သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကိုဂ်င္မီနဲ႔ ကိုၿဖိဳးေဇယ်ာေသာ္တို႔ရဲ႕ ေသဒဏ္ျပစ္ဒဏ္မ်ား စစ္ေကာင္စီအတည္ျပဳ


ကိုၿဖိဳးေဇယ်ာေသာ္နဲ႔ ကိုဂ်င္မီ


[[Zawgyi/Unicode]]

၈၈ မ်ိဳးဆက္ေက်ာင္းသားေခါင္းေဆာင္ ကိုဂ်င္မီနဲ႔ လႊတ္ေတာ္အမတ္ေဟာင္း ကိုၿဖိဳးေဇယ်ာေသာ္တို႔ရဲ႕ ေသဒဏ္ အမိန႔္ကို အထက္တရား႐ုံးအဆင့္ဆင့္အပါအဝင္ စစ္ေကာင္စီဘက္ကပါ အတည္ျပဳလိုက္ၿပီလို႔ စစ္ေကာင္စီ ေျပာခြင့္ရသူက ေျပာပါတယ္။ အက်ဥ္းေထာင္လုပ္ထုံးလုပ္နည္းအရ ဆက္ၿပီး ေဆာင္႐ြက္သြားဖို႔ရွိမယ္လို႔ စစ္ေကာင္စီက ေျပာပါတယ္။ ဒီအေၾကာင္း ရန္ကုန္က သတင္းေပးပို႔ထားတာကို ကိုသားၫြန႔္ဦးက တင္ျပေပးထားပါတယ္။

အၾကမ္းဖက္မႈဥပေဒပုဒ္မေတြနဲ႔ တရားစြဲထားတဲ့ ကိုဂ်င္မီနဲ႔ ကိုၿဖိဳးေဇယ်ာေသာ္တို႔ကို ဇန္နဝါရီ ၂၁ ရက္ကတည္းက စစ္ခုံ႐ုံးက ေသဒဏ္ခ်မွတ္ခဲ့တာပါ။ အမိန႔္ခ်တဲ့ တရား႐ုံးဘက္ကတင္ျပလာတဲ့ ေသဒဏ္အမိန႔္ကို အထက္တရား႐ုံးအဆင့္ဆင့္အပါအဝင္ စစ္ေကာင္စီဘက္ကပါ အတည္ျပဳၿပီးျဖစ္တယ္လို႔ စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဗြီအိုေအကိုေျပာပါတယ္။

“ေနာက္ဆုံးအဆင့္မွာ အသနားခံစာတင္ရတာရွိတယ္။ အသနားခံစာသည္ ႏိုင္ငံေတာ္အႀကီးအကဲ အဆင့္ဆင့္ကို တင္ရတာျဖစ္တယ္။ ႏိုင္ငံေတာ္အႀကီးအကဲက အသနားခံစာကို ပလပ္လိုက္ၿပီဆိုရင္ က်ေနာ္တို႔ေသဒဏ္ကို အေကာင္အထည္ေဖာ္မွာျဖစ္ပါတယ္။ ဒီေနာက္ဆုံးအဆင့္ထိၿပီးၿပီးျဖစ္ပါတယ္။”

တရား႐ုံးသေဘာသဘာဝအရ ေသဒဏ္ေပးခံရသူေတြရဲ႕ေသဒဏ္အမိန႔္ကို အမိန႔္ခ်တဲ့တရား႐ုံးဘက္က ကာယကံရွင္ရဲ႕ သေဘာထားမပါဘဲလည္း အထက္တရား႐ုံးအဆင့္ဆင့္နဲ႔ ႏိုင္ငံေတာ္အႀကီးအကဲအဆင့္ေတြရဲ႕ အတည္ျပဳခ်က္ယူရပါတယ္။ ျမန္မာႏိုင္ငံမွာ ေသဒဏ္စီရင္ခ်က္ကို ႀကိဳးမိန႔္ေပးတာက ၁၉၈၉ ခုႏွစ္ မတ္လ တုန္းကေနာက္ဆုံးျဖစ္တယ္လို႔သိရပါတယ္။ ႏိုင္ငံေရးအတိုက္အခံေတြကို ႀကိဳးေပးကြပ္မ်က္ခဲ့တာကေတာ့ ၁၉၇၆ ခုႏွစ္တုန္းက ေက်ာင္းသားေခါင္းေဆာင္ဆလိုင္းတင္ေမာင္ဦးနဲ႔ ၁၉၇၇ ခုႏွစ္မွာ ဗိုလ္ႀကီးအုန္းေက်ာ္ျမင့္တို႔ကို ေသဒဏ္ကြပ္မ်က္တာ ေနာက္ဆုံးျဖစ္ပါတယ္။ ေနာက္ပိုင္း ေသဒဏ္ႀကိဳးမိန႔္ေပးခံရသူေတြကိုေတာ့ ကြပ္ျမက္စီရင္တာမရွိဘဲ လြတ္ၿငိမ္းခ်မ္းသာခြင့္အမိန႔္ေတြနဲ႔ ႏွစ္ရွည္ေထာင္ဒဏ္ေတြ ေျပာင္းခဲ့ပါတယ္။

ေသဒဏ္အျပစ္ဒဏ္ကို စီရင္ကြပ္မ်က္တဲ့အထိ ျပန္လည္က်င့္သုံးမသုံး ဗြီအိုေအကေမးျမန္းေပမယ့္ ဒီ အေပၚစစ္ေကာင္စီဘက္က ဘာမွတ္ခ်က္မွမေပးသလို ဘယ္ေန႔မွာ ႀကိဳးမိန္႔ေပးမယ္ဆိုတာကို အတိအက်မေျပာဘဲ အက်ဥ္းေထာင္လုပ္ထုံးလုပ္နည္းေတြအတိုင္း ဆက္လုပ္သြားမယ္လို႔ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာပါတယ္။

“မွန္ပါတယ္။ က်ေနာ္တို႔အက်ဥ္းေထာင္လုပ္ထုံးလုပ္နည္းအတိုင္းေဆာင္႐ြက္ပါမယ္။ ေသဒဏ္ ေဆာင္ ႐ြက္တာမွာ အက်ဥ္းေထာင္လုပ္ထုံးလုပ္နည္းရွိၿပီးျဖစ္ပါတယ္။ ေသဒဏ္ခ်မွတ္ခံရသူေတြ ေသဒဏ္မေဆာင္႐ြက္မီမွာ လုပ္ေဆာင္ရမယ့္လုပ္ငန္းေတြရွိပါတယ္။ ဒီအခြင့္အေရးလုပ္ေဆာင္ရ မွာကို အက်ဥ္းေထာင္စည္းမ်ဥ္းေတြအတိုင္းေဆာင္႐ြက္သြားပါမယ္။”

အခုလို ေသဒဏ္ကို အတည္ျပဳ ႀကိဳးမိန႔္ေပးတာနဲ႔ပတ္သတ္လို႔ေတာ့ လုပ္ထုံးလုပ္နည္းအရ ျမန္ျမန္ဆန္ဆန္ လုပ္ႏိုင္ဖြယ္မရွိဘူးယူဆမႈေတြရွိသလို ဒီလိုလုပ္မယ္ဆိုရင္က ျပႆနာပိုႀကီးထြားေအာင္လုပ္ေဆာင္တာျဖစ္တယ္လို႔ ယူဆခ်က္ေတြလည္းရွိပါတယ္။

ေသဒဏ္က်ခံသူေတြနဲ႔ပတ္သက္လို႔ အဆင့္ဆင့္လုပ္ကိုင္ရတဲ့ လုပ္နည္းလုပ္ဟန္ေတြအေၾကာင္း ေရွ႕ေနတဦးကအခုလိုေျပာပါတယ္။

“အခုနကဆရာေျပာသလို ခ႐ိုင္ကေနတိုင္း၊ တုိင္းကေနျပန္ေခၚၿပီးမွ ပထမအတည္ျပဳတာ။ အတည္ျပဳၿပီးၿပီးခ်င္း အယူခံဆက္သြားရတာ။ အခုဟာက အယူခံက ကာယကံရွင္က မတင္လို႔ရွိရင္လည္းပဲ ျပည္ေထာင္စုေရွ႕ေနခ်ဳပ္႐ံုးမွာ တင္ေပးရတယ္။ အဲဒါတင္ေပးၿပီးလို႔ ပ-လပ္လိုက္ၿပီဆိုၾကပါစို႔၊ ...ပယ္လိုက္ၿပီဆိုရင္ သူတို႔ ေန႔ေကာင္းရက္သာေရြးတာေပါ့။ ...ႀကိဳတင္စီမံခ်က္ေတြခ်ရတယ္။ ...ပယ္လိုက္ၿပီဆိုရင္ ႏွစ္လေလာက္က်န္တယ္။ ေထာင္ထဲမွာ ႀကိဳးေပးတဲ့ process က လြယ္လြယ္ေလးနဲ႔မရဘူး။ အခုက ေျခာက္ခ်င္ရင္လည္းလုပ္တာ။ ႀကိဳးသမားေတြ...ႀကီးဝင္တယ္၊ ႀကိဳးေတြက်စ္ေနၿပီတဲ့...၊....ေၾကာက္ေအာင္ေျခာက္တာလည္းဟုတ္မွာေပါ့။ ၇၅ % ေလာက္ကေတာ့ မျဖစ္ႏုိင္ဘူး။”

ဦးေက်ာ္မင္းယု(ခ)ကိုဂ်င္မီ ကို အၾကမ္းဖက္ပုဒ္မ-၄၉(က) ၊ အၾကမ္းဖက္တိုက္ခိုက္မႈေတြမွာ ပါဝင္အႀကံေပးမႈ အၾကမ္းဖက္ပုဒ္မ-၅၀(ဈ) ၊ အၾကမ္းဖက္ပုဒ္မ-၅၀(ည) ေငြေရးေၾကးေရးဆိုင္ရာ ေထာက္ပံ့မႈ တို႔နဲ႔စြပ္စြဲကာ အခုလိုအမိန႔္ခ်တာ ျဖစ္ပါတယ္။

ဦးၿဖိဳးေဇယ်ာ္ေသာ္(ခ) ေမာင္ေက်ာ္ ကို အၾကမ္းဖက္တိုက္ဖ်က္ေရး ဥပေဒပုဒ္မ ၄၉(က) အရ အၾကမ္းဖက္အုပ္စုတခုခုကို ေထာက္ပံ့ရန္အတြက္ လက္နက္ပစၥည္းေတြ သိမ္းဆည္းထားမႈ၊ အၾကမ္းဖက္ တိုက္ခိုက္မႈေတြမွာ ပါဝင္ အႀကံေပးမႈ၊ အၾကမ္း ဖက္ပုဒ္မ ၅၀(စ်) ၊အၾကမ္းဖက္ပုဒ္မ ၅၀ (ည)အရ အလႉေငြေတြေကာက္ခံၿပီး အၾကမ္းဖက္လုပ္ငန္းေတြအတြက္ လက္နက္ခဲယမ္းဝယ္ယူျခင္း၊ လိုင္စင္မဲ့ယာဥ္ ဝယ္ယူျခင္း၊ ေငြေၾကးဆိုင္ရာ ေထာက္ပံ့မႈေတြလုပ္ခဲ့တယ္လို႔ စြပ္စြဲကာ အခုလို ေသဒဏ္ခ်မွတ္ခံခဲ့ ရတာျဖစ္ပါတယ္။

ႏိုင္ငံတကာလြတ္ၿငိမ္းခ်မ္းသာအဖြဲ႕(Amnesty International)ကထုတ္ျပန္ထားတဲ့ ၂၀၂၁ ခုႏွစ္ ကမာၻတဝန္းေသဒဏ္ေပးမႈကို ေလ့လာေစာင့္ၾကည့္တဲ့အစီရင္ခံစာမွာေတာ့ လက္ရွိမွာ ျမန္မာျပည္တြင္းမွာ စစ္ခုံ႐ုံးေတြကေန ေသဒဏ္ခ်မွတ္ခံထားရသူ ၉၀ နီးပါးအထိရွိေနတာေၾကာင့္ ဒါဟာ အရင္ႏွစ္ေတြကထက္ ၈ ဆနီးပါးျမင့္တက္လာၿပီး စစ္အာဏာသိမ္းမႈေအာက္က ျမန္မာႏိုင္ငံတြင္း ေသဒဏ္အျပစ္ဒဏ္ခ်မွတ္ႏႈန္းဟာ စိုးရိမ္ဖြယ္ျမင့္တက္လာေနတယ္လို႔ ေထာက္ျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

===========


[[Unicode]]

ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်တို့ရဲ့ သေဒဏ်ပြစ်ဒဏ်များ စစ်ကောင်စီအတည်ပြု

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီနဲ့ လွှတ်တော်အမတ်ဟောင်း ကိုဖြိုးဇေယျာသော်တို့ရဲ့ သေဒဏ် အမိန့်ကို အထက်တရားရုံးအဆင့်ဆင့်အပါအဝင် စစ်ကောင်စီဘက်ကပါ အတည်ပြုလိုက်ပြီလို့ စစ်ကောင်စီ ပြောခွင့်ရသူက ပြောပါတယ်။ အကျဉ်းထောင်လုပ်ထုံးလုပ်နည်းအရ ဆက်ပြီး ဆောင်ရွက်သွားဖို့ရှိမယ်လို့ စစ်ကောင်စီက ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်က သတင်းပေးပို့ထားတာကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

အကြမ်းဖက်မှုဥပဒေပုဒ်မတွေနဲ့ တရားစွဲထားတဲ့ ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်တို့ကို ဇန်နဝါရီ ၂၁ ရက်ကတည်းက စစ်ခုံရုံးက သေဒဏ်ချမှတ်ခဲ့တာပါ။ အမိန့်ချတဲ့ တရားရုံးဘက်ကတင်ပြလာတဲ့ သေဒဏ်အမိန့်ကို အထက်တရားရုံးအဆင့်ဆင့်အပါအဝင် စစ်ကောင်စီဘက်ကပါ အတည်ပြုပြီးဖြစ်တယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဗွီအိုအေကိုပြောပါတယ်။

“နောက်ဆုံးအဆင့်မှာ အသနားခံစာတင်ရတာရှိတယ်။ အသနားခံစာသည် နိုင်ငံတော်အကြီးအကဲ အဆင့်ဆင့်ကို တင်ရတာဖြစ်တယ်။ နိုင်ငံတော်အကြီးအကဲက အသနားခံစာကို ပလပ်လိုက်ပြီဆိုရင် ကျနော်တို့သေဒဏ်ကို အကောင်အထည်ဖော်မှာဖြစ်ပါတယ်။ ဒီနောက်ဆုံးအဆင့်ထိပြီးပြီးဖြစ်ပါတယ်။”

တရားရုံးသဘောသဘာဝအရ သေဒဏ်ပေးခံရသူတွေရဲ့သေဒဏ်အမိန့်ကို အမိန့်ချတဲ့တရားရုံးဘက်က ကာယကံရှင်ရဲ့ သဘောထားမပါဘဲလည်း အထက်တရားရုံးအဆင့်ဆင့်နဲ့ နိုင်ငံတော်အကြီးအကဲအဆင့်တွေရဲ့ အတည်ပြုချက်ယူရပါတယ်။ မြန်မာနိုင်ငံမှာ သေဒဏ်စီရင်ချက်ကို ကြိုးမိန့်ပေးတာက ၁၉၈၉ ခုနှစ် မတ်လ တုန်းကနောက်ဆုံးဖြစ်တယ်လို့သိရပါတယ်။ နိုင်ငံရေးအတိုက်အခံတွေကို ကြိုးပေးကွပ်မျက်ခဲ့တာကတော့ ၁၉၇၆ ခုနှစ်တုန်းက ကျောင်းသားခေါင်းဆောင်ဆလိုင်းတင်မောင်ဦးနဲ့ ၁၉၇၇ ခုနှစ်မှာ ဗိုလ်ကြီးအုန်းကျော်မြင့်တို့ကို သေဒဏ်ကွပ်မျက်တာ နောက်ဆုံးဖြစ်ပါတယ်။ နောက်ပိုင်း သေဒဏ်ကြိုးမိန့်ပေးခံရသူတွေကိုတော့ ကွပ်မြက်စီရင်တာမရှိဘဲ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်တွေနဲ့ နှစ်ရှည်ထောင်ဒဏ်တွေ ပြောင်းခဲ့ပါတယ်။

သေဒဏ်အပြစ်ဒဏ်ကို စီရင်ကွပ်မျက်တဲ့အထိ ပြန်လည်ကျင့်သုံးမသုံး ဗွီအိုအေကမေးမြန်းပေမယ့် ဒီ အပေါ်စစ်ကောင်စီဘက်က ဘာမှတ်ချက်မှမပေးသလို ဘယ်နေ့မှာ ကြိုးမိန့်ပေးမယ်ဆိုတာကို အတိအကျမပြောဘဲ အကျဉ်းထောင်လုပ်ထုံးလုပ်နည်းတွေအတိုင်း ဆက်လုပ်သွားမယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

“မှန်ပါတယ်။ ကျနော်တို့အကျဉ်းထောင်လုပ်ထုံးလုပ်နည်းအတိုင်းဆောင်ရွက်ပါမယ်။ သေဒဏ် ဆောင် ရွက်တာမှာ အကျဉ်းထောင်လုပ်ထုံးလုပ်နည်းရှိပြီးဖြစ်ပါတယ်။ သေဒဏ်ချမှတ်ခံရသူတွေ သေဒဏ်မဆောင်ရွက်မီမှာ လုပ်ဆောင်ရမယ့်လုပ်ငန်းတွေရှိပါတယ်။ ဒီအခွင့်အရေးလုပ်ဆောင်ရ မှာကို အကျဉ်းထောင်စည်းမျဉ်းတွေအတိုင်းဆောင်ရွက်သွားပါမယ်။”

အခုလို သေဒဏ်ကို အတည်ပြု ကြိုးမိန့်ပေးတာနဲ့ပတ်သတ်လို့တော့ လုပ်ထုံးလုပ်နည်းအရ မြန်မြန်ဆန်ဆန် လုပ်နိုင်ဖွယ်မရှိဘူးယူဆမှုတွေရှိသလို ဒီလိုလုပ်မယ်ဆိုရင်က ပြဿနာပိုကြီးထွားအောင်လုပ်ဆောင်တာဖြစ်တယ်လို့ ယူဆချက်တွေလည်းရှိပါတယ်။

သေဒဏ်ကျခံသူတွေနဲ့ပတ်သက်လို့ အဆင့်ဆင့်လုပ်ကိုင်ရတဲ့ လုပ်နည်းလုပ်ဟန်တွေအကြောင်း ရှေ့နေတဦးကအခုလိုပြောပြလာတာပါ။

“အခုနကဆရာပြောသလို ခရိုင်ကနေတိုင်း၊ တိုင်းကနေပြန်ခေါ်ပြီးမှ ပထမအတည်ပြုတာ။ အတည်ပြုပြီးပြီးချင်း အယူခံဆက်သွားရတာ။ အခုဟာက အယူခံက ကာယကံရှင်က မတင်လို့ရှိရင်လည်းပဲ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှာ တင်ပေးရတယ်။ အဲဒါတင်ပေးပြီးလို့ ပ-လပ်လိုက်ပြီဆိုကြပါစို့၊ ...ပယ်လိုက်ပြီဆိုရင် သူတို့ နေ့ကောင်းရက်သာရွေးတာပေါ့။ ...ကြိုတင်စီမံချက်တွေချရတယ်။ ...ပယ်လိုက်ပြီဆိုရင် နှစ်လလောက်ကျန်တယ်။ ထောင်ထဲမှာ ကြိုးပေးတဲ့ process က လွယ်လွယ်လေးနဲ့မရဘူး။ အခုက ခြောက်ချင်ရင်လည်းလုပ်တာ။ ကြိုးသမားတွေ...ကြီးဝင်တယ်၊ ကြိုးတွေကျစ်နေပြီတဲ့...၊....ကြောက်အောင်ခြောက်တာလည်းဟုတ်မှာပေါ့။ ၇၅ % လောက်ကတော့ မဖြစ်နိုင်ဘူး။”

ဦးကျော်မင်းယု(ခ)ကိုဂျင်မီ ကို အကြမ်းဖက်ပုဒ်မ-၄၉(က) ၊ အကြမ်းဖက်တိုက်ခိုက်မှုတွေမှာ ပါဝင်အကြံပေးမှု အကြမ်းဖက်ပုဒ်မ-၅၀(ဈ) ၊ အကြမ်းဖက်ပုဒ်မ-၅၀(ည) ငွေရေးကြေးရေးဆိုင်ရာ ထောက်ပံ့မှု တို့နဲ့စွပ်စွဲကာ အခုလိုအမိန့်ချတာ ဖြစ်ပါတယ်။

ဦးဖြိုးဇေယျာ်သော်(ခ) မောင်ကျော် ကို အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၄၉(က) အရ အကြမ်းဖက်အုပ်စုတခုခုကို ထောက်ပံ့ရန်အတွက် လက်နက်ပစ္စည်းတွေ သိမ်းဆည်းထားမှု၊ အကြမ်းဖက် တိုက်ခိုက်မှုတွေမှာ ပါဝင် အကြံပေးမှု၊ အကြမ်း ဖက်ပုဒ်မ ၅၀(ဈ) ၊အကြမ်းဖက်ပုဒ်မ ၅၀ (ည)အရ အလှူငွေတွေကောက်ခံပြီး အကြမ်းဖက်လုပ်ငန်းတွေအတွက် လက်နက်ခဲယမ်းဝယ်ယူခြင်း၊ လိုင်စင်မဲ့ယာဉ် ဝယ်ယူခြင်း၊ ငွေကြေးဆိုင်ရာ ထောက်ပံ့မှုတွေလုပ်ခဲ့တယ်လို့ စွပ်စွဲကာ အခုလို သေဒဏ်ချမှတ်ခံခဲ့ ရတာဖြစ်ပါတယ်။

နိုင်ငံတကာလွတ်ငြိမ်းချမ်းသာအဖွဲ့(Amnesty International)ကထုတ်ပြန်ထားတဲ့ ၂၀၂၁ ခုနှစ် ကမ္ဘာတဝန်းသေဒဏ်ပေးမှုကို လေ့လာစောင့်ကြည့်တဲ့အစီရင်ခံစာမှာတော့ လက်ရှိမှာ မြန်မာပြည်တွင်းမှာ စစ်ခုံရုံးတွေကနေ သေဒဏ်ချမှတ်ခံထားရသူ ၉၀ နီးပါးအထိရှိနေတာကြောင့် ဒါဟာ အရင်နှစ်တွေကထက် ၈ ဆနီးပါးမြင့်တက်လာပြီး စစ်အာဏာသိမ်းမှုအောက်က မြန်မာနိုင်ငံတွင်း သေဒဏ်အပြစ်ဒဏ်ချမှတ်နှုန်းဟာ စိုးရိမ်ဖွယ်မြင့်တက်လာနေတယ်လို့ ထောက်ပြထားပါတယ်။
===========

XS
SM
MD
LG