သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေသ့ေဘာဘိုး စစ္ေကာင္စီစခန္းကေန စစ္သုံ႔ပန္း ၆ ဦးနဲ႔ စစ္လက္နက္မ်ား သိမ္းဆည္းရမိ


ႏွစ္ ၃၀ ေက်ာ္ၾကာ စစ္အစိုးရသိမ္းပိုက္ထားတဲ့ ေသ့ေဘာဘိုးစခန္းကုိ KNLA ကရင္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္၊ KNDO ကရင္အမ်ိဳးသားကာကြယ္ေရးတပ္ နဲ႔ PDF ျပည္ကာသူ႔ကြယ္ေရးတပ္ဖြဲ႕တို႔ ပူးေပါင္းသိမ္းပိုက္ခဲ့ရာမွာ ဖမ္းဆီးရမိတဲ့ စစ္သုဥ္ပန္း ၆ ဦးနဲ႔ လက္နက္ခဲယမ္းမ်ား။ (Photo: KNLA)

[[Zawgyi/Unicode]]


ကရင္ျပည္နယ္ ျမဝတီၿမိဳ႕ေတာင္ပိုင္း စစ္ေကာင္စီတပ္စြဲထားတဲ့ ေသ့ေဘာဘိုးစခန္းကို KNU ကရင္အမ်ိဳးသားအစည္းအ႐ုံးနဲ႔ ပူးေပါင္းတပ္ေတြက အခု ေမလ ၁၈ ရက္ေန႔မွာ သိမ္းယူခဲ့ၿပီးတဲ့ေနာက္ စစ္ေကာင္စီဘက္က တပ္ၾကပ္ႀကီးအဆင့္ တာဝန္ရွိသူအပါအဝင္ စစ္သုံ႔ပန္း ၆ ဦးကို ဖမ္းမိခဲ့သလို စစ္လက္နက္အေျမာက္အမ်ားလည္း သိမ္းဆည္းရမိခဲ့တယ္လို႔ဆိုပါတယ္။ စစ္ေကာင္စီဘက္ကလည္း ေလေၾကာင္းကေန အႀကိမ္ ၃၀ ေလာက္ ဗုံးႀကဲတိုက္ခိုက္ခဲ့တယ္လို႔ သိရပါတယ္။ ထိုင္းနယ္စပ္ကေန ဗြီအိုေအ သတင္းေထာက္ မေအးေအးမာ သတင္းေပးပို႔ထားပါတယ္။

ကရင္ျပည္နယ္ ျမဝတီၿမိဳ႕ ေတာင္ဘက္က ေသ့ေဘာဘိုးနဲ႔ ဘလယ္ဒိုေက်း႐ြာ အနီးမွာ စစ္ေကာင္စီတပ္ေတြနဲ႔ KNLA ကရင္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္၊ KNDO ကရင္အမ်ိဳးသားကာကြယ္ေရးတပ္၊ PDF ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႔-စတဲ့ ပူးေပါင္းတပ္ေတြဟာ ေမလ ၁၇ ရက္ေန႔ညကတည္းက အျပင္းအထန္ တိုက္ပြဲျဖစ္ေနခဲ့တာပါ။ ႏွစ္ေပါင္း ၃၀ ေက်ာ္ၾကာ ျမန္မာစစ္တပ္က ထိန္းခ်ဳပ္ ထားတဲ့ ေသ့ေဘာဘိုစခန္းကို ပူးေပါင္းတပ္ဖြဲေတြဘက္က ေမလ ၁၈ ရက္ေန႔မွာ တိုက္ခိုက္သိမ္းယူခဲ့ၾကၿပီးတဲ့ေနာက္ စစ္ေကာင္စီဘက္က ေလေၾကာင္းကေန တုံ႔ျပန္ တိုက္ခိုက္ခဲ့ပါတယ္။ ေမလ ၁၉ ရက္ေန႔မွာလည္း မနက္ ၂ နာရီေက်ာ္ခ်ိန္မ်ာ ေလးေက့ေကာ္ဘက္မွာ ဗုံးႀကဲတိုက္ခိုက္ခဲ့ေသးတယ္လို႔ သိရပါတယ္။

မေန႔ကျဖစ္တဲ့ ေသ့ေဘာဘိုး စခန္းသိမ္းတိုက္ပြဲေတြအတြင္း စစ္ေကာင္စီဘက္ က စစ္သုံ႔ပန္းေတြအျပင္ လက္နက္ႀကီးနဲ႔က်ည္ဆံအေျမာက္အမ်ား သိမ္းဆည္းရမိတယ္လို႔ KNU ကရင္အမ်ိဳးသားအစည္းအ႐ုံးရဲ႕ႏိုင္ငံျခားေရးဌာန ေျပာေရးဆိုခြင့္ရွိသူ ဖဒိုေစာေတာနီးက အခုလိုေျပာပါတယ္။

“က်ေနာ္ၾကားသိရတာကေတာ့ စစ္သုံးပန႔္ကေတာ့ ၆ ေယာက္။ ရာထူးအႀကီး
ဆုံးကေတာ့ တပ္ၾကပ္ႀကီးပါပဲ။ တျခားကေတာ့ တပ္ၾကပ္ေလး ဒီေလာက္ပါပဲ။ စစ္လက္နက္ကေတာ့ အေတာ္မ်ားတယ္။ စာရင္းအရကေတာ့ ၈၈ မီလီမီတာ စိန္ေျပာင္းကတလက္။ ၆၆ မီလီမီတာစိန္ေျပာင္းက တလက္။ RPG က တလက္။ ၆၆ မမကြန္မန္ဒိုက တလက္။ MG 3 စက္လတ္က တလက္။ MA 2 က ၄ လက္။ MA3 က ၂ လက္။ MA 5 တို႔ 6 တို႔က ၂ လက္။ လက္နက္ႀကီးေတြကအဲဒါပဲ။ က်န္တာကေတာ့ RPG ဗုံးသီးေတြ၊ မိုင္းေတြေပါ့ေနာ္။”

အခု KNU က ျပန္လည္သိမ္းပိုက္လိုက္တဲ့ ေသ့ေဘာဘိုးစခန္းဆိုတာ ၁၉၈၈ ခုႏွစ္ အေရးေတာ္ပုံအၿပီး ထြက္လာၾကတဲ့ ေက်ာင္းသားအမ်ားအျပား အေျခခ်တဲ့ KNU ရဲ႕အထင္ကရ စခန္းတခုျဖစ္ၿပီး ၁၉၉၀ ခုႏွစ္ေလာက္မွာ KNU က လက္လႊတ္လိုက္ရၿပီးတဲ့ေနာက္ အခု ႏွစ္ ၃၀ ေက်ာ္အၾကာမွာ ျပန္လည္သိမ္းပိုက္ႏိုင္ခဲ့တာပါ။

ဒီစခန္းဟာ စစ္ေကာင္စီအတြက္ေကာ KNU အတြက္ပါ အေရးပါတဲ့ ဗ်ဴဟာက်တဲ့စခန္းျဖစ္ပါတယ္။ ဒီစခန္းကို ျပန္လည္ရယူႏိုင္ဖို႔ KNU ဘက္က တညနဲ႔ တေန႔ တိုက္ခိုက္ခဲ့သလို အခု စစ္ေကာင္စီဘက္ကလည္း
ေမလ ၁၈ ရက္ေန႔က ေလေၾကာင္းကေန ဗုံးႀကဲတိုက္ခိုက္မႈ အႀကိမ္ ၃၀ ေလာက္လုပ္ခဲ့တယ္လို႔လည္း ဖဒိုေစာေတာနီးကဆိုပါတယ္။

“အေရးပါပါတယ္။ နယ္စပ္တေၾကာမွာရွိတဲ့ စခန္းႀကီးေတြ ဗ်ဴဟာအရ အေရးႀကီးတဲ့စခန္းေတြပါ။ သူတို႔ကလည္း အဲဒီေနရာေတြ အထင္ကရ စခန္းေတြကို ထိုင္ထားတာ မ်ားတယ္။ စခန္းကိုရဖို႔ကေတာ့ ေမလ ၁၇ ရက္ေန႔ တညလုံး တိုက္ပြဲျဖစ္ေနတာ၊ ေမလ ၁၈ ရက္ေန႔တေန႔လုံး မြန္းလြဲပိုင္းမွာပဲ ၂ နာရီ ၃ နာရီေလာက္မွပဲ က်တာ။ အဲဒီမွာ ထူးျခားတာကေတာ့ တိုက္ေလယာဥ္ေကာ ရဟတ္ယာဥ္ေကာ ပစ္တဲ့အႀကိမ္က ၂၀ ကေန ၃၀ ေလာက္ထိရွိတယ္။ က်ေနာ္တို႔ဆီ သတင္းပို႔လာတာကေတာ့ ၂၈ ႀကိမ္လို႔ ဆိုပါတယ္။ ေလယာဥ္နဲ႔ ပစ္တဲ့ အႀကိမ္ေပါင္းေပါ့ေနာ္။”

မေန႔ကျဖစ္ခဲ့တဲ့ တိုက္ပြဲေတြေၾကာင့္ စစ္ေဘးေရွာင္ ၃၀၀ ေက်ာ္ထိုင္းဘက္ျခမ္းကို ထြက္ေျပးတိမ္းေရွာင္ခဲ့ရသလို ေသာင္ရင္းျမစ္အနီးကိုလည္း အနီးတဝိုက္ ေက်း႐ြာေတြက စစ္ေဘးဒုကၡသည္ေတြ ထြက္ေျပးလာၾကပါတယ္။

KNU တပ္မဟာ (၆) ထိန္းခ်ဳပ္ရာေဒသေတြမွာ တိုက္ပြဲေတြျပင္းထန္ေနတဲ့အတြက္ ေဒသခံေသာင္းနဲ႔ခ်ီၿပီး စစ္ေဘးဒုကၡသည္ေတြအျဖစ္ ထြက္ေျပးတိမ္းေရွာင္ေနရတာဟာ ၅ လေက်ာ္ၾကာၿပီျဖစ္ပါတယ္။

တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႔ ထိပ္သီးေခါင္းေဆာင္ေတြနဲ႔ သူကိုယ္တိုင္ ေတြ႕ဆုံလိုတယ္လို႔ စစ္ေကာင္စီအႀကီးအကဲ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ကမ္းလွမ္းခဲ့ေပမယ့္ KNU ကရင္အမ်ိဳးသားအစည္းအ႐ုံးကေတာ့ ဒီကမ္းလွမ္းခ်က္ကို ပယ္ခ်ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

=============

[[Unicode]]

သေ့ဘောဘိုး စစ်ကောင်စီစခန်းကနေ စစ်သုံ့ပန်း ၆ ဦးနဲ့ စစ်လက်နက်များ သိမ်းဆည်းရမိ


ကရင်ပြည်နယ် မြဝတီမြို့တောင်ပိုင်း စစ်ကောင်စီတပ်စွဲထားတဲ့ သေ့ဘောဘိုးစခန်းကို KNU ကရင်အမျိုးသားအစည်းအရုံးနဲ့ ပူးပေါင်းတပ်တွေက အခု မေလ ၁၈ ရက်နေ့မှာ သိမ်းယူခဲ့ပြီးတဲ့နောက် စစ်ကောင်စီဘက်က တပ်ကြပ်ကြီးအဆင့် တာဝန်ရှိသူအပါအဝင် စစ်သုံ့ပန်း ၆ ဦးကို ဖမ်းမိခဲ့သလို စစ်လက်နက်အမြောက်အများလည်း သိမ်းဆည်းရမိခဲ့တယ်လို့ဆိုပါတယ်။ စစ်ကောင်စီဘက်ကလည်း လေကြောင်းကနေ အကြိမ် ၃၀ လောက် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ ထိုင်းနယ်စပ်ကနေ ဗွီအိုအေ သတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ်။

ကရင်ပြည်နယ် မြဝတီမြို့ တောင်ဘက်က သေ့ဘောဘိုးနဲ့ ဘလယ်ဒိုကျေးရွာ အနီးမှာ စစ်ကောင်စီတပ်တွေနဲ့ KNLA ကရင်အမျိုးသားလွတ်မြောက်ရေးတပ်၊ KNDO ကရင်အမျိုးသားကာကွယ်ရေးတပ်၊ PDF ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-စတဲ့ ပူးပေါင်းတပ်တွေဟာ မေလ ၁၇ ရက်နေ့ညကတည်းက အပြင်းအထန် တိုက်ပွဲဖြစ်နေခဲ့တာပါ။ နှစ်ပေါင်း ၃၀ ကျော်ကြာ မြန်မာစစ်တပ်က ထိန်းချုပ် ထားတဲ့ သေ့ဘောဘိုစခန်းကို ပူးပေါင်းတပ်ဖွဲတွေဘက်က မေလ ၁၈ ရက်နေ့မှာ တိုက်ခိုက်သိမ်းယူခဲ့ကြပြီးတဲ့နောက် စစ်ကောင်စီဘက်က လေကြောင်းကနေ တုံ့ပြန် တိုက်ခိုက်ခဲ့ပါတယ်။ မေလ ၁၉ ရက်နေ့မှာလည်း မနက် ၂ နာရီကျော်ချိန်မျာ လေးကေ့ကော်ဘက်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။

မနေ့ကဖြစ်တဲ့ သေ့ဘောဘိုး စခန်းသိမ်းတိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက် က စစ်သုံ့ပန်းတွေအပြင် လက်နက်ကြီးနဲ့ကျည်ဆံအမြောက်အများ သိမ်းဆည်းရမိတယ်လို့ KNU ကရင်အမျိုးသားအစည်းအရုံးရဲ့နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ ဖဒိုစောတောနီးက အခုလိုပြောပါတယ်။

“ကျနော်ကြားသိရတာကတော့ စစ်သုံးပန့်ကတော့ ၆ ယောက်။ ရာထူးအကြီး
ဆုံးကတော့ တပ်ကြပ်ကြီးပါပဲ။ တခြားကတော့ တပ်ကြပ်လေး ဒီလောက်ပါပဲ။ စစ်လက်နက်ကတော့ အတော်များတယ်။ စာရင်းအရကတော့ ၈၈ မီလီမီတာ စိန်ပြောင်းကတလက်။ ၆၆ မီလီမီတာစိန်ပြောင်းက တလက်။ RPG က တလက်။ ၆၆ မမကွန်မန်ဒိုက တလက်။ MG 3 စက်လတ်က တလက်။ MA 2 က ၄ လက်။ MA3 က ၂ လက်။ MA 5 တို့ 6 တို့က ၂ လက်။ လက်နက်ကြီးတွေကအဲဒါပဲ။ ကျန်တာကတော့ RPG ဗုံးသီးတွေ၊ မိုင်းတွေပေါ့နော်။”

အခု KNU က ပြန်လည်သိမ်းပိုက်လိုက်တဲ့ သေ့ဘောဘိုးစခန်းဆိုတာ ၁၉၈၈ ခုနှစ် အရေးတော်ပုံအပြီး ထွက်လာကြတဲ့ ကျောင်းသားအများအပြား အခြေချတဲ့ KNU ရဲ့အထင်ကရ စခန်းတခုဖြစ်ပြီး ၁၉၉၀ ခုနှစ်လောက်မှာ KNU က လက်လွှတ်လိုက်ရပြီးတဲ့နောက် အခု နှစ် ၃၀ ကျော်အကြာမှာ ပြန်လည်သိမ်းပိုက်နိုင်ခဲ့တာပါ။

ဒီစခန်းဟာ စစ်ကောင်စီအတွက်ကော KNU အတွက်ပါ အရေးပါတဲ့ ဗျူဟာကျတဲ့စခန်းဖြစ်ပါတယ်။ ဒီစခန်းကို ပြန်လည်ရယူနိုင်ဖို့ KNU ဘက်က တညနဲ့ တနေ့ တိုက်ခိုက်ခဲ့သလို အခု စစ်ကောင်စီဘက်ကလည်း
မေလ ၁၈ ရက်နေ့က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု အကြိမ် ၃၀ လောက်လုပ်ခဲ့တယ်လို့လည်း ဖဒိုစောတောနီးကဆိုပါတယ်။

“အရေးပါပါတယ်။ နယ်စပ်တကြောမှာရှိတဲ့ စခန်းကြီးတွေ ဗျူဟာအရ အရေးကြီးတဲ့စခန်းတွေပါ။ သူတို့ကလည်း အဲဒီနေရာတွေ အထင်ကရ စခန်းတွေကို ထိုင်ထားတာ များတယ်။ စခန်းကိုရဖို့ကတော့ မေလ ၁၇ ရက်နေ့ တညလုံး တိုက်ပွဲဖြစ်နေတာ၊ မေလ ၁၈ ရက်နေ့တနေ့လုံး မွန်းလွဲပိုင်းမှာပဲ ၂ နာရီ ၃ နာရီလောက်မှပဲ ကျတာ။ အဲဒီမှာ ထူးခြားတာကတော့ တိုက်လေယာဉ်ကော ရဟတ်ယာဉ်ကော ပစ်တဲ့အကြိမ်က ၂၀ ကနေ ၃၀ လောက်ထိရှိတယ်။ ကျနော်တို့ဆီ သတင်းပို့လာတာကတော့ ၂၈ ကြိမ်လို့ ဆိုပါတယ်။ လေယာဉ်နဲ့ ပစ်တဲ့ အကြိမ်ပေါင်းပေါ့နော်။”

မနေ့ကဖြစ်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင် ၃၀၀ ကျော်ထိုင်းဘက်ခြမ်းကို ထွက်ပြေးတိမ်းရှောင်ခဲ့ရသလို သောင်ရင်းမြစ်အနီးကိုလည်း အနီးတဝိုက် ကျေးရွာတွေက စစ်ဘေးဒုက္ခသည်တွေ ထွက်ပြေးလာကြပါတယ်။

KNU တပ်မဟာ (၆) ထိန်းချုပ်ရာဒေသတွေမှာ တိုက်ပွဲတွေပြင်းထန်နေတဲ့အတွက် ဒေသခံသောင်းနဲ့ချီပြီး စစ်ဘေးဒုက္ခသည်တွေအဖြစ် ထွက်ပြေးတိမ်းရှောင်နေရတာဟာ ၅ လကျော်ကြာပြီဖြစ်ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်းဆောင်တွေနဲ့ သူကိုယ်တိုင် တွေ့ဆုံလိုတယ်လို့ စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ကမ်းလှမ်းခဲ့ပေမယ့် KNU ကရင်အမျိုးသားအစည်းအရုံးကတော့ ဒီကမ်းလှမ်းချက်ကို ပယ်ချထားပါတယ်။
=============

XS
SM
MD
LG