သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

စစ္ကိုင္း ကေလးၿမိဳ႕နယ္ တင္သားေက်း႐ြာ မီးရႈိ႕ခံရ


စစ္ကိုင္းတုိင္း၊ ကေလးၿမိဳ႕နယ္ေတာင္ပိုင္းက မီး႐ိႈ႕ခံရတဲ့ တင္သားေက်းရြာ (ေမ ၆၊ ၂၀၂၂)

[[Zawgyi/Unicode]]

စစ္ေရးတင္းမာေနတဲ့ စစ္ကိုင္းတိုင္းကေလးၿမိဳ႕နယ္ေတာင္ပိုင္း ေဒသ တင္သားေက်း႐ြာဟာ ဒီမနက္ မီးတင္ရႈိ႕ခံရ တယ္လို႔ ႐ြာခံေတြကေျပာပါတယ္။ အိမ္ေျခဘယ္ေလာက္မီးသင့္ခဲ့တယ္ဆိုတာ မသိရေသးေပမယ့္ ႐ြာသား(၅,၀၀၀) ေက်ာ္ဟာ ေတာေတာင္ထဲ စစ္ေဘးတိမ္းေရွာင္ေနရၿပီး အခက္ခဲရွိေနတယ္လို႔ စစ္ေရွာင္အေရးကူညီသူေတြက ေျပာပါတယ္။ ရန္ကုန္ကသတင္းေပးပို႔ထားတာကို မဆုမြန္က တင္ျပေပးထားပါတယ္။

စစ္ကိုင္းတိုင္း ကေလးၿမိဳ႕နယ္ေတာင္ပိုင္းေဒသက တင္သား႐ြာဟာ ဒီကေန႔ေမလ (၆) ရက္ေန႔မွာ မီးရႈိ႕ခံရတယ္လို႔ တင္သား႐ြာသားတဦးကေျပာပါတယ္။

“တင္သား႐ြာကို မီးရႈိ႕ေနၿပီဗ်။ (၈)နာရီခြဲဗ်။ ေတာက္ေလွ်ာက္ကေတာ့ရႈိ႕ေနတယ္။ အခုလည္း ရႈိ႕ေနတုန္းပဲ။ စစ္ေကာင္စီကေနၿပီးမွ။ အေရွ႕ဘက္႐ြာမွာလက္နက္ႀကီးနဲ႔ထုလို႔ ႐ြာသားေတြကေတာ့အကုန္လုံး စစ္ေရွာင္ေနၾကတယ္ဗ်။ ရွားဖိုရယ္ တင္သားရယ္။ စစ္ေရွာင္တယ္ဗ်။ အေရွ႕ဘက္ကမ္းကို။ ဦးေရကေတာ့ (၅,၀၀၀) ေက်ာ္တယ္။ (၅,၀၀၀) ေက်ာ္ရွိတာေပါ့။”

ဒီကေန႔ ကေလးၿမိဳ႕နယ္ေတာင္ပိုင္းေဒသမွာ တိုက္ပြဲျဖစ္ပြါးတာမရွိဘဲနဲ႔ စစ္ေကာင္စီတပ္ကေန အိမ္ေျခတေထာင္ေက်ာ္ရွိတဲ့ တင္သား႐ြာကို မီးရႈိ႕ခဲ့တယ္ လို႔ ေဒသခံေတြကေျပာပါတယ္။ တင္သား႐ြာနဲ႔ အနီးဝန္းက်င္ ရွားဖို႐ြာသားေတြလည္း ျမစ္သာျမစ္တဘက္ကမ္း ေတာေတာင္ထဲ ထြက္ေျပးတိမ္းေရွာင္ေနၾကတယ္လို႔သူကဆိုပါတယ္။

တင္သား႐ြာကို စစ္ေကာင္စီတပ္ကေနမီးရႈိ႕တယ္လို႔ ေျပာဆိုေနတဲ့အေပၚ အေျခအေနကိုသိရွိဖို႔ စစ္ေကာင္စီေျပာခြင့္ရကို ဆက္သြယ္ေမးျမန္းခဲ့ေပမယ့္ မရခဲ့ပါဘူး။ ေက်း႐ြာမီးရႈိ႕ခံေနရေပမယ့္ စစ္ေကာင္စီတပ္ေတြက ႐ြာထဲရွိေနတဲ့အျပင္ ေဒသခံ႐ြာသားေတြ တိမ္းေရွာင္ေနရတဲ့ အေျခအေနေၾကာင့္ အေျခအေနကိုသိဖို႔ မလြယ္ဘူးလို႔ေဒသခံေတြကေျပာပါတယ္။

စစ္ကိုင္းတိုင္း ကေလးၿမိဳ႕နယ္ေတာင္ပိုင္းေဒသေတြမွာ စစ္ေကာင္စီတပ္နဲ႔ ေဒသခံ PDF ျပည္သူ႔ကာကြယ္ေရး ပူးေပါင္းအဖြဲ႔တို႔ၾကား ဒီေမလဆန္းပိုင္းမွာ တိုက္ပြဲေတြဆက္တိုက္ျဖစ္ပြါးေနခဲ့ပါတယ္။

ၿပီးခဲ့တဲ့ ေမလ (၂) ရက္ေန႔က စစ္ေကာင္စီတပ္နဲ႔ ျပည္သူ႔ကာကြယ္ေရး PDF အဖြဲ႔တို႔တိုက္ပြဲၾကား အေရွ႕စီးေက်း႐ြာ မီးရႈိ႕ခံရၿပီး ႐ြာသားေထာင္ခ်ီဟာ လက္ရွိ အိုးအိမ္မဲ့ ျဖစ္ၿပီး အတိဒုကၡေရာက္ေနၾကတယ္လို႔ သူတို႔ကို အကူညီေပးေနတဲ့ ေစတနာ့ဝန္ထမ္းတဦးက ေျပာပါတယ္။

“ျမစ္အေရွ႕ဘက္ျခမ္း ပဲခင္းေတာထဲမွာ ေရွာင္ေနၾကတယ္။ ေတာင္ၾကားထဲမွာေရွာင္ေနၾကတယ္။ တခ်ိဳ႕က်ေတာ့လည္း ႐ြာနားနီး ခ်ဳပ္စပ္ေပါ့ေနာ္။ အာဏာသိမ္းေကာင္စီတပ္သားေတြမလာတဲ့ေနရာေတြမွာ ေရွာင္ၾကေလ့ရွိတယ္ဗ်။ ဒီရက္ပိုင္းအတြင္းမွာ မိုးကလည္း႐ြာလိုက္ေတာ့ မိုးကာမရွိဘဲနဲ႔ ဒီအတိုင္းကြင္းျပင္ထီးတည္းမွာေနတဲ့ဟာေတြ။ အမိုးအကာေတြ အဓိက လိုအပ္တာေပါ့ေနာ္။ အရမ္းဖ်ာတာ နာတာျဖစ္ေနၾကတယ္။ မိုးေလေတြလည္း က်တဲ့အခါက်ေတာ့။ အခက္ခဲေတာ့ ေတာ္ ေတာ္ျဖစ္ေနၾကတယ္။”

အိမ္ေျခ (၆၀၀) ေက်ာ္မီးရႈိ႕ခံထားရတဲ့ အေရွ႕စီးေက်း႐ြာ မီးေဘးသင့္သူေတြဟာ လက္ရွိ သူတို႔ စားေသာက္ေရးမွာလည္း အခက္ခဲရွိေနၾကတယ္လို႔ဆက္ေျပာပါတယ္။

“အိမ္မီးရႈိ႕ခံရတာ (၆၀၀) အနည္းဆုံးလို႔။ စစ္ေဘးေရွာင္ဦးေရက ႏွစ္ေထာင္ဝန္းက်င္ေတာ့ရွိမယ္ဗ်။ ေျပးလႊားေနၾကတယ္ ဦးေရက။ အခုခ်ိန္ကထိကေတာ့ ထိထိေရာက္ေရာက္ ကူညီဖို႔က မဆက္သြယ္ေသးဘူးဗ်။ ထိထိေရာက္ေရာက္ႀကီးလည္း မကူညီႏိုင္ၾကေသးဘူးဗ်။ ႐ြာနားနီးခ်င္းေတြကပဲ အတတ္ႏိုင္ဆုံးကူညီေနၾကတဲ့အေနအထားဗ်။”

ေမလ (၃) ရက္ေန႔ကလည္း အေရွ႕စီး႐ြာ၊ တင္သား၊ ရွားေတာေက်း႐ြာေတြမွာ စစ္ေကာင္စီတပ္နဲ႔ ျပည္သူ႔ကာကြယ္ေရး PDF ပူးေပါင္းအဖြဲ႔တို႔ၾကား တိုက္ပြဲေတာက္ေလွ်ာက္ျဖစ္ေနသလို ေလၾကာင္းရဟတ္ယာဥ္သုံး တိုက္ခိုက္တဲ့အထိျပင္းထန္ခဲ့ပါတယ္။

လက္ရွိမီးရႈိ႕ခံ တင္သား႐ြာနဲ႔အေရွ႕စည္း႐ြာသားေတြဟာ ျမစ္သာျမစ္အေရွ႕ဘက္ကမ္း ေတာေတာင္ထဲနဲ႔ ယာခင္းထဲမွာ ေနထိုင္ေနၾကရပါတယ္။


စစ္တပ္က အာဏာသိမ္းထားတဲ့ တႏွစ္ေက်ာ္အတြင္း လက္နက္ကိုင္ပဋိပကၡေတြ ျပင္းထန္တဲ့ ခ်င္းျပည္နယ္၊ မေကြးတိုင္းနဲ႔ စစ္ကိုင္းတို႔မွာ ဒုကၡသည္အသစ္ ၃၃၃,၇၀၀ ထိ ရွိလာၿပီး ကရင္၊ ကယား၊ ရွမ္း၊ မြန္ျပည္နယ္၊ တနသၤာရီနဲ႔ ပဲခူးတိုင္းအပါဝင္ ျမန္မာႏိုင္ငံတစ္ဝန္းမွာ အားလုံးေပါင္း ဒုကၡသည္အသစ္ (၆) သိန္းနီးပါး ရွိေနၿပီလို႔ ကုလသမဂၢ လူသားခ်င္းစာနာမႈဆိုင္ရာ ညႇိႏႈိင္းေရး႐ုံး (UN OCHA) က စာရင္းျပဳစုထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

================

[[Unicode]]

စစ်ကိုင်း ကလေးမြို့နယ် တင်သားကျေးရွာ မီးရှို့ခံရ

စစ်ရေးတင်းမာနေတဲ့ စစ်ကိုင်းတိုင်းကလေးမြို့နယ်တောင်ပိုင်း ဒေသ တင်သားကျေးရွာဟာ ဒီမနက် မီးတင်ရှို့ခံရ တယ်လို့ ရွာခံတွေကပြောပါတယ်။ အိမ်ခြေဘယ်လောက်မီးသင့်ခဲ့တယ်ဆိုတာ မသိရသေးပေမယ့် ရွာသား(၅,၀၀၀) ကျော်ဟာ တောတောင်ထဲ စစ်ဘေးတိမ်းရှောင်နေရပြီး အခက်ခဲရှိနေတယ်လို့ စစ်ရှောင်အရေးကူညီသူတွေက ပြောပါတယ်။ ရန်ကုန်ကသတင်းပေးပို့ထားတာကို မဆုမွန်က တင်ပြပေးထားပါတယ်။

စစ်ကိုင်းတိုင်း ကလေးမြို့နယ်တောင်ပိုင်းဒေသက တင်သားရွာဟာ ဒီကနေ့မေလ (၆) ရက်နေ့မှာ မီးရှို့ခံရတယ်လို့ တင်သားရွာသားတဦးကပြောပါတယ်။

“တင်သားရွာကို မီးရှို့နေပြီဗျ။ (၈)နာရီခွဲဗျ။ တောက်လျှောက်ကတော့ရှို့နေတယ်။ အခုလည်း ရှို့နေတုန်းပဲ။ စစ်ကောင်စီကနေပြီးမှ။ အရှေ့ဘက်ရွာမှာလက်နက်ကြီးနဲ့ထုလို့ ရွာသားတွေကတော့အကုန်လုံး စစ်ရှောင်နေကြတယ်ဗျ။ ရှားဖိုရယ် တင်သားရယ်။ စစ်ရှောင်တယ်ဗျ။ အရှေ့ဘက်ကမ်းကို။ ဦးရေကတော့ (၅,၀၀၀) ကျော်တယ်။ (၅,၀၀၀) ကျော်ရှိတာပေါ့။”

ဒီကနေ့ ကလေးမြို့နယ်တောင်ပိုင်းဒေသမှာ တိုက်ပွဲဖြစ်ပွါးတာမရှိဘဲနဲ့ စစ်ကောင်စီတပ်ကနေ အိမ်ခြေတထောင်ကျော်ရှိတဲ့ တင်သားရွာကို မီးရှို့ခဲ့တယ် လို့ ဒေသခံတွေကပြောပါတယ်။ တင်သားရွာနဲ့ အနီးဝန်းကျင် ရှားဖိုရွာသားတွေလည်း မြစ်သာမြစ်တဘက်ကမ်း တောတောင်ထဲ ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့သူကဆိုပါတယ်။

တင်သားရွာကို စစ်ကောင်စီတပ်ကနေမီးရှို့တယ်လို့ ပြောဆိုနေတဲ့အပေါ် အခြေအနေကိုသိရှိဖို့ စစ်ကောင်စီပြောခွင့်ရကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် မရခဲ့ပါဘူး။ ကျေးရွာမီးရှို့ခံနေရပေမယ့် စစ်ကောင်စီတပ်တွေက ရွာထဲရှိနေတဲ့အပြင် ဒေသခံရွာသားတွေ တိမ်းရှောင်နေရတဲ့ အခြေအနေကြောင့် အခြေအနေကိုသိဖို့ မလွယ်ဘူးလို့ဒေသခံတွေကပြောပါတယ်။

စစ်ကိုင်းတိုင်း ကလေးမြို့နယ်တောင်ပိုင်းဒေသတွေမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ PDF ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့တို့ကြား ဒီမေလဆန်းပိုင်းမှာ တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွါးနေခဲ့ပါတယ်။

ပြီးခဲ့တဲ့ မေလ (၂) ရက်နေ့က စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေး PDF အဖွဲ့တို့တိုက်ပွဲကြား အရှေ့စီးကျေးရွာ မီးရှို့ခံရပြီး ရွာသားထောင်ချီဟာ လက်ရှိ အိုးအိမ်မဲ့ ဖြစ်ပြီး အတိဒုက္ခရောက်နေကြတယ်လို့ သူတို့ကို အကူညီပေးနေတဲ့ စေတနာ့ဝန်ထမ်းတဦးက ပြောပါတယ်။

“မြစ်အရှေ့ဘက်ခြမ်း ပဲခင်းတောထဲမှာ ရှောင်နေကြတယ်။ တောင်ကြားထဲမှာရှောင်နေကြတယ်။ တချို့ကျတော့လည်း ရွာနားနီး ချုပ်စပ်ပေါ့နော်။ အာဏာသိမ်းကောင်စီတပ်သားတွေမလာတဲ့နေရာတွေမှာ ရှောင်ကြလေ့ရှိတယ်ဗျ။ ဒီရက်ပိုင်းအတွင်းမှာ မိုးကလည်းရွာလိုက်တော့ မိုးကာမရှိဘဲနဲ့ ဒီအတိုင်းကွင်းပြင်ထီးတည်းမှာနေတဲ့ဟာတွေ။ အမိုးအကာတွေ အဓိက လိုအပ်တာပေါ့နော်။ အရမ်းဖျာတာ နာတာဖြစ်နေကြတယ်။ မိုးလေတွေလည်း ကျတဲ့အခါကျတော့။ အခက်ခဲတော့ တော် တော်ဖြစ်နေကြတယ်။”

အိမ်ခြေ (၆၀၀) ကျော်မီးရှို့ခံထားရတဲ့ အရှေ့စီးကျေးရွာ မီးဘေးသင့်သူတွေဟာ လက်ရှိ သူတို့ စားသောက်ရေးမှာလည်း အခက်ခဲရှိနေကြတယ်လို့ဆက်ပြောပါတယ်။

“အိမ်မီးရှို့ခံရတာ (၆၀၀) အနည်းဆုံးလို့။ စစ်ဘေးရှောင်ဦးရေက နှစ်ထောင်ဝန်းကျင်တော့ရှိမယ်ဗျ။ ပြေးလွှားနေကြတယ် ဦးရေက။ အခုချိန်ကထိကတော့ ထိထိရောက်ရောက် ကူညီဖို့က မဆက်သွယ်သေးဘူးဗျ။ ထိထိရောက်ရောက်ကြီးလည်း မကူညီနိုင်ကြသေးဘူးဗျ။ ရွာနားနီးချင်းတွေကပဲ အတတ်နိုင်ဆုံးကူညီနေကြတဲ့အနေအထားဗျ။”

မေလ (၃) ရက်နေ့ကလည်း အရှေ့စီးရွာ၊ တင်သား၊ ရှားတောကျေးရွာတွေမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေး PDF ပူးပေါင်းအဖွဲ့တို့ကြား တိုက် ပွဲတောက်လျှောက်ဖြစ်နေသလို လေကြာင်းရဟတ်ယာဉ်သုံး တိုက်ခိုက်တဲ့အထိပြင်းထန်ခဲ့ပါတယ်။

လက်ရှိမီးရှို့ခံ တင်သားရွာနဲ့အရှေ့စည်းရွာသားတွေဟာ မြစ်သာမြစ်အရှေ့ဘက်ကမ်း တောတောင်ထဲနဲ့ ယာခင်းထဲမှာ နေထိုင်နေကြရပါတယ်။


စစ်တပ်က အာဏာသိမ်းထားတဲ့ တနှစ်ကျော်အတွင်း လက်နက်ကိုင်ပဋိပက္ခတွေ ပြင်းထန်တဲ့ ချင်းပြည်နယ်၊ မကွေးတိုင်းနဲ့ စစ်ကိုင်းတို့မှာ ဒုက္ခသည်အသစ် ၃၃၃,၇၀၀ ထိ ရှိလာပြီး ကရင်၊ ကယား၊ ရှမ်း၊ မွန်ပြည်နယ်၊ တနင်္သာရီနဲ့ ပဲခူးတိုင်းအပါဝင် မြန်မာနိုင်ငံတစ်ဝန်းမှာ အားလုံးပေါင်း ဒုက္ခသည်အသစ် (၆) သိန်းနီးပါး ရှိနေပြီလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UN OCHA) က စာရင်းပြုစုထားပါတယ်။

================

XS
SM
MD
LG