သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သင်္ဃန်းညီနောင် မြို့ဝင်ဂိတ်တခု ပစ်ခတ်ခံရလို့ တဦးသေဆုံး


 ပစ်ခတ်ခံရတဲ့ မြဝတီ သင်္ဃန်းညီနောင်အထွက် မြို့ဝင်ဂိတ် (CJ)
ပစ်ခတ်ခံရတဲ့ မြဝတီ သင်္ဃန်းညီနောင်အထွက် မြို့ဝင်ဂိတ် (CJ)

[[Zawgyi/Unicode]]

ကရင်ပြည်နယ် မြဝတီမြို့ သင်္ဃန်းညီနောင်အထွက် အာရှလမ်းမမှာရှိတဲ့ ကရင်လက်နက်ကိုင်တွေရဲ့ မြို့ဝင်ကြေးကောက်တဲ့ဂိတ်ကို မတ်လ ၂၂ ရက်နေ့မနက်က အမည်မသိလက်နက်ကိုင်အဖွဲ့တခုက ပစ်ခတ်တာကြောင့်ဂိတ်ထဲမှာ အမျိုးသား ၃ ဦး ကျည်ဆံထိမှန်ပြီး တဦးသေဆုံးခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ငြိမ်းချမ်းရေးယူထားတဲ့ကရင်လက်နက်ကိုင်အဖွဲ့တွေရဲ့မြို့ဝင်ကြေးကောက်တဲ့ဂိတ်ကို မတ်လ ၂၂ ရက်နေ့က အမည်မသိလက်နက်ကိုင်တွေက ပစ်ခတ်တာကြောင့် ဂိတ်ထဲမှာရှိနေတဲ့ အမျိုးသားတဦး သေဆုံးပြီး ၂ ဦးက ဒဏ်ရာပြင်းထန်စွာရခဲ့ကြောင်း မြဝတီမြို့ခံတဦးက ပြောပြပါတယ်။

“မြဝတီမြို့၊ သင်္ဃန်းညီနောင်မှာပစ်တာ။ တယောက်သေသွားတယ်။ ၂ ယောက်က ဆေးရုံကို ပို့ လိုက်ရတယ်။ ဂိတ်မှာပိုက်ဆံကောက်တာ။ သူတို့သက်ဆိုင်ရာ သက်ဆိုင်ရာပေါ့။ ဂိတ်ကြေး ကောက်ခိုင်းတာ လှမ်းပစ်ခံထိတာ။”

ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ ကရင်ပြည်နယ်၊ မြဝတီမြို့ဟာ ကရင်လက်နက်ကိုင် ငါးဖွဲ့ထက်မနည်း လှုပ်ရှားသွားလာနေတဲ့မြို့ဖြစ်ပါတယ်။ ပြီးခဲ့တဲ့သုံးလကစပြီး မြဝတီမြို့ထဲ သေနတ်နဲ့ပစ်ခတ်တာ၊ ဗုံးပေါက်ကွဲတာတွေ မကြခနဖြစ်လာနေတာပါ။ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသား လွတ်မြောက် ရေးတပ် KNLA ၊ ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO ၊ တိုးတက်သော ကရင်ဗုဒ္ဓဘာသာတပ် DKBA ၊ ပြည်သူ့ကာကွယ်ရေးတပ် PDF စတဲ့ တပ်တွေနဲ့လည်း နှစ်ဘက် တိုက်ပွဲတွေ ဖြစ်နေတာပါ။

ပစ်ခတ်မှုတွေဖြစ်ပေမယ့် လက်နက်ကိုင်တွေကြားက ပဋိပက္ခဖြစ်တာမို့ ဒေသခံတွေအတွက်ကတော့ စိုးရိမ်တာမရှိဘူးလို့ ဆိုပါတယ်။

“သူတို့ဖာသာသူတို့ ပစ်တာပဲ။ မဆိုင်တဲ့ပုံစံဖြစ်နေတာ။ သူတို့အဖွဲ့အစည်းကိုပစ်တာလေ။ ဒီလိုပဲပစ်တာဆိုတော့ သူ့ဖာသာသူနေ၊ ကိုယ့်ဖာသာနေနေကြတာပဲ။”

ပစ်ခတ်ခံရလို့ သေဆုံးသွားသူဟာ မြန်မာစစ်အစိုးရလက်ထက် ငြိမ်းချမ်းရေးယူထားတဲ့ ကရင် ငြိမ်းချမ်းရေးကောင်စီ KNU/KNLA-PC က တပ်ဖွဲ့ဝင်တဦးဖြစ်ပြီး သင်္ဃန်းညီနောင်အထွက် မြို့ဝင်ကြေး ကောက်ခံနေတဲ့အဖွဲ့ထဲကလို့ဆိုပါတယ်။ AK ဂိတ်လို့ လူသိများတဲ့ ဒီဂိတ်ကိုတော့ ကရင်လက်နက် ကိုင် ၄ ဖွဲ့က လေလံရထားပြီး ဒီလမ်းကိုဖြတ်သန်းသွားလာတဲ့ ယာဉ်တွေကို ကရင်လက်နက်ကိုင် တွေရဲ့မိသားစုဝင်တွေ၊ တပ်ဖွဲ့ဝင်တွေက မြို့ဝင်ဂိတ်ကြေး ကောက်ခံနေကြတာ ဖြစ်ပါတယ်။ ပစ်ခတ်သူတွေဟာ ဘယ်အဖွဲ့ကဖြစ်တယ်ဆိုတာ စစ်ကောင်စီဘက်ကကော ကရင်ငြိမ်းချမ်းရေး ကောင်စီကကော ထုတ်ပြန်တာမရှိသေးပါဘူး။

မတ်လ ၁၂ ရက်နေ့တုန်းကလည်း ကော့ကရိတ် မြဝတီ အာရှလမ်းမကြီးမှာ တိုက်ပွဲတွေဖြစ်ပြီး ကုန် တင်ကားတွေ ပစ်ခတ်မီးရှို့ခံခဲ့ရပါတယ်။ ဒီအတွက် အာရှလမ်းကို ၃ ရက်ခန့် ပိတ်ခဲ့ရပါတယ်။ စစ် ကောင်စီတပ်တွေ မြဝတီနဲ့ကော့ကရိတ်တောင်ပိုင်းကနေ ဆုတ်ခွါပေးဖို့နဲ့ စစ်ကောင်စီအတွက် ထောက်ပံ့ရေးလမ်းကြောင်းဖြစ်တဲ့ မြဝတီ ကော့ကရိတ် အာရှလမ်းမပေါ်မှာ ကုန်ကားတွေ သွားလာတာ မလုပ်ဖို့ကိုလည်း KNU ကရင်အမျိုးသားအစည်းရုံးက သတိပေးထားပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

===============

[[Unicode]]






ပဈခတျမှုတှဖွေဈပမေယ့ျ လကျနကျကိုငျတှကွေားက ပဋိပက်ခဖွဈတာမို့ ဒသေခံတှအေတှကျကတော့ စိုးရိမျတာမရှိဘူးလို့ ဆိုပါတယျ။



===============

XS
SM
MD
LG