သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္ေကာင္စီ ေသ့ေဘာဘိုးစခန္းကို KNU ပူးတြဲတပ္ေတြ သိမ္းယူ


ေသ့ေဘာဘိုးစခန္းကို KNU ကရင္ အမ်ိဳးသားအစည္းအ႐ုံး ပူးေပါင္းတပ္ေတြက ဒီေန႔ ေမလ ၁၈ ရက္ေန႔မွာ သိမ္းယူခဲ့စဥ္ (Photo: KNLA)

[[Zawgyi/Unicode]]

ကရင္ျပည္နယ္ ျမဝတီၿမိဳ႕ေတာင္ပိုင္းက စစ္ေကာင္စီတပ္စြဲထားတဲ့ ေသ့ေဘာဘိုးစခန္းကို KNU ကရင္ အမ်ိဳးသားအစည္းအ႐ုံး ပူးေပါင္းတပ္ေတြက ဒီေန႔ ေမလ ၁၈ ရက္ေန႔မွာ သိမ္းယူခဲ့ပါတယ္။ စစ္ေကာင္ စီဘက္ကလည္း ေလေၾကာင္းကေန ဗုံးႀကဲတိုက္ခိုက္ေနပါတယ္။ ထိုင္းနယ္စပ္ကေန ဗြီအိုေအ သတင္းေထာက္ မေအးေအးမာ သတင္းေပးပို႔ထားပါတယ္။

ကရင္ျပည္နယ္ ျမဝတီၿမိဳ႕ ေတာင္ဘက္က ေသ့ေဘာဘိုးနဲ႔ ဘလယ္ဒိုေက်း႐ြာအနီးမွာ စစ္ေကာင္စီတပ္ေတြနဲ႔ KNLA ကရင္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္ KNDO ကရင္အမ်ိဳးသားကာကြယ္ေရးတပ္၊ PDF ျပည့္သူ႔ကာကြယ္ေရးတပ္ဖြဲ႔-စတဲ့ ပူးေပါင္းတပ္ေတြဟာ ေမလ ၁၇ ရက္ေန႔ညကတည္းက တိုက္ပြဲ ျပင္းထန္ခဲ့တာပါ။ ပူးေပါင္းတပ္ဖြဲ႔ေတြဘက္က စစ္ေကာင္စီရဲ႕စခန္းကို တိုက္ခိုက္သိမ္းယူခဲ့ၾကၿပီးတဲ့ေနာက္ စစ္ေကာင္စီဘက္ကေလေၾကာင္း တိုက္ခိုက္မႈေတြနဲ႔တုံ႔ျပန္ပါတယ္။ ႏွစ္ဘက္ အထိအခိုက္အက်အဆုံးရွိခဲ့တယ္လို႔ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕က ေခါင္းေဆာင္တဦးျဖစ္တဲ့ ကိုေစာမြန္ကေျပာျပပါတယ္။

“ေသ့ေဘာဘိုးစခန္းဆိုတာ DKBA စခန္းနဲ႔သိပ္မေဝးတဲ့ေနရာ။ တမိုင္ေလာက္ပဲလွမ္းတဲ့ေနရာမွာ စကခ စခန္းတခုရွိတယ္။ အင္အား ၆၀ ေလာက္ရွိတယ္။ ညကတည္းက KNLA၊ KNDO၊ PDF အားလုံးေပါင္းၿပီး ပူးေပါင္းတပ္ဖြဲ႕ေတြက တိုက္ၾကတယ္။ ဒီလိုတိုက္ေတာ့ ဒီမနက္ကေတာ့ ေလယာဥ္နဲ႔ ၄ ႀကိမ္လာႀကဲသြားတယ္။ ဗုံးႀကဲတိုက္ခိုက္တယ္။ တေခါက္ကို အနည္းဆုံး ဗုံးသီး ၄ လုံးေလာက္ပစ္ခ်တယ္။ သူတို႔က ၄ ေခါက္လာသြားတယ္။ အခုမိုး႐ြာေတာ့ ျပန္လွည့္သြားတယ္။ က်ေနာ္တို႔ လြန္ခဲ့တဲ့ ၁ နာရီေက်ာ္ကေတာ့ စခန္းကိုသိမ္းၿပီးသြားၿပီ။ ေန႔လယ္တုန္းက ထိခိုက္က်ဆုံးတာကေတာ့ ရန္သူဘက္က ၅ ေယာက္က်ဆုံးၿပီး ေသနတ္တလက္ရတယ္။ က်ေနာ္တို႔ဘက္က တေယာက္က်ဆုံးတယ္။ အင္အား ၆၀ ကေတာ့ အထိအခိုက္ အက်ဆံုးေတာ့အတည္မျပဳႏိုင္ေသးဘူး။ ထြက္ေျပးတဲ့သူထြက္ေျပးေပါ့ေလ။အဲဒါက ရန္သူ႔စခန္းကိုတက္သိမ္းတာျဖစ္တယ္။ အဲဒါေၾကာင့္ ေလယာဥ္နဲ႔လာႀကဲတာျဖစ္တယ္။”

ေသ့ေဘာဘိုးစခန္း သိမ္းပိုက္ခံရမႈနဲ႔ပတ္သက္လို႔ စစ္ေကာင္စီဘက္က သတင္းထုတ္ျပန္တာေတာ့မရွိေသးပါဘူး။ ဒါေၾကာင့္ စစ္ေကာင္စီဘက္က အက်အဆုံးနဲ႔ပတ္သက္လို႔ သီးျခားအတည္ျပဳလို႔မရေသးပါဘူး။ ဒါ့အျပင္ ျမဝတီၿမိဳ႕ေတာင္ဘက္ ေသ့ေဘာဘိုး၊ ဘလယ္ဒို ေက်း႐ြာအနီးကို စစ္ေကာင္စီတပ္ေတြက ေလေၾကာင္းကေန တိုက္ခိုက္ခဲ့တာေၾကာင့္ အနီးအနားကေက်း႐ြာေတြက ေဒသခံ႐ြာသားေတြဟာ ေသာင္ရင္းျမစ္နေဘးကို တိမ္းေရွာင္ေနၾကတယ္လို႔လည္း ကိုေစာမြန္ကဆိုပါတယ္။

“တိုက္ပြဲျဖစ္ၾကတဲ့အခါက်ေတာ့ ႐ြာေတြက႐ြာသားေတြကေတာ့ ေသာင္ရင္းျမစ္နားကိုေ႐ြ႕ၾကတယ္။”

ဒီကေန႔မနက္ပိုင္းမွာပဲ ကရင္ျပည္နယ္ ၾကာအင္းဆိပ္ႀကီး၊ က်ိဳက္ဒုံ၊ ခုတ္ခြါးေဒသဘက္ကိုလည္း စစ္ေကာင္စီရဲ႕ရဟတ္ယာဥ္ေတြ ကင္းေထာက္ပ်ံသန္းခဲ့တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

ျမဝတီ၊ ေလးေက့ေကာ္၊ ေဝါေလ၊ ဥဳကလိထာ့၊ ေသ့ေဘာဘိုး၊ ဘလယ္ဒိုစတဲ့ ေက်း႐ြာေတြအနီးမွာေတာ့ ေန႔စဥ္နီးပါး ႏွစ္ဘက္ တိုက္ပြဲေတြျပင္းထန္ေနပါတယ္။ ေကအန္ယူတပ္မဟာ (၆) ထိန္းခ်ဳပ္ရာေဒသေတြမွာ တိုက္ပြဲေတြျပင္းထန္ေနတဲ့အတြက္ ေဒသခံေသာင္းနဲ႔ခ်ီၿပီး စစ္ေဘးဒုကၡသည္ေတြအျဖစ္ ထြက္ေျပးတိမ္းေရွာင္ေနရတာဟာ ၅ လေက်ာ္ၾကာၿပီျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

================

[[Unicode]]

စစ်ကောင်စီ သေ့ဘောဘိုးစခန်းကို KNU ပူးတွဲတပ်တွေ သိမ်းယူ

ကရင်ပြည်နယ် မြဝတီမြို့တောင်ပိုင်းက စစ်ကောင်စီတပ်စွဲထားတဲ့ သေ့ဘောဘိုးစခန်းကို KNU ကရင် အမျိုးသားအစည်းအရုံး ပူးပေါင်းတပ်တွေက ဒီနေ့ မေလ ၁၈ ရက်နေ့မှာ သိမ်းယူခဲ့ပါတယ်။ စစ်ကောင် စီဘက်ကလည်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေပါတယ်။ ထိုင်းနယ်စပ်ကနေ ဗွီအိုအေ သတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ်။

ကရင်ပြည်နယ် မြဝတီမြို့ တောင်ဘက်က သေ့ဘောဘိုးနဲ့ ဘလယ်ဒိုကျေးရွာအနီးမှာ စစ်ကောင်စီတပ်တွေနဲ့ KNLA ကရင်အမျိုးသားလွတ်မြောက်ရေးတပ် KNDO ကရင်အမျိုးသားကာကွယ်ရေးတပ်၊ PDF ပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့-စတဲ့ ပူးပေါင်းတပ်တွေဟာ မေလ ၁၇ ရက်နေ့ညကတည်းက တိုက်ပွဲ ပြင်းထန်ခဲ့တာပါ။ ပူးပေါင်းတပ်ဖွဲ့တွေဘက်က စစ်ကောင်စီရဲ့စခန်းကို တိုက်ခိုက်သိမ်းယူခဲ့ကြပြီးတဲ့နောက် စစ်ကောင်စီဘက်ကလေကြောင်း တိုက်ခိုက်မှုတွေနဲ့တုံ့ပြန်ပါတယ်။ နှစ်ဘက် အထိအခိုက်အကျအဆုံးရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုစောမွန်ကပြောပြပါတယ်။

“သေ့ဘောဘိုးစခန်းဆိုတာ DKBA စခန်းနဲ့သိပ်မဝေးတဲ့နေရာ။ တမိုင်လောက်ပဲလှမ်းတဲ့နေရာမှာ စကခ စခန်းတခုရှိတယ်။ အင်အား ၆၀ လောက်ရှိတယ်။ ညကတည်းက KNLA၊ KNDO၊ PDF အားလုံးပေါင်းပြီး ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ကြတယ်။ ဒီလိုတိုက်တော့ ဒီမနက်ကတော့ လေယာဉ်နဲ့ ၄ ကြိမ်လာကြဲသွားတယ်။ ဗုံးကြဲတိုက်ခိုက်တယ်။ တခေါက်ကို အနည်းဆုံး ဗုံးသီး ၄ လုံးလောက်ပစ်ချတယ်။ သူတို့က ၄ ခေါက်လာသွားတယ်။ အခုမိုးရွာတော့ ပြန်လှည့်သွားတယ်။ ကျနော်တို့ လွန်ခဲ့တဲ့ ၁ နာရီကျော်ကတော့ စခန်းကိုသိမ်းပြီးသွားပြီ။ နေ့လယ်တုန်းက ထိခိုက်ကျဆုံးတာကတော့ ရန်သူဘက်က ၅ ယောက်ကျဆုံးပြီး သေနတ်တလက်ရတယ်။ ကျနော်တို့ဘက်က တယောက်ကျဆုံးတယ်။ အင်အား ၆၀ ကတော့ အထိအခိုက် အကျဆုံးတော့အတည်မပြုနိုင်သေးဘူး။ ထွက်ပြေးတဲ့သူထွက်ပြေးပေါ့လေ။အဲဒါက ရန်သူ့စခန်းကိုတက်သိမ်းတာဖြစ်တယ်။ အဲဒါကြောင့် လေယာဉ်နဲ့လာကြဲတာဖြစ်တယ်။”

သေ့ဘောဘိုးစခန်း သိမ်းပိုက်ခံရမှုနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာတော့မရှိသေးပါဘူး။ ဒါကြောင့် စစ်ကောင်စီဘက်က အကျအဆုံးနဲ့ပတ်သက်လို့ သီးခြားအတည်ပြုလို့မရသေးပါဘူး။ ဒါ့အပြင် မြဝတီမြို့တောင်ဘက် သေ့ဘောဘိုး၊ ဘလယ်ဒို ကျေးရွာအနီးကို စစ်ကောင်စီတပ်တွေက လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် အနီးအနားကကျေးရွာတွေက ဒေသခံရွာသားတွေဟာ သောင်ရင်းမြစ်နဘေးကို တိမ်းရှောင်နေကြတယ်လို့လည်း ကိုစောမွန်ကဆိုပါတယ်။

“တိုက်ပွဲဖြစ်ကြတဲ့အခါကျတော့ ရွာတွေကရွာသားတွေကတော့ သောင်ရင်းမြစ်နားကိုရွေ့ကြတယ်။”

ဒီကနေ့မနက်ပိုင်းမှာပဲ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီး၊ ကျိုက်ဒုံ၊ ခုတ်ခွါးဒေသဘက်ကိုလည်း စစ်ကောင်စီရဲ့ရဟတ်ယာဉ်တွေ ကင်းထောက်ပျံသန်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြဝတီ၊ လေးကေ့ကော်၊ ဝေါလေ၊ ဥုကလိထာ့၊ သေ့ဘောဘိုး၊ ဘလယ်ဒိုစတဲ့ ကျေးရွာတွေအနီးမှာတော့ နေ့စဉ်နီးပါး နှစ်ဘက် တိုက်ပွဲတွေပြင်းထန်နေပါတယ်။ ကေအန်ယူတပ်မဟာ (၆) ထိန်းချုပ်ရာဒေသတွေမှာ တိုက်ပွဲတွေပြင်းထန်နေတဲ့အတွက် ဒေသခံသောင်းနဲ့ချီပြီး စစ်ဘေးဒုက္ခသည်တွေအဖြစ် ထွက်ပြေးတိမ်းရှောင်နေရတာဟာ ၅ လကျော်ကြာပြီဖြစ်ပါတယ်။

================

XS
SM
MD
LG