သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကရင္ျပည္နယ္ ျမဝတီလမ္းေၾကာမွာ တိုက္ပြဲမ်ားဆက္ျဖစ္


၂၀၂၂၊ ဧၿပီလတြင္း စစ္ေကာင္စီတပ္နဲ့ KNU တပ္မ်ားတိုက္ပဲြျဖစ္ေနပံု( KIC/CJ)

[[Zawgyi/Unicode]]


ကရင္အမ်ိဳးသားအစည္းအ႐ုံး KNU တပ္မဟာ ၆ ထိန္းခ်ဳပ္ရာ ျမဝတီခ႐ိုင္ထဲက သဃၤန္းညီေနာင္၊ ေကာ့ကရိတ္ၿမိဳ႕ ေတာင္ပိုင္းနဲ႔ ျမဝတီ-ေကာ့ကရိတ္ အာရွလမ္းမွာ ကရင္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္မေတာ္-KNLA ၊ ျပည္သူ႔ကာကြယ္ေရးတပ္ PDF ပူးေပါင္းတပ္ဖြဲ႕နဲ႔ စစ္ေကာင္စီတပ္အေတြၾကား ဧၿပီလ ၁၃ ရက္ေန႔မွာလည္း တိုက္ပြဲေတြဆက္ျဖစ္ေနၿပီး အာရွလမ္းမွာသြားေနတဲ့ ကားနဲ႔ဆိုင္ကယ္တခ်ိဳ႕ မီးရႈိ႕ဖ်က္ဆီးခံရပါတယ္။ မဟာၾသကၤန္ကာလမွာ စစ္ေကာင္စီက ကရင္ျပည္နယ္ ျမဝတီၿမိဳ႕ကို လမ္းေလွ်ာက္ၾသကၤန္လုပ္ၿပီး စည္ကားေအာင္စီစဥ္ခဲ့ေပမယ့္ လုံၿခဳံေရးေတြလည္းတင္းၾကပ္တာေၾကာင့္ ၾသကၤန္ေရကစားသူ သိပ္မရွိဘူးလို႔လည္း ဆိုပါတယ္။ ဒီသတင္းကို ဗြီအိုေအသတင္းေထာက္ မေအးေအးမာ သတင္းေပးပို႔ထားပါတယ္။

ကရင္အမ်ိဳးသားအစည္းအ႐ုံးထိန္းခ်ဳပ္ရာ KNU တပ္မဟာ ၆၊ ေလးေက့ေကာ္ေဒသ၊ သဃၤန္းညီေနာင္၊ ေကာ့ကရိတ္ေတာင္ပိုင္းနဲ႔ ျမဝတီ- ေကာ့ကရိတ္ အာရွလမ္းမွာ စစ္ေကာင္စီတပ္ေတြနဲ႔ KNU PDF ပူးေပါင္းတပ္ေတြၾကား တိုက္ပြဲေတြျဖစ္ေနတာပါ။ ဧၿပီလ ၁၃ ရက္ေန႔ မနက္ကစၿပီး အာရွလမ္း ဆိပ္ဖူးကုန္းနဲ႔ ေတာ္ေနာ္ေခ်ာင္းအနီးမွာ တိုက္ပြဲေတြျဖစ္ေနၿပီး အာရွလမ္းမွာသြားေနတဲ့ ကားေတြ၊ ဆိုင္ကယ္ေတြ မီးရႈိ႕ဖ်က္ဆီးခံရတယ္လို႔ ေဒသခံတဦးကေျပာပါတယ္။

၂၀၂၂၊ ဧျပီလ ၁၃ ရက္ေန့ကအာရွလမ္းမွာမီးရွို ့ခံရတဲ့ကားတစီး (CJ)
၂၀၂၂၊ ဧျပီလ ၁၃ ရက္ေန့ကအာရွလမ္းမွာမီးရွို ့ခံရတဲ့ကားတစီး (CJ)

“ကရင္ျပည္နယ္ ျမဝတီခ႐ိုင္အတြင္းက ျမဝတီ-ေကာ့ကရိတ္အာရွလမ္းမႀကီးမွာ။ အာရွလမ္းမွာပဲ။ ေတာင္ေပၚလမ္းမွာ ကားေတြမီးရႈိ႕ခံထိတယ္။ ကားတစီးနဲ႔ဆိုင္ကယ္ေတြပါ။”

အာရွလမ္းမွာ ကားေတြမီးရွိ႕ဖ်က္ဆီးခံရတာနဲ႔ပတ္သက္လို႔ ဘယ္သူေတြရဲ႕လက္ ခ်က္ဆိုတာ ရွင္းရွင္းလင္းလင္းမသိရေသးပါဘူး။ စစ္ေကာင္စီဘက္ကလည္း ထုတ္ျပန္တာမရွိေသးပါဘူး။

မေန႔တုန္းကေတာ့ စစ္ေကာင္စီရဲ႕ ခလရ ၃၅၅ တပ္ရင္းနားမွာ တိုက္ပြဲေတြျဖစ္သလို ညပိုင္းမွာေတာ့ ထီးမူထ႐ြာဘက္မွာ ေလေၾကာင္းက တိုက္ခိုက္တဲ့အတြက္ ေဒသခံတခ်ိဳ႕ ထိခိုက္ဒဏ္ရာရခဲ့ပါတယ္။ ဒီရက္ပိုင္းမွာပဲ စစ္ေကာင္စီတပ္ေတြနဲ႔ KNU ကရင္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္တို႔ တိုက္ပြဲေတြ ဆက္ျဖစ္ေနတာေကၾကာင့္ ျမဝတီခ႐ိုင္ထဲက ေလးေက့ေကာ္ အေျမႇာက္ကုန္း၊ ခလရ ၃၅၅ လက္နက္ႀကီးကုန္းကေန လက္နက္ႀကီးေတြ ပစ္ေနတာေတြလည္းရွိေနပါတယ္။ အခုလို တိုက္ပြဲေတြျပင္းထန္ေနေပမယ့္ သႀကၤန္ကာလမွာ စည္ကားေအာင္ လုံၿခဳံေရးေတြခ်ၿပီး က်င္းပေနတယ္လို႔လည္း ျမဝတီၿမိဳ႕ခံကေျပာျပပါတယ္။

၂၀၂၂၊ ဧၿပီလ ၁၃ ရက္၊ ကရင္ျပည္နယ္က ေရကစားမ႑ပ္ ( KIC/ CJ)
၂၀၂၂၊ ဧၿပီလ ၁၃ ရက္၊ ကရင္ျပည္နယ္က ေရကစားမ႑ပ္ ( KIC/ CJ)

“သူတို႔ လမ္းေလွ်ာက္ၾသကၤန္ဆိုေတာ့ ေဆး႐ုံအဝက စီတီးဟုမ္း ပန္းၿခံ စားေသာက္ဆိုင္ကို အဲဒီေနရာအထိလုပ္ထားတယ္။ လမ္းေလွ်ာက္ၾသကၤန္-တဲ့။ မနက္ကေတာ့ရွင္းေနတာပဲ။ ဒီၾသကၤန္မွာ မစည္းကားဘူး။ ေရကစားတာလည္းမရွိဘူး။ မနက္က ေကာင္ေလးတေယာက္၊ ေကာင္မေလးတေယာက္ ႏွစ္ေယာက္ေလာက္ပဲ ရွိတယ္။ ေဆး႐ုံမုဒ္ဝေရွ႕နဲ႔ ေဒၚသိန္းေဆးဆိုင္နားမွာ ရဲေတြလည္း ခ်ထားတယ္။ အထဲဝင္တဲ့သူေတြလည္း အကုန္စစ္တယ္။ ေဆး႐ုံသြားမယ့္သူေတြကိုလည္း ပိုက္ဆံအိတ္ေတြ အကုန္စစ္တယ္။”

ကရင္ျပည္နယ္ထဲက ေမာ္ခီးစစ္ေကာင္စီစခန္းကို ကရင္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္ဖြဲေတြက မတ္လ၂၁ ရက္ေန႔က သိမ္းယူတာရွိၿပီးေနာက္ စစ္ေကာင္စီဘက္ကလည္း ဧၿပီလအတြင္းမွာ တပ္အင္အားေတြ တိုးခ်ဲ႕ဝင္ေရာက္လာၿပီး တိုက္ပြဲေတြက ဆက္တိုက္ျဖစ္ေနပါတယ္။

#MyanmarViolence #KarenFighting #VOABurmese #ကရင္သႀကၤန္ #ျမဝတီသႀကၤန္ #ျမဝတီ-ေကာ့ကရိတ္ #အာရွလမ္း #ဗီြအိုေအ
===============

[[Unicode]]

ကရင်ပြည်နယ် မြဝတီလမ်းကြောမှာ တိုက်ပွဲများဆက်ဖြစ်


ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၆ ထိန်းချုပ်ရာ မြဝတီခရိုင်ထဲက သင်္ဃန်းညီနောင်၊ ကော့ကရိတ်မြို့ တောင်ပိုင်းနဲ့ မြဝတီ-ကော့ကရိတ် အာရှလမ်းမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ၊ ပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်အတွေကြား ဧပြီလ ၁၃ ရက်နေ့မှာလည်း တိုက်ပွဲတွေဆက်ဖြစ်နေပြီး အာရှလမ်းမှာသွားနေတဲ့ ကားနဲ့ဆိုင်ကယ်တချို့ မီးရှို့ဖျက်ဆီးခံရပါတယ်။ မဟာသြင်္ကန်ကာလမှာ စစ်ကောင်စီက ကရင်ပြည်နယ် မြဝတီမြို့ကို လမ်းလျှောက်သြင်္ကန်လုပ်ပြီး စည်ကားအောင်စီစဉ်ခဲ့ပေမယ့် လုံခြုံရေးတွေလည်းတင်းကြပ်တာကြောင့် သြင်္ကန်ရေကစားသူ သိပ်မရှိဘူးလို့လည်း ဆိုပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ်။

ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ်ရာ KNU တပ်မဟာ ၆၊ လေးကေ့ကော်ဒေသ၊ သင်္ဃန်းညီနောင်၊ ကော့ကရိတ်တောင်ပိုင်းနဲ့ မြဝတီ- ကော့ကရိတ် အာရှလမ်းမှာ စစ်ကောင်စီတပ်တွေနဲ့ KNU PDF ပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေဖြစ်နေတာပါ။ ဧပြီလ ၁၃ ရက်နေ့ မနက်ကစပြီး အာရှလမ်း ဆိပ်ဖူးကုန်းနဲ့ တော်နော်ချောင်းအနီးမှာ တိုက်ပွဲတွေဖြစ်နေပြီး အာရှလမ်းမှာသွားနေတဲ့ ကားတွေ၊ ဆိုင်ကယ်တွေ မီးရှို့ဖျက်ဆီးခံရတယ်လို့ ဒေသခံတဦးကပြောပါတယ်။

“ကရင်ပြည်နယ် မြဝတီခရိုင်အတွင်းက မြဝတီ-ကော့ကရိတ်အာရှလမ်းမကြီးမှာ။ အာရှလမ်းမှာပဲ။ တောင်ပေါ်လမ်းမှာ ကားတွေမီးရှို့ခံထိတယ်။ ကားတစီးနဲ့ဆိုင်ကယ်တွေပါ။”

အာရှလမ်းမှာ ကားတွေမီးရှိ့ဖျက်ဆီးခံရတာနဲ့ပတ်သက်လို့ ဘယ်သူတွေရဲ့လက် ချက်ဆိုတာ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။ စစ်ကောင်စီဘက်ကလည်း ထုတ်ပြန်တာမရှိသေးပါဘူး။

မနေ့တုန်းကတော့ စစ်ကောင်စီရဲ့ ခလရ ၃၅၅ တပ်ရင်းနားမှာ တိုက်ပွဲတွေဖြစ်သလို ညပိုင်းမှာတော့ ထီးမူထရွာဘက်မှာ လေကြောင်းက တိုက်ခိုက်တဲ့အတွက် ဒေသခံတချို့ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ဒီရက်ပိုင်းမှာပဲ စစ်ကောင်စီတပ်တွေနဲ့ KNU ကရင်အမျိုးသားလွတ်မြောက်ရေးတပ်တို့ တိုက်ပွဲတွေ ဆက်ဖြစ်နေတာကေကြာင့် မြဝတီခရိုင်ထဲက လေးကေ့ကော် အမြှောက်ကုန်း၊ ခလရ ၃၅၅ လက်နက်ကြီးကုန်းကနေ လက်နက်ကြီးတွေ ပစ်နေတာတွေလည်းရှိနေပါတယ်။ အခုလို တိုက်ပွဲတွေပြင်းထန်နေပေမယ့် သြင်္ကန်ကာလမှာ စည်ကားအောင် လုံခြုံရေးတွေချပြီး ကျင်းပနေတယ်လို့လည်း မြဝတီမြို့ခံကပြောပြပါတယ်။

“သူတို့ လမ်းလျှောက်သြင်္ကန်ဆိုတော့ ဆေးရုံအဝက စီတီးဟုမ်း ပန်းခြံ စားသောက်ဆိုင်ကို အဲဒီနေရာအထိလုပ်ထားတယ်။ လမ်းလျှောက်သြင်္ကန်-တဲ့။ မနက်ကတော့ရှင်းနေတာပဲ။ ဒီသြင်္ကန်မှာ မစည်းကားဘူး။ ရေကစားတာလည်းမရှိဘူး။ မနက်က ကောင်လေးတယောက်၊ ကောင်မလေးတယောက် နှစ်ယောက်လောက်ပဲ ရှိတယ်။ ဆေးရုံမုဒ်ဝရှေ့နဲ့ ဒေါ်သိန်းဆေးဆိုင်နားမှာ ရဲတွေလည်း ချထားတယ်။ အထဲဝင်တဲ့သူတွေလည်း အကုန်စစ်တယ်။ ဆေးရုံသွားမယ့်သူတွေကိုလည်း ပိုက်ဆံအိတ်တွေ အကုန်စစ်တယ်။”

ကရင်ပြည်နယ်ထဲက မော်ခီးစစ်ကောင်စီစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲတွေက မတ်လ၂၁ ရက်နေ့က သိမ်းယူတာရှိပြီးနောက် စစ်ကောင်စီဘက်ကလည်း ဧပြီလအတွင်းမှာ တပ်အင်အားတွေ တိုးချဲ့ဝင်ရောက်လာပြီး တိုက်ပွဲတွေက ဆက်တိုက်ဖြစ်နေပါတယ်။

#MyanmarViolence #KarenFighting #VOABurmese #ကရင်သြင်္ကန် #မြဝတီသြင်္ကန် #မြဝတီ-ကော့ကရိတ် #အာရှလမ်း #ဗွီအိုအေ
===============

XS
SM
MD
LG