစ်သလိုနေထိုင်စားသောက် နေကြရပါတယ်။ တိုက်ပွဲတွေအကြား ပြေးလွှားလာရတာမို့လည်း စားရေးသောက်ရေးနဲ့ ဆေးဝါးအခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။

ကလေးမြို့နယ်တောင်ပိုင်း ကျေးရွာတွေဘက်မှာ စစ်ကောင်စီကို ဆန့်ကျင်တဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ လှုပ်ရှားနေသလို၊ဈ စစ်ကောင်စီတပ်တွေလည်း တရွာဝင် တရွာထွက် နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေတာမို့ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေပါတယ်။

#MyanmarViolence #KalayFighting #VOABurmese

==============

XS
SM
MD
LG