သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ယင္းမာပင္ စစ္ေဘးေရွာင္ျပည္သူ ၃၀ ဖမ္းဆီးခံရ


စစ္ေဘးေရွာင္ရြာသားေတြ ဖမ္းဆီးခံရတဲ့ ယင္းမာပင္ၿမိဳ႕နယ္အတြင္းက ရြာေထာင္နဲ႔ ေလး ေက်းရြာမ်ား (MIMU)


[[Zawgyi/Unicode]]

စစ္ကိုင္းတိုင္း၊ ယင္းမာပင္ၿမိဳ႕ေပၚက ဘုန္းႀကီးေက်ာင္းေတြထဲမွာ စစ္ေဘးေရွာင္ေနၾကတဲ့ ႐ြာေထာင္ေက်း႐ြာ၊ ေလးေက်း႐ြာတို႔က အရပ္သားျပည္သူ အေယာက္ ၃၀ ကို တနလၤာေန႔ညေနက စစ္သားေတြဖမ္းဆီးသြားတယ္လို႔ ဖမ္းဆီးခံရတဲ့ မိသားစုဝင္ေတြက ေျပာပါတယ္။ ယင္းမာပင္ၿမိဳ႕မွာ တပ္စြဲထားတဲ့ စစ္ေကာင္စီတပ္ေတြက အနီးဝန္းက်င္႐ြာေတြဘက္ လက္နက္ႀကီးေတြနဲ႔ မၾကာမၾကာ လွမ္းပစ္ေနတာေၾကာင့္ ႐ြာေထာင္၊ ေလး႐ြာ၊ ေျမက်က္ဆူ႐ြာ၊ ၿမိဳ႕ႀကီး၊ ၿမိဳ႕ေပၚ စတဲ့ ေက်း ႐ြာေတြ ေဒသခံေတြ အိုးအိမ္ပစ္ ထြက္ေျပးေနၾကတာျဖစ္ပါတယ္။ စစ္ေကာင္စီတပ္ေတြ လွည့္လည္ နယ္ေျမရွင္းလင္းေနတာေၾကာင့္လည္း ေဒသခံေတြ ေဘးလြတ္ ရာ ပုန္းခိုေနၾကရတဲ့ အေျခအေနအေၾကာင္း ရန္ကုန္ကလာတဲ့သတင္းကို နန္းေလာဝ္က တင္ျပေပးထားပါတယ္။

စစ္ကိုင္းတိုင္းထဲမွာ စစ္ေကာင္စီတပ္ေတြနဲ႔ ျပည္သူ႔ကာကြယ္ေရးတပ္ေတြနဲ႔ စစ္ေကာင္စီတပ္ေတြ ပစ္ခတ္တိုက္ခိုက္မႈ႐ွိခဲ့တဲ့ ယင္းမာပင္ၿမိဳ႕နယ္ထဲမွာ စစ္ေကာင္စီက အခုရက္ပိုင္း တရြာဝင္ တရြာထြက္သြားလာ စစ္ေရးလႈပ္႐ွားေနပါတယ္။ မတ္လ ၂၁ ရက္ တနလၤာေန႔က စစ္ေကာင္စီတပ္ေတြက ရြာေထာင္ေက်း႐ြာ၊ ေလးေက်းရြာေတြဘက္ ဝင္လာမယ္ဆိုတဲ့သတင္းေၾကာင့္ အဲဒီ ၂ ႐ြာနဲ႔ အနီးအနားေက်းရြာက ေဒသခံေတြ ေၾကာက္လန္႔ၿပီး စစ္ေဘးလြတ္ေအာင္ ယင္းမာပင္ၿမိဳ႕ေပၚက ဘုန္းႀကီးေက်ာင္းေတြ၊ ေက်း႐ြာေတြဆီ ထြက္ေျပးခဲ့ၾကပါတယ္။ ယင္းမာပင္ၿမိဳ႕က ဘုန္းႀကီးေက်ာင္းေတြမွာ ခိုလႈံေနၾကတဲ့ထဲက အမ်ဳိးသား ၃၀ ေလာက္ကို မတ္လ ၂၁ ရက္ တနလၤာေန႔ ညေနက ဖမ္းဆီးေခၚေဆာင္သြားတယ္လို႔ ဖမ္းဆီးခံရတဲ့ မိသားစုဝင္တဦးက ဗီြအိုကို ေျပာပါတယ္။

“ညီမတို႔က စစ္ေဘးေရွာင္လာၾကတာေပါ့။ စစ္ေဘးေရွာင္လာတာ။ ဟိုမွာ ယင္းမာပင္ၿမိဳ႕ေပၚဘက္က ဘုန္းႀကီးေက်ာင္းမွာ ရြာေထာင္ေလးရြာက ျပည္သူေတြက သြားေရွာင္ထားတာ၊ သြားေရွာင္ထားတဲ့ၾကားထဲမွာ သူတို႔က ေယာက္က်ားေလးေတြကို လူလတ္ပိုင္းေပါ့၊ လူလတ္ပိုင္းနဲ႔ လူငယ္ပိုင္း- ေယာက္က်ားေလးမွန္သမွ်ကို အကုန္ေခၚသြားတာရွင္။ အတိအက်ေတာ့ မသိဘူး။ ၃၀ နီးနီးေတာ့ ရွိတယ္ရွင္။ က်မ အကို ဖမ္းတဲ့အထဲမွာ ပါသြားတယ္ရွင္။ စစ္ေကာင္စီက ဘာေၾကာင့္ ဖမ္းတာလဲေတာ့ အဓိက မသိဘူး။ ဖမ္းစရာဆိုတာကလည္း အမွန္တကယ္က ဒါက စစ္ေဘးေရွာင္ေနၾကတာကို ဘာေၾကာင့္ ဖမ္းတာလဲေတာ့ က်မတို႔ အတိအက်မသိဘူးရွင္။”

အဲဒီေက်း႐ြာေတြနားမွာ လႈပ္႐ွားေနတဲ့ စစ္ေကာင္စီတပ္ေတြအေပၚ ျပည္သူ႔ကာကြယ္ေရးတပ္ေတြ တိုက္ခိုက္မႈေတြ အခုမတ္လထဲမွာ ႐ွိခ့ဲပါတယ္။

ရြာေထာင္ေက်း႐ြာ၊ ေလးေက်းရြာဘက္ကို မတ္လ ၁၂ ရက္ေန႔ကလည္း စစ္ေကာင္ စီတပ္ေတြ ပစ္ခတ္ၿပီး ႐ြာထဲဝင္လာတာေၾကာင့္ ေဒသခံေတြ ေဘးလြတ္ရာကို ထြက္ေျပးေနရပါတယ္။ အဲဒီအေနာက္ပိုင္း အေျခအေနၿငိမ္သြားလို႔ ႐ြာခံေတြ ေနရပ္ျပန္ခဲ့ၾကၿပီး မတ္လ ၂၁ ရက္ေန႔ ေနာက္တႀကိမ္ ထြက္ေျပးခဲ့ၾကရတာျဖစ္ပါတယ္။

“အဲဒီတုန္းကလည္း ေျပးရၿပီးေတာ့က်ေတာ့ က်မတို႔ ၃ ရက္ေလာက္ တျခားရြာေတြ ဘက္ကို ပတ္ေရွာင္ရတယ္။ ေရွာင္ၿပီးေတာ့ က်မတို႔ အေျခအေနၿငိမ္မၿငိမ္ကို လူငယ္ပိုင္းေတြက အရင္ျပန္ၿပီးေတာ့ ရြာထဲဝင္ၾကပါတယ္။ ဝင္ၿပီးၿပီဆိုမွ အေျခအေနၿငိမ္ၿပီဆိုမွ လူႀကီးကို ျပန္ေခၚပါတယ္။ ေခၚၿပီးေတာ့ မၾကာေသးပါဘူး။ က်မတို႔ မေန႔ကထြက္ၿပီး တခါျပန္ေျပးရပါတယ္။”

သူတို႔႐ြာနဲ႔ သိပ္မေဝးလွတဲ့ ႏံုးႀကီးရြာခံတဦးကလည္း စစ္ေကာင္စီတပ္ေတြ ပစ္ခတ္ဝင္လာတာေၾကာင့္ ႏုံးႀကီးေက်းရြာ၊ ၿမိဳ႕ႀကီးေက်းရြာ စတ့ဲ ပတ္ဝန္းက်င္ရြာေတြကလည္း စိုးရိမ္ၿပီး ထြက္ေျပးေနၾကတာျဖစ္တယ္လို႔ ေျပာျပပါတယ္။

“က်ေနာ္တို႔ အေနာက္ဘက္ ေျမာက္ဘက္ ႏုံးႀကီးရြာဆီရယ္ ရြာေထာင္ေလးရြာဆီကို လက္နက္ႀကီးေတြ စက္ေသနတ္ေတြနဲ႔ လွည့္ပစ္ေနတယ္ဗ်။ အခုလည္း ပစ္ေနတယ္။ လွည့္ပစ္ေနတဲ့ အေျခအေနက်ေတာ့ သတင္းအရကလည္း ရြာေထာင္ေလးရြာ ၿမိဳ႕ႀကီးနဲ႔ ႏုံးႀကီးေက်းရြာကို ဝင္မယ္ဆိုတာနဲ႔ ျပည္သူေတြကလည္း အကုန္ ထြက္ေျပးကုန္ၾကၿပီ။ တိုက္ပြဲလံုးဝမရွိပါဘူး။ သူတို႔က ထြက္ေတာ့မယ္ဆိုရင္ ေက်းရြာတရြာကို ဝင္ေတာ့မယ့္ ရြာကို လက္နက္ႀကီးေတြနဲ႔ စက္ေသနတ္ေတြနဲ႔ အကုန္ လံုး ရမ္းသမ္းပစ္၊ အကုန္လံုးျပည္သူေတြ အနီးအနားမွာ လံုးဝမေနႏိုင္ေအာင္ပစ္ၿပီးမွ ဝင္လာတာဆိုေတာ့ ျပည္သူေတြက မသန္မစြမ္းေတြေလာက္ပဲ က်န္ေနတဲ့ အေနအထားမ်ဳိးပဲရွိတာ က်န္တာေတြ အကုန္ေျပးထြက္ကုန္ၾကရတယ္။”

စစ္ေကာင္စီတပ္ေတြဟာ ယင္းမာပင္ၿမိဳ႕နယ္ အေရွ႕ေတာင္ဘက္ မင္းဇူးေက်းရြာနားမွာလည္း မတ္လ ၂၀ ရက္ေန႔က ညအိပ္တပ္စြဲခဲ့ပါတယ္။

စစ္တပ္ေတြ စတည္းခ်ခဲ့တဲ့ ႐ြာေတြမွာ ႐ြာသားေတြကို ဖမ္းဆီးတာ၊ ေနအိမ္ေတြ ဖ်က္ဆီးခံရတာ၊ မီးေလာင္တာေတြ အရင္က ျဖစ္ခဲ့တာေၾကာင့္ ေဒသခံ႐ြာသူ ႐ြာသားေတြ စိုးရိမ္ၿပီး ထြက္ေျပးေနၾကတာျဖစ္ပါတယ္။ အဲဒီလို ေဘးလြတ္ေအာင္ ေျပးေနၾကရတဲ့အတြက္ အသက္အရြယ္ႀကီးရင့္သူေတြ၊ ကေလးသူငယ္၊ လူမမာေတြနဲ႔ မသန္မစြမ္းေတြက ဒုကၡေရာက္ၾကရတယ္လို႔ စစ္ေဘးဒုကၡသည္ေတြက ေျပာျပၾကပါတယ္။

ယင္းမာပင္ စစ္ေဘးေရွာင္ျပည္သူ ၃၀ ဖမ္းဆီးခံရ
please wait

No media source currently available

0:00 0:03:42 0:00
တိုက္႐ိုက္ လင့္ခ္

========
[[Unicode]]

ယင်းမာပင် စစ်ဘေးရှောင်ပြည်သူ ၃၀ ဖမ်းဆီးခံရ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့ပေါ်က ဘုန်းကြီးကျောင်းတွေထဲမှာ စစ်ဘေးရှောင်နေကြတဲ့ ရွာထောင်ကျေးရွာ၊ လေးကျေးရွာတို့က အရပ်သားပြည်သူ အယောက် ၃၀ ကို တနင်္လာနေ့ညနေက စစ်သားတွေဖမ်းဆီးသွားတယ်လို့ ဖမ်းဆီးခံရတဲ့ မိသားစုဝင်တွေက ပြောပါတယ်။ ယင်းမာပင်မြို့မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေက အနီးဝန်းကျင်ရွာတွေဘက် လက်နက်ကြီးတွေနဲ့ မကြာမကြာ လှမ်းပစ်နေတာကြောင့် ရွာထောင်၊ လေးရွာ၊ မြေကျက်ဆူရွာ၊ မြို့ကြီး၊ မြို့ပေါ် စတဲ့ ကျေး ရွာတွေ ဒေသခံတွေ အိုးအိမ်ပစ် ထွက်ပြေးနေကြတာဖြစ်ပါတယ်။ စစ်ကောင်စီတပ်တွေ လှည့်လည် နယ်မြေရှင်းလင်းနေတာကြောင့်လည်း ဒေသခံတွေ ဘေးလွတ် ရာ ပုန်းခိုနေကြရတဲ့ အခြေအနေအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို နန်းလောဝ်က တင်ပြပေးထားပါတယ်။

စစ်ကိုင်းတိုင်းထဲမှာ စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ ပစ်ခတ်တိုက်ခိုက်မှုရှိခဲ့တဲ့ ယင်းမာပင်မြို့နယ်ထဲမှာ စစ်ကောင်စီက အခုရက်ပိုင်း တရွာဝင် တရွာထွက်သွားလာ စစ်ရေးလှုပ်ရှားနေပါတယ်။ မတ်လ ၂၁ ရက် တနင်္လာနေ့က စစ်ကောင်စီတပ်တွေက ရွာထောင်ကျေးရွာ၊ လေးကျေးရွာတွေဘက် ဝင်လာမယ်ဆိုတဲ့သတင်းကြောင့် အဲဒီ ၂ ရွာနဲ့ အနီးအနားကျေးရွာက ဒေသခံတွေ ကြောက်လန့်ပြီး စစ်ဘေးလွတ်အောင် ယင်းမာပင်မြို့ပေါ်က ဘုန်းကြီးကျောင်းတွေ၊ ကျေးရွာတွေဆီ ထွက်ပြေးခဲ့ကြပါတယ်။ ယင်းမာပင်မြို့က ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေကြတဲ့ထဲက အမျိုးသား ၃၀ လောက်ကို မတ်လ ၂၁ ရက် တနင်္လာနေ့ ညနေက ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဖမ်းဆီးခံရတဲ့ မိသားစုဝင်တဦးက ဗွီအိုကို ပြောပါတယ်။

“ညီမတို့က စစ်ဘေးရှောင်လာကြတာပေါ့။ စစ်ဘေးရှောင်လာတာ။ ဟိုမှာ ယင်းမာပင်မြို့ပေါ်ဘက်က ဘုန်းကြီးကျောင်းမှာ ရွာထောင်လေးရွာက ပြည်သူတွေက သွားရှောင်ထားတာ၊ သွားရှောင်ထားတဲ့ကြာထဲမှာ သူတို့က ယောက်ကျားလေးတွေကို လူလတ်ပိုင်းပေါ့၊ လူလတ်ပိုင်းနဲ့ လူငယ်ပိုင်း- ယောက်ကျားလေးမှန်သမျှကို အကုန်ခေါ်သွားတာရှင်။ အတိအကျတော့ မသိဘူး။ ၃၀ နီးနီးတော့ ရှိတယ်ရှင်။ ကျမ အကို ဖမ်းတဲ့အထဲမှာ ပါသွားတယ်ရှင်။ စစ်ကောင်စီက ဘာကြောင့် ဖမ်းတာလဲတော့ အဓိက မသိဘူး။ ဖမ်းစရာဆိုတာကလည်း အမှန်တကယ်က ဒါက စစ်ဘေးရှောင်နေကြတာကို ဘာကြောင့် ဖမ်းတာလဲတော့ ကျမတို့ အတိအကျမသိဘူးရှင်။”

အဲဒီကျေးရွာတွေနားမှာ လှုပ်ရှားနေတဲ့ စစ်ကောင်စီတပ်တွေအပေါ် ပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ခိုက်မှုတွေ အခုမတ်လထဲမှာ ရှိခဲ့ပါတယ်။

ရွာထောင်ကျေးရွာ၊ လေးကျေးရွာဘက်ကို မတ်လ ၁၂ ရက်နေ့ကလည်း စစ်ကောင် စီတပ်တွေ ပစ်ခတ်ပြီး ရွာထဲဝင်လာတာကြောင့် ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးနေရပါတယ်။ အဲဒီအနောက်ပိုင်း အခြေအနေငြိမ်သွားလို့ ရွာခံတွေ နေရပ်ပြန်ခဲ့ကြပြီး မတ်လ ၂၁ ရက်နေ့ နောက်တကြိမ် ထွက်ပြေးခဲ့ကြရတာဖြစ်ပါတယ်။

“အဲဒီတုန်းကလည်း ပြေးရပြီးတော့ကျတော့ ကျမတို့ ၃ ရက်လောက် တခြားရွာတွေ ဘက်ကို ပတ်ရှောင်ရတယ်။ ရှောင်ပြီးတော့ ကျမတို့ အခြေအနေငြိမ်မငြိမ်ကို လူငယ်ပိုင်းတွေက အရင်ပြန်ပြီးတော့ ရွာထဲဝင်ကြပါတယ်။ ဝင်ပြီးပြီဆိုမှ အခြေအနေငြိမ်ပြီဆိုမှ လူကြီးကို ပြန်ခေါ်ပါတယ်။ ခေါ်ပြီးတော့ မကြာသေးပါဘူး။ ကျမတို့ မနေ့ကထွက်ပြီး တခါပြန်ပြေးရပါတယ်။”

သူတို့ရွာနဲ့ သိပ်မဝေးလှတဲ့ နုံးကြီးရွာခံတဦးကလည်း စစ်ကောင်စီတပ်တွေ ပစ်ခတ်ဝင်လာတာကြောင့် နုံးကြီးကျေးရွာ၊ မြို့ကြီးကျေးရွာ စတဲ့ ပတ်ဝန်းကျင်ရွာတွေကလည်း စိုးရိမ်ပြီး ထွက်ပြေးနေကြတာဖြစ်တယ်လို့ ပြောပြပါတယ်။

“ကျနော်တို့ အနောက်ဘက် မြောက်ဘက် နုံးကြီးရွာဆီရယ် ရွာထောင်လေးရွာဆီကို လက်နက်ကြီးတွေ စက်သေနတ်တွေနဲ့ လှည့်ပစ်နေတယ်ဗျ။ အခုလည်း ပစ်နေတယ်။ လှည့်ပစ်နေတဲ့ အခြေအနေကျတော့ သတင်းအရကလည်း ရွာထောင်လေးရွာ မြို့ကြီးနဲ့ နုံးကြီးကျေးရွာကို ဝင်မယ်ဆိုတာနဲ့ ပြည်သူတွေကလည်း အကုန် ထွက်ပြေးကုန်ကြပြီ။ တိုက်ပွဲလုံးဝမရှိပါဘူး။ သူတို့က ထွက်တော့မယ်ဆိုရင် ကျေးရွာတရွာကို ဝင်တော့မယ့် ရွာကို လက်နက်ကြီးတွေနဲ့ စက်သေနတ်တွေနဲ့ အကုန် လုံး ရမ်းသမ်းပစ်၊ အကုန်လုံးပြည်သူတွေ အနီးအနားမှာ လုံးဝမနေနိုင်အောင်ပစ်ပြီးမှ ဝင်လာတာဆိုတော့ ပြည်သူတွေက မသန်မစွမ်းတွေလောက်ပဲ ကျန်နေတဲ့ အနေအထားမျိုးပဲရှိတာ ကျန်တာတွေ အကုန်ပြေးထွက်ကုန်ကြရတယ်။”

စစ်ကောင်စီတပ်တွေဟာ ယင်းမာပင်မြို့နယ် အရှေ့တောင်ဘက် မင်းဇူးကျေးရွာနားမှာလည်း မတ်လ ၂၀ ရက်နေ့က ညအိပ်တပ်စွဲခဲ့ပါတယ်။

စစ်တပ်တွေ စတည်းချခဲ့တဲ့ ရွာတွေမှာ ရွာသားတွေကို ဖမ်းဆီးတာ၊ နေအိမ်တွေ ဖျက်ဆီးခံရတာ၊ မီးလောင်တာတွေ အရင်က ဖြစ်ခဲ့တာကြောင့် ဒေသခံရွာသူ ရွာသားတွေ စိုးရိမ်ပြီး ထွက်ပြေးနေကြတာဖြစ်ပါတယ်။ အဲဒီလို ဘေးလွတ်အောင် ပြေးနေကြရတဲ့အတွက် အသက်အရွယ်ကြီးရင့်သူတွေ၊ ကလေးသူငယ်၊ လူမမာတွေနဲ့ မသန်မစွမ်းတွေက ဒုက္ခရောက်ကြရတယ်လို့ စစ်ဘေးဒုက္ခသည်တွေက ပြောပြကြပါတယ်။

XS
SM
MD
LG