သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဖယ္ခုံအေရွ႕ျခမ္းတိုက္ပြဲ ျပင္းထန္ေနဆဲ


ရွမ္းတုိင္းရင္းသား စစ္ေဘးေရွာင္ဒုကၡသည္မ်ား။ (ယခင္မွတ္တမ္းဓာတ္ပံု)

[[Zawgyi/Unicode]]

ေဒသခံျပည္သူ႔ကာကြယ္ေရးပူးေပါင္းအဖြဲ႕ေတြနဲ႔ စစ္ေကာင္စီၾကား တိုက္ပြဲေတြ ရက္ဆက္ ျပင္းထန္ေနတဲ့ ရွမ္းျပည္နယ္ေတာင္ပိုင္း ဖယ္ခုံၿမိဳ႕နယ္အေရွ႕ျခမ္း ဆီးမီးေလာ့ေက်း႐ြာအနီးမွာ ဒီေန႔လည္း တိုက္ပြဲဆက္ျဖစ္ေနပါတယ္။ တိုက္ပြဲတည္ၿငိမ္တဲ့အခ်ိန္မွာလည္း စစ္ေကာင္စီဘက္က ဦးတည္ရာမရွိ လက္နက္ႀကီးေတြနဲ႔ လွမ္းပစ္ခတ္ေနတာေၾကာင့္ ေဒသခံေတြေနရာေျပာင္းေ႐ႊ႕ေနရတယ္လို႔ဆိုပါတယ္။ ဒီအေၾကာင္း ရန္ကုန္ သတင္းေပးပို႔ထားပါတယ္။

ဖယ္ခုံၿမိဳ႕နယ္အေရွ႕ျခမ္းဘက္မွာ ေမလ ၁၂ ရက္ေန႔ေနာက္ပိုင္းကေနစတင္ၿပီး ဒီေန႔အထိ ရက္ဆက္ တိုက္ပြဲျဖစ္ပြားေနတာပါ။ ေမလ ၁၉ ရက္ ဒီေန႔ မနက္ပိုင္း ၉ နာရီေက်ာ္ေလာက္က ဆီမီးေလာ့ေက်း႐ြာနားမွာ လက္နက္ႀကီး လက္နက္ငယ္ ပစ္ခတ္သံနဲ႔ ဆက္ၾကားေနရတယ္လို႔ ဆီမီးေလာ့႐ြာခံ တဦးက ဗြီအိုေအကို ေျပာပါတယ္။

“တိုက္ပြဲျပန္စၿပီး ဒီဘက္ လက္နက္ႀကီးေရာ လက္နက္ငယ္ေရာ ၉ နာရီ ၁၅ မိနစ္ေလာက္ တိုက္ပြဲစတာ ၁၀ နာရီ ၁၅ မိနစ္ေလာက္ဆို တိုက္ပြဲျဖစ္ၿပီးသြားတာေပါ့။ လက္နက္ႀကီးေရာ လက္နက္ငယ္ေရာ ပစ္သံၾကားေနရတာ ဒီဆီးမီးေလာ့႐ြာမွာပဲ။ စိုးရိမ္ပင္ပူမႈေတာ့ ရွိပါတယ္။ ဘာလို႔လဲဆိုေတာ့ နီးနီးေလး တိုက္ ပြဲနဲ႔ မလွမ္းမကမ္းမွာပဲေနတာ စိုးရိမ္မႈရွိတာေပါ့။ တခ်ိဳ႕ေသာ ကိုယ္ဝန္ေဆာင္မိခင္ေတြ ေနာက္ၿပီးေတာ့ မသန္မစြမ္းသူေတြ ေနာက္ကေလးေတြေရာ က်ေနာ္ တို႔ ေဘးကင္းလုံၿခဳံစိတ္ခ်ရမယ့္ ေနရာေတာ့ ေ႐ႊ႕ေျပာင္းထားတယ္။”

လက္နက္ႀကီးေတြ ေက်း႐ြာထဲ ထိမွန္တာမ်ိဳးရွိတာေၾကာင့္ အသက္ႀကီးသူေတြ ကေလးသူငယ္ေတြ မသန္မစြမ္းသူေတြနဲ႔ ကိုယ္ဝန္ေဆာင္မိခင္ေတြကို လုံၿခဳံစိတ္ခ်ရတဲ့ ေနရာေတြဆီ ေျပာင္းေ႐ြ႕ထားရတာလို႔ ေျပာပါတယ္။

ဖယ္ခုံၿမိဳ႕နယ္ထဲ စစ္ေကာင္စီတပ္ေတြ အင္အားအလုံးအရင္းနဲ႔ ထိုးစစ္ဆင္ သြားလာလႈပ္ရွားေနတာေၾကာင့္ ျပည္သူ႔ကာကြယ္ေရးပူးေပါင္းတပ္နဲ႔ တိုက္ပြဲျဖစ္တာလို႔ ဖယ္ခုံၿမိဳ႕နယ္ျပည္သူ႔ကာကြယ္ေရး တပ္ရင္း (၂) ေျပာေရးဆိုခြင့္ရွိသူ တဦးက ဗြီအိုေအကို ေျပာပါတယ္။

“ဆီးမီးေလာ့႐ြာဘက္မွာ စစ္ေၾကာင္းေတြက ထိုးေနတာေတာ့ ၾကာၿပီ။ ေျမာက္ ဘက္ကေနၿပီးေတာ့ ေဆာင္နန္းခဲလယ္ေတာဘက္က တေၾကာင္းထိုးတယ္။ မိုးၿဗဲအင္း တာေဘာင္ဘက္က တေၾကာင္းထိုးတယ္။ မိုးၿဗဲေလး တာေဘာင္ထိပ္က ဆီးမီးေလာ့မွာျဖစ္ေနတာ။ ထိုးလာတာ အဲဒီခ်ိန္ထိ သူကတိုက္ပြဲတဲ့အခ်ိန္ တခါတည္းထိုးလာၿပီးေတာ့ အခုတိုက္ပြဲေတြ ျပင္းထန္ေနတာ။ ေန႔တိုင္းျဖစ္တယ္။”

စစ္တပ္က နယ္ေျမရွင္းလင္းေရးဆိုတဲ့ စစ္ေရးလႈပ္ရွားမႈေၾကာင့္ ေဆာင္နန္းခဲေက်း႐ြာ၊ လြယ္ေပါေက်း႐ြာ၊ ဆီးမီးေလာ့ေက်း႐ြာေတြဘက္ ေန႔စဥ္ဆက္တိုက္ တိုက္ပြဲျဖစ္ပြားေနၿပီး တေျဖးေျဖးနဲ႔ တိုက္ပြဲဧရိယာေတြ က်ယ္လာတာလို႔ ေဒသခံက ေျပာပါတယ္။

ဒီတိုက္ပြဲကာလအတြင္းမွာ စစ္ေကာင္စီဘက္က လက္နက္ႀကီးေတြ အဆမတန္ အသုံးျပဳပစ္ခတ္လို႔ အရပ္သားျပည္သူ ေသဆုံးထိခိုက္မႈေတြ ရွိေနပါတယ္။ တိုက္ပြဲၿငိမ္ေနတဲ့အခ်ိန္မွာလည္း စစ္ေကာင္စီဘက္က လက္နက္ႀကီးေတြနဲ႔ ဦးတည္ရာမရွိ မၾကာမၾကာပစ္ခတ္ေနတာေၾကာင့္ စစ္ေရွာင္ျပည္သူေတြ စိုးရိမ္ေနၾကတယ္လို႔ လြယ္ေပါ႐ြာခံတဦးက ေျပာပါတယ္။

“စစ္မ်က္ႏွာေတာ့ ေတာ္ေတာ္က်ယ္ျပန႔္သြားတယ္လို႔ ေျပာလို႔ရတယ္ေပါ့ေနာ္။ ရမ္းသမ္းၿပီးေတာ့ေပါ့ေနာ္၊ တိုက္ပြဲမျဖစ္ခ်င္ေန ျဖစ္ခ်င္ေန သူတို႔ထင္တဲ့ေနရာေတြ သူတို႔ဒီပစ္မွတ္ေတြလုပ္ၿပီးေတာ့ အရမ္းေလွ်ာက္ပစ္ေတာ့ တအားဆိုးဝါးသြားတယ္ေပါ့ေနာ္။ မဆိုင္တဲ့ မသိနားမလည္တဲ့ လူထုေတြအတြက္လည္း အမ်ားႀကီးအႏၲရာယ္ရွိတာေပါ့ေနာ္။ အထူးသျဖင့္ လူအိုေတြနဲ႔ ကေလးေတြေပါ့ေနာ္ ေၾကာက္စိတ္ေတြ အၿမဲတမ္းရွိေနရတယ္ေပါ့ေနာ္။ ဘာျဖစ္လဲဆိုေတာ့ လက္နက္ႀကီးက ဘယ္အခ်ိန္လာမလဲ၊ လက္နက္ႀကီးထြက္သြားရင္ ဘာထိမလဲ၊ ငါတို႔ အိမ္ပဲထိမလား၊ ငါတို႔ပဲထိမလားဆိုတဲ့ ပုံစံမ်ိဳးနဲ႔ စိုးရိမ္စိတ္ေတာ့ အမ်ားႀကီး ပူပင္ေတာကေတြ ရွိတာေပါ့၊ က်ေနာ္တို႔က။”

တိုက္ပြဲေၾကာင့္ ဖယ္ခုံၿမိဳ႕နယ္ အေရွ႕ျခမ္းက ေဒသခံ တေသာင္းေက်ာ္ ေဘးလြတ္ရာကို ထြက္ေျပးတိမ္းေရွာင္ေနၾကပါတယ္။ စစ္ေရွာင္ျပည္သူေတြအတြက္ ျခင္ေထာင္၊ အဝတ္အစားေတြနဲ႔ စားနပ္ရိကၡာေတြ လိုအပ္ေနတယ္လို႔ လြယ္ေပါ႐ြာခံက ေျပာပါတယ္။

“ဒီမွာရွိတဲ့ လူထုေတြက အတတ္ႏိုင္ဆုံး လြတ္တဲ့ေနရာေတြ ေလွ်ာက္သြားၾကတယ္ေပါ့ေနာ္။ အခု အထူးသျဖင့္ မိုးလည္း နည္းနည္းက်လာၿပီဆိုေတာ့ ဒီျခင္က တဘက္ေပါ့ေနာ္။ ျခင္ေထာင္ေတြ ေနာက္ၿပီးေတာ့ သူတို႔ရဲ႕ အဝတ္အစားအပိုေတြ ေနာက္ၿပီးေတာ့ အထူးသျဖင့္ ဆန္ေတြ ဆန္၊ ဆီ၊ ဆားေတြေပါ့ေနာ္။ ေဆးဝါးေတြေပါ့။ အဲ့လိုမ်ိဳးေတြ လိုအပ္ခ်က္ေတြ ေနရာတိုင္းေတာ့ ရွိမယ္။”

စစ္တပ္အာဏာသိမ္းမႈကို ဆန႔္က်င္တဲ့ဆႏၵမႈေတြ အၾကမ္းဖက္ႏွိမ္နင္းခံရတဲ့ေနာက္ပိုင္း ႏိုင္ငံအဝွမ္းမွာ စစ္ေကာင္စီကို ခုခံတြန္းလွန္မႈေတြရွိလာရာမွာ ရွမ္းျပည္နယ္ေတာင္ပိုင္း ဖယ္ခုံအပါအဝင္ ကယားျပည္နယ္နဲ႔ စစ္ကိုင္းတိုင္းဟာ အျပင္းထန္ဆုံးျဖစ္ေနပါတယ္။ ဒါေၾကာင့္လည္း စစ္ေကာင္စီတပ္ေတြက ဖယ္ခုံၿမိဳ႕နယ္တြင္းမ်ာ လူအင္အား လက္နက္အင္အားေတြနဲ႔ နယ္ေျမရွင္းလင္းေရးစစ္ဆင္မႈေတြလုပ္လာတဲ့ေနာက္ပိုင္း ေဒသတြင္း ျပည္သူ႔ကာကြယ္ေရးအဖြဲ႕ေတြနဲ႔ ပိုၿပီး ထိတိုက္ျဖစ္ေနပါတယ္။

#MyanmarViolence #KayahFighting #VOABurmese #ဖယ္ခုံအေရွ႕ျခမ္း #ဆီမီးေလာ့ေက်း႐ြာ #ေဒသခံကာကြယ္ေရးတပ္ #ဗြီအိုေအ

ဖယ္ခုံအေရွ႕ျခမ္းတိုက္ပြဲ ျပင္းထန္ေနဆဲ
please wait

No media source currently available

0:00 0:03:17 0:00
တိုက္႐ိုက္ လင့္ခ္

=============

[[Unicode]]

ဖယ်ခုံအရှေ့ခြမ်းတိုက်ပွဲ ပြင်းထန်နေဆဲ

ဒေသခံပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေနဲ့ စစ်ကောင်စီကြား တိုက်ပွဲတွေ ရက်ဆက် ပြင်းထန်နေတဲ့ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်အရှေ့ခြမ်း ဆီးမီးလော့ကျေးရွာအနီးမှာ ဒီနေ့လည်း တိုက်ပွဲဆက်ဖြစ်နေပါတယ်။ တိုက်ပွဲတည်ငြိမ်တဲ့အချိန်မှာလည်း စစ်ကောင်စီဘက်က ဦးတည်ရာမရှိ လက်နက်ကြီးတွေနဲ့ လှမ်းပစ်ခတ်နေတာကြောင့် ဒေသခံတွေနေရာပြောင်းရွှေ့နေရတယ်လို့ဆိုပါတယ်။ ဒီအကြောင်း ရန်ကုန် သတင်းပေးပို့ထားပါတယ်။

ဖယ်ခုံမြို့နယ်အရှေ့ခြမ်းဘက်မှာ မေလ ၁၂ ရက်နေ့နောက်ပိုင်းကနေစတင်ပြီး ဒီနေ့အထိ ရက်ဆက် တိုက်ပွဲဖြစ်ပွားနေတာပါ။ မေလ ၁၉ ရက် ဒီနေ့ မနက်ပိုင်း ၉ နာရီကျော်လောက်က ဆီမီးလော့ကျေးရွာနားမှာ လက်နက်ကြီး လက်နက်ငယ် ပစ်ခတ်သံနဲ့ ဆက်ကြားနေရတယ်လို့ ဆီမီးလော့ရွာခံ တဦးက ဗွီအိုအေကို ပြောပါတယ်။

“တိုက်ပွဲပြန်စပြီး ဒီဘက် လက်နက်ကြီးရော လက်နက်ငယ်ရော ၉ နာရီ ၁၅ မိနစ်လောက် တိုက်ပွဲစတာ ၁၀ နာရီ ၁၅ မိနစ်လောက်ဆို တိုက်ပွဲဖြစ်ပြီးသွားတာပေါ့။ လက်နက်ကြီးရော လက်နက်ငယ်ရော ပစ်သံကြားနေရတာ ဒီဆီးမီးလော့ရွာမှာပဲ။ စိုးရိမ်ပင်ပူမှုတော့ ရှိပါတယ်။ ဘာလို့လဲဆိုတော့ နီးနီးလေး တိုက် ပွဲနဲ့ မလှမ်းမကမ်းမှာပဲနေတာ စိုးရိမ်မှုရှိတာပေါ့။ တချို့သော ကိုယ်ဝန်ဆောင်မိခင်တွေ နောက်ပြီးတော့ မသန်မစွမ်းသူတွေ နောက်ကလေးတွေရော ကျနော် တို့ ဘေးကင်းလုံခြုံစိတ်ချရမယ့် နေရာတော့ ရွှေ့ပြောင်းထားတယ်။”

လက်နက်ကြီးတွေ ကျေးရွာထဲ ထိမှန်တာမျိုးရှိတာကြောင့် အသက်ကြီးသူတွေ ကလေးသူငယ်တွေ မသန်မစွမ်းသူတွေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေကို လုံခြုံစိတ်ချရတဲ့ နေရာတွေဆီ ပြောင်းရွေ့ထားရတာလို့ ပြောပါတယ်။

ဖယ်ခုံမြို့နယ်ထဲ စစ်ကောင်စီတပ်တွေ အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင် သွားလာလှုပ်ရှားနေတာကြောင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်နဲ့ တိုက်ပွဲဖြစ်တာလို့ ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ရင်း (၂) ပြောရေးဆိုခွင့်ရှိသူ တဦးက ဗွီအိုအေကို ပြောပါတယ်။

“ဆီးမီးလော့ရွာဘက်မှာ စစ်ကြောင်းတွေက ထိုးနေတာတော့ ကြာပြီ။ မြောက် ဘက်ကနေပြီးတော့ ဆောင်နန်းခဲလယ်တောဘက်က တကြောင်းထိုးတယ်။ မိုးဗြဲအင်း တာဘောင်ဘက်က တကြောင်းထိုးတယ်။ မိုးဗြဲလေး တာဘောင်ထိပ်က ဆီးမီးလော့မှာဖြစ်နေတာ။ ထိုးလာတာ အဲဒီချိန်ထိ သူကတိုက်ပွဲတဲ့အချိန် တခါတည်းထိုးလာပြီးတော့ အခုတိုက်ပွဲတွေ ပြင်းထန်နေတာ။ နေ့တိုင်းဖြစ်တယ်။”

စစ်တပ်က နယ်မြေရှင်းလင်းရေးဆိုတဲ့ စစ်ရေးလှုပ်ရှားမှုကြောင့် ဆောင်နန်းခဲကျေးရွာ၊ လွယ်ပေါကျေးရွာ၊ ဆီးမီးလော့ကျေးရွာတွေဘက် နေ့စဉ်ဆက်တိုက် တိုက်ပွဲဖြစ်ပွားနေပြီး တဖြေးဖြေးနဲ့ တိုက်ပွဲဧရိယာတွေ ကျယ်လာတာလို့ ဒေသခံက ပြောပါတယ်။

ဒီတိုက်ပွဲကာလအတွင်းမှာ စစ်ကောင်စီဘက်က လက်နက်ကြီးတွေ အဆမတန် အသုံးပြုပစ်ခတ်လို့ အရပ်သားပြည်သူ သေဆုံးထိခိုက်မှုတွေ ရှိနေပါတယ်။ တိုက်ပွဲငြိမ်နေတဲ့အချိန်မှာလည်း စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ဦးတည်ရာမရှိ မကြာမကြာပစ်ခတ်နေတာကြောင့် စစ်ရှောင်ပြည်သူတွေ စိုးရိမ်နေကြတယ်လို့ လွယ်ပေါရွာခံတဦးက ပြောပါတယ်။

“စစ်မျက်နှာတော့ တော်တော်ကျယ်ပြန့်သွားတယ်လို့ ပြောလို့ရတယ်ပေါ့နော်။ ရမ်းသမ်းပြီးတော့ပေါ့နော်၊ တိုက်ပွဲမဖြစ်ချင်နေ ဖြစ်ချင်နေ သူတို့ထင်တဲ့နေရာတွေ သူတို့ဒီပစ်မှတ်တွေလုပ်ပြီးတော့ အရမ်းလျှောက်ပစ်တော့ တအားဆိုးဝါးသွားတယ်ပေါ့နော်။ မဆိုင်တဲ့ မသိနားမလည်တဲ့ လူထုတွေအတွက်လည်း အများကြီးအန္တရာယ်ရှိတာပေါ့နော်။ အထူးသဖြင့် လူအိုတွေနဲ့ ကလေးတွေပေါ့နော် ကြောက်စိတ်တွေ အမြဲတမ်းရှိနေရတယ်ပေါ့နော်။ ဘာဖြစ်လဲဆိုတော့ လက်နက်ကြီးက ဘယ်အချိန်လာမလဲ၊ လက်နက်ကြီးထွက်သွားရင် ဘာထိမလဲ၊ ငါတို့ အိမ်ပဲထိမလား၊ ငါတို့ပဲထိမလားဆိုတဲ့ ပုံစံမျိုးနဲ့ စိုးရိမ်စိတ်တော့ အများကြီး ပူပင်တောကတွေ ရှိတာပေါ့၊ ကျနော်တို့က။”

တိုက်ပွဲကြောင့် ဖယ်ခုံမြို့နယ် အရှေ့ခြမ်းက ဒေသခံ တသောင်းကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။ စစ်ရှောင်ပြည်သူတွေအတွက် ခြင်ထောင်၊ အဝတ်အစားတွေနဲ့ စားနပ်ရိက္ခာတွေ လိုအပ်နေတယ်လို့ လွယ်ပေါရွာခံက ပြောပါတယ်။

“ဒီမှာရှိတဲ့ လူထုတွေက အတတ်နိုင်ဆုံး လွတ်တဲ့နေရာတွေ လျှောက်သွားကြတယ်ပေါ့နော်။ အခု အထူးသဖြင့် မိုးလည်း နည်းနည်းကျလာပြီဆိုတော့ ဒီခြင်က တဘက်ပေါ့နော်။ ခြင်ထောင်တွေ နောက်ပြီးတော့ သူတို့ရဲ့ အဝတ်အစားအပိုတွေ နောက်ပြီးတော့ အထူးသဖြင့် ဆန်တွေ ဆန်၊ ဆီ၊ ဆားတွေပေါ့နော်။ ဆေးဝါးတွေပေါ့။ အဲ့လိုမျိုးတွေ လိုအပ်ချက်တွေ နေရာတိုင်းတော့ ရှိမယ်။”

စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ဆန္ဒမှုတွေ အကြမ်းဖက်နှိမ်နင်းခံရတဲ့နောက်ပိုင်း နိုင်ငံအဝှမ်းမှာ စစ်ကောင်စီကို ခုခံတွန်းလှန်မှုတွေရှိလာရာမှာ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံအပါအဝင် ကယားပြည်နယ်နဲ့ စစ်ကိုင်းတိုင်းဟာ အပြင်းထန်ဆုံးဖြစ်နေပါတယ်။ ဒါကြောင့်လည်း စစ်ကောင်စီတပ်တွေက ဖယ်ခုံမြို့နယ်တွင်းမျာ လူအင်အား လက်နက်အင်အားတွေနဲ့ နယ်မြေရှင်းလင်းရေးစစ်ဆင်မှုတွေလုပ်လာတဲ့နောက်ပိုင်း ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ ပိုပြီး ထိတိုက်ဖြစ်နေပါတယ်။

#MyanmarViolence #KayahFighting #VOABurmese #ဖယ်ခုံအရှေ့ခြမ်း #ဆီမီးလော့ကျေးရွာ #ဒေသခံကာကွယ်ရေးတပ် #ဗွီအိုအေ
=============

XS
SM
MD
LG