သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကရင္ျပည္နယ္တြင္း ဒုကၡသည္မ်ားအကူအညီမ်ားရေရး ခက္ခဲေန


တိုက္ပြဲေတြေၾကာင့္ထြက္ေျပးလာၾကတဲ့ စစ္ေရွာင္ဒုကၡသည္ေတြအတြက္ ထိုင္းျမန္မာနယ္စပ္မွာ ယာယီတဲမ်ားေဆာက္လုပ္ေနစဥ္။ (ဒီဇင္ဘာ ၂၅၊ ၂၀၂၁)


[[Zawgyi/Unicode]]


ျမန္မာႏိုင္ငံ အေရွ႕ေတာင္ပိုင္းေဒသေတြက တိုက္ပြဲေတြေၾကာင့္ ေဒသခံေတြမွာ အက်ပ္အတည္းေတြႀကဳံေနၿပီး လူသားခ်င္းစာနာမႈအကူအညီေတြရဖို႔လည္း အခက္အခဲရွိေနပါတယ္။ အထူးသျဖင့္ ကရင္ျပည္နယ္ထဲက အလွမ္းေဝးကြာတဲ့ ေနရာေတြမွာ ခိုလႈံေနရတဲ့ စစ္ေရွာင္ေတြဆီကို အကူအညီေတြေရာက္ႏိုင္ဖို႔ ပိုၿပီး ခက္ခဲလာတယ္လို႔ ကရင္ျပည္နယ္ထဲက အရပ္ဘက္အဖြဲ႕ေတြက ေျပာပါတယ္။ ရန္ကုန္ကေပးပို႔တဲ့ ဒီသတင္း ဦးတင္ေမာင္သန္းက တင္ျပေပးထားပါတယ္။

ျပည္တြင္းကစစ္ပြဲေတြေၾကာင့္ ကရင္ေက်း႐ြာသားအမ်ားအျပားဟာ ထိုင္းနယ္စပ္ဘက္ကို တိမ္းေရွာင္ၾကရေပမယ့္ ထိုင္းအာဏာပိုင္ေတြက အခ်ိဳ႕ကိုသာ ယာယီခိုလႈံခြင့္ေပးၿပီး အမ်ားအျပားကေတာ့ နယ္စပ္ျဖတ္ေက်ာ္ခြင့္မရၾကပါဘူး။ ဒါေၾကာင့္ လည္း သူတို႔ဟာ ျပည္တြင္းလွည့္လွည္ခိုေအာင္းေနရတဲ့ ဒုကၡသည္ေတြျဖစ္ၿပီး ႏိုင္ငံတကာနဲ႔ ကုလသမဂၢေအဂ်င္စီေတြရဲ႕ အကူအညီအေထာက္အပံ့နဲ႔လည္း အလွမ္းေဝးေနပါတယ္။ ထိုင္းႏိုင္ငံတြင္း ေရာက္လာတဲ့ ဒုကၡသည္တခ်ိဳ႕ကိုလည္း ထိုင္းဘက္က ေနရပ္ျပန္ဖို႔ ဖိအားေပးခဲ့တဲ့အတြက္လည္း စစ္ေျပးဒုကၡသည္အမ်ားအျပားဟာ ျပည္တြင္းမွာပဲ ေဘးလြတ္ရာကို တေနရာၿပီး တေနရာ ေ႐ြ႕ေျပာင္းေနထိုင္ေနရတာပါ။

စစ္ေျပးဒုကၡသည္ေတြဟာ လက္လွမ္းမမွီတဲ့ေနရာေတြမွာ တကြဲတျပားစီေရာက္ေနၾကလို႔ ႏိုင္ငံတကာအဖြဲ႔ေတြက လူသားခ်င္းစာနာမႈအကူအညီေတြ ေပးႏိုင္ဖို႔ အခက္ႀကဳံၾကရတယ္လို႔ ကရင္လူ႔အခြင့္အေရးအဖြဲ႔ KHRG ေျပာခြင့္ရ ေစာနႏၵဆူးက ဗြီအိုေအကို ေျပာပါတယ္။ အထူးသျဖင့္ KNU နယ္ေျမေတြျဖစ္တဲ့ တပ္မဟာ (၁) သထုံခ႐ိုင္၊ တပ္မဟာ (၄) ထားဝယ္ခ႐ိုင္နဲ႔ တပ္မဟာ (၅) ဖာပြန္ခ႐ိုင္ ေဒသေတြက ျပည္တြင္းဒုကၡသည္ေတြဟာ အကူအညီေတြနဲ႔ အလွမ္းေဝးေနတာလို႔ ေျပာပါတယ္။

"သူတို႔က သူမ်ားေတြရဲ႕နယ္ပယ္ထဲမွာတို႔၊ ၿပီးရင္ ေတာထဲမွာတို႔ အဲလိုမ်ိဳးေတြ ထြက္ေျပးေနရတာေပါ့ေနာ္။ အဲလိုမ်ိဳး အစုအဖြဲ႔ IDP ေတြက humanitarian aid (လူသားခ်င္းစာနာတဲ့ အေထာက္အပံ့ေတြ) မရၾကဘူး။"

ထိုင္းနယ္စပ္ ဒါမွမဟုတ္ ထိုင္းနယ္စပ္နဲ႔ သိပ္ၿပီးအလွမ္းမေဝးတဲ့ ျပည္တြင္းဒုကၡသည္ေတြကို ႏိုင္ငံတကာ အကူအညီေတြေထာက္ပံ့ဖို႔ လြယ္ေပမယ့္ ကရင္ျပည္နယ္ အတြင္းပိုင္းက စစ္ေျပးဒုကၡသည္ေတြကိုေတာ့ ျပည္တြင္းက အရပ္ဘက္အဖြဲ႕ေတြကပဲ အဓိက ကူညီေပးေနရတာပါ။ အခက္အခဲကေတာ့ ျပည္တြင္းအရပ္ဘက္အဖြဲ႕ေတြမွာ ဒုကၡသည္ေတြကို လုံလုံေလာက္ေလာက္ ေထာက္ပံ့ႏိုင္ဖို႔ ေငြေၾကးအင္အား မရွိဘူးလို႔ ေစာနႏၵဆူးက ေျပာပါတယ္။

"လူသားခ်င္းစာနာတဲ့ အကူအညီေတြပံ့ပိုးဖို႔ ဝင္ေရာက္ႏိုင္တာက ေဒသခံ ကရင္လူထုအဖြဲ႕အစည္းေတြပဲ ျဖစ္တယ္ေပါ့ေနာ္။ ဆိုေတာ့ ဒီအကူအညီေတြကို ပို႔ေဆာင္ေပးႏိုင္တဲ့ ဒီအဖြဲ႔အစည္းကလည္း လုံေလာက္တဲ့ funding (ရံပုံေငြေတြ) မရွိၾကဘူး။ ဆိုေတာ့ ဒီႏိုင္ငံတကာ လူသားခ်င္းစာနာတဲ့ အကူအညီေတြေပးေနတဲ့ အလႉရွင္အဖြဲ႕အစည္းေတြအေနနဲ႔ က်ေနာ္တို႔ ေတာင္းဆိုအႀကံျပဳထားတဲ့ အတိုင္းပဲ ဒီလို IDP ေတြရွိႏိုင္တဲ့ေနရာေတြကို ေရာက္ႏိုင္ဖို႔ local stakeholder ေတြနဲ႔ တိုက္႐ိုက္ ရံပုံေငြေတြကို ျဖန႔္ျဖဴးေပးဖို႔ က်ေနာ္တို႔က ေတာင္းဆိုတာေပါ့ေနာ္။"

ကရင္ျပည္နယ္တြင္း စစ္ေျပးဒုကၡသည္ေတြ ရင္ဆိုင္ေနရတဲ့ အခက္အခဲေတြကို "ျငင္းပယ္ခံျပည္သူမ်ား၏ဘဝမ်ား" ဆိုတဲ့ေခါင္းစဥ္နဲ႔ KHRG က အြန္လိုင္းေဆြးေႏြးပြဲတခုကို ဗုဒၶဟူးေန႔က ျပဳလုပ္ခဲ့ၿပီး အဲဒီေဆြးေႏြးပြဲကို အရပ္ဘက္အဖြဲ႕ေတြနဲ႔ ႏိုင္ငံတကာအဖြဲ႕အစည္းေတြ တက္ေရာက္ခဲ့ပါတယ္။ ေဒသခံေတြရဲ႕ အခက္အခဲေတြကို ေမးျမန္းသုေတသနျပဳထားတဲ့ အခ်က္အလက္ေတြကို ဒီေဆြးေႏြးပြဲမွာ KHRG ကတင္ျပခဲ့ပါတယ္။

စစ္ေကာင္စီဟာ ဒုကၡသည္ေတြဆီေရာက္မယ့္ အကူအညီေတြကို တားျမစ္ထားသလို၊ လူသားခ်င္းစာနာတဲ့ အကူအညီေတြ ဝင္ေရာက္ႏိုင္မယ့္ လမ္းေတြကိုလည္း ပိတ္ဆို႔ထားပါတယ္လို႔ KHRG ကေျပာပါတယ္။ ၂၀၂၁ အာဏာသိမ္းၿပီးေနာက္ပိုင္းကစလို႔ ကရင္ျပည္နယ္အတြင္း စစ္ေျပးဒုကၡသည္ ၁၇၀,၀၀၀ ေက်ာ္ရွိၿပီး ဒူးပလာယာ ခ႐ိုင္နဲ႔ မူေၾတာ္ခ႐ိုင္မွာ စစ္ေရွာင္အမ်ားဆုံး ခိုလႈံေနၾကတာ ျဖစ္ပါတယ္။ ပဋိပကၡေၾကာင့္ အိုးအိမ္စြန႔္ခြာေျပးေနၾကရတဲ့ ျမန္မာျပည္တြင္း ဒုကၡသည္ေတြကို လူသားခ်င္းစာနာကူညီမႈေပးႏိုင္ဖို႔ အာဆီယံအသင္းက ႀကိဳးပမ္းေနတာရွိပါတယ္။

ၿပီးခဲ့တဲ့ ျမန္မာလူသားခ်င္းစာနာကူညီမႈဆိုင္ရာ အာဆီယံညႇိႏႈိင္းေဆြးေႏြးပြဲအတြင္း ျမန္မာႏိုင္ငံတြင္း ဦးစားေပးေဒသေတြ သတ္မွတ္ခဲ့ရာမွာ ကရင္ျပည္နယ္လည္းပါဝင္ပါတယ္။ ဒါေပမယ့္လည္း အာဆီယံနဲ႔ျမန္မာအၾကား အကူအညီေပးေရးနည္းလမ္းဆိုင္ရာ သေဘာကြဲလြဲခ်က္ေတြေၾကာင့္ ဒီအကူအညီေတြေပးႏိုင္ဖို႔ ၾကန႔္ၾကာေနဆဲပါ။ မၾကာခင္ ျမန္မာႏိုင္ငံကို လာေရာက္မယ့္ ျမန္မာအေရးဆိုင္ရာ အာဆီယံအထူးကိုယ္စားလွယ္ ခရီးစဥ္အတြင္းမွာေတာ့ အာဆီယံရဲ႕ လူသားခ်င္းစာနာကူညီမႈဆိုင္ရာ အေထာက္အပံ့ကိစၥေတြ ျပန္လည္ေဆြးေႏြးမယ္လို႔ ထုတ္ျပန္ထားၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

============
[[Unicode]]

ကရင်ပြည်နယ်တွင်း ဒုက္ခသည်များအကူအညီများရရေး ခက်ခဲနေ


မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းဒေသတွေက တိုက်ပွဲတွေကြောင့် ဒေသခံတွေမှာ အကျပ်အတည်းတွေကြုံနေပြီး လူသားချင်းစာနာမှုအကူအညီတွေရဖို့လည်း အခက်အခဲရှိနေပါတယ်။ အထူးသဖြင့် ကရင်ပြည်နယ်ထဲက အလှမ်းဝေးကွာတဲ့ နေရာတွေမှာ ခိုလှုံနေရတဲ့ စစ်ရှောင်တွေဆီကို အကူအညီတွေရောက်နိုင်ဖို့ ပိုပြီး ခက်ခဲလာတယ်လို့ ကရင်ပြည်နယ်ထဲက အရပ်ဘက်အဖွဲ့တွေက ပြောပါတယ်။ ရန်ကုန်ကပေးပို့တဲ့ ဒီသတင်း ဦးတင်မောင်သန်းက တင်ပြပေးထားပါတယ်။

ပြည်တွင်းကစစ်ပွဲတွေကြောင့် ကရင်ကျေးရွာသားအများအပြားဟာ ထိုင်းနယ်စပ်ဘက်ကို တိမ်းရှောင်ကြရပေမယ့် ထိုင်းအာဏာပိုင်တွေက အချို့ကိုသာ ယာယီခိုလှုံခွင့်ပေးပြီး အများအပြားကတော့ နယ်စပ်ဖြတ်ကျော်ခွင့်မရကြပါဘူး။ ဒါကြောင့် လည်း သူတို့ဟာ ပြည်တွင်းလှည့်လှည်ခိုအောင်းနေရတဲ့ ဒုက္ခသည်တွေဖြစ်ပြီး နိုင်ငံတကာနဲ့ ကုလသမဂ္ဂအေဂျင်စီတွေရဲ့ အကူအညီအထောက်အပံ့နဲ့လည်း အလှမ်းဝေးနေပါတယ်။ ထိုင်းနိုင်ငံတွင်း ရောက်လာတဲ့ ဒုက္ခသည်တချို့ကိုလည်း ထိုင်းဘက်က နေရပ်ပြန်ဖို့ ဖိအားပေးခဲ့တဲ့အတွက်လည်း စစ်ပြေးဒုက္ခသည်အများအပြားဟာ ပြည်တွင်းမှာပဲ ဘေးလွတ်ရာကို တနေရာပြီး တနေရာ ရွေ့ပြောင်းနေထိုင်နေရတာပါ။

စစ်ပြေးဒုက္ခသည်တွေဟာ လက်လှမ်းမမှီတဲ့နေရာတွေမှာ တကွဲတပြားစီရောက်နေကြလို့ နိုင်ငံတကာအဖွဲ့တွေက လူသားချင်းစာနာမှုအကူအညီတွေ ပေးနိုင်ဖို့ အခက်ကြုံကြရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG ပြောခွင့်ရ စောနန္ဒဆူးက ဗွီအိုအေကို ပြောပါတယ်။ အထူးသဖြင့် KNU နယ်မြေတွေဖြစ်တဲ့ တပ်မဟာ (၁) သထုံခရိုင်၊ တပ်မဟာ (၄) ထားဝယ်ခရိုင်နဲ့ တပ်မဟာ (၅) ဖာပွန်ခရိုင် ဒေသတွေက ပြည်တွင်းဒုက္ခသည်တွေဟာ အကူအညီတွေနဲ့ အလှမ်းဝေးနေတာလို့ ပြောပါတယ်။

"သူတို့က သူများတွေရဲ့နယ်ပယ်ထဲမှာတို့၊ ပြီးရင် တောထဲမှာတို့ အဲလိုမျိုးတွေ ထွက်ပြေးနေရတာပေါ့နော်။ အဲလိုမျိုး အစုအဖွဲ့ IDP တွေက humanitarian aid (လူသားချင်းစာနာတဲ့ အထောက်အပံ့တွေ) မရကြဘူး။"

ထိုင်းနယ်စပ် ဒါမှမဟုတ် ထိုင်းနယ်စပ်နဲ့ သိပ်ပြီးအလှမ်းမဝေးတဲ့ ပြည်တွင်းဒုက္ခသည်တွေကို နိုင်ငံတကာ အကူအညီတွေထောက်ပံ့ဖို့ လွယ်ပေမယ့် ကရင်ပြည်နယ် အတွင်းပိုင်းက စစ်ပြေးဒုက္ခသည်တွေကိုတော့ ပြည်တွင်းက အရပ်ဘက်အဖွဲ့တွေကပဲ အဓိက ကူညီပေးနေရတာပါ။ အခက်အခဲကတော့ ပြည်တွင်းအရပ်ဘက်အဖွဲ့တွေမှာ ဒုက္ခသည်တွေကို လုံလုံလောက်လောက် ထောက်ပံ့နိုင်ဖို့ ငွေကြေးအင်အား မရှိဘူးလို့ စောနန္ဒဆူးက ပြောပါတယ်။

"လူသားချင်းစာနာတဲ့ အကူအညီတွေပံ့ပိုးဖို့ ဝင်ရောက်နိုင်တာက ဒေသခံ ကရင်လူထုအဖွဲ့အစည်းတွေပဲ ဖြစ်တယ်ပေါ့နော်။ ဆိုတော့ ဒီအကူအညီတွေကို ပို့ဆောင်ပေးနိုင်တဲ့ ဒီအဖွဲ့အစည်းကလည်း လုံလောက်တဲ့ funding (ရံပုံငွေတွေ) မရှိကြဘူး။ ဆိုတော့ ဒီနိုင်ငံတကာ လူသားချင်းစာနာတဲ့ အကူအညီတွေပေးနေတဲ့ အလှူရှင်အဖွဲ့အစည်းတွေအနေနဲ့ ကျနော်တို့ တောင်းဆိုအကြံပြုထားတဲ့ အတိုင်းပဲ ဒီလို IDP တွေရှိနိုင်တဲ့နေရာတွေကို ရောက်နိုင်ဖို့ local stakeholder တွေနဲ့ တိုက်ရိုက် ရံပုံငွေတွေကို ဖြန့်ဖြူးပေးဖို့ ကျနော်တို့က တောင်းဆိုတာပေါ့နော်။"

ကရင်ပြည်နယ်တွင်း စစ်ပြေးဒုက္ခသည်တွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို "ငြင်းပယ်ခံပြည်သူများ၏ဘဝများ" ဆိုတဲ့ခေါင်းစဉ်နဲ့ KHRG က အွန်လိုင်းဆွေးနွေးပွဲတခုကို ဗုဒ္ဓဟူးနေ့က ပြုလုပ်ခဲ့ပြီး အဲဒီဆွေးနွေးပွဲကို အရပ်ဘက်အဖွဲ့တွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ တက်ရောက်ခဲ့ပါတယ်။ ဒေသခံတွေရဲ့ အခက်အခဲတွေကို မေးမြန်းသုတေသနပြုထားတဲ့ အချက်အလက်တွေကို ဒီဆွေးနွေးပွဲမှာ KHRG ကတင်ပြခဲ့ပါတယ်။

စစ်ကောင်စီဟာ ဒုက္ခသည်တွေဆီရောက်မယ့် အကူအညီတွေကို တားမြစ်ထားသလို၊ လူသားချင်းစာနာတဲ့ အကူအညီတွေ ဝင်ရောက်နိုင်မယ့် လမ်းတွေကိုလည်း ပိတ်ဆို့ထားပါတယ်လို့ KHRG ကပြောပါတယ်။ ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်းကစလို့ ကရင်ပြည်နယ်အတွင်း စစ်ပြေးဒုက္ခသည် ၁၇၀,၀၀၀ ကျော်ရှိပြီး ဒူးပလာယာ ခရိုင်နဲ့ မူတြော်ခရိုင်မှာ စစ်ရှောင်အများဆုံး ခိုလှုံနေကြတာ ဖြစ်ပါတယ်။ ပဋိပက္ခကြောင့် အိုးအိမ်စွန့်ခွာပြေးနေကြရတဲ့ မြန်မာပြည်တွင်း ဒုက္ခသည်တွေကို လူသားချင်းစာနာကူညီမှုပေးနိုင်ဖို့ အာဆီယံအသင်းက ကြိုးပမ်းနေတာရှိပါတယ်။

ပြီးခဲ့တဲ့ မြန်မာလူသားချင်းစာနာကူညီမှုဆိုင်ရာ အာဆီယံညှိနှိုင်းဆွေးနွေးပွဲအတွင်း မြန်မာနိုင်ငံတွင်း ဦးစားပေးဒေသတွေ သတ်မှတ်ခဲ့ရာမှာ ကရင်ပြည်နယ်လည်းပါဝင်ပါတယ်။ ဒါပေမယ့်လည်း အာဆီယံနဲ့မြန်မာအကြား အကူအညီပေးရေးနည်းလမ်းဆိုင်ရာ သဘောကွဲလွဲချက်တွေကြောင့် ဒီအကူအညီတွေပေးနိုင်ဖို့ ကြန့်ကြာနေဆဲပါ။ မကြာခင် မြန်မာနိုင်ငံကို လာရောက်မယ့် မြန်မာအရေးဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ခရီးစဉ်အတွင်းမှာတော့ အာဆီယံရဲ့ လူသားချင်းစာနာကူညီမှုဆိုင်ရာ အထောက်အပံ့ကိစ္စတွေ ပြန်လည်ဆွေးနွေးမယ်လို့ ထုတ်ပြန်ထားကြပါတယ်။

============

XS
SM
MD
LG