သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဒီးေမာ့ဆိုေဒသ ဒုကၡသည္မ်ား ေရရွားပါးမႈ ရင္ဆိုင္ေနရ


ဒီးေမာ့ဆို စစ္ေဘးဒုကၡသည္စခန္းက ကေလးငယ္အခ်ဳိ႕။ (ဓာတ္ပုံ - ကရင္နီလူငယ္အဖြဲ႔)


[[Zawgyi/Unicode]]


တိုက္ပြဲဆက္တိုက္ျဖစ္ေနတဲ့ ကယားျပည္နယ္ ဒီးေမာ့ဆိုၿမိဳ႕နယ္ေတြဘက္မွာ ေသာင္းနဲ႔ခ်ီတဲ့ ေဒသခံေတြ အိုးပစ္အိမ္ပစ္ ေျပးေရွာင္ေနၾကရၿပီး စားေရးေသာက္ေရးအျပင္ ေသာက္သုံး ေရရွားပါးတဲ့ ျပသာနာပါ ရင္ဆိုင္ေနၾကရပါတယ္။ ေႏြရာသီကာလမို႔ ေရရွားပါးမႈဒဏ္ကို ပိုခံရသလို ဒုကၡသည္ေတြအတြက္ က်န္းမာေရးေစာင့္ေရွာက္မႈလည္းအားနည္းေနပါတယ္။ ဒီအေၾကာင္း ရန္ကုန္က ေပးပို႔တဲ့သတင္းကို မဆုမြန္က တင္ျပေပးထားပါတယ္။

ကရင္နီေဒသကာကြယ္ေရးတပ္ေတြနဲ႔ စစ္ေကာင္စီတပ္အၾကား လနဲ႔ခ်ီ ဆက္တိုက္ တိုက္ပြဲ ျဖစ္ပြားခဲ့တဲ့ ဒီးေမာ့ဆိုၿမိဳ႕နယ္မွာ ေန႔စဥ္လိုလို စစ္ေျပးဒုကၡသည္ေတြ တိုးလာေနပါတယ္။ ေႏြရာသီေရာက္လာၿပီမို႔ ဒုကၡသည္ေတြဟာ ေနထိုင္စားေသာက္ေရးအျပင္ ေသာက္သုံးေရ ရွားပါးလာတဲ့ ျပႆနာနဲ႔ပါ ရင္ဆိုင္ေနၾကရတယ္လို႔ သိရပါတယ္။ ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလေလာက္ကစၿပီး ေရရွားတဲ့ အခက္အခဲ ႀကဳံေတြ႔လာၿပီး လက္ရွိမွာအေျခအေန ပိုဆိုးလာတယ္လို႔ ဒီးေမာ့ဆိုၿမိဳ႕နယ္ အေရွ႕ဘက္ စစ္ေျပးေရွာင္စခန္းတာဝန္ခံတဦးက ေျပာပါတယ္။

“အကုန္လုံးနီးပါးေနတယ္။ ျဖစ္ေနတာ အခုခ်ိန္မွာေတာ့ ေႏြရာသီဆိုေတာ့ေလေနာ္။ အျခားေနရာလည္း ေရရွားပါးေနတယ္။ က်ေနာ္ေနတဲ့ေနရာလည္း ေရေတာ္ေတာ္ေလးေတာ့ သယ္ရေဝးေနတာေပါ့ေနာ္။ က်ေနာ္တို႔ေနတာက ေတာင္ေပၚမွာ ေရခပ္ေတာ့ ဟိုလယ္ထဲမွာ ဆင္းခပ္ရေတာ့ ေတာ္ေတာ္ေလး အေဝးႀကီးကို သြားရတာေပါ့။ တရက္ကိုမွ သုံးပုံး ေလးပုံးေလာက္ပဲ လြယ္ႏိုင္ၾကတာေပါ့ေနာ္။ သက္ႀကီး႐ြယ္အိုေတြပဲရွိတဲ့ အိမ္ေတြဆိုလို႔ရွိရင္ သူတို႔အတြက္ ခက္ခဲတယ္။ တခ်ိဳ႕က်ေတာ့ မသန္စြမ္းရွိတဲ့အိမ္ေတြဆိုရွိရင္ေတာ့ ေရခပ္ဖို႔ သူတို႔အတြက္ ေတာ္ေတာ္ေလး အခက္အခဲႀကဳံေတြ႕ေနရတယ္ဗ်။”

ေတာေတာင္ထဲက ယာယီစစ္စခန္းကေန ေရရွိေနရာဆီ သယ္ယူအသုံးျပဳႏိုင္ဖို႔ အနည္းဆုံး နာရီဝက္ၾကာ လမ္းေလွ်ာက္သြားရတာပါ။ ဒါေၾကာင့္ ေရအလုံအေလာက္ မသုံးစြဲႏိုင္ၾကဘူးလို႔ ေျပာပါတယ္။ အသက္ႀကီးသူေတြနဲ႔ မသန္စြမ္းေတြပဲ ရွိတဲ့အိမ္ေတြဆိုရင္ ပိုမို အခက္အခဲျဖစ္ၾကရတယ္လို႔ ေျပာပါတယ္။ ဒုကၡသည္ေတြအမ်ားစုဟာ နီးစပ္ရာေဆြမ်ိဳးအိမ္ေတြ ေက်း႐ြာေတြနဲ႔ ေတာေတာင္ထဲမွာ ခိုလႈံေနၾကၿပီး တခ်ိဳ႕က မိုးကာနဲ႔ တဲထိုးၿပီး ေနထိုင္အိပ္ရတာပါ။

စစ္ေကာင္စီတပ္ရဲ႕ စစ္ေရးလႈပ္ရွားမႈေၾကာင့္ ဒီးေမာ့ဆိုၿမိဳ႕နယ္ ေနရာအေတာ္မ်ားမ်ားက ေဒသခံေတြ ေဘးလြတ္ရာကို ထြက္ေျပးတိမ္ေရွာင္ေနၾကရၿပီး လက္ရွိခ်ိန္ထိ စစ္ေျပးဒုကၡသည္ ၅၀,၀၀၀ ဝန္းက်င္ရွိတယ္လို႔ ဒီးေမာ့ဆို ျပည္သူ႔ကာကြယ္ေရးတပ္က စစ္ေျပးေရွာင္ အခ်က္အလက္စုေဆာင္ေနသူ တဦးက ေျပာပါတယ္။

စစ္ေျပးဒုကၡသည္ေတြၾကား ဖ်ားနာၾကၿပီး က်န္းမာေရးေစာင့္မႈအားနည္းလို႔ စစ္ေျပးေရွာင္ရင္း အသက္ဆုံးသြားသူ မ်ားလာတယ္လို႔ဆိုပါတယ္။ က်န္းမာေရးေစာင့္ေရွာက္မႈမရွိတာေၾကာင့္ လက္ရွိခ်ိန္ထိ ေသဆုံးသြားသူ ၈၉ ဦးရွိၿပီးလို႔ တယ္လို႔ ေျပာပါတယ္။

ဒုကၡသည္ေတြအတြက္ က်န္းမာေရးေစာင့္ေရွာက္မႈလိုအပ္ခ်က္၊ စားေသာက္စားေရးအခက္ အခဲနဲ႔ သုံးေသာက္သုံးေရးရရွိဖို႔ ကိစၥက အဓိက စိန္ေခၚမႈေတြျဖစ္တယ္လို႔ ဒီးေမာ့ဆို ျပည္သူ႔ ကာကြယ္ေရးတပ္က စစ္ေျပးေရွာင္ အခ်က္အလက္စုေဆာင္းေနသူက အခုလို ေျပာပါတယ္။

“ဒီက်န္းမာေရးေစာင့္ေရွာက္မႈအပိုင္းမွာေပါ့ေနာ္၊ သူတို႔ အဓိကေလာက္က်တယ္။ ဒုတိယအခါ က်ေတာ့ စားေရးေသာက္ေရးေပါ့၊ ေႏြရာသီေရာက္တဲ့အခါက်ေတာ့ သူတို႔ အဝတ္အစားက အဲ့ေလာက္မဟုတ္ေတာ့ဘူး၊ အဓိကက်တာေတာ့ ခုနေျပာတဲ့ က်န္းမာေရးေစာင့္ေရွာက္မႈ၊ ဒုတိယအခါက်ေတာ့ စားေရးေသာက္ေရး၊ တတိယအခါက်ေတာ့ ေရ ၊ အဲ့သုံးခုပဲ အဓိကေလာက္က်မွာေပါ့ေနာ္။”

ျပည္သူ႔ကာကြယ္ေရးတပ္ေတြကလည္း ဒုကၡသည္ေတြအေရးကိစၥကို တတ္ႏိုင္သေလာက္ ကူညီေဆာင္႐ြက္ေပးေနတယ္လို႔ သူက ေျပာပါတယ္။

ခ်က္ျပဳတ္ေရနဲ႔ ေသာက္သုံးေရဖူးလုံဖို႔အတြက္ မနည္း႐ုန္းကန္ေနၾကၿပီး ေရရွည္အတြက္ ဒီထက္မက အခက္ေတြ႕ႏိုင္တယ္လို႔ ဒီးေမာ့ဆို ျပည္သူ႔ကာကြယ္ေရးတပ္က စစ္ေျပးေရွာင္ အခ်က္အလက္စုေဆာင္းေနသူက ေျပာပါတယ္။

“ဒီေရရွားပါးတဲ့ ျပႆနာဆက္ၿပီးမွ ဒီလိုပုံစံအတိုင္းဆိုလို႔ရွိရင္ ကေလးေတြက သန႔္ရွင္းမႈအပိုင္းမွာ ေတာ္ေတာ္ေလး အားနည္းသြားတယ္ေပါ့ေနာ္။ ကေလးေတြတင္ မကပါဘူး၊ လူႀကီးေရာ၊ သူတို႔က အခုက ေရခ်ိဳးဖို႔ဆိုလို႔ရွင္ ေရမခ်ိဳးတဲ့ စစ္ေရွာင္ေတြက ရွိတယ္။ ဘာလို႔ဆိုရင္ သူတို႔က ေရမရွိဘူး၊ သူတို႔ ထမင္းခ်က္ဖို႔ ေသာက္ဖို႔ေတာင္ သူတို႔မနည္း အဲ့လိုလုပ္ရတဲ့ အေနအထားမ်ိဳးေလ၊ အဲ့ေၾကာင့္မို႔ ေရေတာင္ အရင္က အာလကားတိုက္ေပးေသးတယ္။ အလႉရွင္ေတြက။ အခု ဆီေဈးေတြတက္လာၿပီးေနာက္ပိုင္းခါက်ေတာ့ အလကား မရေတာ့ဘူး။ အဲ့လိုအေနအထားေတြ ရွိတယ္ဗ်။”

အရင္တုန္းက အလႉရွင္ေတြ ေရလာလႉၾကေပမယ့္ အခုေနာက္ပိုင္း ဓာတ္ဆီ၊ ဒီဆယ္ဆီေတြ ေဈးႏႈန္းတက္လာၿပီးေနာက္ အလႉရွင္ေတြ နည္းပါးသြားၿပီး ကိုယ့္အစီအစဥ္နဲ႔ ကိုယ္ ေျဖရွင္းေနၾကရတာလို႔ စစ္ေျပးဒုကၡသည္နဲ႔ အကူအညီေပးသူေတြက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

============
[[Unicode]]

ဒီးမော့ဆိုဒေသ ဒုက္ခသည်များ ရေရှားပါးမှု ရင်ဆိုင်နေရ


တိုက်ပွဲဆက်တိုက်ဖြစ်နေတဲ့ ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်တွေဘက်မှာ သောင်းနဲ့ချီတဲ့ ဒေသခံတွေ အိုးပစ်အိမ်ပစ် ပြေးရှောင်နေကြရပြီး စားရေးသောက်ရေးအပြင် သောက်သုံး ရေရှားပါးတဲ့ ပြသာနာပါ ရင်ဆိုင်နေကြရပါတယ်။ နွေရာသီကာလမို့ ရေရှားပါးမှုဒဏ်ကို ပိုခံရသလို ဒုက္ခသည်တွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုလည်းအားနည်းနေပါတယ်။ ဒီအကြောင်း ရန်ကုန်က ပေးပို့တဲ့သတင်းကို မဆုမွန်က တင်ပြပေးထားပါတယ်။

ကရင်နီဒေသကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်အကြား လနဲ့ချီ ဆက်တိုက် တိုက်ပွဲ ဖြစ်ပွားခဲ့တဲ့ ဒီးမော့ဆိုမြို့နယ်မှာ နေ့စဉ်လိုလို စစ်ပြေးဒုက္ခသည်တွေ တိုးလာနေပါတယ်။ နွေရာသီရောက်လာပြီမို့ ဒုက္ခသည်တွေဟာ နေထိုင်စားသောက်ရေးအပြင် သောက်သုံးရေ ရှားပါးလာတဲ့ ပြဿနာနဲ့ပါ ရင်ဆိုင်နေကြရတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလလောက်ကစပြီး ရေရှားတဲ့ အခက်အခဲ ကြုံတွေ့လာပြီး လက်ရှိမှာအခြေအနေ ပိုဆိုးလာတယ်လို့ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက် စစ်ပြေးရှောင်စခန်းတာဝန်ခံတဦးက ပြောပါတယ်။

“အကုန်လုံးနီးပါးနေတယ်။ ဖြစ်နေတာ အခုချိန်မှာတော့ နွေရာသီဆိုတော့လေနော်။ အခြားနေရာလည်း ရေရှားပါးနေတယ်။ ကျနော်နေတဲ့နေရာလည်း ရေတော်တော်လေးတော့ သယ်ရဝေးနေတာပေါ့နော်။ ကျနော်တို့နေတာက တောင်ပေါ်မှာ ရေခပ်တော့ ဟိုလယ်ထဲမှာ ဆင်းခပ်ရတော့ တော်တော်လေး အဝေးကြီးကို သွားရတာပေါ့။ တရက်ကိုမှ သုံးပုံး လေးပုံးလောက်ပဲ လွယ်နိုင်ကြတာပေါ့နော်။ သက်ကြီးရွယ်အိုတွေပဲရှိတဲ့ အိမ်တွေဆိုလို့ရှိရင် သူတို့အတွက် ခက်ခဲတယ်။ တချို့ကျတော့ မသန်စွမ်းရှိတဲ့အိမ်တွေဆိုရှိရင်တော့ ရေခပ်ဖို့ သူတို့အတွက် တော်တော်လေး အခက်အခဲကြုံတွေ့နေရတယ်ဗျ။”

တောတောင်ထဲက ယာယီစစ်စခန်းကနေ ရေရှိနေရာဆီ သယ်ယူအသုံးပြုနိုင်ဖို့ အနည်းဆုံး နာရီဝက်ကြာ လမ်းလျှောက်သွားရတာပါ။ ဒါကြောင့် ရေအလုံအလောက် မသုံးစွဲနိုင်ကြဘူးလို့ ပြောပါတယ်။ အသက်ကြီးသူတွေနဲ့ မသန်စွမ်းတွေပဲ ရှိတဲ့အိမ်တွေဆိုရင် ပိုမို အခက်အခဲဖြစ်ကြရတယ်လို့ ပြောပါတယ်။ ဒုက္ခသည်တွေအများစုဟာ နီးစပ်ရာဆွေမျိုးအိမ်တွေ ကျေးရွာတွေနဲ့ တောတောင်ထဲမှာ ခိုလှုံနေကြပြီး တချို့က မိုးကာနဲ့ တဲထိုးပြီး နေထိုင်အိပ်ရတာပါ။

စစ်ကောင်စီတပ်ရဲ့ စစ်ရေးလှုပ်ရှားမှုကြောင့် ဒီးမော့ဆိုမြို့နယ် နေရာအတော်များများက ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်ရှောင်နေကြရပြီး လက်ရှိချိန်ထိ စစ်ပြေးဒုက္ခသည် ၅၀,၀၀၀ ဝန်းကျင်ရှိတယ်လို့ ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်က စစ်ပြေးရှောင် အချက်အလက်စုဆောင်နေသူ တဦးက ပြောပါတယ်။

စစ်ပြေးဒုက္ခသည်တွေကြား ဖျားနာကြပြီး ကျန်းမာရေးစောင့်မှုအားနည်းလို့ စစ်ပြေးရှောင်ရင်း အသက်ဆုံးသွားသူ များလာတယ်လို့ဆိုပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှုမရှိတာကြောင့် လက်ရှိချိန်ထိ သေဆုံးသွားသူ ၈၉ ဦးရှိပြီးလို့ တယ်လို့ ပြောပါတယ်။

ဒုက္ခသည်တွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်ချက်၊ စားသောက်စားရေးအခက် အခဲနဲ့ သုံးသောက်သုံးရေးရရှိဖို့ ကိစ္စက အဓိက စိန်ခေါ်မှုတွေဖြစ်တယ်လို့ ဒီးမော့ဆို ပြည်သူ့ ကာကွယ်ရေးတပ်က စစ်ပြေးရှောင် အချက်အလက်စုဆောင်းနေသူက အခုလို ပြောပါတယ်။

“ဒီကျန်းမာရေးစောင့်ရှောက်မှုအပိုင်းမှာပေါ့နော်၊ သူတို့ အဓိကလောက်ကျတယ်။ ဒုတိယအခါ ကျတော့ စားရေးသောက်ရေးပေါ့၊ နွေရာသီရောက်တဲ့အခါကျတော့ သူတို့ အဝတ်အစားက အဲ့လောက်မဟုတ်တော့ဘူး၊ အဓိကကျတာတော့ ခုနပြောတဲ့ ကျန်းမာရေးစောင့်ရှောက်မှု၊ ဒုတိယအခါကျတော့ စားရေးသောက်ရေး၊ တတိယအခါကျတော့ ရေ ၊ အဲ့သုံးခုပဲ အဓိကလောက်ကျမှာပေါ့နော်။”

ပြည်သူ့ကာကွယ်ရေးတပ်တွေကလည်း ဒုက္ခသည်တွေအရေးကိစ္စကို တတ်နိုင်သလောက် ကူညီဆောင်ရွက်ပေးနေတယ်လို့ သူက ပြောပါတယ်။

ချက်ပြုတ်ရေနဲ့ သောက်သုံးရေဖူးလုံဖို့အတွက် မနည်းရုန်းကန်နေကြပြီး ရေရှည်အတွက် ဒီထက်မက အခက်တွေ့နိုင်တယ်လို့ ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်က စစ်ပြေးရှောင် အချက်အလက်စုဆောင်နေသူက ပြောပါတယ်။

“ဒီရေရှားပါးတဲ့ ပြဿနာဆက်ပြီးမှ ဒီလိုပုံစံအတိုင်းဆိုလို့ရှိရင် ကလေးတွေက သန့်ရှင်းမှုအပိုင်းမှာ တော်တော်လေး အားနည်းသွားတယ်ပေါ့နော်။ ကလေးတွေတင် မကပါဘူး၊ လူကြီးရော၊ သူတို့က အခုက ရေချိုးဖို့ဆိုလို့ရှင် ရေမချိုးတဲ့ စစ်ရှောင်တွေက ရှိတယ်။ ဘာလို့ဆိုရင် သူတို့က ရေမရှိဘူး၊ သူတို့ ထမင်းချက်ဖို့ သောက်ဖို့တောင် သူတို့မနည်း အဲ့လိုလုပ်ရတဲ့ အနေအထားမျိုးလေ၊ အဲ့ကြောင့်မို့ ရေတောင် အရင်က အာလကားတိုက်ပေးသေးတယ်။ အလှူရှင်တွေက။ အခု ဆီဈေးတွေတက်လာပြီးနောက်ပိုင်းခါကျတော့ အလကား မရတော့ဘူး။ အဲ့လိုအနေအထားတွေ ရှိတယ်ဗျ။”

အရင်တုန်းက အလှူရှင်တွေ ရေလာလှူကြပေမယ့် အခုနောက်ပိုင်း ဓာတ်ဆီ၊ ဒီဆယ်ဆီတွေ ဈေးနှုန်းတက်လာပြီးနောက် အလှူရှင်တွေ နည်းပါးသွားပြီး ကိုယ့်အစီအစဉ်နဲ့ ကိုယ် ဖြေရှင်းနေကြရတာလို့ စစ်ပြေးဒုက္ခသည်နဲ့ အကူအညီပေးသူတွေက ပြောပါတယ်။

============

XS
SM
MD
LG