သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကယားေဒသ စစ္ေရွာင္မ်ား အခ်ိန္ၾကာလာတာနဲ႔အမွ် ေနထိုင္စားေသာက္ေရးခက္ခဲလာ


ကယားေဒသ စစ္ေဘးေရွာင္ျပည္သူမ်ား (ယခင္ပံုေဟာင္း)

[[Zawgyi/Unicode]]

ကယားေဒသ စစ္ေရွာင္မ်ား အခ်ိန္ၾကာလာတာနဲ႔အမွ် ေနထိုင္စားေသာက္ေရးခက္ခဲလာ


စစ္ေကာင္စီရဲ႕ ေလေၾကာင္းတိုက္ခိုက္မႈေတြေၾကာင့္ လြိဳင္ေကာ္ၿမိဳ႕နယ္ကေန ဆီဆိုင္ၿမိဳ႕နယ္ဘက္ ထြက္ေျပးခိုလႈံလာၾကတဲ့ ဒုကၡသည္ ၈ ေထာင္ေက်ာ္ဟာ ေရရွားပါးမႈနဲ႔ စားနပ္ရိကၡာ ျပတ္လပ္မယ့္ အေျခအေန ရင္ဆိုင္ေနၾကရပါတယ္။ ေနာက္ထပ္ ရက္ ၂၀ ေလာက္သာ စားကုန္ပစၥည္းေတြ က်န္ရွိေနတယ္လို႔ အကူအညီေပးသူေတြက ေျပာပါတယ္။ ဒီအေၾကာင္း ရန္ကုန္က စုံစမ္းေမးျမန္းသတင္းပို႔ထားတာကို နန္းေလာဝ္က တင္ျပေပးထားပါတယ္။

ၿပီးခဲ့တဲ့ ဇန္နဝါရီလတည္းက ကရင္နီေဒသကာကြယ္ေရးတပ္ေတြနဲ႔ စစ္ေကာင္စီအၾကား လြိဳင္ေကာ္တိုက္ပြဲေတြမွာ စစ္ေကာင္စီက ေလေၾကာင္းသုံးၿပီး ဗုံးႀကဲတိုက္ခိုက္တာေၾကာင့္ လြိဳင္ေကာ္တၿမိဳ႕နီးပါး ေဒသခံေတြဟာ ပတ္ဝန္းက်င္ ဆီဆိုင္ၿမိဳ႕နယ္က ေက်း႐ြာေတြဘက္ ထြက္ေျပးခိုလႈံလာၾကတာ အခုဆိုရင္ ၃ လေလာက္ရွိသြားပါၿပီ။

လြိဳင္ေကာ္ၿမိဳ႕ေပၚအေျခအေန ျပန္တည္ၿငိမ္စျပဳခ်ိန္ ေနရပ္ျပန္သြားသူေတြရွိေနေပမယ့္ လက္ရွိ ဆီဆိုင္ၿမိဳ႕နယ္ ထဲမွာ စစ္ေျပးဒုကၡသည္ ၈,၀၀၀ ေက်ာ္ က်န္ရွိေနေသးတယ္လို႔ စစ္ေရွာင္အကူအညီေပးသူ ခြန္ေက်ာ္ေဆြက ေျပာပါတယ္။

စစ္ေျပး ဒုကၡသည္ေတြ ေျပးေရွာင္လာၾကတာ အခ်ိန္ၾကာလာလို႔ စားနပ္ရိကၡာ ျပတ္လပ္မယ့္အေျခအေနနဲ႔ ေရရွားပါးတဲ့ ျပႆနာ ႀကဳံေတြ႔ေနတာလို႔ ခြန္ေက်ာ္ေဆြက အခုလို ေျပာပါတယ္။

“ရွစ္ေထာင္ေက်ာ္ေက်ာ္ေလာက္ က်န္ေသးတယ္ဗ်။ ျပန္သြားတာကေတာ့ ေတာ္ေတာ္မ်ားသြားၿပီးဗ်။ ျပန္သြားတာကေတာ့ ႏွစ္ေသာင္းနီးပါးေလာက္ရွိၿပီ ျပန္သြားၿပီဗ်။ အခု အထူးသျဖင့္က ၾကာတဲ့အခါက်ေတာ့ စားေရးေသာက္ေရးကေတာ့ က်ေနာ္တို႔ နယ္စခန္းမွာေတာင္မွ ေတာ္ေတာ္ေလး ရိကၡာလိုတယ္ဗ်။ ေနာက္ထက္ ရက္ ၂၀ ေလာက္ဆိုရင္ေတာ့ အခ်ိဳ႕ေနရာေတြမွာ ရိကၡာ ျပတ္ေနသေလာက္ျဖစ္သြားၿပီ။”

ဒုကၡသည္တခ်ိဳ႕က သက္ဆိုင္ရာ ေဆြမ်ိဳးအိမ္ေတြနဲ႔ အိမ္ငွားၿပီး ေနထိုင္တဲ့ သူေတြရွိသလို စစ္ေရွာင္အမ်ားစုကေတာ့ ယာယီစခန္းေတြမွာ ေနထိုင္ၾကပါတယ္။ အိမ္ငွားေနသူေတြကေတာ့ ကိုယ့္အစီအစဥ္နဲ႔ စားေသာက္ေနထိုင္ၾကရင္း အခ်ိန္ၾကာလာလို႔ အဆင္မေျပမႈေတြႀကဳံလာပါတယ္။ စခန္းမွာရွိတဲ့ စစ္ေျပးဒုကၡသည္ေတြၾကားမွာလည္း အစားအေသာက္ေတြ မွ်ေဝေနရၿပီး ပံ့ပိုးကူညီမႈေတြ အေတာ္ေလးလိုအပ္တယ္လို႔ ကိုေက်ာ္ေဆြက ေျပာပါတယ္။

“တခ်ိဳ႕လူေတြက အိမ္ငွားေနၾကတယ္၊ အခ်ိဳ႕အမ်ိဳးအိမ္ေတြ ငွားေနတဲ့ အုပ္စုေတြက အရင္ေတာ့ သူတို႔ စရိတ္ နဲ႔ သူတို႔ေပါ့၊ သူတို႔ကို စရိတ္မေပးဘူးဗ်။ အရင္တုန္းက သူတို႔အစီအစဥ္နဲ႔ သူတို႔ စားၾကတယ္။ ပါလာတဲ့ဟာေတြ သူတို႔စားေသာက္ၾကတာေပါ့။ အခုက်ေတာ့ ၾကာတဲ့အခါက်ေတာ့ သူတို႔မွာ အဆင္မေျပေတာ့ဘူး၊ မေျပတဲ့အခါက်ေတာ့ လာေတာင္းၾကတာေပါ့။ က်ေနာ္တို႔ ရွိတဲ့ဟာေတာ့ ေပးလို႔ရတယ္၊ မရွိတဲ့ဟာေတြ က်ေနာ္မခြဲေပးႏိုင္တဲ့ အေနအထားေပါ့။ အခုလက္ရွိ က်န္တဲ့လူေတြ အမ်ားဆုံးျဖစ္တာက ဒီးေမာ့ဆိုတို႔၊ ဖ႐ိူဆိုတို႔ ေနာက္ၿပီးေတာ့ မိုးၿဗဲေတြေပါ့ဗ်ာ။ အဲ့လူေတြ အမ်ားစုက်န္တယ္။ ဒီလူေတာ့ ေရရွည္ျဖစ္တဲ့အတြက္ေၾကာင့္ သူတို႔ေရရွည္အတြက္ ပံ့ပိုးကူညီမႈေတြေတာ့ လိုတာေပါ့ဗ်ာ။ အထူးသျဖင့္ က်ေနာ္တို႔ စခန္းမွာဆိုရင္ ေရ၊ ေရေတာ္ေတာ္ လိုတယ္ဗ်။ ေရ ဖိုးႀကီးေတာ့ တရက္ ၅၀,၀၀၀ ေလာက္ကုန္တဲ့အခါက်ေတာ့ ေရရွည္က်ေတာ့ ေတာ္ေတာ္မလြယ္ဘူးဗ်။”

ဒီးေမာ့ဆိုၿမိဳ႕နယ္ ေငြေတာင္ေက်း႐ြာအုပ္စုကေန ဆီဆိုင္ဘက္ စစ္ေရွာင္လာတဲ့ ေဒသခံတဦးကေတာ့ အလုပ္ အကိုင္ ဝင္ေငြေတြ မရွိတာေၾကာင့္ အလႉရွင္ေတြပဲ အားကိုး စားဝတ္ေနေရးအတြက္ အခက္အခဲျဖစ္တယ္လို႔ ေျပာပါတယ္။

“က်ေနာ္တို႔ ဝိုင္းလုပ္ဝိုင္းစားေပါ့ဗ်ာ။ သူမ်ား လာလႉေလးပဲ စားတာေပါ့။ ေျပာမယ္ဆိုရင္ ဘာအလုပ္အကိုင္မွ မရွိဘူးဗ်။ အခု သူတို႔ လႉဒါန္ေတြပဲ က်ေနာ္တို႔ စားၾကတယ္ေလ။ ဝင္ေငြလည္းမရွိဘူးေပါ့ေနာ္။ ဒီမွာက်ေတာ့ ေျပာမယ္ဆိုရင္ တခ်ိဳ႕ဆိုရင္ ကေလးအေမေတြေရာ ဗိုက္ႀကီးသည္ေတြေရာ အခက္အခဲ အမ်ားႀကီးပဲဗ်။ က်ေနာ္တို႔ လိုအပ္ခ်က္ေတာ့ အခုဒီမွာေတာ့ ေရ ၊ စားနပ္ရိကၡာေပါ့။”

ေနာက္ထပ္ လြိဳင္ေကာ္ၿမိဳ႕ကေန ဆီဆိုင္ဘက္ စစ္ေရွာင္လာတဲ့ စစ္ေရွာင္တဦးကေတာ့ စစ္ေရွာင္ျပည္သူေတြ ၾကားမွာလည္း ဖ်ားနာ ေခ်ာင္းဆိုးေနသူေတြ မ်ားျပားေနၿပီး ေဆးဝါးအလုံးအေလာက္မရွိဘူးလို႔ ေျပာပါတယ္။

“အခုေခ်ာင္းဆိုးတဲ့ လူလည္းမ်ားတယ္။ ဘယ္ေလာက္ျဖစ္တာလဲေတာ့ မခန႔္မွန္တတ္ဘူးဗ်။ နာတာရွည္လည္းရွိတယ္၊ သက္ႀကီး႐ြယ္အိုလည္း ရွိတယ္ဗ်။ က်န္းမာေရးအပိုင္းကေတာ့ လာၾကည့္တယ္၊ ဒါေပမယ့္ ေဆးက အလုံးအေလာက္မရွိဘူးဗ်။”

ကယားျပည္နယ္မွာ ၂၀၂၁ ခုႏွစ္ ေမလေလာက္က ဒီးေမာ့ဆို၊ ေဘာလခဲနယ္ဘက္မွာ ကရင္နီေဒသကာကြယ္တပ္နဲ႔ စစ္ေကာင္စီတို႔အၾကား တိုက္ပြဲ စတင္ျဖစ္ပြားခဲ့ပါတယ္။ အဲ့ဒီေနာက္ တျဖည္းျဖည္း တိုက္ပြဲဧရိယာေတြ က်ယ္ျပန႔္လာၿပီး စစ္ေကာင္စီက လက္နက္ႀကီးပစ္ခတ္မႈနဲ႔ ေလေၾကာင္းတိုက္ခိုက္မႈေတြ လုပ္လာပါတယ္။

စစ္ေဘးဒဏ္ေၾကာင့္ ေသာင္းနဲ႔ခ်ီတဲ့ ေဒသခံေတြ ေဘးလြတ္ရာ ေရွာင္တိမ္းၾကရပါတယ္။ ယာယီစစ္စခန္းေတြမွာ လက္နက္ႀကီးက်ေရာက္တာ ေလေၾကာင္းနဲ႔ ဗုံးႀကဲတာေတြေၾကာင့္ အျပစ္မဲ့ အရပ္သားျပည္သူေတြ ေသဆုံးထိခိုက္မႈေတြရွိလာၿပီး စစ္ေရွာင္ေတြ တေနရာၿပီး တေနရာ ေျပာင္းေ႐ႊ႕ ေျပးေရွာင္ခဲ့ၾကရပါတယ္။

တိုက္႐ိုက္ လင့္ခ္

===========

[[Unicode]]

ကယားဒေသ စစ်ရှောင်များ အချိန်ကြာလာတာနဲ့အမျှ နေထိုင်စားသောက်ရေးခက်ခဲလာ


စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် လွိုင်ကော်မြို့နယ်ကနေ ဆီဆိုင်မြို့နယ်ဘက် ထွက်ပြေးခိုလှုံလာကြတဲ့ ဒုက္ခသည် ၈ ထောင်ကျော်ဟာ ရေရှားပါးမှုနဲ့ စားနပ်ရိက္ခာ ပြတ်လပ်မယ့် အခြေအနေ ရင်ဆိုင်နေကြရပါတယ်။ နောက်ထပ် ရက် ၂၀ လောက်သာ စားကုန်ပစ္စည်းတွေ ကျန်ရှိနေတယ်လို့ အကူအညီပေးသူတွေက ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်က စုံစမ်းမေးမြန်းသတင်းပို့ထားတာကို နန်းလောဝ်က တင်ပြပေးထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလတည်းက ကရင်နီဒေသကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီအကြား လွိုင်ကော်တိုက်ပွဲတွေမှာ စစ်ကောင်စီက လေကြောင်းသုံးပြီး ဗုံးကြဲတိုက်ခိုက်တာကြောင့် လွိုင်ကော်တမြို့နီးပါး ဒေသခံတွေဟာ ပတ်ဝန်းကျင် ဆီဆိုင်မြို့နယ်က ကျေးရွာတွေဘက် ထွက်ပြေးခိုလှုံလာကြတာ အခုဆိုရင် ၃ လလောက်ရှိသွားပါပြီ။

လွိုင်ကော်မြို့ပေါ်အခြေအနေ ပြန်တည်ငြိမ်စပြုချိန် နေရပ်ပြန်သွားသူတွေရှိနေပေမယ့် လက်ရှိ ဆီဆိုင်မြို့နယ် ထဲမှာ စစ်ပြေးဒုက္ခသည် ၈,၀၀၀ ကျော် ကျန်ရှိနေသေးတယ်လို့ စစ်ရှောင်အကူအညီပေးသူ ခွန်ကျော်ဆွေက ပြောပါတယ်။

စစ်ပြေး ဒုက္ခသည်တွေ ပြေးရှောင်လာကြတာ အချိန်ကြာလာလို့ စားနပ်ရိက္ခာ ပြတ်လပ်မယ့်အခြေအနေနဲ့ ရေရှားပါးတဲ့ ပြဿနာ ကြုံတွေ့နေတာလို့ ခွန်ကျော်ဆွေက အခုလို ပြောပါတယ်။

“ရှစ်ထောင်ကျော်ကျော်လောက် ကျန်သေးတယ်ဗျ။ ပြန်သွားတာကတော့ တော်တော်များသွားပြီးဗျ။ ပြန်သွားတာကတော့ နှစ်သောင်းနီးပါးလောက်ရှိပြီ ပြန်သွားပြီဗျ။ အခု အထူးသဖြင့်က ကြာတဲ့အခါကျတော့ စားရေးသောက်ရေးကတော့ ကျနော်တို့ နယ်စခန်းမှာတောင်မှ တော်တော်လေး ရိက္ခာလိုတယ်ဗျ။ နောက်ထက် ရက် ၂၀ လောက်ဆိုရင်တော့ အချို့နေရာတွေမှာ ရိက္ခာ ပြတ်နေသလောက်ဖြစ်သွားပြီ။”

ဒုက္ခသည်တချို့က သက်ဆိုင်ရာ ဆွေမျိုးအိမ်တွေနဲ့ အိမ်ငှားပြီး နေထိုင်တဲ့ သူတွေရှိသလို စစ်ရှောင်အများစုကတော့ ယာယီစခန်းတွေမှာ နေထိုင်ကြပါတယ်။ အိမ်ငှားနေသူတွေကတော့ ကိုယ့်အစီအစဉ်နဲ့ စားသောက်နေထိုင်ကြရင်း အချိန်ကြာလာလို့ အဆင်မပြေမှုတွေကြုံလာပါတယ်။ စခန်းမှာရှိတဲ့ စစ်ပြေးဒုက္ခသည်တွေကြားမှာလည်း အစားအသောက်တွေ မျှဝေနေရပြီး ပံ့ပိုးကူညီမှုတွေ အတော်လေးလိုအပ်တယ်လို့ ကိုကျော်ဆွေက ပြောပါတယ်။

“တချို့လူတွေက အိမ်ငှားနေကြတယ်၊ အချို့အမျိုးအိမ်တွေ ငှားနေတဲ့ အုပ်စုတွေက အရင်တော့ သူတို့ စရိတ် နဲ့ သူတို့ပေါ့၊ သူတို့ကို စရိတ်မပေးဘူးဗျ။ အရင်တုန်းက သူတို့အစီအစဉ်နဲ့ သူတို့ စားကြတယ်။ ပါလာတဲ့ဟာတွေ သူတို့စားသောက်ကြတာပေါ့။ အခုကျတော့ ကြာတဲ့အခါကျတော့ သူတို့မှာ အဆင်မပြေတော့ဘူး၊ မပြေတဲ့အခါကျတော့ လာတောင်းကြတာပေါ့။ ကျနော်တို့ ရှိတဲ့ဟာတော့ ပေးလို့ရတယ်၊ မရှိတဲ့ဟာတွေ ကျနော်မခွဲပေးနိုင်တဲ့ အနေအထားပေါ့။ အခုလက်ရှိ ကျန်တဲ့လူတွေ အများဆုံးဖြစ်တာက ဒီးမော့ဆိုတို့၊ ဖရိူဆိုတို့ နောက်ပြီးတော့ မိုးဗြဲတွေပေါ့ဗျာ။ အဲ့လူတွေ အများစုကျန်တယ်။ ဒီလူတော့ ရေရှည်ဖြစ်တဲ့အတွက်ကြောင့် သူတို့ရေရှည်အတွက် ပံ့ပိုးကူညီမှုတွေတော့ လိုတာပေါ့ဗျာ။ အထူးသဖြင့် ကျနော်တို့ စခန်းမှာဆိုရင် ရေ၊ ရေတော်တော် လိုတယ်ဗျ။ ရေ ဖိုးကြီးတော့ တရက် ၅၀,၀၀၀ လောက်ကုန်တဲ့အခါကျတော့ ရေရှည်ကျတော့ တော်တော်မလွယ်ဘူးဗျ။”

ဒီးမော့ဆိုမြို့နယ် ငွေတောင်ကျေးရွာအုပ်စုကနေ ဆီဆိုင်ဘက် စစ်ရှောင်လာတဲ့ ဒေသခံတဦးကတော့ အလုပ် အကိုင် ဝင်ငွေတွေ မရှိတာကြောင့် အလှူရှင်တွေပဲ အားကိုး စားဝတ်နေရေးအတွက် အခက်အခဲဖြစ်တယ်လို့ ပြောပါတယ်။

“ကျနော်တို့ ဝိုင်းလုပ်ဝိုင်းစားပေါ့ဗျာ။ သူများ လာလှူလေးပဲ စားတာပေါ့။ ပြောမယ်ဆိုရင် ဘာအလုပ်အကိုင်မှ မရှိဘူးဗျ။ အခု သူတို့ လှူဒါန်တွေပဲ ကျနော်တို့ စားကြတယ်လေ။ ဝင်ငွေလည်းမရှိဘူးပေါ့နော်။ ဒီမှာကျတော့ ပြောမယ်ဆိုရင် တချို့ဆိုရင် ကလေးအမေတွေရော ဗိုက်ကြီးသည်တွေရော အခက်အခဲ အများကြီးပဲဗျ။ ကျနော်တို့ လိုအပ်ချက်တော့ အခုဒီမှာတော့ ရေ ၊ စားနပ်ရိက္ခာပေါ့။”

နောက်ထပ် လွိုင်ကော်မြို့ကနေ ဆီဆိုင်ဘက် စစ်ရှောင်လာတဲ့ စစ်ရှောင်တဦးကတော့ စစ်ရှောင်ပြည်သူတွေ ကြားမှာလည်း ဖျားနာ ချောင်းဆိုးနေသူတွေ များပြားနေပြီး ဆေးဝါးအလုံးအလောက်မရှိဘူးလို့ ပြောပါတယ်။

“အခုချောင်းဆိုးတဲ့ လူလည်းများတယ်။ ဘယ်လောက်ဖြစ်တာလဲတော့ မခန့်မှန်တတ်ဘူးဗျ။ နာတာရှည်လည်းရှိတယ်၊ သက်ကြီးရွယ်အိုလည်း ရှိတယ်ဗျ။ ကျန်းမာရေးအပိုင်းကတော့ လာကြည့်တယ်၊ ဒါပေမယ့် ဆေးက အလုံးအလောက်မရှိဘူးဗျ။”

ကယားပြည်နယ်မှာ ၂၀၂၁ ခုနှစ် မေလလောက်က ဒီးမော့ဆို၊ ဘောလခဲနယ်ဘက်မှာ ကရင်နီဒေသကာကွယ်တပ်နဲ့ စစ်ကောင်စီတို့အကြား တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ပါတယ်။ အဲ့ဒီနောက် တဖြည်းဖြည်း တိုက်ပွဲဧရိယာတွေ ကျယ်ပြန့်လာပြီး စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်မှုနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်လာပါတယ်။

စစ်ဘေးဒဏ်ကြောင့် သောင်းနဲ့ချီတဲ့ ဒေသခံတွေ ဘေးလွတ်ရာ ရှောင်တိမ်းကြရပါတယ်။ ယာယီစစ်စခန်းတွေမှာ လက်နက်ကြီးကျရောက်တာ လေကြောင်းနဲ့ ဗုံးကြဲတာတွေကြောင့် အပြစ်မဲ့ အရပ်သားပြည်သူတွေ သေဆုံးထိခိုက်မှုတွေရှိလာပြီး စစ်ရှောင်တွေ တနေရာပြီး တနေရာ ပြောင်းရွှေ့ ပြေးရှောင်ခဲ့ကြရပါတယ်။
===========

XS
SM
MD
LG