သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဖယ္ခုံအေရွ႕ျခမ္း တိုက္ပြဲမ်ားက်ယ္ျပန႔္လာ


ရွမ္းျပည္နယ္အတြင္းက စစ္ေဘးေရွာင္ျပည္သူမ်ား။ (ယခင္မွတ္တမ္းဓာတ္ပံု)

[[Zawgyi/Unicode]]

ေဒသခံျပည္သူ႔ကာကြယ္ေရးပူးေပါင္းအဖြဲ႔တြနဲ႔ စစ္ေကာင္စီအၾကား ရက္ဆက္ တိုက္ပြဲျပင္းထန္ေနတဲ့ ရွမ္း-ကယားနယ္စပ္ ဖယ္ခုံၿမိဳ႕နယ္အေရွ႕ဘက္ကမ္း ဆီးမီးေလာ့ေက်း႐ြာနဲ႔ ေဆာင္နန္းခဲေက်း႐ြာေတြဘက္မွာ တိုက္ပြဲဆက္ျဖစ္ေနပါတယ္။ တေျဖးေျဖးနဲ႔ တိုက္ပြဲဧရိယာက်ယ္လာလို႔ စစ္ေျပးဒုကၡသည္ေတြဟာ ေဘးကင္းတဲ့ေနရာေတြ ေျပာင္းေ႐ြ႕ခိုလႈံေနၾကရတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ရန္ကုန္ေပးပို႔တဲ့သတင္းကို အလိမၼာက တင္ျပေပးထားပါတယ္။

ဖယ္ခုံအေရွ႕ျခမ္းေဒသကို စစ္ေကာင္စီတပ္ နယ္ေျမရွင္းလင္းစစ္ဆင္ေရးေတြ ေမလဆန္းကတည္းက စတင္ခဲ့ၿပီး ေဒသခံ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႔ေတြနဲ႔ ေန႔စဥ္လိုလို တိုက္ပြဲေတြ ျဖစ္လာခဲ့ပါတယ္။ ေမလ ၂၅ ရက္ေန႔ ဒီကေန႔မနက္ပိုင္းအထိ ဖယ္ခုံၿမိဳ႕နယ္ လြယ္ေပါေက်း႐ြာအနားတဝိုက္မွာ ႀကိဳၾကားႀကိဳၾကား ပစ္ခတ္သံေတြ ၾကားေနရတယ္လို႔ ဖယ္ခုံအေရွ႕ျခမ္း စစ္ေရွာင္စခန္းတာဝန္ခံတဦးက ဗြီအိုေအကို ေျပာပါတယ္။

“ ေျမာက္ဘက္ ဒီကေန႔ နည္းနည္းရွိေသးတယ္။ လြယ္ေပါအေရွ႕ဘက္ လက္နက္ႀကီးထုတာၾကားတယ္။ ေတာင္ဘက္ေတာ့ မေန႔ညမနက္ကတည္းက ၿပီးတယ္။ ဆီးမီးေလာက့ေပါ့။ ဆီးမီးေလာ့ မေန႔က မနက္ၿပီးသြားတယ္။”

ေမလ ၂၄ ရက္ မေန႔က ေဆာင္နန္းခဲေက်း႐ြာ နဲ႔ ဆီးမီးေလာ့ေက်း႐ြာဘက္မွာ တိုက္ပြဲျပင္းထန္ခဲ့တယ္လို႔ စစ္ေရွာင္စခန္းတာဝန္ခံနဲ႔ စစ္ေဘးေရွာင္ေနတဲ့ ဆီးမီးေလာ့ ႐ြာခံတဦးက ဗြီအိုေအကို ေျပာပါတယ္။ ဆီးမီးေလာ့ေက်း႐ြာနားမွာ တပ္စြဲေနရာယူထားတဲ့ စစ္ေကာင္စီတပ္စခန္းတခုကို ျပည္သူ႔ကာကြယ္ေရးပူးေပါင္းတပ္ဖြ႕ဲက ဝင္ေရာက္တိုက္ခိုက္ သိမ္းပိုက္လိုက္တာလို႔ ဆီးမီးေလာ့႐ြာခံက အခုလို ေျပာပါတယ္။

“ဆီးမီးေလာ့မွာ တိုက္ပြဲမျဖစ္ေတာ့ဘူး၊ အခုမရွိေတာ့ဘူး။ ဘာလို႔လဲဆို စစ္တပ္က ျပန္ဆုတ္သြားလိုက္ၿပီ။ ကာကြယ္ေရးတပ္ဘက္ KNDF နဲ႔ PDF ေတြ ပူးေပါင္းတပ္ဖြဲ႕ေတြက တက္သိမ္းလိုက္တာ။ (စစ္တပ္က ဒီေန႔) စစ္ေၾကာင္းထိုးတာ ဒီဘက္ေတာ့ သူတို႔ မထိုးလာေသးဘူး။ ဒါေပမယ့္ ဟိုေဆာင္နန္းခဲဘက္မွာ နန္းပလုံးဘက္က်ေတာ့ တိုက္ပြဲမေန႔က ျပင္းထန္တယ္။ လက္နက္ႀကီးေရာ လက္နက္ငယ္ေရာ အသံၾကားတယ္။ မေန႔က PDF အဖြဲ႔က ႏွစ္ေယာက္က်ဆုံးသြားတယ္။ ဖယ္ခုံကေနလွမ္းပစ္တဲ့ လက္နက္ႀကီး က်ည္ဆံမိၿပီးေတာ့ ေသသြားတယ္။”

မေန႔က မနက္ ၄ နာရီေလာက္မွာ ဆီးမီးေလာ့႐ြာေအာက္ဘက္ရွိ စစ္ေကာင္စီတပ္စခန္းကို ကရင္နီပူးေပါင္းတပ္ဖြဲ႕ေတြက သြားေရာက္ရွင္းလင္းခဲ့ၿပီး စခန္းခ်ေနထိုင္တဲ့ စစ္သားေတြ ျပန္လည္ဆုတ္ခြာသြားေၾကာင္းနဲ႔ စစ္တပ္က ေထာင္ထားတဲ့ မိုင္းေတြကို ဖယ္ရွား ေဖာက္ခြဲဖ်က္ဆီးခဲ့တယ္လို႔ ကရင္နီအမ်ိဳးသားမ်ား ကာကြယ္ေရးတပ္ KNDF ရဲ႕ တပ္ရင္း ၃ က မေန႔က ထုတ္ျပန္ထားပါတယ္။ ဒါနဲ႔ ပတ္သက္လို႔ စစ္ေကာင္စီဘက္ကေတာ့ တစုံတရာ ထုတ္ျပန္ေၾကညာတာမ်ိဳး မေတြ႕ရေသးပါဘူး။

ေမလဆန္းပိုင္းကတည္းက စခဲ့တဲ့ ဖယ္ခုံအေရွ႕ျခမ္းတိုက္ပြဲေတြဟာ အခုဆိုရင္ တိုက္ပြဲဧရိယာ ပိုက်ယ္လာတာလို႔ ေဒသခံ စစ္ေျပးဒုကၡသည္ေတြကေျပာပါတယ္။ ဒါေၾကာင့္လည္း ဒုကၡသည္ေတြ ေရွာင္ပုန္းဖို႔ တျဖည္းျဖည္းေနရာက်ဥ္းလာေနၿပီး အမ်ားစုက မိုးၿဗဲဘက္မွာ ေျပာင္းေ႐ႊ႕ခိုလႈံေနၾကၿပီးလို႔ စစ္ေဘးေရွာင္ေနတဲ့ ဆီးမီးေလာ့ ႐ြာခံတဦးက ေျပာပါတယ္။

“ ေမလ ေတာက္ေလွ်ာက္ပဲ ဒီကယား-ရွမ္းနယ္စပ္မွာ ဟို…ကုန္သား႐ြာမွာလည္း ေတာက္ေလွ်ာက္တိုက္ပြဲျဖစ္ေနတယ္။ ေနာက္ၿပီးေတာ့ ဒီဆီးမီးေလာ့႐ြာမွာလည္း ေတာက္ေလွ်ာက္ျဖစ္ေနတာ ေနာက္ၿပီး ဟို..ေဆာင္နန္းခဲဘက္လည္း ေတာက္ေလွ်ာက္ပဲ ေမလ တလလုံးက တိုက္ပြဲက မနားဘူး၊ ဒီဘက္။ တိုက္ပြဲေတာ္ေတာ္ ဧရိယာက်ယ္ျပန႔္လိမ့္မယ္၊ ဘာလို႔လဲဆိုေတာ့ က်ေနာ္တို႔ အေရွ႕ဘက္ကမ္းမွာ ေျပးရမယ့္ေနရာက အရမ္းက်ဥ္းေနၿပီ။ က်ဥ္းတဲ့အခါက်ေတာ့ က်ေနာ္တို႔ ေဘးကင္းတဲ့ဘက္ ေျပးေရွာင္ေနရတာ။ စစ္ေရွာင္ျပည္သူေတြက အခု ဒီမိုးၿဗဲရဲ႕ အေနာက္ဘက္ေပ့ါေနာ္၊ အဲ့ဘက္က တခ်ိဳ႕ျပန္တယ္။ မိုးၿဗဲတခ်ိဳ႕ခိုလႈံတယ္။ ေနာက္ဖယ္ခုံမွာ တခ်ိဳ႕ ခိုလႈံတယ္။”

ဖယ္ခုံအေရွ႕ျခမ္းက ဒီ စစ္ေျပးဒုကၡသည္ေတြၾကားမွာ ဖ်ားနာေနသူရွိသလို ကေလးေတြ ဝမ္းပ်က္ဝမ္ေလွ်ာျဖစ္ေနတယ္လို႔ သိရပါတယ္။ ၿပီးခဲ့တဲ့ႏွစ္ရက္ေလာက္က အသက္ ၁၃ ႏွစ္အ႐ြယ္ ကေလးတေယာက္ အသက္ဆုံးပါးသြားတယ္လို႔ ဖယ္ခုံအေရွ႕ျခမ္း စစ္ေရွာင္စခန္းတာဝန္ခံတဦးက ေျပာပါတယ္။

စစ္ေျပးဒုကၡသည္ေတြ အမ်ားစုဟာ ယာယီမိုးကာတဲထိုးၿပီး ျဖစ္သလိုေနထိုင္စားေသာက္ေနၾကရတာပါ။ ေဆးဝါးနဲ႔ စားေရးေသာက္ေရးအျပင္ လက္ရွိခ်ိန္မွာ မိုးတြင္းကာလေရာက္ၿပီးမို႔ အမိုးအကာေတြလည္း အလြန္အမင္း လိုအပ္ေနတာလို႔ စစ္ေျပးဒုကၡသည္ေတြနဲ႔ စစ္ေရွာင္စခန္းတာဝန္ခံက ေျပာဆိုၾကပါတယ္။

ဖယ္ခုံအေရွ႕ျခမ္း တိုက္ပြဲမ်ားက်ယ္ျပန႔္လာ (
please wait

No media source currently available

0:00 0:03:41 0:00
တိုက္႐ိုက္ လင့္ခ္

==============

[[Unicode]]

ဖယ်ခုံအရှေ့ခြမ်း တိုက်ပွဲများကျယ်ပြန့်လာ


ဒေသခံပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တွနဲ့ စစ်ကောင်စီအကြား ရက်ဆက် တိုက်ပွဲပြင်းထန်နေတဲ့ ရှမ်း-ကယားနယ်စပ် ဖယ်ခုံမြို့နယ်အရှေ့ဘက်ကမ်း ဆီးမီးလော့ကျေးရွာနဲ့ ဆောင်နန်းခဲကျေးရွာတွေဘက်မှာ တိုက်ပွဲဆက်ဖြစ်နေပါတယ်။ တဖြေးဖြေးနဲ့ တိုက်ပွဲဧရိယာကျယ်လာလို့ စစ်ပြေးဒုက္ခသည်တွေဟာ ဘေးကင်းတဲ့နေရာတွေ ပြောင်းရွေ့ခိုလှုံနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရန်ကုန်ပေးပို့တဲ့သတင်းကို အလိမ္မာက တင်ပြပေးထားပါတယ်။

ဖယ်ခုံအရှေ့ခြမ်းဒေသကို စစ်ကောင်စီတပ် နယ်မြေရှင်းလင်းစစ်ဆင်ရေးတွေ မေလဆန်းကတည်းက စတင်ခဲ့ပြီး ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ နေ့စဉ်လိုလို တိုက်ပွဲတွေ ဖြစ်လာခဲ့ပါတယ်။ မေလ ၂၅ ရက်နေ့ ဒီကနေ့မနက်ပိုင်းအထိ ဖယ်ခုံမြို့နယ် လွယ်ပေါကျေးရွာအနားတဝိုက်မှာ ကြိုကြားကြိုကြား ပစ်ခတ်သံတွေ ကြားနေရတယ်လို့ ဖယ်ခုံအရှေ့ခြမ်း စစ်ရှောင်စခန်းတာဝန်ခံတဦးက ဗွီအိုအေကို ပြောပါတယ်။

“မြောက်ဘက် ဒီကနေ့ နည်းနည်းရှိသေးတယ်။ လွယ်ပေါအရှေ့ဘက် လက်နက်ကြီးထုတာကြားတယ်။ တောင်ဘက်တော့ မနေ့ညမနက်ကတည်းက ပြီးတယ်။ ဆီးမီးလောက့ပေါ့။ ဆီးမီးလော့ မနေ့က မနက်ပြီးသွားတယ်။”

မေလ ၂၄ ရက် မနေ့က ဆောင်နန်းခဲကျေးရွာ နဲ့ ဆီးမီးလော့ကျေးရွာဘက်မှာ တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ စစ်ရှောင်စခန်းတာဝန်ခံနဲ့ စစ်ဘေးရှောင်နေတဲ့ ဆီးမီးလော့ ရွာခံတဦးက ဗွီအိုအေကို ပြောပါတယ်။ ဆီးမီးလော့ကျေးရွာနားမှာ တပ်စွဲနေရာယူထားတဲ့ စစ်ကောင်စီတပ်စခန်းတခုကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွ့ဲက ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်လိုက်တာလို့ ဆီးမီးလော့ရွာခံက အခုလို ပြောပါတယ်။

“ဆီးမီးလော့မှာ တိုက်ပွဲမဖြစ်တော့ဘူး၊ အခုမရှိတော့ဘူး။ ဘာလို့လဲဆို စစ်တပ်က ပြန်ဆုတ်သွားလိုက်ပြီ။ ကာကွယ်ရေးတပ်ဘက် KNDF နဲ့ PDF တွေ ပူးပေါင်းတပ်ဖွဲ့တွေက တက်သိမ်းလိုက်တာ။ (စစ်တပ်က ဒီနေ့) စစ်ကြောင်းထိုးတာ ဒီဘက်တော့ သူတို့ မထိုးလာသေးဘူး။ ဒါပေမယ့် ဟိုဆောင်နန်းခဲဘက်မှာ နန်းပလုံးဘက်ကျတော့ တိုက်ပွဲမနေ့က ပြင်းထန်တယ်။ လက်နက်ကြီးရော လက်နက်ငယ်ရော အသံကြားတယ်။ မနေ့က PDF အဖွဲ့က နှစ်ယောက်ကျဆုံးသွားတယ်။ ဖယ်ခုံကနေလှမ်းပစ်တဲ့ လက်နက်ကြီး ကျည်ဆံမိပြီးတော့ သေသွားတယ်။”

မနေ့က မနက် ၄ နာရီလောက်မှာ ဆီးမီးလော့ရွာအောက်ဘက်ရှိ စစ်ကောင်စီတပ်စခန်းကို ကရင်နီပူးပေါင်းတပ်ဖွဲ့တွေက သွားရောက်ရှင်းလင်းခဲ့ပြီး စခန်းချနေထိုင်တဲ့ စစ်သားတွေ ပြန်လည်ဆုတ်ခွာသွားကြောင်းနဲ့ စစ်တပ်က ထောင်ထားတဲ့ မိုင်းတွေကို ဖယ်ရှား ဖောက်ခွဲဖျက်ဆီးခဲ့တယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF ရဲ့ တပ်ရင်း ၃ က မနေ့က ထုတ်ပြန်ထားပါတယ်။ ဒါနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ တစုံတရာ ထုတ်ပြန်ကြေညာတာမျိုး မတွေ့ရသေးပါဘူး။

မေလဆန်းပိုင်းကတည်းက စခဲ့တဲ့ ဖယ်ခုံအရှေ့ခြမ်းတိုက်ပွဲတွေဟာ အခုဆိုရင် တိုက်ပွဲဧရိယာ ပိုကျယ်လာတာလို့ ဒေသခံ စစ်ပြေးဒုက္ခသည်တွေကပြောပါတယ်။ ဒါကြောင့်လည်း ဒုက္ခသည်တွေ ရှောင်ပုန်းဖို့ တဖြည်းဖြည်းနေရာကျဉ်းလာနေပြီး အများစုက မိုးဗြဲဘက်မှာ ပြောင်းရွှေ့ခိုလှုံနေကြပြီးလို့ စစ်ဘေးရှောင်နေတဲ့ ဆီးမီးလော့ ရွာခံတဦးက ပြောပါတယ်။

“မေလ တောက်လျှောက်ပဲ ဒီကယား-ရှမ်းနယ်စပ်မှာ ဟို…ကုန်သားရွာမှာလည်း တောက်လျှောက်တိုက်ပွဲဖြစ်နေတယ်။ နောက်ပြီးတော့ ဒီဆီးမီးလော့ရွာမှာလည်း တောက်လျှောက်ဖြစ်နေတာ နောက်ပြီး ဟို..ဆောင်နန်းခဲဘက်လည်း တောက်လျှောက်ပဲ မေလ တလလုံးက တိုက်ပွဲက မနားဘူး၊ ဒီဘက်။ တိုက်ပွဲတော်တော် ဧရိယာကျယ်ပြန့်လိမ့်မယ်၊ ဘာလို့လဲဆိုတော့ ကျနော်တို့ အရှေ့ဘက်ကမ်းမှာ ပြေးရမယ့်နေရာက အရမ်းကျဉ်းနေပြီ။ ကျဉ်းတဲ့အခါကျတော့ ကျနော်တို့ ဘေးကင်းတဲ့ဘက် ပြေးရှောင်နေရတာ။ စစ်ရှောင်ပြည်သူတွေက အခု ဒီမိုးဗြဲရဲ့ အနောက်ဘက်ပေ့ါနော်၊ အဲ့ဘက်က တချို့ပြန်တယ်။ မိုးဗြဲတချို့ခိုလှုံတယ်။ နောက်ဖယ်ခုံမှာ တချို့ ခိုလှုံတယ်။”

ဖယ်ခုံအရှေ့ခြမ်းက ဒီ စစ်ပြေးဒုက္ခသည်တွေကြားမှာ ဖျားနာနေသူရှိသလို ကလေးတွေ ဝမ်းပျက်ဝမ်လျှောဖြစ်နေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့နှစ်ရက်လောက်က အသက် ၁၃ နှစ်အရွယ် ကလေးတယောက် အသက်ဆုံးပါးသွားတယ်လို့ ဖယ်ခုံအရှေ့ခြမ်း စစ်ရှောင်စခန်းတာဝန်ခံတဦးက ပြောပါတယ်။

စစ်ပြေးဒုက္ခသည်တွေ အများစုဟာ ယာယီမိုးကာတဲထိုးပြီး ဖြစ်သလိုနေထိုင်စားသောက်နေကြရတာပါ။ ဆေးဝါးနဲ့ စားရေးသောက်ရေးအပြင် လက်ရှိချိန်မှာ မိုးတွင်းကာလရောက်ပြီးမို့ အမိုးအကာတွေလည်း အလွန်အမင်း လိုအပ်နေတာလို့ စစ်ပြေးဒုက္ခသည်တွေနဲ့ စစ်ရှောင်စခန်းတာဝန်ခံက ပြောဆိုကြပါတယ်။

==============

XS
SM
MD
LG