ေနာင္ခ်ိဳ ပညာေရးမႉး႐ုံးဗုံးကြဲမႈ တဦးေသ ၈ ဦးဒဏ္ရာရ
{{Zawgay/Unicode}}
ျမန္မာႏိုင္ငံမွာ ေက်ာင္းေတြ ျပန္ဖြင့္တဲ့အခ်ိန္ ရွမ္းျပည္ေျမာက္ပိုင္း ေနာင္ခ်ိဳၿမိဳ႕နယ္ ပညာေရးမွဴး႐ုံးမွာ ေမလ ၃၁ ရက္ မေန႔ မြန္းလြဲပိုင္းေလာက္က ဗုံးေပါက္ပြဲမႈျဖစ္ၿပီး ပညာေရးဝန္ထမ္း ၈ ဦး အျပင္းအထန္ ဒဏ္ရာရရွိၿပီး တဦးေသဆုံးသြားတယ္လို႔ လူမႈကူညီေရးအသင္းက ဗြီအိုေအကို ေျပာပါတယ္။ ရန္ကုန္က သတင္းေပးပို႔ထား ကိုရဲမြန္ က ေျပာျပမွာပါ။
ရွမ္းျပည္ေျမာက္ပိုင္း ေနာင္ခ်ိဳၿမိဳ႕နယ္ ပညာေရးမႉး႐ုံးမွာ ေမလ၃၁ရက္ေန႔ ေန႔လယ္ေလာက္က ေက်ာင္းအုပ္ဆရာ၊ ဆရာမေတြ ပညာေရးဝန္ထမ္းေတြ ေက်ာင္းကိစၥေတြနဲ႔ အစည္းအေဝးလုပ္ေနတာလို႔ ေနာင္ခ်ိဳၿမိဳ႕နယ္ ပညာေရးဝန္ထမ္းတဦးက ဗြီအိုေအကို ေျပာပါတယ္။
အစည္းအေဝးၿပီးဆုံးၿပီ မိနစ္ ၂၀ အၾကာ အႀကီးစားေပါက္ကြဲမႈျဖစ္တာလို႔ ေျပာပါတယ္။ ဗုံးေပါက္ပြဲမႈျဖစ္ၿပီး ပညာေရးဝန္ထမ္း ၈ ဦး အျပင္းအထန္ဒဏ္ရာရရွိၿပီး တဦးေသဆုံးသြားပါတယ္။ ဒဏ္ရာရရွိသူေတြကို ျပင္လြင္ဦး စစ္ေဆး႐ုံကို ပို႔ေဆာင္ေနခ်ိန္ လမ္းမွာ အမ်ိဳးသမီးတဦးက ေသဆုံးသြားတာလို႔ လူမႈကူညီေရးအသင္းကေျပာပါတယ္။
“ ၉ ေယာက္ ဒဏ္ရာရတယ္။ အမ်ိဳးသား ၅ ေယာက္ အမ်ိဳးသမီး ၄ေယာက္၊ အမ်ိဳးအားလုံးက အျပင္းထန္ဒဏ္ရာမဟုတ္ဘူး ၊ စိုးရိမ္စရာမရွိဘူး။ အမ်ိဳးသမီး ၄ေယာက္မွာ အျပင္းထန္ဒဏ္ရာရတယ္။ အျပင္းထန္ဒဏ္ရာရၿပီးေတာ့ တစ္ေယာက္ကေတာ့ ဆုံးသြားတယ္ဗ်။ အဲ့မွာ ျပင္ဦးလြင္ စစ္ေဆး႐ုံေရာက္တဲ့ အခ်ိန္မွာ အသက္မပါေတာ့ဘူး။ ေယ်ဘူရ အၾကမ္းဖ်င္းေျပာရမယ္ဆိုရင္ သူ႔ရဲ႕ ပညာေရးမႉး႐ုံရဲ႕အေပၚထပ္ေပါ့ေနာ္၊ သူတို႔အစည္းအေဝးခန္းမွာ ကြဲတာေပါ့ေလ။ က်ေနာ္တို႔လည္း ဂဃနဏေတာ့ မသိ သူတို႔ေျပာေနဆိုေနၾကတဲ့ အေနအထားေတာ့ အစည္းအေဝးၿပီးမွ ေပါက္ကြဲမႈျဖစ္တာေပ့ါေလး။”
ေနာင္ခ်ိဳၿမိဳ႕နယ္ ျမက္ခ်င္းႏုေက်း႐ြာ မူလတန္း ေက်ာင္းအုပ္ဆရာမႀကီးတဦး ေသဆုံးၿပီး ထိခိုက္ဒဏ္ရာရရွိသူေတြက လက္ေထာက္ ၫႊန္ၾကားေရးမွဴးတဦးနဲ႔ ေက်ာင္းအုပ္ဆရာ၊ ဆရာမေတြလို႔ ေနာင္ခ်ိဳၿမိဳ႕နယ္ ပညာေရးဝန္ထမ္းတဦးက ေျပာပါတယ္။
“မေန႔က ရာထူးေတြထဲမွာ ဒဏ္ရာရတာက မူလတန္းေက်ာင္းအုပ္ေတြပါတယ္။ ေနာက္တခါ လက္ေထာက္ ၫႊန္ၾကားေရးမွဴးတေယာက္ပါတယ္။ ေသဆုံးသြားတာက အဲ့ဒါ မူလတန္းတာဝန္ခံ ေက်ာင္းအုပ္၊ ေနာင္ခ်ိဳၿမိဳ႕နယ္ ျမက္ခ်င္းႏု႐ြာက။ အစည္းအေဝးက တနာရီမွာတင္ ၁၂ နာရီ ၄၅ ေလာက္က ၿပီးတယ္။ တန္းျဖဳတ္ၿပီးမွ ၂ နာရီ ၅ မိနစ္ ၆ မိနစ္ေလာက္မွာ ကြဲတာ။ ေပါက္ကြဲမႈက ေတာ္တာ္ေလးျပင္းထန္တယ္။ ေတာ္ေတာ္ျပင္းထန္ဆိုတာက ႐ုံကို အဲ့ဒါပြားစီးတက္သြားတာ အေပၚကေနၿပီးေတာ့ ေအာက္ထိ ကြန္ကရစ္ကို ေပါက္တာ။ တန္းျဖဳတ္ၿပီးေတာ့ အကုန္လုံးဆင္းကုန္ၾကၿပီးေပါ့။ အဲ့မွာ ထိခိုက္တဲ့ လူေတြက်ေတာ့ အဲ့ဒီအစည္းအေဝးခန္းမထဲပဲ သူတို႔ ဒီလိုအပ္တဲ့ ႐ုံျပင္စရာရွိတဲ့ စာ႐ြက္စာတမ္းေတြေရးၿပီးေတာ့ က်န္ေနခဲ့တဲ့လူေတြ သူတို႔ ထိတာေပ့ါ။”
ေနာင္ခ်ိဳၿမိဳ႕နယ္ ပညာေရးမႉး႐ုံး ႏွစ္ထပ္ေက်ာင္းေဆာင္ အစည္းအေဝးခန္းမမွာ PDF အဖြဲ႕က မိုင္းေထာင္ေဖာက္ခြဲခဲ့တာလို႔ စစ္ေကာင္စီဖက္က စြပ္စြဲခဲ့ပါတယ္။
စစ္ေကာင္စီ အာဏာသိမ္းၿပီးေနာက္မွာ ဆရာ၊ ဆရာမေတြအပါအဝင္ ပညာေရးဝန္ထမ္း အေတာ္အမ်ားမ်ားဟာ အၾကမ္းမဖက္ အာဏာဖီဆန္ေရး လႈပ္ရွားမႈနဲ႔ အတူ စစ္အာဏာသိမ္းမႈကို ကန႔္ကြက္ဆႏၵျပခဲ့ၾကပါတယ္။
စစ္ေကာင္စီဘက္က ဆႏၵျပမႈေတြကို ျပင္းျပင္းထန္ထန္ႏွိပ္ကြပ္ခဲ့သလို CDM လႈပ္ရွားမႈမွာပါဝင္ခဲ့သူေတြကို ဖိအားေပးတာ အလုပ္တာဝန္ကေန ရပ္စဲတာေတြ လုပ္ခဲ့ပါတယ္။
တဖက္မွာ CDM မလုပ္တဲ့ဝန္ထမ္းေတြကို ၿခိမ္းေျခာက္ဖိအားေပးတာေတြရွိတယ္လို႔လည္း စစ္ေကာင္စီဖက္က ေျပာပါတယ္။ CDM လုပ္ထားတဲ့ ပညာေရးဝန္ထမ္းေတြကို ရာဇဝတ္မႈ က်ဴးလြန္ထားတာ မရွိရင္ျပန္လည္လက္ခံမယ္လို႔ စစ္ေကာင္စီကလည္း ကမ္းလွမ္းထားပါတယ္။
#MyanmarViolence #MyanmarEducation #VOA #ေနာင္ခ်ဳိပညာေရးမႉး႐ံုး #အႀကီးစားဗံုးေဖာက္ခြဲမႈ #ဗီြအိုေအ
==========
[[Unicode]]
နောင်ချို ပညာရေးမှူးရုံးဗုံးကွဲမှု တဦးသေ ၈ ဦးဒဏ်ရာရ
မြန်မာနိုင်ငံမှာ ကျောင်းတွေ ပြန်ဖွင့်တဲ့အချိန် ရှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ် ပညာရေးမှူးရုံးမှာ မေလ ၃၁ ရက် မနေ့ မွန်းလွဲပိုင်းလောက်က ဗုံးပေါက်ပွဲမှုဖြစ်ပြီး ပညာရေးဝန်ထမ်း ၈ ဦး အပြင်းအထန် ဒဏ်ရာရရှိပြီး တဦးသေဆုံးသွားတယ်လို့ လူမှုကူညီရေးအသင်းက ဗွီအိုအေကို ပြောပါတယ်။ ရန်ကုန်က သတင်းပေးပို့ထား ကိုရဲမွန် က ပြောပြမှာပါ။
ရှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ် ပညာရေးမှူးရုံးမှာ မေလ၃၁ရက်နေ့ နေ့လယ်လောက်က ကျောင်းအုပ်ဆရာ၊ ဆရာမတွေ ပညာရေးဝန်ထမ်းတွေ ကျောင်းကိစ္စတွေနဲ့ အစည်းအဝေးလုပ်နေတာလို့ နောင်ချိုမြို့နယ် ပညာရေးဝန်ထမ်းတဦးက ဗွီအိုအေကို ပြောပါတယ်။
အစည်းအဝေးပြီးဆုံးပြီ မိနစ် ၂၀ အကြာ အကြီးစားပေါက်ကွဲမှုဖြစ်တာလို့ ပြောပါတယ်။ ဗုံးပေါက်ပွဲမှုဖြစ်ပြီး ပညာရေးဝန်ထမ်း ၈ ဦး အပြင်းအထန်ဒဏ်ရာရရှိပြီး တဦးသေဆုံးသွားပါတယ်။ ဒဏ်ရာရရှိသူတွေကို ပြင်လွင်ဦး စစ်ဆေးရုံကို ပို့ဆောင်နေချိန် လမ်းမှာ အမျိုးသမီးတဦးက သေဆုံးသွားတာလို့ လူမှုကူညီရေးအသင်းကပြောပါတယ်။
“ ၉ ယောက် ဒဏ်ရာရတယ်။ အမျိုးသား ၅ ယောက် အမျိုးသမီး ၄ယောက်၊ အမျိုးအားလုံးက အပြင်းထန်ဒဏ်ရာမဟုတ်ဘူး ၊ စိုးရိမ်စရာမရှိဘူး။ အမျိုးသမီး ၄ယောက်မှာ အပြင်းထန်ဒဏ်ရာရတယ်။ အပြင်းထန်ဒဏ်ရာရပြီးတော့ တစ်ယောက်ကတော့ ဆုံးသွားတယ်ဗျ။ အဲ့မှာ ပြင်ဦးလွင် စစ်ဆေးရုံရောက်တဲ့ အချိန်မှာ အသက်မပါတော့ဘူး။ ယျေဘူရ အကြမ်းဖျင်းပြောရမယ်ဆိုရင် သူ့ရဲ့ ပညာရေးမှူးရုံရဲ့အပေါ်ထပ်ပေါ့နော်၊ သူတို့အစည်းအဝေးခန်းမှာ ကွဲတာပေါ့လေ။ ကျနော်တို့လည်း ဂဃနဏတော့ မသိ သူတို့ပြောနေဆိုနေကြတဲ့ အနေအထားတော့ အစည်းအဝေးပြီးမှ ပေါက်ကွဲမှုဖြစ်တာပေ့ါလေး။”
နောင်ချိုမြို့နယ် မြက်ချင်းနုကျေးရွာ မူလတန်း ကျောင်းအုပ်ဆရာမကြီးတဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူတွေက လက်ထောက် ညွှန်ကြားရေးမှူးတဦးနဲ့ ကျောင်းအုပ်ဆရာ၊ ဆရာမတွေလို့ နောင်ချိုမြို့နယ် ပညာရေးဝန်ထမ်းတဦးက ပြောပါတယ်။
“မနေ့က ရာထူးတွေထဲမှာ ဒဏ်ရာရတာက မူလတန်းကျောင်းအုပ်တွေပါတယ်။ နောက်တခါ လက်ထောက် ညွှန်ကြားရေးမှူးတယောက်ပါတယ်။ သေဆုံးသွားတာက အဲ့ဒါ မူလတန်းတာဝန်ခံ ကျောင်းအုပ်၊ နောင်ချိုမြို့နယ် မြက်ချင်းနုရွာက။ အစည်းအဝေးက တနာရီမှာတင် ၁၂ နာရီ ၄၅ လောက်က ပြီးတယ်။ တန်းဖြုတ်ပြီးမှ ၂ နာရီ ၅ မိနစ် ၆ မိနစ်လောက်မှာ ကွဲတာ။ ပေါက်ကွဲမှုက တော်တာ်လေးပြင်းထန်တယ်။ တော်တော်ပြင်းထန်ဆိုတာက ရုံကို အဲ့ဒါပွားစီးတက်သွားတာ အပေါ်ကနေပြီးတော့ အောက်ထိ ကွန်ကရစ်ကို ပေါက်တာ။ တန်းဖြုတ်ပြီးတော့ အကုန်လုံးဆင်းကုန်ကြပြီးပေါ့။ အဲ့မှာ ထိခိုက်တဲ့ လူတွေကျတော့ အဲ့ဒီအစည်းအဝေးခန်းမထဲပဲ သူတို့ ဒီလိုအပ်တဲ့ ရုံပြင်စရာရှိတဲ့ စာရွက်စာတမ်းတွေရေးပြီးတော့ ကျန်နေခဲ့တဲ့လူတွေ သူတို့ ထိတာပေ့ါ။”
နောင်ချိုမြို့နယ် ပညာရေးမှူးရုံး နှစ်ထပ်ကျောင်းဆောင် အစည်းအဝေးခန်းမမှာ PDF အဖွဲ့က မိုင်းထောင်ဖောက်ခွဲခဲ့တာလို့ စစ်ကောင်စီဖက်က စွပ်စွဲခဲ့ပါတယ်။
စစ်ကောင်စီ အာဏာသိမ်းပြီးနောက်မှာ ဆရာ၊ ဆရာမတွေအပါအဝင် ပညာရေးဝန်ထမ်း အတော်အများများဟာ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုနဲ့ အတူ စစ်အာဏာသိမ်းမှုကို ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။
စစ်ကောင်စီဘက်က ဆန္ဒပြမှုတွေကို ပြင်းပြင်းထန်ထန်နှိပ်ကွပ်ခဲ့သလို CDM လှုပ်ရှားမှုမှာပါဝင်ခဲ့သူတွေကို ဖိအားပေးတာ အလုပ်တာဝန်ကနေ ရပ်စဲတာတွေ လုပ်ခဲ့ပါတယ်။
တဖက်မှာ CDM မလုပ်တဲ့ဝန်ထမ်းတွေကို ခြိမ်းခြောက်ဖိအားပေးတာတွေရှိတယ်လို့လည်း စစ်ကောင်စီဖက်က ပြောပါတယ်။ CDM လုပ်ထားတဲ့ ပညာရေးဝန်ထမ်းတွေကို ရာဇဝတ်မှု ကျူးလွန်ထားတာ မရှိရင်ပြန်လည်လက်ခံမယ်လို့ စစ်ကောင်စီကလည်း ကမ်းလှမ်းထားပါတယ်။
#MyanmarViolence #MyanmarEducation #VOA #နောင်ချိုပညာရေးမှူးရုံး #အကြီးစားဗုံးဖောက်ခွဲမှု #ဗွီအိုအေ
==========