သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမဝတီခ႐ိုင္အတြင္း စစ္ေကာင္စီက သုံးရက္ဆက္တိုက္ ေလေၾကာင္းတိုက္ခိုက္


ျမဝတီခ႐ိုင္၊ ဝါးေလေဒသတြင္း စစ္ေကာင္စီရဲ႕ ဥကရစ္ထစစ္ေရးေျခကုပ္စခန္းတခုကို ပူးေပါင္းတပ္ဖြဲ႔ေတြက စခမ္းသိမ္းတိုက္ပြဲဆင္ႏြဲတဲ့ေနရာ။ (ဇြန္ ၂၈၊ ၂၀၂၂/ဓာတ္ပံု ထိုင္းလူမႈကယ္ဆယ္ေရးအဖြဲ႔)

{{Zawgyi/Unicode}}

ကရင္ျပည္နယ္ ျမဝတီခ႐ိုင္ ဝါးေလေဒသက စစ္ေကာင္စီရဲ႕ဥကရစ္ထ စစ္ဆင္ေရးေျခကုပ္စခန္းတခုကို ကရင္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္ KNLA၊ ကရင္အမ်ိဳးသားကာကြယ္ေရးတပ္ KNDO၊ ျပည့္သူကာကြယ္ေရးတပ္ PDF စတဲ့ပူးေပါင္းတပ္ဖြဲ႕ေတြက ဇြန္လ၂၆ ရက္ေန႔က စခန္းသိမ္းတိုက္ခိုက္ခဲ့တာေၾကာင့္ ႏွစ္ဘက္ စစ္ေရးတင္းမာေနပါတယ္။ စစ္ေကာင္စီဘက္ကေန ဇြန္လ၂၆ ရက္ေန႔ကစၿပီး ၃ ရက္ဆက္တိုက္ေလေၾကာင္းကေန တိုက္ခိုက္ခဲ့တာေၾကာင့္ စစ္ေဘးေရွာင္ေတြ ထိုင္းဘက္ျခမ္းကို ရာနဲ႔ခ်ီၿပီးထြက္ေျပးလာၾကပါတယ္။ ထိုင္းအေျခစိုက္ ဗြီအိုေအသတင္းေထာက္မေအးေအးမာကသတင္းေပးပို႔ထားပါတယ္။

ကရင္ျပည္နယ္ ျမဝတီခ႐ိုင္ ဝါးေလေဒသက စစ္ေကာင္စီရဲ႕ဥကရစ္ထ စစ္ဆင္ေရးေျခကုပ္စခန္းတခုကို ကရင္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္ KNLA၊ ကရင္အမ်ိဳးသားကာကြယ္ေရးတပ္ KNDO၊ ျပည့္သူကာကြယ္ေရးတပ္ PDF စတဲ့ပူးေပါင္းတပ္ဖြဲ႕ေတြက ဇြန္လ၂၆ ရက္ေန႔က စခန္းသိမ္းတိုက္ခိုက္ခဲ့တာေၾကာင့္ ႏွစ္ဘက္ ထိခိုက္ေသဆုံးမႈေတြရွိသလို အရပ္သားျပည္သူေတြလည္း ထိခိုက္မႈေတြရွိပါတယ္။ ဇြန္လ ၂၆ ရက္ေန႔ကစၿပီး ႏွစ္ဘက္တိုက္ပြဲေတြျပင္းထန္ေနသလို စစ္ေကာင္စီဘက္ကလည္း ေလေၾကာင္းကေန တိုက္ခိုက္ေနတာေၾကာင့္ေဒသခံေက်း႐ြာသားေတြဟာ ဗုံးခိုက်င္းေတြထဲမွာေနရသလို႔ ရာနဲ႔ခ်ီရွိတဲ့ေဒသခံေတြဟာထိုင္းဘက္ကို ထြက္ေျပးလာၾကတယ္လို႔ စစ္ေဘးေရွာင္ေတြကို အကူညီေပးေနသူတဦးကေျပာပါတယ္။

“အခုျဖစ္တဲ့ တိုက္ပြဲကေတာ့ ဥကရစ္ထမွာျဖစ္တာေပါ့။ ဥကရစ္ထတို႔၊ စုကလိဘက္မွာတိုက္ပြဲျဖစ္ေတာ့ စစ္ေရွာင္ေတြရွိတယ္။ စစ္ေရွာင္ေတြက ထိုင္းဘက္ကမ္းကိုဒီေန႔ပဲေရာက္လာတယ္။ စုစုေပါင္းအိမ္ေထာင္စုေပါင္း ၁၄၀ ရွိတယ္။ လူဦးေရကေတာ့ ၈၄၁ ေယာက္ရွိတယ္။ ထိုင္းဘက္ကမ္းမွာ ေနရာ ၃ စုေလာက္ခြဲေနတယ္။ သူတို႔ေတြကို တေနရာ တစုတည္းမွာမေနခိုင္းဘူး။ ဟိုေနရာတစု ဒီေနရာတစုပဲေနခိုင္းတယ္။”

ဇြန္လ ၂၈ ရက္ေန႔ကလည္း ေလေၾကာင္းကေနပစ္ခတ္မႈေတြရွိတယ္လို႔ ေဒသခံတဦးကအခုလိုေျပာပါတယ္။

“လာထပ္ပစ္တယ္။ လာထပ္ပစ္တယ္ ဒီေန႔မွာ ႏွစ္ေခါက္ရွိၿပီ။ အခုပစ္ေနတယ္။ ေလယာဥ္ပ်ံနဲ႔ပစ္ေနတယ္။”

ဥကရစ္ထစခန္းနဲ႔အနီးတဝိုက္က ေဒသခံေက်း႐ြာသားေတြထဲက သက္ႀကီး႐ြယ္ အိုေတြ၊ ကေလးသူငယ္ရွိသူေတြဟာ အေဝးကိုမေျပးႏိုင္တာေၾကာင့္ ဗုံးခိုက်င္းေတြထဲ ပုန္းေအာင္းေနရသူေတြရွိသလို တိုက္ပြဲေတြျပင္းထန္ေနတဲ့အတြက္ ႐ြာေတြထဲမွာ ပိတ္မိေနသူေတြ ရွိေနတယ္လို႔လည္း စစ္ေဘးေရွာင္ေတြကို အကူညီေပးေနသူကဆိုပါတယ္။

“အခုက ႐ြာသားေတြကိုတန္ဆာခံလုပ္ထားတယ္လို႔သိရတယ္။ အဲဒီေနရာက တဘက္ပိတ္ျဖစ္ေနတယ္။ သူတို႔( စစ္ေကာင္စီတပ္)လည္းထြက္မရေတာ့ ႐ြာသားေတြကို တန္ဆာခံလုပ္ထားတယ္လို႔သိရတယ္။”

ျမန္မာဘက္မွာတိုက္ပြဲေတြျဖစ္တဲ့အတြက္ ထိုင္းဘက္ျခမ္းကိုလက္နက္ႀကီးက်ည္ဆံေတြ က်ေရာက္တာေၾကာင့္ ထိုင္းစစ္တပ္ဘက္ကလည္း နယ္စပ္မွာ လုံၿခဳံေရးတိုးၿပီးခ်ထားပါတယ္။ ဒါ့အျပင္ ျမန္မာဘက္ကေန ထိခိုက္ဒဏ္ရာရတဲ့ ေဒသခံေတြကလည္း ထိုင္းဘက္ကို ဝင္ေရာက္လာေနတဲ့အတြက္ ထိုင္း လူမႈကယ္ဆယ္ေရးအဖြဲ႕ေတြက ေဆး႐ုံေဆးခန္းေတြကိုပု႔ိေဆာင္ေပးေနၿပီး ထိုင္းျမန္မာနယ္စပ္မွာ ဒုကၡသည္ေတြကို ကူညီကယ္ဆယ္ေပးေနပါတယ္။

ကရင္ျပည္နယ္ ျမဝတီခ႐ိုင္နဲ႔ေကာ့ကရိတ္ၿမိဳ႕နယ္ထဲမွာ ၿပီးခဲ့တဲ့ႏွစ္ ဒီဇင္ဘာလက စၿပီး တိုက္ပြဲေတြျဖစ္ေနတာေၾကာင့္ အခုလိုပဲ ထိုင္းဘက္ကို ထြက္ေျပးတိမ္းေရွာင္လာရတာေတြလည္းရွိခဲ့ပါတယ္။

ႏွစ္ဘက္တိုက္ပြဲေတြေၾကာင့္ ေဒသခံေက်း႐ြာေတြက ျပည္သူေတြဟာ စစ္ေဘးေရွာင္ေတြအျဖစ္ေသာင္ရင္းျမစ္အနီးတဝိုက္နဲ႔ေတာေတာင္ေတြထဲမွာပုန္းေအာင္းေနထိုင္ရတာ ၆ လေက်ာ္ၾကာၿပီျဖစ္ပါတယ္။ အခုဆိုရင္ ေကအန္ယူ ထိန္းခ်ဳပ္ရာတပ္မဟာ (၆) နယ္ေျမထဲမွာပဲ စစ္ေဘးေရွာင္ဒုကၡသည္ ၃ ေသာင္းထက္မနည္းွရွိေနပါတယ္။ အခုလို စစ္ေကာင္စီတပ္ေတြနဲ႔ ကရင္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္ တို႔တိုက္ပြဲေတြက ဆက္ျဖစ္ေနတာေၾကာင့္ ေဒသခံေက်း႐ြာေတြအေပၚကိုလက္နက္ႀကီးက်ည္ဆံေတြက်ေရာက္တာေတြရွိသလို စစ္ေကာင္စီဘက္က ေလေၾကာင္းကေန တိုက္ခိုက္ေနတဲ့အတတြက္ ေဒသခံေတြရဲ႕အိမ္ယာေတြ မီးေလာင္ပ်က္စီးရသလို အိုးအိမ္မဲ့ဒုကၡသည္အေရအတြက္လည္း ေန႔စဥ္တိုးလာေနပါတယ္ရွင္။

တိုက္႐ိုက္ လင့္ခ္

===========

{{Unicode}}

မြဝတီခရိုင်အတွင်း စစ်ကောင်စီက သုံးရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်

ကရင်ပြည်နယ် မြဝတီခရိုင် ဝါးလေဒေသက စစ်ကောင်စီရဲ့ဥကရစ်ထ စစ်ဆင်ရေးခြေကုပ်စခန်းတခုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ် KNLA၊ ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO၊ ပြည့်သူကာကွယ်ရေးတပ် PDF စတဲ့ပူးပေါင်းတပ်ဖွဲ့တွေက ဇွန်လ၂၆ ရက်နေ့က စခန်းသိမ်းတိုက်ခိုက်ခဲ့တာကြောင့် နှစ်ဘက် စစ်ရေးတင်းမာနေပါတယ်။ စစ်ကောင်စီဘက်ကနေ ဇွန်လ၂၆ ရက်နေ့ကစပြီး ၃ ရက်ဆက်တိုက်လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် စစ်ဘေးရှောင်တွေ ထိုင်းဘက်ခြမ်းကို ရာနဲ့ချီပြီးထွက်ပြေးလာကြပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက်မအေးအေးမာကသတင်းပေးပို့ထားပါတယ်။

ကရင်ပြည်နယ် မြဝတီခရိုင် ဝါးလေဒေသက စစ်ကောင်စီရဲ့ဥကရစ်ထ စစ်ဆင်ရေးခြေကုပ်စခန်းတခုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ် KNLA၊ ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO၊ ပြည့်သူကာကွယ်ရေးတပ် PDF စတဲ့ပူးပေါင်းတပ်ဖွဲ့တွေက ဇွန်လ၂၆ ရက်နေ့က စခန်းသိမ်းတိုက်ခိုက်ခဲ့တာကြောင့် နှစ်ဘက် ထိခိုက်သေဆုံးမှုတွေရှိသလို အရပ်သားပြည်သူတွေလည်း ထိခိုက်မှုတွေရှိပါတယ်။ ဇွန်လ ၂၆ ရက်နေ့ကစပြီး နှစ်ဘက်တိုက်ပွဲတွေပြင်းထန်နေသလို စစ်ကောင်စီဘက်ကလည်း လေကြောင်းကနေ တိုက်ခိုက်နေတာကြောင့်ဒေသခံကျေးရွာသားတွေဟာ ဗုံးခိုကျင်းတွေထဲမှာနေရသလို့ ရာနဲ့ချီရှိတဲ့ဒေသခံတွေဟာထိုင်းဘက်ကို ထွက်ပြေးလာကြတယ်လို့ စစ်ဘေးရှောင်တွေကို အကူညီပေးနေသူတဦးကပြောပါတယ်။

“အခုဖြစ်တဲ့ တိုက်ပွဲကတော့ ဥကရစ်ထမှာဖြစ်တာပေါ့။ ဥကရစ်ထတို့၊ စုကလိဘက်မှာတိုက်ပွဲဖြစ်တော့ စစ်ရှောင်တွေရှိတယ်။ စစ်ရှောင်တွေက ထိုင်းဘက်ကမ်းကိုဒီနေ့ပဲရောက်လာတယ်။ စုစုပေါင်းအိမ်ထောင်စုပေါင်း ၁၄၀ ရှိတယ်။ လူဦးရေကတော့ ၈၄၁ ယောက်ရှိတယ်။ ထိုင်းဘက်ကမ်းမှာ နေရာ ၃ စုလောက်ခွဲနေတယ်။ သူတို့တွေကို တနေရာ တစုတည်းမှာမနေခိုင်းဘူး။ ဟိုနေရာတစု ဒီနေရာတစုပဲနေခိုင်းတယ်။”

ဇွန်လ ၂၈ ရက်နေ့ကလည်း လေကြောင်းကနေပစ်ခတ်မှုတွေရှိတယ်လို့ ဒေသခံတဦးကအခုလိုပြောပါတယ်။

“လာထပ်ပစ်တယ်။ လာထပ်ပစ်တယ် ဒီနေ့မှာ နှစ်ခေါက်ရှိပြီ။ အခုပစ်နေတယ်။ လေယာဉ်ပျံနဲ့ပစ်နေတယ်။”

ဥကရစ်ထစခန်းနဲ့အနီးတဝိုက်က ဒေသခံကျေးရွာသားတွေထဲက သက်ကြီးရွယ် အိုတွေ၊ ကလေးသူငယ်ရှိသူတွေဟာ အဝေးကိုမပြေးနိုင်တာကြောင့် ဗုံးခိုကျင်းတွေထဲ ပုန်းအောင်းနေရသူတွေရှိသလို တိုက်ပွဲတွေပြင်းထန်နေတဲ့အတွက် ရွာတွေထဲမှာ ပိတ်မိနေသူတွေ ရှိနေတယ်လို့လည်း စစ်ဘေးရှောင်တွေကို အကူညီပေးနေသူကဆိုပါတယ်။

“အခုက ရွာသားတွေကိုတန်ဆာခံလုပ်ထားတယ်လို့သိရတယ်။ အဲဒီနေရာက တဘက်ပိတ်ဖြစ်နေတယ်။ သူတို့( စစ်ကောင်စီတပ်)လည်းထွက်မရတော့ ရွာသားတွေကို တန်ဆာခံလုပ်ထားတယ်လို့သိရတယ်။”

မြန်မာဘက်မှာတိုက်ပွဲတွေဖြစ်တဲ့အတွက် ထိုင်းဘက်ခြမ်းကိုလက်နက်ကြီးကျည်ဆံတွေ ကျရောက်တာကြောင့် ထိုင်းစစ်တပ်ဘက်ကလည်း နယ်စပ်မှာ လုံခြုံရေးတိုးပြီးချထားပါတယ်။ ဒါ့အပြင် မြန်မာဘက်ကနေ ထိခိုက်ဒဏ်ရာရတဲ့ ဒေသခံတွေကလည်း ထိုင်းဘက်ကို ဝင်ရောက်လာနေတဲ့အတွက် ထိုင်း လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ဆေးရုံဆေးခန်းတွေကိုပု့ိဆောင်ပေးနေပြီး ထိုင်းမြန်မာနယ်စပ်မှာ ဒုက္ခသည်တွေကို ကူညီကယ်ဆယ်ပေးနေပါတယ်။

ကရင်ပြည်နယ် မြဝတီခရိုင်နဲ့ကော့ကရိတ်မြို့နယ်ထဲမှာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက စပြီး တိုက်ပွဲတွေဖြစ်နေတာကြောင့် အခုလိုပဲ ထိုင်းဘက်ကို ထွက်ပြေးတိမ်းရှောင်လာရတာတွေလည်းရှိခဲ့ပါတယ်။

နှစ်ဘက်တိုက်ပွဲတွေကြောင့် ဒေသခံကျေးရွာတွေက ပြည်သူတွေဟာ စစ်ဘေးရှောင်တွေအဖြစ်သောင်ရင်းမြစ်အနီးတဝိုက်နဲ့တောတောင်တွေထဲမှာပုန်းအောင်းနေထိုင်ရတာ ၆ လကျော်ကြာပြီဖြစ်ပါတယ်။ အခုဆိုရင် ကေအန်ယူ ထိန်းချုပ်ရာတပ်မဟာ (၆) နယ်မြေထဲမှာပဲ စစ်ဘေးရှောင်ဒုက္ခသည် ၃ သောင်းထက်မနည်းှရှိနေပါတယ်။ အခုလို စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် တို့တိုက်ပွဲတွေက ဆက်ဖြစ်နေတာကြောင့် ဒေသခံကျေးရွာတွေအပေါ်ကိုလက်နက်ကြီးကျည်ဆံတွေကျရောက်တာတွေရှိသလို စစ်ကောင်စီဘက်က လေကြောင်းကနေ တိုက်ခိုက်နေတဲ့အတတွက် ဒေသခံတွေရဲ့အိမ်ယာတွေ မီးလောင်ပျက်စီးရသလို အိုးအိမ်မဲ့ဒုက္ခသည်အရေအတွက်လည်း နေ့စဉ်တိုးလာနေပါတယ်ရှင်။

XS
SM
MD
LG