သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဖမ္းဆီးထားတဲ့ တ႐ုတ္ႏိုင္ငံသားေလးဦးအပါအဝင္ ၂၄ ဦးကို KSCC ျပန္လႊတ္


ကရင္နီျပည္နယ္အတုိင္ပင္ခံေကာင္စီ KSCC က ဖမ္းဆီးထိန္းသိမ္းထားသူ ၁၆၀ ေက်ာ္ထဲက တ႐ုတ္ႏုိင္ငံသားေလးဦးအပါ လူ ၂၄ ေယာက္ကို ျပန္လႊတ္ေပးစဥ္။ (ဓာတ္ပံု-KSCC)

[[Zawgyi/Unicode]]

စစ္တပ္အာဏာသိမ္းၿပီးေနာက္ ကရင္နီျပည္နယ္ အတိုင္ပင္ခံေကာင္စီ KSCC က ဖမ္းဆီးထိန္းသိမ္းထားသူ ၁၂၆ ဦးထဲက တ႐ုတ္ႏိုင္ငံသား ၄ ဦး အပါအဝင္၂၄ ဦးကို လြတ္ၿငိမ္းခ်မ္းသာခြင့္ေပးလိုက္တယ္လို႔ KSCC ေျပာေရးဆိုခြင့္ရွိသူေျပာပါတယ္။ ႏိုင္ငံတကာအဖြဲ႕အစည္းေတြရဲ႕ ေတာင္းဆိုမႈ၊ လူသားခ်င္းစာနာေထာက္ထားမႈနဲ႔ အက်ဥ္းသားေတြကို ခံဝန္ကတိထိုးၿပီး ျပန္လႊတ္ေပးတာလို႔ ဆိုပါတယ္။ ရန္ကုန္ ကေပးပို႔တဲ့သတင္း အလိမၼာက တင္ျပေပးထားပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ စစ္တပ္ကအာဏာသိမ္းၿပီးေနာက္ပိုင္းမွာ ကယားျပည္နယ္တြင္းေနရာတခ်ိဳ႕မွာ ျပည္သူ႔ကာကြယ္ေရးအဖြဲ႕ေတြကိုအေျခခံၿပီး ကိုယ္ပိုင္အုပ္ခ်ဳပ္ေရးပုံစံနဲ႔ ကရင္နီျပည္နယ္ အတိုင္ပင္ခံေကာင္စီအေနနဲ႔ ထိန္းခ်ဳပ္ အုပ္ခ်ဳပ္ေနရာမွာ ရာဇဝတ္မႈက်ဴးလြန္သူတခ်ိဳ႕နဲ႔ ျမန္မာစစ္တပ္သတင္းေပးေတြ၊ ျမန္မာအစိုးရဝန္ထမ္းတခ်ိဳ႕ကိုပါ ဖမ္းဆီးထားတာပါ။ အခု လႊတ္ေပးတဲ့ထဲမွာေတာ့ စစ္ေကာင္စီသတင္းေပး ဒလန္အျဖစ္ စြပ္စြဲခံရေပမယ့္ သက္ေသမခိုင္လုံသူေတြနဲ႔ ေန႔စားဝန္ထမ္းေတြကို ျပန္လႊတ္ေပးတာလို႔ KSCC ေျပာခြင့္ရသူက ေျပာပါတယ္။

“ျပန္လႊတ္တဲ့ လူေတြထဲမွာ ခပ္ခပ္မ်ားမ်ားက ဒီအမႈေတြက သိပ္မႀကီးေသးဘူးေပ့ါေနာ္။ ဒလန္အျဖစ္သံသယနဲ႔ ဖမ္းထားတဲ့လူေတြ၊ ေနာက္ စစ္ေကာင္စီဝန္ထမ္းေပါ့ေနာ္။ ဝန္ထမ္းဆိုတာကေတာ့ သူတို႔ကလည္း ေန႔စားဝန္ထမ္းေတြရွိတယ္။ အဲ့လိုမ်ိဳးေတြ ေနာက္ေဈးသည္ေတြ အဲ့လိုမ်ိဳးပါတယ္ေပါ့ေလ။ ဟိုတ႐ုတ္ေတြကေတာ့ သူတို႔က တရားမဝင္ စီးပြားေရးဝင္လုပ္တာေပါ့ေလ။ အဲ့လိုမ်ိဳးေတြပါ။ (ျပန္လႊတ္ေပးတာ) က်ေနာ္တို႔ အခုစာရင္းကေတာ့ ရထားတာ ၂၄ ေယာက္ေပါ့ေနာ္။”

အခုျပန္လႊတ္ေပးတဲ့ တ႐ုတ္ႏိုင္ငံသားေတြဟာ စစ္တပ္အာဏာသိမ္းတဲ့ကာလမွာ စစ္ေကာင္စီခြင့္ျပဳခ်က္နဲ႔ ေဒသတြင္းလာေရာက္ စီးပြားေရးလာလုပ္ေနသူေတြျဖစ္ေနသူေတြျဖစ္တယ္လို႔ သိရပါတယ္။

ကရင္နီျပည္နယ္ အတိုင္ပင္ခံေကာင္စီ (KSCC) အဖြဲ႕ဟာ ေတာ္လွန္ေရးလက္နက္ကိုင္အဖြဲ႕အစည္းေတြ၊ ႏိုင္ငံေရးပါတီေတြ၊ အရပ္ဖက္အဖြဲ႕အစည္းေတြ၊ လူငယ္ သပိတ္ေကာ္မတီေတြ၊ အမ်ိဳးသမီးအဖြဲ႕အစည္းေတြ၊ အႏိုင္ရလႊတ္ေတာ္အမတ္တခ်ိဳ႕နဲ႔ ၂၀၂၁ ခုႏွစ္ စစ္တပ္အာဏာသိမ္းၿပီးတဲ့ေနာက္ ဧၿပီလေလာက္က စတင္ဖြဲ႕စည္းထားတာပါ။

အခုလို လႊတ္ေပးသူေတြရွိေပမယ့္ ကရင္နီျပည္နယ္ အတိုင္ပင္ခံေကာင္စီလက္ထဲမွာ ဖမ္းဆီးထားသူ ၁၀၀ ေက်ာ္ က်န္ရွိေနတယ္လို႔သိရပါတယ္။ ျမန္မာစစ္တပ္က စစ္သားေတြ၊ ျမန္မာစစ္တပ္သတင္းေပး ဒလန္အျဖစ္ စြပ္စြဲခံရသူေတြ၊ မုဒိမ္းမႈက်ဴးလြန္သူေတြနဲ႔ မူးယစ္ေဆးဝါးအေရာင္းအဝယ္လုပ္သူေတြျဖစ္ၿပီး သူတို႔ကို ညႇင္းပန္းႏွိပ္စက္မႈမျပဳဘဲ လူ႔အခြင့္အေရးနဲ႔အညီ ထားရွိတယ္လို႔ KSCC ကေျပာပါတယ္။

“အဲ့ထဲမွာေတာ့ အမ်ိဳးမ်ိဳးရွိတာေပါ့ေလ။ ဒလန္အမာခံအျဖစ္ ခိုင္ခိုင္မာမာရပ္တည္ၿပီးေတာ့ လႈပ္ရွားေပးေနတဲ့လူပါတယ္။ ေနာက္ၿပီးေတာ့ မူးယစ္ေဆးဝါးကိစၥနဲ႔ ပတ္သက္ၿပီးေတာ့မွပါတယ္။ ေရာင္းဝယ္ေဖာက္ကားမႈေတြပါတယ္။ ေနာက္စစ္ သုံ႔ပန္းေတြလည္း ပါတယ္။ စစ္သုံ႔ပန္းဆိုတာက တိုက္ပြဲမွာတိုက္ၿပီးေတာ့မွ အညံ့ခံတာမဟုတ္ဘဲနဲ႔ မိတဲ့လူလည္း ပါတာေပါ့ေနာ္။ မုဒိမ္းမႈေတြကအစေပါ့ဗ်။ အဲ့လိုမ်ိဳးေတြပါတယ္။ အခ်ဳပ္ခန္းေတာ့ က်ယ္က်ယ္ဝန္းဝန္းထားတယ္။ ေကာင္းေကာင္းမြန္မြန္ထားပါတယ္။ သူတို႔လည္း လူ႔အခြင့္အေရးနဲ႔အညီ ခံစားခြင့္ရွိေတာ့ ႏွိပ္စက္ ညႇင္းပန္းတာမရွိဘူး။ သူတို႔ လြတ္လြတ္လပ္လပ္တရားစီရင္ပိုင္ခြင့္၊ ရင္ဆိုင္ပိုင္ခြင့္ရွိတယ္။ အဲ့လိုမ်ိဳးစီမံထားပါတယ္။”

ၿပီးခဲ့တဲ့ ဧၿပီလေလာက္ကေတာ့ စစ္ေကာင္စီတပ္ဖြဲ႕နဲ႔ လွ်ပ္စစ္ဝန္ထမ္းေတြ အပါအဝင္ ၂၆ ဦးကို ကရင္နီအမ်ိဳးသားမ်ားကာကြယ္ေရးတပ္ KNDF က ဖမ္းဆီးထားတာရွိပါတယ္။ အခု လႊတ္ေပးတဲ့ထဲမွာေတာ့ ဒီလူေတြ မပါဝင္ပါဘူး။ စစ္ေကာင္စီ ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းကေတာ့ ဒီဖမ္းဆီးထားတဲ့သူေတြကို ျပန္လႊတ္ေပးဖို႔ ေတာင္းဆိုထားပါတယ္။ စစ္တပ္က အာဏာသိမ္းမႈကိုဆန႔္က်င္တဲ့ ဆႏၵျပမႈေတြ အၾကမ္းဖက္ၿဖိဳခံရၿပီးေနာက္ ႏိုင္ငံအဝွမ္း လက္နက္ကိုင္ခုခံမႈေတြရွိခဲ့ရာမွာ၊ ကယားျပည္နယ္ (ေဒသခံေတြအေခၚ ကရင္နီျပည္နယ္) ဟာ လက္နက္ကိုင္ ခုခံမႈအႀကီးဆုံးေနရာတခုျဖစ္ခဲ့ပါတယ္။ ခုခ်ိန္အထိလည္း ေနရာအေတာ္မ်ားမ်ားမွာ တိုက္ပြဲေတြရွိေနၿပီး ျပည္နယ္တခုလုံးမွာ ျမန္မာစစ္ေကာင္စီအုပ္ခ်ဳပ္ေရးသက္ေရာက္မႈ မရွိေသးပါဘူး။

တိုက္႐ိုက္ လင့္ခ္

================

[[Unicode]]

ဖမ်းဆီးထားတဲ့ တရုတ်နိုင်ငံသားလေးဦးအပါအဝင် ၂၄ ဦးကို KSCC ပြန်လွှတ်

စစ်တပ်အာဏာသိမ်းပြီးနောက် ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ KSCC က ဖမ်းဆီးထိန်းသိမ်းထားသူ ၁၂၆ ဦးထဲက တရုတ်နိုင်ငံသား ၄ ဦး အပါအဝင်၂၄ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်တယ်လို့ KSCC ပြောရေးဆိုခွင့်ရှိသူပြောပါတယ်။ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ တောင်းဆိုမှု၊ လူသားချင်းစာနာထောက်ထားမှုနဲ့ အကျဉ်းသားတွေကို ခံဝန်ကတိထိုးပြီး ပြန်လွှတ်ပေးတာလို့ ဆိုပါတယ်။ ရန်ကုန် ကပေးပို့တဲ့သတင်း အလိမ္မာက တင်ပြပေးထားပါတယ်။

ပြီးခဲ့တဲ့နှစ် စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်းမှာ ကယားပြည်နယ်တွင်းနေရာတချို့မှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကိုအခြေခံပြီး ကိုယ်ပိုင်အုပ်ချုပ်ရေးပုံစံနဲ့ ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီအနေနဲ့ ထိန်းချုပ် အုပ်ချုပ်နေရာမှာ ရာဇဝတ်မှုကျူးလွန်သူတချို့နဲ့ မြန်မာစစ်တပ်သတင်းပေးတွေ၊ မြန်မာအစိုးရဝန်ထမ်းတချို့ကိုပါ ဖမ်းဆီးထားတာပါ။ အခု လွှတ်ပေးတဲ့ထဲမှာတော့ စစ်ကောင်စီသတင်းပေး ဒလန်အဖြစ် စွပ်စွဲခံရပေမယ့် သက်သေမခိုင်လုံသူတွေနဲ့ နေ့စားဝန်ထမ်းတွေကို ပြန်လွှတ်ပေးတာလို့ KSCC ပြောခွင့်ရသူက ပြောပါတယ်။

“ပြန်လွှတ်တဲ့ လူတွေထဲမှာ ခပ်ခပ်များများက ဒီအမှုတွေက သိပ်မကြီးသေးဘူးပေ့ါနော်။ ဒလန်အဖြစ်သံသယနဲ့ ဖမ်းထားတဲ့လူတွေ၊ နောက် စစ်ကောင်စီဝန်ထမ်းပေါ့နော်။ ဝန်ထမ်းဆိုတာကတော့ သူတို့ကလည်း နေ့စားဝန်ထမ်းတွေရှိတယ်။ အဲ့လိုမျိုးတွေ နောက်ဈေးသည်တွေ အဲ့လိုမျိုးပါတယ်ပေါ့လေ။ ဟိုတရုတ်တွေကတော့ သူတို့က တရားမဝင် စီးပွားရေးဝင်လုပ်တာပေါ့လေ။ အဲ့လိုမျိုးတွေပါ။ (ပြန်လွှတ်ပေးတာ) ကျနော်တို့ အခုစာရင်းကတော့ ရထားတာ ၂၄ ယောက်ပေါ့နော်။”

အခုပြန်လွှတ်ပေးတဲ့ တရုတ်နိုင်ငံသားတွေဟာ စစ်တပ်အာဏာသိမ်းတဲ့ကာလမှာ စစ်ကောင်စီခွင့်ပြုချက်နဲ့ ဒေသတွင်းလာရောက် စီးပွားရေးလာလုပ်နေသူတွေဖြစ်နေသူတွေဖြစ်တယ်လို့ သိရပါတယ်။

ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ (KSCC) အဖွဲ့ဟာ တော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေ၊ လူငယ် သပိတ်ကော်မတီတွေ၊ အမျိုးသမီးအဖွဲ့အစည်းတွေ၊ အနိုင်ရလွှတ်တော်အမတ်တချို့နဲ့ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် ဧပြီလလောက်က စတင်ဖွဲ့စည်းထားတာပါ။

အခုလို လွှတ်ပေးသူတွေရှိပေမယ့် ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီလက်ထဲမှာ ဖမ်းဆီးထားသူ ၁၀၀ ကျော် ကျန်ရှိနေတယ်လို့သိရပါတယ်။ မြန်မာစစ်တပ်က စစ်သားတွေ၊ မြန်မာစစ်တပ်သတင်းပေး ဒလန်အဖြစ် စွပ်စွဲခံရသူတွေ၊ မုဒိမ်းမှုကျူးလွန်သူတွေနဲ့ မူးယစ်ဆေးဝါးအရောင်းအဝယ်လုပ်သူတွေဖြစ်ပြီး သူတို့ကို ညှင်းပန်းနှိပ်စက်မှုမပြုဘဲ လူ့အခွင့်အရေးနဲ့အညီ ထားရှိတယ်လို့ KSCC ကပြောပါတယ်။

“အဲ့ထဲမှာတော့ အမျိုးမျိုးရှိတာပေါ့လေ။ ဒလန်အမာခံအဖြစ် ခိုင်ခိုင်မာမာရပ်တည်ပြီးတော့ လှုပ်ရှားပေးနေတဲ့လူပါတယ်။ နောက်ပြီးတော့ မူးယစ်ဆေးဝါးကိစ္စနဲ့ ပတ်သက်ပြီးတော့မှပါတယ်။ ရောင်းဝယ်ဖောက်ကားမှုတွေပါတယ်။ နောက်စစ် သုံ့ပန်းတွေလည်း ပါတယ်။ စစ်သုံ့ပန်းဆိုတာက တိုက်ပွဲမှာတိုက်ပြီးတော့မှ အညံ့ခံတာမဟုတ်ဘဲနဲ့ မိတဲ့လူလည်း ပါတာပေါ့နော်။ မုဒိမ်းမှုတွေကအစပေါ့ဗျ။ အဲ့လိုမျိုးတွေပါတယ်။ အချုပ်ခန်းတော့ ကျယ်ကျယ်ဝန်းဝန်းထားတယ်။ ကောင်းကောင်းမွန်မွန်ထားပါတယ်။ သူတို့လည်း လူ့အခွင့်အရေးနဲ့အညီ ခံစားခွင့်ရှိတော့ နှိပ်စက် ညှင်းပန်းတာမရှိဘူး။ သူတို့ လွတ်လွတ်လပ်လပ်တရားစီရင်ပိုင်ခွင့်၊ ရင်ဆိုင်ပိုင်ခွင့်ရှိတယ်။ အဲ့လိုမျိုးစီမံထားပါတယ်။”

ပြီးခဲ့တဲ့ ဧပြီလလောက်ကတော့ စစ်ကောင်စီတပ်ဖွဲ့နဲ့ လျှပ်စစ်ဝန်ထမ်းတွေ အပါအဝင် ၂၆ ဦးကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က ဖမ်းဆီးထားတာရှိပါတယ်။ အခု လွှတ်ပေးတဲ့ထဲမှာတော့ ဒီလူတွေ မပါဝင်ပါဘူး။ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဒီဖမ်းဆီးထားတဲ့သူတွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။ စစ်တပ်က အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေ အကြမ်းဖက်ဖြိုခံရပြီးနောက် နိုင်ငံအဝှမ်း လက်နက်ကိုင်ခုခံမှုတွေရှိခဲ့ရာမှာ၊ ကယားပြည်နယ် (ဒေသခံတွေအခေါ် ကရင်နီပြည်နယ်) ဟာ လက်နက်ကိုင် ခုခံမှုအကြီးဆုံးနေရာတခုဖြစ်ခဲ့ပါတယ်။ ခုချိန်အထိလည်း နေရာအတော်များများမှာ တိုက်ပွဲတွေရှိနေပြီး ပြည်နယ်တခုလုံးမှာ မြန်မာစစ်ကောင်စီအုပ်ချုပ်ရေးသက်ရောက်မှု မရှိသေးပါဘူး။

================

XS
SM
MD
LG