သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ရန္ကုန္ၿမိဳ႕လယ္ေခါင္ ဗုံးကြဲမႈ ၁ ဦးေသ၊ ၉ ဦးဒဏ္ရာရ


ဘားလမ္းကားမွတ္တိုင္ ေပါက္ကြဲမႈကလူနာကို သယ္ေဆာင္တဲ့ျမင္ကြင္း။ (ဓာတ္ပံု-မဟာမြန္ျမတ္ေစတနာ ပရဟိတ/ေမ ၁၊၂၀၂၂)

[[Zawgyi/Unicode]]

ရန္ကုန္ၿမိဳ႕လယ္ေခါင္က ဘားလမ္းကားမွတ္တိုင္မွာ ေမလ ၃၁ ရက္ ဒီေန႔လယ္ ဗုံးေပါက္ကြဲမႈျဖစ္ၿပီး ကားမွတ္တိုင္နားက အရပ္သားျပည္သူ တဦးေသဆုံးၿပီး ၉ ဦး ဒဏ္ရရခဲ့ပါတယ္။ စိုးရိမ္လူနာတခ်ိဳ႕လည္းရွိေနတယ္လို႔ ကူညီကယ္ဆယ္ေပးသူေတြက ေျပာပါတယ္။ ရန္ကုန္က ေပးပို႔လာတဲ့သတင္း ကိုသားၫြန႔္ဦးက ေျပာျပပါမယ္။

ရန္ကုန္ ေက်ာက္တံတားၿမိဳ႕နယ္ ၃၅ လမ္း အလယ္ဘေလာက္မွာရွိတဲ့ ဘားလမ္းကားမွတ္တိုင္မွာ ေမ ၃၁ ရက္ ေန႔လယ္ပိုင္း ၃ နာရီေက်ာ္မွာ ဗုံးေပါက္ကြဲမႈျဖစ္ပြားခဲ့တာပါ။ ေပါက္ကြဲမႈေၾကာင့္ ကားမွတ္တိုင္အနီးမွာရွိတဲ့ အရပ္သား ျပည္သူေတြလည္း ထိခိုက္ဒဏ္ရာ ရရွိခဲ့ပါတယ္။ အခုညပိုင္း စစ္ေကာင္စီသတင္းထုတ္ျပန္ခ်က္ မွာေတာ့ ေပါက္ကြဲမႈေၾကာင့္ အရပ္သားတဦးေသဆုံးၿပီး ၉ ဦး ဒဏ္ရာရရွိတယ္လို႔ ဆိုပါတယ္။ PDF ေတြက ႏိုင္ငံအႏွံ႔မွာ အၾကမ္းဖက္မႈေတြက်ဴးလြန္ေနတယ္လို႔ ဆိုထားေပမယ့္ အတိအက် အေထာက္အထားေျပာဆိုသြားတာေတာ့မရွိပါဘူး။ ေပါက္ကြဲမႈျဖစ္စဥ္နဲ႔ ပတ္သက္လို႔ ျဖစ္စဥ္အနီးမွာရွိတဲ့ လင္းလက္ လူမႈကူညီေရးအသင္းကို ဗြီအိုေအက ဆက္သြယ္ေမးျမန္းရာမွာေတာ့ အခုလိုေျပာျပပါတယ္။

“က်မက ႐ုံးေပၚမွာဆိုေတာ့ ၃ နာရီ ၂၀ ေလာက္ ခန႔္မွန္း ဒီအခ်ိန္ေပါ့။ ခန႔္မွန္းရပါတယ္။ အသံကေတာ့ က်ယ္တာေပါ့။ က်မနဲ႔နီးတယ္ေလ။ လမ္းထိပ္မွာဆိုေတာ့ က်မနဲ႔ သိပ္မေဝးဘူးေပါ့။ အသံၾကားၿပီးကတည္းက ကေလးေတြကလည္း ေျပးၿပီး သတင္းလာပို႔တယ္။ ဗုံးေပါက္တဲ့ကိစၥမွာ လူနာေတြရွိတယ္ဆိုတာ လာေျပာေတာ့ က်မ ယူနီေဖာင္းေတြဘာေတြ ဝတ္ၿပီးဆင္းသြားခ်ိန္မွာ လူနာေတြ အေျခအေနကေတာ့ ေသြးထြက္သံယိုရွိေနတာေပါ့ေနာ္။ ျပည္သူေတြက အနားမကပ္ဖို႔နဲ႔ လူနာေတြကို အသက္ကယ္ဖို႔ အျမန္ဆုံးလူနာကို ေဆး႐ုံႀကီးကိုပို႔တယ္။ တျခားသြားႏိုင္လာႏိုင္တဲ့ကေလးေတြ ဒဏ္ရာရတဲ့ကေလးေတြက်ေတာ့ ဘားလမ္းထဲမွာရွိတဲ့ ေဆး႐ုံကို အရင္ေျပးသြားတယ္ေပါ့။”

ေပါက္ကြဲမႈျဖစ္ပြားၿပီးေနာက္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ေတြေရာက္လာၿပီး ျဖစ္စဥ္ျဖစ္ ပြားတဲ့ အနီးအနားမွာ လုံၿခဳံေရးယူၿပီး မိုင္းရွင္းလင္းေရးေတြေဆာင္႐ြက္ပါတယ္။ မိုင္းရွင္းလင္းေရး ေဆာင္႐ြက္ေနခ်ိန္မွာ ေနာက္ထပ္ မေပါက္ကြဲဘဲ က်န္ရွိတဲ့ ဗုံးတလုံး ေတြ႕ရွိတဲ့အတြက္ ကားတာရာကြင္းေတြ ကာရံၿပီး ဗုံးကို ေဖာက္ခြဲဖ်က္ဆီးခဲ့တယ္လို႔လည္း သိရပါတယ္။

ေပါက္ကြဲမႈေၾကာင့္ အရပ္သား ျပည္သူေတြ ၁၀ ဦးခန႔္ ထိခိုက္ ဒဏ္ရာရရွိခဲ့ၿပီး အသက္အႏၲရယ္ စိုးရိမ္ရတဲ့လူနာ ၄ ဦးရွိတယ္လို႔ ျဖစ္စဥ္မွာ ကိုယ္တိုင္ကူညီကယ္ ဆယ္ေနသူတဦးက ေျပာပါတယ္။

“ ျမင္ကြင္းမွာေတာ့ စိုးရိမ္ရတဲ့လူနာက အနည္းဆုံး ၄ ေယာက္ေလာက္ေတာ့ျမင္ခဲ့တယ္။ တေယာက္ကေတာ့ အလြန္ဆိုး႐ြားတယ္။ အသက္အႏၲရာယ္ေတာ့ ျဖစ္ႏိုင္ တယ္။ ေနာက္တေယာက္ကေတာ့ ေျခေထာက္ထိထားတယ္။ ေသြးထြက္လြန္လူနာရွိတယ္။ ေျခေထာက္ေတြထိတာရွိတယ္။ လက္ေတြထိတာရွိတယ္။ ဗိုက္ေတြထိတာရွိတယ္။ တခ်ိဳ႕ဆိုရင္လြင့္ၿပီးေတာ့ လဲက်သြားတဲ့ အေနအထား ပုံစံမွာရွိတယ္။”

စိုးရိမ္ရတဲ့လူနာေတြထဲက တဦးေသဆုံးတယ္လို သတင္းထြက္ေနေပမယ့္ အတည္ျပဳလို႔မရေသးပါဘူး။

ေပါက္ကြဲမႈျဖစ္ပြားတဲ့ေနရာဟာ ရန္ကုန္ၿမိဳ႕အလယ္ေခါင္မွာျဖစ္ရွိတဲ့ ကားမွတ္တိုင္ မွာ ေပါက္ကြဲတာျဖစ္ၿပီး ေပါက္ကြဲခ်ိန္ဟာ လူစည္ကားတဲ့ အခ်ိန္လည္းျဖစ္ပါတယ္။ ရန္ကုန္ၿမိဳ႕မွာ အစိုးရ ဌာနဆိုင္ရာ႐ုံးေတြ ရပ္ကြက္႐ုံးေတြမွာ မၾကာခဏဆိုသလို ဗုံးနဲ႔ ပစ္ခတ္တိုက္ခိုက္ ေပါက္ကြဲတာေတြရွိေပမယ့္ အမ်ားျပည္သူအသုံးျပဳတဲ့ ဘတ္စ္ကားမွတ္တိုင္မွာ ေပါက္ကြဲတာ ဒါဟာ ပထမဆုံး အႀကိမ္ျဖစ္ပါတယ္။

ေပါက္ကြဲမႈနဲ႔ပတ္သက္လို႔ ဘယ္အဖြဲ႕အစည္းက လုပ္ေဆာင္လဲဆိုတာကို ထုတ္ျပန္ တာမရွိေသးသလို ေသဆုံးထိခိုက္ဒဏ္ရာရတာေတြနဲ႔ ပတ္သက္ၿပီး ေက်ာက္တံတား ရဲစခန္းကို ဖုန္းဆက္သြယ္ေခၚဆိုေပမယ့္ လက္ခံေျဖၾကားတာမရွိပါဘူး။ NUG ၾကားကာလ အမ်ိဳးသားညီၫြတ္ေရးအစိုးရကေတာ့ အရပ္သားေတြကိုထိခိုက္ေစတဲ့ ဒီအၾကမ္းဖက္မႈကို ေဝဖန္ ရႈတ္ခ်တဲ့ ေၾကညာခ်က္ထုတ္ပါတယ္။ NUG ကာကြယ္ေရးဌာနအေနနဲ႔ သူ႔တပ္ဖြဲ႕က စစ္သည္က်င့္ဝတ္ေတြကို တိတိက်က်သတ္မွတ္ထားသလို လိုက္နာဖို႔ပ်က္ကြက္ရင္လည္း ထိေရာက္စြာအေရးယူတယ္လို႔လည္း ေဖာ္ျပပါတယ္။

တိုက္႐ိုက္ လင့္ခ္

===============

[[Unicode]]

ရန်ကုန်မြို့လယ်ခေါင် ဗုံးကွဲမှု ၁ ဦးသေ၊ ၉ ဦးဒဏ်ရာရ


ရန်ကုန်မြို့လယ်ခေါင်က ဘားလမ်းကားမှတ်တိုင်မှာ မေလ ၃၁ ရက် ဒီနေ့လယ် ဗုံးပေါက်ကွဲမှုဖြစ်ပြီး ကားမှတ်တိုင်နားက အရပ်သားပြည်သူ တဦးသေဆုံးပြီး ၉ ဦး ဒဏ်ရရခဲ့ပါတယ်။ စိုးရိမ်လူနာတချို့လည်းရှိနေတယ်လို့ ကူညီကယ်ဆယ်ပေးသူတွေက ပြောပါတယ်။ ရန်ကုန်က ပေးပို့လာတဲ့သတင်း ကိုသားညွန့်ဦးက ပြောပြပါမယ်။

ရန်ကုန် ကျောက်တံတားမြို့နယ် ၃၅ လမ်း အလယ်ဘလောက်မှာရှိတဲ့ ဘားလမ်းကားမှတ်တိုင်မှာ မေ ၃၁ ရက် နေ့လယ်ပိုင်း ၃ နာရီကျော်မှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တာပါ။ ပေါက်ကွဲမှုကြောင့် ကားမှတ်တိုင်အနီးမှာရှိတဲ့ အရပ်သား ပြည်သူတွေလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။ အခုညပိုင်း စစ်ကောင်စီသတင်းထုတ်ပြန်ချက် မှာတော့ ပေါက်ကွဲမှုကြောင့် အရပ်သားတဦးသေဆုံးပြီး ၉ ဦး ဒဏ်ရာရရှိတယ်လို့ ဆိုပါတယ်။ PDF တွေက နိုင်ငံအနှံ့မှာ အကြမ်းဖက်မှုတွေကျူးလွန်နေတယ်လို့ ဆိုထားပေမယ့် အတိအကျ အထောက်အထားပြောဆိုသွားတာတော့မရှိပါဘူး။ ပေါက်ကွဲမှုဖြစ်စဉ်နဲ့ ပတ်သက်လို့ ဖြစ်စဉ်အနီးမှာရှိတဲ့ လင်းလက် လူမှုကူညီရေးအသင်းကို ဗွီအိုအေက ဆက်သွယ်မေးမြန်းရာမှာတော့ အခုလိုပြောပြပါတယ်။

“ကျမက ရုံးပေါ်မှာဆိုတော့ ၃ နာရီ ၂၀ လောက် ခန့်မှန်း ဒီအချိန်ပေါ့။ ခန့်မှန်းရပါတယ်။ အသံကတော့ ကျယ်တာပေါ့။ ကျမနဲ့နီးတယ်လေ။ လမ်းထိပ်မှာဆိုတော့ ကျမနဲ့ သိပ်မဝေးဘူးပေါ့။ အသံကြားပြီးကတည်းက ကလေးတွေကလည်း ပြေးပြီး သတင်းလာပို့တယ်။ ဗုံးပေါက်တဲ့ကိစ္စမှာ လူနာတွေရှိတယ်ဆိုတာ လာပြောတော့ ကျမ ယူနီဖောင်းတွေဘာတွေ ဝတ်ပြီးဆင်းသွားချိန်မှာ လူနာတွေ အခြေအနေကတော့ သွေးထွက်သံယိုရှိနေတာပေါ့နော်။ ပြည်သူတွေက အနားမကပ်ဖို့နဲ့ လူနာတွေကို အသက်ကယ်ဖို့ အမြန်ဆုံးလူနာကို ဆေးရုံကြီးကိုပို့တယ်။ တခြားသွားနိုင်လာနိုင်တဲ့ကလေးတွေ ဒဏ်ရာရတဲ့ကလေးတွေကျတော့ ဘားလမ်းထဲမှာရှိတဲ့ ဆေးရုံကို အရင်ပြေးသွားတယ်ပေါ့။”

ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရောက်လာပြီး ဖြစ်စဉ်ဖြစ် ပွားတဲ့ အနီးအနားမှာ လုံခြုံရေးယူပြီး မိုင်းရှင်းလင်းရေးတွေဆောင်ရွက်ပါတယ်။ မိုင်းရှင်းလင်းရေး ဆောင်ရွက်နေချိန်မှာ နောက်ထပ် မပေါက်ကွဲဘဲ ကျန်ရှိတဲ့ ဗုံးတလုံး တွေ့ရှိတဲ့အတွက် ကားတာရာကွင်းတွေ ကာရံပြီး ဗုံးကို ဖောက်ခွဲဖျက်ဆီးခဲ့တယ်လို့လည်း သိရပါတယ်။

ပေါက်ကွဲမှုကြောင့် အရပ်သား ပြည်သူတွေ ၁၀ ဦးခန့် ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး အသက်အန္တရယ် စိုးရိမ်ရတဲ့လူနာ ၄ ဦးရှိတယ်လို့ ဖြစ်စဉ်မှာ ကိုယ်တိုင်ကူညီကယ် ဆယ်နေသူတဦးက ပြောပါတယ်။

“မြင်ကွင်းမှာတော့ စိုးရိမ်ရတဲ့လူနာက အနည်းဆုံး ၄ ယောက်လောက်တော့မြင်ခဲ့တယ်။ တယောက်ကတော့ အလွန်ဆိုးရွားတယ်။ အသက်အန္တရာယ်တော့ ဖြစ်နိုင် တယ်။ နောက်တယောက်ကတော့ ခြေထောက်ထိထားတယ်။ သွေးထွက်လွန်လူနာရှိတယ်။ ခြေထောက်တွေထိတာရှိတယ်။ လက်တွေထိတာရှိတယ်။ ဗိုက်တွေထိတာရှိတယ်။ တချို့ဆိုရင်လွင့်ပြီးတော့ လဲကျသွားတဲ့ အနေအထား ပုံစံမှာရှိတယ်။”

စိုးရိမ်ရတဲ့လူနာတွေထဲက တဦးသေဆုံးတယ်လို သတင်းထွက်နေပေမယ့် အတည်ပြုလို့မရသေးပါဘူး။

ပေါက်ကွဲမှုဖြစ်ပွားတဲ့နေရာဟာ ရန်ကုန်မြို့အလယ်ခေါင်မှာဖြစ်ရှိတဲ့ ကားမှတ်တိုင် မှာ ပေါက်ကွဲတာဖြစ်ပြီး ပေါက်ကွဲချိန်ဟာ လူစည်ကားတဲ့ အချိန်လည်းဖြစ်ပါတယ်။ ရန်ကုန်မြို့မှာ အစိုးရ ဌာနဆိုင်ရာရုံးတွေ ရပ်ကွက်ရုံးတွေမှာ မကြာခဏဆိုသလို ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက် ပေါက်ကွဲတာတွေရှိပေမယ့် အများပြည်သူအသုံးပြုတဲ့ ဘတ်စ်ကားမှတ်တိုင်မှာ ပေါက်ကွဲတာ ဒါဟာ ပထမဆုံး အကြိမ်ဖြစ်ပါတယ်။

ပေါက်ကွဲမှုနဲ့ပတ်သက်လို့ ဘယ်အဖွဲ့အစည်းက လုပ်ဆောင်လဲဆိုတာကို ထုတ်ပြန် တာမရှိသေးသလို သေဆုံးထိခိုက်ဒဏ်ရာရတာတွေနဲ့ ပတ်သက်ပြီး ကျောက်တံတား ရဲစခန်းကို ဖုန်းဆက်သွယ်ခေါ်ဆိုပေမယ့် လက်ခံဖြေကြားတာမရှိပါဘူး။ NUG ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရကတော့ အရပ်သားတွေကိုထိခိုက်စေတဲ့ ဒီအကြမ်းဖက်မှုကို ဝေဖန် ရှုတ်ချတဲ့ ကြေညာချက်ထုတ်ပါတယ်။ NUG ကာကွယ်ရေးဌာနအနေနဲ့ သူ့တပ်ဖွဲ့က စစ်သည်ကျင့်ဝတ်တွေကို တိတိကျကျသတ်မှတ်ထားသလို လိုက်နာဖို့ပျက်ကွက်ရင်လည်း ထိရောက်စွာအရေးယူတယ်လို့လည်း ဖော်ပြပါတယ်။

===============

XS
SM
MD
LG