သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကရင္ျပည္နယ္ ျမဝတီ အေဝးေျပးလမ္းေပၚ ကား ၄ စီး ပစ္ခတ္မီးရႈိ႕ခံရ


ျမဝတီ-ေကာ့ကရိတ္ အာရွလမ္းမႀကီးေပၚမွာ ၾကက္သြန္တင္ကုန္ကားနဲ႔ အိမ္စီးကားတခ်ဳိ႕ မတ္လ ၂၈၊ ၂၉ ရက္ေတြမွာ ပစ္ခတ္မီး႐ိႈ႕ခံရတဲ့ျမင္ကြင္း။ (Photo : တပ္မေတာ္သတင္းမွန္ျပန္ၾကားေရး)

[[Zawgyi/Unicode]]


ကရင္ျပည္နယ္ ေကာ့ကရိတ္ၿမိဳ႕နယ္အတြင္းမွာရွိတဲ့ ေကာ့ကရိတ္-ျမဝတီ အာရွလမ္းမႀကီးနဲ႔ ျမဝတီ-ေဝၚေလ လမ္းမႀကီးေတြကို KNU ကို တိုက္ခိုက္ေနတဲ့ စစ္ေကာင္စီက ေထာက္ပံ့ေရးလမ္းေၾကာင္းအျဖစ္အသုံးျပဳေနတာေၾကာင့္ဆိုၿပီး ျပည္သူေတြ ခရီးသြားလာတာ၊ ကူသန္းေရာင္းဝယ္တာ၊ ယာဥ္ျဖတ္သန္းသြာလာတာကို မတ္လ ၂၇ ရက္ေန႔ကစၿပီး ယာယီရပ္ဆိုင္းထားဖို႔ KNU တပ္မဟာ (၆) နဲ႔ ပူးေပါင္းအဖြဲ႕ေတြက သတိေပးခဲ့ပါတယ္။ မတ္လ ၂၉ ရက္ေန႔မွာေတာ့ ကုန္ကားေတြ၊ အိမ္စီးကားေတြအပါအဝင္ ကား ၄ စီး ပစ္ခတ္မီးရႈိ႕ခံခဲ့ရပါတယ္။ ဒီသတင္းကို ဗြီအိုေအသတင္းေထာက္ မေအးေအးမာက သတင္းေပးပို႔ထားပါတယ္။

ကရင္ျပည္နယ္ ေကာ့ကရိတ္ၿမိဳ႕နယ္အတြင္းမွာရွိတဲ့ ေကာ့ကရိတ္-ျမဝတီလမ္းမႀကီးနဲ႔ ျမဝတီ-ေဝၚေလ လမ္းမႀကီးေတြကို မတ္လ ၂၇ ရက္ကစၿပီး အသုံးျပဳသြားလာျခင္း မျပဳပါနဲ႔လို႔ KNU တပ္မဟာ (၆) နဲ႔ ပူးေပါင္းအဖြဲ႕ေတြက သတိေပးခဲ့တာပါ။ မတ္မတ္လ ၂၈ ရက္မွာ ျမဝတီ-ေကာ့ကရိတ္အာရွလမ္းေပၚက ေဘလီတံတားအနီးမွာ အိမ္စီးကားတစီး အပစ္ခံရၿပီး လူတဦးေသဆုံးခဲ့ပါတယ္။ မတ္လ ၂၉ ရက္ေန႔မွာေတာ့ ကုန္ကားေတြ၊ အိမ္စီးကားေတြအပါအဝင္ ကား ၄ စီး ပစ္ခတ္ မီးရႈိ႕ခံရတယ္လို႔ ကရင္အမ်ိဳးသားမီဒီယာက မန္းမ်ိဳးျမင့္ကေျပာျပပါတယ္။

“ကား ၄ စီး မီးရႈိ႕ခံရတယ္။ ဘယ္အဖြဲ႕အစည္းက လုပ္တယ္ဆိုတာေတာ့မသိရဘူး။ ျဖစ္စဥ္က ျဖစ္ခဲ့တယ္၊ အမွန္ပဲ။ အဲဒီ ေကာ့ကရိတ္မွာျဖစ္တယ္။ အာရွလမ္းမမွာဆိုေပမယ့္ ေကာ့ကရိတ္ဘက္ျခမ္းမွာျဖစ္တယ္။ ျမဝတီ-ေကာ့ကရိတ္လမ္းက တတန္ကူးဆိုတဲ့ေနရာအနီးမွာျဖစ္တာ။ တတန္ကူးဆိုတာက ေတာေနာ္ေရတံခြန္နဲ႔ အနီးတဝိုက္မွာပါ။ အိမ္စီးကား ၂ စီးပါတယ္။ ၾကက္သြန္နီကားတစီးလည္းပါတယ္။ ကားေအာက္မွာ ၾကက္သြန္နီေတြျပန႔္က်ဲေနတယ္။”

ဒီတိုက္ခိုက္မႈေတြက ဘယ္သူ႔လက္ခ်က္လဲဆိုတာ ခုခ်ိန္မွာ ရွင္းရွင္း မသိရေသးပါဘူး။

ေကာ့ကရိတ္-ျမဝတီ လမ္းမႀကီးနဲ႔ ျမဝတီ-ေဝၚေလ လမ္းမႀကီးေတြကို မသြားလာဖို႔ ေကအန္ယူဘက္က စာထုတ္ ထားတာရွိသလို စစ္ေကာင္စီဘက္ကလည္း အဲဒီေနရာေတြဘက္မွာ တပ္စြဲေနရာယူထားတာ ရွိေနတာပါ။အဲဒီေနရာအနီးမွာ ကရင္လက္နက္ကိုင္ေတြေကာ စစ္တပ္ေကာရွိေနတာေၾကာင့္ ဘယ္အဖြဲ႕အစည္းရဲ႕ လက္ခ်က္ဆိုတာ မသိႏိုင္ဘူးလို႔ မန္းမ်ိဳးျမင့္က ေျပာပါတယ္။

“ဘယ္သူ႔လက္ခ်က္မွန္းမသိဘူး။ အဲဒီမွာ KNU လည္းရွိတယ္၊ BGF လည္းရွိတယ္။ ျမန္မာစစ္တပ္လည္းရွိတယ္။ အဲဒီေနရာမွာက..။”

ျမဝတီ-ေကာ့ကရိတ္ လမ္းမႀကီးနဲ႔ ျမဝတီ-ေဝၚေလ လမ္းမႀကီးေတြမွာ ကုန္ေတြေကာ လူေတြပါ အသြားအလာမလုပ္ဖို႔ မတ္လ၂၆ ရက္ေန႔က ေကအန္ယူဘက္က သတိေပးစာထုတ္ထားတာရွိတဲ့အတြက္ အခုျဖစ္စဥ္နဲ႔ပတ္ သက္လို႔ ေကအန္ယူကို ဆက္သြယ္ေမးျမန္းဖို႔ႀကိဳးစားခဲ့ေပမယ့္ ဆက္သြယ္လို႔မရခဲ့ပါဘူူ။ စစ္ေကာင္စီဘက္ ကေတာ့ မတ္လ ၃၀ ရက္ေန႔စြဲနဲ႔သတင္းထုတ္ျပန္ရာမွာ မတ္လ ၂၉ ရက္ေန႔ ေန႔လယ္ ၁ နာရီေလာက္မွာ အိမ္စီးကား ၂ စီးနဲ႔ ၾကက္သြန္နဲ႔သံတိုသံစတင္လာတဲ့ ၁၂ ဘီးကုန္ကား၂ စီးကို KKO ခြဲထြက္အဖြဲ႕နဲ႔ PDF ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ေတြက မီးရႈိ႕ဖ်က္စီးခဲ့တယ္လို႔ သတင္းထုတ္ျပန္ခဲ့ပါတယ္။

စစ္ေကာင္စီဘက္က ေျပာခြင္ံ့ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းကေတာ့ အခု လိုေျပာသြားပါတယ္။

“ေကာ့ကရိတ္-ျမဝတီသြားကားလမ္းမွာ ၁၂ ဘီး ေမာ္ေတာ္ယာဥ္ႏွစ္စီးနဲ႔ အိမ္စီးေမာ္ေတာ္ယာဥ္ ႏွစ္စီးကို KKO ခဲြထြက္အဖဲြနဲ့ PDF အဖဲြ႔က မီး႐ိႈ႕ဖ်က္စီးခဲ့တာျဖစ္တယ္။ အဓိက KKO ခဲြထြက္အဖဲြ႔က ဒီႏွစ္ ႏွစ္ဆန္းပိုင္းတုန္းကလည္း ေႏွာက္ယွက္ဖ်က္ဆီးခဲ့တာရွိတယ္။”

တိုးတက္ေသာ ဗုဒၶဘာသာကရင္အမ်ိဳးသားတပ္မေတာ္ DKBA (KKO ) ခြဲထြက္အဖြဲ႕ကေတာ့ သူတို႔ လက္ခ်က္ မဟုတ္ေၾကာင္း ျငင္းဆိုပါတယ္။

မတ္လ ၁၂ ရက္ေန႔တုန္းကလည္း ျမဝတီ-ေကာကရိတ္ အာရွလမ္းမွာ ကုန္ကားေတြ မီးရႈိ႕ဖ်က္စီးခံရသလို မတ္လ ၂၇ ရက္ေန႔တုန္းကေတာ့ ကရင္ျပည္နယ္ ျမဝတီ-ေကာ့ကရိတ္ အာရွလမ္း ေတာေနာ္ေရတံခြန္အနီးမွာ ကုန္တင္ယာဥ္ ၂ စီးမီးရႈိ႕ခံရပါတယ္။ မတ္လ ၂၉ ရက္ေန႔ကေတာ့ ျမဝတီ အာရွလမ္းမႀကီးေပၚမွာ စစ္ေကာင္စီတပ္ေတြနဲ႔ ကရင္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္ေတြ ႏွစ္ဘက္တိုက္ပြဲေတြ ျပင္းထန္ခဲ့ၿပီး လက္နက္ႀကီး လက္နက္ငယ္ေတြနဲ႔ ပစ္ခတ္ေနတာေၾကာင့္ ခရီးသြားကားေတြ၊ ကုန္ကားေတြ ေနာက္လွည့္ျပန္ရတာေတြလည္းရွိပါတယ္။

ကရင္ျပည္နယ္အတြင္းက စစ္ေဘးေရွာင္ေတြေနရပ္ျပန္ႏိုင္ဖို႔အတြက္ ေလးေက့ေကာ္နဲ႔ေကာ့ကရိတ္ၿမိဳ႕ ေတာင္ ပိုင္းမွာ တပ္စြဲေနရာယူထားတဲ့ စစ္ေကာင္စီတပ္ေတြ ဖယ္ရွားေပးဖို႔ မတ္လ ၇ ရက္ေန႔က ေကအန္ယူတပ္မဟာ (၆) ကသတိေပးခ်က္ထုတ္ခဲ့ၿပီးတဲ့ေနာက္ စစ္ေကာင္စီဘက္က တပ္အင္အားေတြတိုးခ်ဲ႕ၿပီး ေနရာယူလာတဲ့အတြက္ ေန႔စဥ္နီးပါး ႏွစ္ဘက္တိုက္ပြဲေတြ ျပင္းထန္လာေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

===========

[[Unicode]]

ကရင်ပြည်နယ် မြဝတီ အဝေးပြေးလမ်းပေါ် ကား ၄ စီး ပစ်ခတ်မီးရှို့ခံရ


ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်အတွင်းမှာရှိတဲ့ ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးနဲ့ မြဝတီ-ဝေါ်လေ လမ်းမကြီးတွေကို KNU ကို တိုက်ခိုက်နေတဲ့ စစ်ကောင်စီက ထောက်ပံ့ရေးလမ်းကြောင်းအဖြစ်အသုံးပြုနေတာကြောင့်ဆိုပြီး ပြည်သူတွေ ခရီးသွားလာတာ၊ ကူသန်းရောင်းဝယ်တာ၊ ယာဉ်ဖြတ်သန်းသွာလာတာကို မတ်လ ၂၇ ရက်နေ့ကစပြီး ယာယီရပ်ဆိုင်းထားဖို့ KNU တပ်မဟာ (၆) နဲ့ ပူးပေါင်းအဖွဲ့တွေက သတိပေးခဲ့ပါတယ်။ မတ်လ ၂၉ ရက်နေ့မှာတော့ ကုန်ကားတွေ၊ အိမ်စီးကားတွေအပါအဝင် ကား ၄ စီး ပစ်ခတ်မီးရှို့ခံခဲ့ရပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်အတွင်းမှာရှိတဲ့ ကော့ကရိတ်-မြဝတီလမ်းမကြီးနဲ့ မြဝတီ-ဝေါ်လေ လမ်းမကြီးတွေကို မတ်လ ၂၇ ရက်ကစပြီး အသုံးပြုသွားလာခြင်း မပြုပါနဲ့လို့ KNU တပ်မဟာ (၆) နဲ့ ပူးပေါင်းအဖွဲ့တွေက သတိပေးခဲ့တာပါ။ မတ်မတ်လ ၂၈ ရက်မှာ မြဝတီ-ကော့ကရိတ်အာရှလမ်းပေါ်က ဘေလီတံတားအနီးမှာ အိမ်စီးကားတစီး အပစ်ခံရပြီး လူတဦးသေဆုံးခဲ့ပါတယ်။ မတ်လ ၂၉ ရက်နေ့မှာတော့ ကုန်ကားတွေ၊ အိမ်စီးကားတွေအပါအဝင် ကား ၄ စီး ပစ်ခတ် မီးရှို့ခံရတယ်လို့ ကရင်အမျိုးသားမီဒီယာက မန်းမျိုးမြင့်ကပြောပြပါတယ်။

“ကား ၄ စီး မီးရှို့ခံရတယ်။ ဘယ်အဖွဲ့အစည်းက လုပ်တယ်ဆိုတာတော့မသိရဘူး။ ဖြစ်စဉ်က ဖြစ်ခဲ့တယ်၊ အမှန်ပဲ။ အဲဒီ ကော့ကရိတ်မှာဖြစ်တယ်။ အာရှလမ်းမမှာဆိုပေမယ့် ကော့ကရိတ်ဘက်ခြမ်းမှာဖြစ်တယ်။ မြဝတီ-ကော့ကရိတ်လမ်းက တတန်ကူးဆိုတဲ့နေရာအနီးမှာဖြစ်တာ။ တတန်ကူးဆိုတာက တောနော်ရေတံခွန်နဲ့ အနီးတဝိုက်မှာပါ။ အိမ်စီးကား ၂ စီးပါတယ်။ ကြက်သွန်နီကားတစီးလည်းပါတယ်။ ကားအောက်မှာ ကြက်သွန်နီတွေပြန့်ကျဲနေတယ်။”

ဒီတိုက်ခိုက်မှုတွေက ဘယ်သူ့လက်ချက်လဲဆိုတာ ခုချိန်မှာ ရှင်းရှင်း မသိရသေးပါဘူး။

ကော့ကရိတ်-မြဝတီ လမ်းမကြီးနဲ့ မြဝတီ-ဝေါ်လေ လမ်းမကြီးတွေကို မသွားလာဖို့ ကေအန်ယူဘက်က စာထုတ် ထားတာရှိသလို စစ်ကောင်စီဘက်ကလည်း အဲဒီနေရာတွေဘက်မှာ တပ်စွဲနေရာယူထားတာ ရှိနေတာပါ။အဲဒီနေရာအနီးမှာ ကရင်လက်နက်ကိုင်တွေကော စစ်တပ်ကောရှိနေတာကြောင့် ဘယ်အဖွဲ့အစည်းရဲ့ လက်ချက်ဆိုတာ မသိနိုင်ဘူးလို့ မန်းမျိုးမြင့်က ပြောပါတယ်။

“ဘယ်သူ့လက်ချက်မှန်းမသိဘူး။ အဲဒီမှာ KNU လည်းရှိတယ်၊ BGF လည်းရှိတယ်။ မြန်မာစစ်တပ်လည်းရှိတယ်။ အဲဒီနေရာမှာက..။”

မြဝတီ-ကော့ကရိတ် လမ်းမကြီးနဲ့ မြဝတီ-ဝေါ်လေ လမ်းမကြီးတွေမှာ ကုန်တွေကော လူတွေပါ အသွားအလာမလုပ်ဖို့ မတ်လ၂၆ ရက်နေ့က ကေအန်ယူဘက်က သတိပေးစာထုတ်ထားတာရှိတဲ့အတွက် အခုဖြစ်စဉ်နဲ့ပတ် သက်လို့ ကေအန်ယူကို ဆက်သွယ်မေးမြန်းဖို့ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူူ။ စစ်ကောင်စီဘက် ကတော့ မတ်လ ၃၀ ရက်နေ့စွဲနဲ့သတင်းထုတ်ပြန်ရာမှာ မတ်လ ၂၉ ရက်နေ့ နေ့လယ် ၁ နာရီလောက်မှာ အိမ်စီးကား ၂ စီးနဲ့ ကြက်သွန်နဲ့သံတိုသံစတင်လာတဲ့ ၁၂ ဘီးကုန်ကား၂ စီးကို KKO ခွဲထွက်အဖွဲ့နဲ့ PDF ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက မီးရှို့ဖျက်စီးခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

စစ်ကောင်စီဘက်က ပြောခွင်ံ့ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ အခု လိုပြောသွားပါတယ်အသံ(၃)

“ကော့ကရိတ်-မြဝတီသွားကားလမ်းမှာ ၁၂ ဘီး မော်တော်ယာဉ်နှစ်စီးနဲ့ အိမ်စီးမော်တော်ယာဉ် နှစ်စီးကို KKO ခွဲထွက်အဖွဲနဲ့ PDF အဖွဲ့က မီးရှို့ဖျက်စီးခဲ့တာဖြစ်တယ်။ အဓိက KKO ခွဲထွက်အဖွဲ့က ဒီနှစ် နှစ်ဆန်းပိုင်းတုန်းကလည်း နှောက်ယှက်ဖျက်ဆီးခဲ့တာရှိတယ်။”

တိုးတက်သော ဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော် DKBA (KKO ) ခွဲထွက်အဖွဲ့ကတော့ သူတို့ လက်ချက် မဟုတ်ကြောင်း ငြင်းဆိုပါတယ်။

မတ်လ ၁၂ ရက်နေ့တုန်းကလည်း မြဝတီ-ကောကရိတ် အာရှလမ်းမှာ ကုန်ကားတွေ မီးရှို့ဖျက်စီးခံရသလို မတ်လ ၂၇ ရက်နေ့တုန်းကတော့ ကရင်ပြည်နယ် မြဝတီ-ကော့ကရိတ် အာရှလမ်း တောနော်ရေတံခွန်အနီးမှာ ကုန်တင်ယာဉ် ၂ စီးမီးရှို့ခံရပါတယ်။ မတ်လ ၂၉ ရက်နေ့ကတော့ မြဝတီ အာရှလမ်းမကြီးပေါ်မှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်တွေ နှစ်ဘက်တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်နေတာကြောင့် ခရီးသွားကားတွေ၊ ကုန်ကားတွေ နောက်လှည့်ပြန်ရတာတွေလည်းရှိပါတယ်။

ကရင်ပြည်နယ်အတွင်းက စစ်ဘေးရှောင်တွေနေရပ်ပြန်နိုင်ဖို့အတွက် လေးကေ့ကော်နဲ့ကော့ကရိတ်မြို့ တောင် ပိုင်းမှာ တပ်စွဲနေရာယူထားတဲ့ စစ်ကောင်စီတပ်တွေ ဖယ်ရှားပေးဖို့ မတ်လ ၇ ရက်နေ့က ကေအန်ယူတပ်မဟာ (၆) ကသတိပေးချက်ထုတ်ခဲ့ပြီးတဲ့နောက် စစ်ကောင်စီဘက်က တပ်အင်အားတွေတိုးချဲ့ပြီး နေရာယူလာတဲ့အတွက် နေ့စဉ်နီးပါး နှစ်ဘက်တိုက်ပွဲတွေ ပြင်းထန်လာနေပါတယ်။

===========

XS
SM
MD
LG