သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ခ်င္း ကန္ပက္လက္က ျပည္တြင္းဒုကၡသည္မ်ား ရိကၡာျပတ္လပ္


Kanpetlet to Saw Tsp နယ္ခ်င္းထိစပ္ေနတဲ့ ခ်င္းျပည္နယ္ ကန္ပက္လက္ၿမိဳ႕နယ္နဲ႔ မေကြးတုိင္း ေဆာၿမိဳ႕နယ္။ (MIMU)

[[Zawgyi/Unicode]]


တိုက္ပြဲေတြေၾကာင့္ ခ်င္းျပည္နယ္ ကန္ပက္လက္ၿမိဳ႕နယ္ကေန အိမ္နီးခ်င္း မေကြးတိုင္းေဆာၿမိဳ႕နယ္ဘက္ကို ထြက္ေျပးခဲ့ၾကတဲ့ ျပည္တြင္းဒုကၡသည္ေတြဟာ သူတို႔ပုန္းခိုတဲ့ေနရာေတြဘက္မွာ စစ္ေရးလႈပ္ရွားမႈေတြေၾကာင့္ ေနာက္ထပ္လုံၿခဳံမယ္ထင္တဲ့ ေနရာေတြဆီ မၾကာမၾကာ ထပ္မံေျပးလႊား ေရွာင္တိမ္းေနၾကရပါတယ္။ သက္ႀကီး ႐ြယ္အိုနဲ႔ ကေလးငယ္ေတြပါတဲ့ ဒုကၡသည္ ၁,၀၀၀ ေလာက္ ေဘးလြတ္ ရာကို ထပ္ခါ ထပ္ခါ ထြက္ေျပးေနၾကရတဲ့အတြက္ စားေရရိကၡာရွားပါး ျပတ္လပ္တဲ့ ဒုကၡကို ရင္ဆိုင္ေနၾကရပါတယ္။ ဒီအေၾကာင္း ရန္ကုန္ကလာတဲ့သတင္းကို နန္းေလာဝ္က တင္ျပေပးထားပါတယ္။

ခ်င္းျပည္နယ္ ကန္ပက္လက္ၿမိဳ႕နယ္နဲ႔ နယ္ခ်င္းထိဆက္ေနတဲ့ မေကြးတိုင္း ေဆာၿမိဳ႕နယ္ဘက္မွာ ေမလထဲက ထြက္ေျပးတိမ္းေရွာင္ေနတဲ့ စစ္ေျပးဒုကၡသည္ ၁,၀၀၀ ေလာက္ရွိေနပါတယ္။ ေငြေၾကးတတ္ႏိုင္တဲ့သူတခ်ိဳ႕သာ အိမ္ငွားေနႏိုင္ၾကေပမယ့္ စစ္ေျပးဒုကၡသည္ အမ်ားစုကေတာ့ ေဘးကင္းတယ္လို႔ ယူဆရတဲ့ ေနရာေတြမွာ ခိုလႈံေနထိုင္ေနၾကရပါတယ္။ ဒါေပမယ့္လည္း အဲဒီေနရာေတြဘက္ မွာ စစ္ေကာင္စီတပ္ေတြ စစ္ေရးလႈပ္ရွားမႈေတြရွိေနတာေၾကာင့္ ဒုကၡသည္ေတြ ထပ္မံထြက္ေျပးေနၾကရပါတယ္။ ပုန္းခိုေနတဲ့ ေနရာတေနရာကေန ေနာက္တေနရာ ထြက္ေျပးေျပာင္းေ႐ႊ႕ၾကရတာေၾကာင့္ ဒုကၡမ်ိဳးစုံႀကဳံေတြ႕ ေနရတယ္လို႔ စစ္ေျပးဒုကၡသည္တဦးက ေျပာပါတယ္။

“စစ္ေျပးေရွာင္စခန္းမွာေတာင္မွ စားနပ္ရိကၡာေတြအစ အစစအရာရာ အခက္အခဲက ရွိလာတယ္။ အဲ့ဒါေတာင္ မၿပီးေသးဘူး။ အခက္အခဲၾကားထဲကေန အဲ့မွာေတာင္မွ အၿငိမ္ အတည္မေနရဘူး။ အေခါက္ေခါက္ အခါခါ ထပ္ေျပးေနရတဲ့အခါက်ေတာ့ က်ေနာ္တို႔က ဒုကၡေတြ အမ်ားႀကီးျဖစ္လာတယ္။ အသက္ႀကီး႐ြယ္အိုေတြနဲ႔ ကေလးေတြနဲ႔ ေျပးလႊားေနရတဲ့အခါက်ေတာ့ စားနပ္ရိကၡာေတာင္ အဆင္မေျပပါဘူးဆိုခါမွ ဆိုင္ကယ္ဖိုးေတြ ဆီဖိုးေတြအစ အရမ္းဒုကၡမ်ားတယ္။ ဆိုင္ကယ္မရွိလို႔ ေျခလ်င္နဲ႔ ေျပးေနရတဲ့ မိသားစုေတြလည္း ရွိေနတယ္။ အရမ္းအခက္အခဲရွိတယ္။”

ခ်င္းျပည္နယ္ ကန္ပက္လက္ၿမိဳ႕နယ္ဘက္မွာ ၂၀၂၁ ခုႏွစ္ ေမလထဲကၿပီး စစ္ေကာင္စီတပ္ေတြနဲ႔ ခ်င္းျပည္သူ႔ကာကြယ္ေရးအဖြဲ႕ေတြၾကား တိုက္ပြဲေတြျဖစ္ခဲ့တာေၾကာင့္ ကန္ပက္လက္ၿမိဳ႕နယ္ထဲက ေဒသခံေတြ ေဆာၿမိဳ႕နယ္ဘက္ကို ထြက္ေျပး တိမ္းေရွာင္ခဲ့ၾကတာပါ။ ၂၀၂၁ ခုႏွစ္ ဇြန္လေလာက္မွာေတာ့ ေဆာၿမိဳ႕နယ္ဘက္မွာလည္း ျပည္သူကာကြယ္ေရးအဖြဲ႕ေတြနဲ႔ စစ္တပ္ၾကား တိုက္ပြဲေတြ စတင္ျဖစ္ခဲ့ပါတယ္။ အခုဆို စစ္တပ္ စစ္ေၾကာင္းေတြက ပစ္ခတ္ၿပီး ႐ြာေတြထဲ ဝင္လာၿပီဆိုရင္ ေဘးလြတ္ရာမွာ ပုန္းေနၾကရတယ္လို႔ ေနာက္ထပ္ စစ္ေျပးဒုကၡသည္တဦးက ေျပာပါတယ္။

“ဒီမွာေနရတာလည္း မလုံၿခဳံပါဘူး။ သူတို႔ စစ္ေၾကာင္းထြက္လာၿပီဆိုတာနဲ႔ ေျပးေနရတယ္၊ ေရွာင္ေနရတယ္။ ကေလးသူငယ္ေတြနဲ႔၊ သူတို႔က ႐ြာထဲကို ဝင္လာတာနဲ႔ ေသနတ္ေဖာက္ခ်တယ္။ အဲ့ဒီအခ်ိန္က်ရင္ ကေလးေတြက အကုန္လုံးေၾကာက္ လန႔္ေနၾကတာေပ့ါေနာ္။ ကေလးေတြက အကုန္လုံး ႐ုန္ရင္းဆန္ခတ္ျဖစ္ၿပီးမွ အကုန္လုံး ေျပးရ လႊားရနဲ႔ အဲ့လိုျဖစ္ၾကတာနဲ႔ အေဆာင္တေဆာင္ထဲကို အသံမထြက္ေအာင္ အကုန္ အဲ့လိုပုန္းရတာေပါ့ေနာ္။”

အခုလို မၾကာခဏ ေနရာေျပာင္းေ႐ႊ႕ ပုန္းခိုေနၾကရတဲ့ စစ္ေျပးဒုကၡသည္ေတြၾကား နာမက်န္းျဖစ္သူ ရာခ်ီရွိေနၿပီး က်န္းမာေရးေစာင့္ေရွာက္မႈ အင္မတန္လိုအပ္ေနၾကပါတယ္။ အစားအေသာက္နဲ႔ က်န္းမာေရးေစာင့္ေရွာက္မႈ ေကာင္းေကာင္းမရရွိလို႔ စစ္ေျပးဒုကၡသည္ထဲက အသက္ႀကီးရင္းသူ ၄ ဦး ေသဆုံးသြားတယ္လို႔ ေျပာပါတယ္။

“လူမ်ားတဲ့အခါက်ေတာ့ ဖ်ားတာရယ္ နာတာရယ္၊ ေခ်ာင္းဆိုးတာ၊ ဝမ္းေလ်ာဝမ္းပ်က္ျဖစ္တာမ်ိဳးကလည္း ခဏခဏႀကဳံေနရတယ္ခင္ဗ်။ လူဦးေရ တေထာင္ထဲမွာဆိုလို႔ရွိရင္ ရာခ်ီက အဲ့လိုေတြ ျဖစ္ၾကတယ္။ က်န္းမာေရးဆိုးလာတယ္ေပ့ါေနာ္။ ေသတဲ့ဟာေတြကလည္း ေသသြားတယ္၊ က်ေနာ္မ်က္ျမင္ကေတာ့ ၄ ေယာက္ရွိသြားၿပီ ခင္ဗ်။ အဲ့ဒီမွာ ေဆးခန္းေတြ ေဆး႐ုံေတြ မရွိေတာ့တဲ့အခါက်ေတာ့ ဒီတိုင္းပဲၿငိမ္ခံေနရတာေပါ့။ ေဆးကုသလို႔လည္း မရတဲ့အခါက်ေတာ့ သူတို႔ေရာဂါနဲ႔ သူတို႔ေပါ့ေနာ္ ေသသြားတယ္ေပါ့။”

၁ ႏွစ္နီးပါးၾကာ အိုးအိမ္ျပစ္ထြက္ေျပးေနၾကရတဲ့ စစ္ေျပးဒုကၡသည္အတြက္ ဆန္၊ဆီ၊ဆား စတဲ့ အေျခခံစားေသာက္ကုန္ေတြ အလြန္လိုအပ္ေနၾကတယ္လို႔လည္း ေျပာပါတယ္။

“ဆန္၊ ဆီ၊ ဆားေလးနဲ႔ ေဆးဝါးေလးကေတာ့ တကယ္ က်ေနာ္တို႔မွာ အခက္အခဲျဖစ္ေနပါတယ္။ အခု ၄၊ ၅ လ ရွိၿပီး အလႉရွင္မလာတဲ့အခ်ိန္က်ေတာ့ က်ေနာ္တို႔ လူေပါင္း ၁၀၀ ေက်ာ္ေလ၊ ၁၀၀ အထက္ေပါ့ အဲ့လိုရွိတဲ့ အခ်ိန္မွာ ၿခိဳးၿခံေခြၽတာ ၿပီးမွပဲ စားေနရတယ္။ တခါတေလက်ရင္ေတာ့ ဟင္းကေတာ့ မုန္ညႇင္းေလးတ႐ြက္ ႏွစ္႐ြက္ကို ေရေပါေလာနဲ႔ စားရတဲ့အခ်ိန္ေတြလည္း ရွိတာေပါ့၊ လူမ်ားတဲ့အခ်ိန္ က်ေတာ့ အဲ့လိုေလးေတြ ေတာ္ေတာ္ေလး အခက္အခဲရွိတယ္။”

ကန္ပက္လက္ၿမိဳ႕နယ္ဘက္မွာ ပစ္ခတ္တိုက္ခိုက္မႈေတြနဲ႔ အဘက္ဘက္က လမ္းေၾကာင္းပိတ္ဆို႔မႈေတြ အခုခ်ိန္ထိ ဆက္ရွိေနတာမို႔ ေဒသခံေတြဟာ ေနရပ္ကို မျပန္ရဲၾကေသးဘူးလို႔ ေျပာၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

===========

[[Unicode]]

ချင်း ကန်ပက်လက်က ပြည်တွင်းဒုက္ခသည်များ ရိက္ခာပြတ်လပ်


တိုက်ပွဲတွေကြောင့် ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်ကနေ အိမ်နီးချင်း မကွေးတိုင်းဆောမြို့နယ်ဘက်ကို ထွက်ပြေးခဲ့ကြတဲ့ ပြည်တွင်းဒုက္ခသည်တွေဟာ သူတို့ပုန်းခိုတဲ့နေရာတွေဘက်မှာ စစ်ရေးလှုပ်ရှားမှုတွေကြောင့် နောက်ထပ်လုံခြုံမယ်ထင်တဲ့ နေရာတွေဆီ မကြာမကြာ ထပ်မံပြေးလွှား ရှောင်တိမ်းနေကြရပါတယ်။ သက်ကြီး ရွယ်အိုနဲ့ ကလေးငယ်တွေပါတဲ့ ဒုက္ခသည် ၁,၀၀၀ လောက် ဘေးလွတ် ရာကို ထပ်ခါ ထပ်ခါ ထွက်ပြေးနေကြရတဲ့အတွက် စားရေရိက္ခာရှားပါး ပြတ်လပ်တဲ့ ဒုက္ခကို ရင်ဆိုင်နေကြရပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို နန်းလောဝ်က တင်ပြပေးထားပါတယ်။

ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်နဲ့ နယ်ချင်းထိဆက်နေတဲ့ မကွေးတိုင်း ဆောမြို့နယ်ဘက်မှာ မေလထဲက ထွက်ပြေးတိမ်းရှောင်နေတဲ့ စစ်ပြေးဒုက္ခသည် ၁,၀၀၀ လောက်ရှိနေပါတယ်။ ငွေကြေးတတ်နိုင်တဲ့သူတချို့သာ အိမ်ငှားနေနိုင်ကြပေမယ့် စစ်ပြေးဒုက္ခသည် အများစုကတော့ ဘေးကင်းတယ်လို့ ယူဆရတဲ့ နေရာတွေမှာ ခိုလှုံနေထိုင်နေကြရပါတယ်။ ဒါပေမယ့်လည်း အဲဒီနေရာတွေဘက် မှာ စစ်ကောင်စီတပ်တွေ စစ်ရေးလှုပ်ရှားမှုတွေရှိနေတာကြောင့် ဒုက္ခသည်တွေ ထပ်မံထွက်ပြေးနေကြရပါတယ်။ ပုန်းခိုနေတဲ့ နေရာတနေရာကနေ နောက်တနေရာ ထွက်ပြေးပြောင်းရွှေ့ကြရတာကြောင့် ဒုက္ခမျိုးစုံကြုံတွေ့ နေရတယ်လို့ စစ်ပြေးဒုက္ခသည်တဦးက ပြောပါတယ်။

“စစ်ပြေးရှောင်စခန်းမှာတောင်မှ စားနပ်ရိက္ခာတွေအစ အစစအရာရာ အခက်အခဲက ရှိလာတယ်။ အဲ့ဒါတောင် မပြီးသေးဘူး။ အခက်အခဲကြားထဲကနေ အဲ့မှာတောင်မှ အငြိမ် အတည်မနေရဘူး။ အခေါက်ခေါက် အခါခါ ထပ်ပြေးနေရတဲ့အခါကျတော့ ကျနော်တို့က ဒုက္ခတွေ အများကြီးဖြစ်လာတယ်။ အသက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေနဲ့ ပြေးလွှားနေရတဲ့အခါကျတော့ စားနပ်ရိက္ခာတောင် အဆင်မပြေပါဘူးဆိုခါမှ ဆိုင်ကယ်ဖိုးတွေ ဆီဖိုးတွေအစ အရမ်းဒုက္ခများတယ်။ ဆိုင်ကယ်မရှိလို့ ခြေလျင်နဲ့ ပြေးနေရတဲ့ မိသားစုတွေလည်း ရှိနေတယ်။ အရမ်းအခက်အခဲရှိတယ်။”

ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်ဘက်မှာ ၂၀၂၁ ခုနှစ် မေလထဲကပြီး စစ်ကောင်စီတပ်တွေနဲ့ ချင်းပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကြား တိုက်ပွဲတွေဖြစ်ခဲ့တာကြောင့် ကန်ပက်လက်မြို့နယ်ထဲက ဒေသခံတွေ ဆောမြို့နယ်ဘက်ကို ထွက်ပြေး တိမ်းရှောင်ခဲ့ကြတာပါ။ ၂၀၂၁ ခုနှစ် ဇွန်လလောက်မှာတော့ ဆောမြို့နယ်ဘက်မှာလည်း ပြည်သူကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်တပ်ကြား တိုက်ပွဲတွေ စတင်ဖြစ်ခဲ့ပါတယ်။ အခုဆို စစ်တပ် စစ်ကြောင်းတွေက ပစ်ခတ်ပြီး ရွာတွေထဲ ဝင်လာပြီဆိုရင် ဘေးလွတ်ရာမှာ ပုန်းနေကြရတယ်လို့ နောက်ထပ် စစ်ပြေးဒုက္ခသည်တဦးက ပြောပါတယ်။

“ဒီမှာနေရတာလည်း မလုံခြုံပါဘူး။ သူတို့ စစ်ကြောင်းထွက်လာပြီဆိုတာနဲ့ ပြေးနေရတယ်၊ ရှောင်နေရတယ်။ ကလေးသူငယ်တွေနဲ့၊ သူတို့က ရွာထဲကို ဝင်လာတာနဲ့ သေနတ်ဖောက်ချတယ်။ အဲ့ဒီအချိန်ကျရင် ကလေးတွေက အကုန်လုံးကြောက် လန့်နေကြတာပေ့ါနော်။ ကလေးတွေက အကုန်လုံး ရုန်ရင်းဆန်ခတ်ဖြစ်ပြီးမှ အကုန်လုံး ပြေးရ လွှားရနဲ့ အဲ့လိုဖြစ်ကြတာနဲ့ အဆောင်တဆောင်ထဲကို အသံမထွက်အောင် အကုန် အဲ့လိုပုန်းရတာပေါ့နော်။”

အခုလို မကြာခဏ နေရာပြောင်းရွှေ့ ပုန်းခိုနေကြရတဲ့ စစ်ပြေးဒုက္ခသည်တွေကြား နာမကျန်းဖြစ်သူ ရာချီရှိနေပြီး ကျန်းမာရေးစောင့်ရှောက်မှု အင်မတန်လိုအပ်နေကြပါတယ်။ အစားအသောက်နဲ့ ကျန်းမာရေးစောင့်ရှောက်မှု ကောင်းကောင်းမရရှိလို့ စစ်ပြေးဒုက္ခသည်ထဲက အသက်ကြီးရင်းသူ ၄ ဦး သေဆုံးသွားတယ်လို့ ပြောပါတယ်။

“လူများတဲ့အခါကျတော့ ဖျားတာရယ် နာတာရယ်၊ ချောင်းဆိုးတာ၊ ဝမ်းလျောဝမ်းပျက်ဖြစ်တာမျိုးကလည်း ခဏခဏကြုံနေရတယ်ခင်ဗျ။ လူဦးရေ တထောင်ထဲမှာဆိုလို့ရှိရင် ရာချီက အဲ့လိုတွေ ဖြစ်ကြတယ်။ ကျန်းမာရေးဆိုးလာတယ်ပေ့ါနော်။ သေတဲ့ဟာတွေကလည်း သေသွားတယ်၊ ကျနော်မျက်မြင်ကတော့ ၄ ယောက်ရှိသွားပြီ ခင်ဗျ။ အဲ့ဒီမှာ ဆေးခန်းတွေ ဆေးရုံတွေ မရှိတော့တဲ့အခါကျတော့ ဒီတိုင်းပဲငြိမ်ခံနေရတာပေါ့။ ဆေးကုသလို့လည်း မရတဲ့အခါကျတော့ သူတို့ရောဂါနဲ့ သူတို့ပေါ့နော် သေသွားတယ်ပေါ့။”

၁ နှစ်နီးပါးကြာ အိုးအိမ်ပြစ်ထွက်ပြေးနေကြရတဲ့ စစ်ပြေးဒုက္ခသည်အတွက် ဆန်၊ဆီ၊ဆား စတဲ့ အခြေခံစားသောက်ကုန်တွေ အလွန်လိုအပ်နေကြတယ်လို့လည်း ပြောပါတယ်။

“ဆန်၊ ဆီ၊ ဆားလေးနဲ့ ဆေးဝါးလေးကတော့ တကယ် ကျနော်တို့မှာ အခက်အခဲဖြစ်နေပါတယ်။ အခု ၄၊ ၅ လ ရှိပြီး အလှူရှင်မလာတဲ့အချိန်ကျတော့ ကျနော်တို့ လူပေါင်း ၁၀၀ ကျော်လေ၊ ၁၀၀ အထက်ပေါ့ အဲ့လိုရှိတဲ့ အချိန်မှာ ခြိုးခြံချွေတာ ပြီးမှပဲ စားနေရတယ်။ တခါတလေကျရင်တော့ ဟင်းကတော့ မုန်ညှင်းလေးတရွက် နှစ်ရွက်ကို ရေပေါလောနဲ့ စားရတဲ့အချိန်တွေလည်း ရှိတာပေါ့၊ လူများတဲ့အချိန် ကျတော့ အဲ့လိုလေးတွေ တော်တော်လေး အခက်အခဲရှိတယ်။”

ကန်ပက်လက်မြို့နယ်ဘက်မှာ ပစ်ခတ်တိုက်ခိုက်မှုတွေနဲ့ အဘက်ဘက်က လမ်းကြောင်းပိတ်ဆို့မှုတွေ အခုချိန်ထိ ဆက်ရှိနေတာမို့ ဒေသခံတွေဟာ နေရပ်ကို မပြန်ရဲကြသေးဘူးလို့ ပြောကြပါတယ်။
===========

XS
SM
MD
LG