သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ရခိုင္ အမ္းၿမိဳ႕ေပၚ အုပ္ခ်ဳပ္ေရးမႉးတဦး အသတ္ခံရ


ရခုိင္ျပည္နယ္အတြင္း လံုၿခံဳေရးကင္းတခု။ (ယခင္မွတ္တမ္းဓာတ္ပံု)

[[Zawgyi/Unicode]]

ရခိုင္ျပည္နယ္၊ အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္တည္ရွိတဲ့ အမ္းၿမိဳ႕နယ္မွာ စစ္ေကာင္စီကခန႔္ထားတဲ့ အုပ္ခ်ဳပ္ေရးမႉးတဦး ဒီကေန႔မနက္ပိုင္းက ဓားထိုးခံရၿပီး ေသဆုံးသြားတယ္လို႔ အမ္းၿမိဳ႕မရဲစခန္းက ေျပာပါတယ္။ ေသဆုံးသြားတဲ့အုပ္ခ်ဳပ္ေရးမႉးဟာ စစ္တပ္ အာဏာမသိမ္းခင္က မႈခင္းသတင္းေထာက္တဦးျဖစ္ၿပီး အာဏာသိမ္းၿပီးေနာက္ပိုင္း စစ္တပ္က အမ္းၿမိဳ႕နယ္ အမွတ္ ၅ အုပ္ခ်ဳပ္ေရးမႉးအျဖစ္ ခန႔္အပ္ခဲ့သူျဖစ္ေၾကာင္း ေဒသခံေတြက ေျပာပါတယ္။ ဒီသတင္း ရန္ကုန္က စုံစမ္းေမးျမန္းေပးပို႔တာကို ကိုရန္ႏိုင္ကတင္ျပေပးထားပါတယ္။

ရခိုင္ျပည္နယ္ အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္တည္ရွိတဲ့ အမ္းၿမိဳ႕နယ္မွာ စစ္ေကာင္စီကခန႔္ထားတဲ့ အုပ္ခ်ဳပ္ေရးမႉးတဦး ဒီကေန႔မနက္ ၉ နာရီေလာက္မွာ လူႏွစ္ေယာက္လာၿပီး ဓားနဲ႔ ထိုးသြားတယ္လို႔ အမ္းေဒသခံေတြက ေျပာပါတယ္။ ေသဆုံးသြားသူဟာ အမ္းၿမိဳ႕နယ္ အမွတ္ ၅ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးျဖစ္ၿပီး ေနအိမ္အနီးက စစ္မႈထမ္းေဟာင္း႐ုံးအနီးမွာ ဓားထိုးခံရၿပီး ေသဆုံးသြားတာျဖစ္တယ္လို႔လည္း အမ္းတက္ႂကြလႈပ္ရွားသူ ကိုမ်ိဳးလြင္ကေျပာပါတယ္။

“ဓားထိုးခံရတဲ့ ေနရာကလည္း အမွတ္ (၅) ရပ္ကြက္ေပါ့ေနာ္၊ ဓားထိုးခံရသူကလည္း အမွတ္ (၅) ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးေပါ့ေနာ္၊ အထိုးခံရတဲ့ေနရာကလည္း စစ္မႉးထမ္းေဟာင္း႐ုံးနဲ႔ သူ႔အိမ္ၾကားမွာ ထိုးခံရတာျဖစ္တယ္။ လာတာက ႏွစ္ဦးဆိုၿပီးေတာ့ အၾကမ္းအားျဖင့္သိရတယ္ေပါ့ေနာ္။ ထိုးတဲ့အခါမွာလည္း ေရွ႕ကတေယာက္၊ ေနာက္က တေယာက္ထိုးတယ္ေပါ့ေနာ္။ ဓားထုိးခံရတဲ့ေနရာက အမ္းၿမိဳ႕မရဲစခန္းနဲ႔လည္း မေဝးဘူး။ အနီးအနားမွာ ျဖစ္သြားတာေပါ့ေနာ္။”

အမ္းၿမိဳ႕နယ္အမွတ္ (၅) ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး ဓားထိုးခံရၿပီးေသဆုံးသြားေၾကာင္း အမ္းၿမိဳ႕မရဲစခန္းမႉးက ဗြီအိုေအကို အတည္ျပဳ ေျပာဆိုခဲ့ေပမယ့္ ျဖစ္စဥ္နဲ႔ပတ္သက္ၿပီး အေသးစိတ္ေျပာဆိုတာမ်ိဳးမရွိခဲ့ပါဘူး။

ဓားထိုးခံရၿပီးေသဆုံးသြားတဲ့ အုပ္ခ်ဳပ္ေရးမႉး ဦးပိုင္ပိုင္ဟာ စစ္တပ္အာဏာမသိမ္းခင္က မႈခင္းသတင္းေထာက္လုပ္ကိုင္ခဲ့ၿပီး အာဏာသိမ္းၿပီး ေနာက္ပိုင္းမွာေတာ့ သူ႔ကို စစ္တပ္က အမ္းၿမိဳ႕နယ္ အမွတ္ (၅) ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးအျဖစ္ ခန႔္လိုက္တာျဖစ္တယ္လို႔လည္း အမ္းတက္ႂကြလႈပ္ရွားသူ ကိုမ်ိဳးလြင္ကေျပာပါတယ္။

“ပထမ သူ အုပ္ခ်ဳပ္ေရးမႉးမျဖစ္ခင္ကေတာ့ မႈခင္းသတင္းေထာက္ဆိုၿပီး အလုပ္လုပ္တာ ရွိတယ္ေပါ့ေနာ္၊ စစ္အာဏာသိမ္းၿပီးတဲ့အခါမွာလည္း စစ္တပ္ကေနၿပီး နာမည္တပ္ၿပီးခန႔္တဲ့ အုပ္ခ်ဳပ္ေရးမႉးေတြထဲမွာသူပါတယ္။ စစ္တပ္က သူယုံၾကည္ရတဲ့သူေတြကိုခန႔္တဲ့ထဲမွာ အခုေသဆုံးသြားတဲ့ အမွတ္ (၅) အုပ္ခ်ဳပ္ေရးမႉး ဦးပိုင္ပိုင္လည္းပါတယ္ေပါ့ေနာ္။”

အုပ္ခ်ဳပ္ေရးမႉးကို ဓါးနဲ႔ထိုးသြားသူေတြကို ဖမ္းမမိေသးသလို ဘယ္သူဘယ္ဝါဆိုတာ အတိအက်မသိရေသးပါဘူး။

ရခိုင္ျပည္နယ္မွာ ရခိုင္လက္နက္ကိုင္ AA အဖြဲ႔နဲ႔ျမန္မာစစ္တပ္ၾကား စစ္ေရးတင္းမာေနသလို အမ္းၿမိဳ႕ေပၚမွာလည္း ၿပီးခဲ့တဲ့ လက ေသနတ္ပစ္ခတ္မႈေတြ ျဖစ္ေပၚခဲ့တာေၾကာင့္ ေဒသခံေတြအေနနဲ႔လည္း စိုးရိမ္မႈေတြ ျမင့္တက္ခဲ့ပါတယ္။ ၿမိဳ႕ေပၚရပ္ကြက္ အထူးသျဖင့္ ျမန္မာစစ္တပ္ တိုင္းဌာနခ်ဳပ္အေျခစိုက္ရာမွာၿမိဳ႕မွာ အခုလို အုပ္ခ်ဳပ္ေရးမႉးတဦး အသတ္ခံရတာေၾကာင့္ အမ္းေဒသခံေတြရဲ႕ စိုးရိမ္စိတ္ ပိုႀကီးလာတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

=============

[[Unicode]]

ရခိုင် အမ်းမြို့ပေါ် အုပ်ချုပ်ရေးမှူးတဦး အသတ်ခံရ


ရခိုင်ပြည်နယ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိတဲ့ အမ်းမြို့နယ်မှာ စစ်ကောင်စီကခန့်ထားတဲ့ အုပ်ချုပ်ရေးမှူးတဦး ဒီကနေ့မနက်ပိုင်းက ဓားထိုးခံရပြီး သေဆုံးသွားတယ်လို့ အမ်းမြို့မရဲစခန်းက ပြောပါတယ်။ သေဆုံးသွားတဲ့အုပ်ချုပ်ရေးမှူးဟာ စစ်တပ် အာဏာမသိမ်းခင်က မှုခင်းသတင်းထောက်တဦးဖြစ်ပြီး အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်က အမ်းမြို့နယ် အမှတ် ၅ အုပ်ချုပ်ရေးမှူးအဖြစ် ခန့်အပ်ခဲ့သူဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။ ဒီသတင်း ရန်ကုန်က စုံစမ်းမေးမြန်းပေးပို့တာကို ကိုရန်နိုင်ကတင်ပြပေးထားပါတယ်။

ရခိုင်ပြည်နယ် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိတဲ့ အမ်းမြို့နယ်မှာ စစ်ကောင်စီကခန့်ထားတဲ့ အုပ်ချုပ်ရေးမှူးတဦး ဒီကနေ့မနက် ၉ နာရီလောက်မှာ လူနှစ်ယောက်လာပြီး ဓားနဲ့ ထိုးသွားတယ်လို့ အမ်းဒေသခံတွေက ပြောပါတယ်။ သေဆုံးသွားသူဟာ အမ်းမြို့နယ် အမှတ် ၅ ရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်ပြီး နေအိမ်အနီးက စစ်မှုထမ်းဟောင်းရုံးအနီးမှာ ဓားထိုးခံရပြီး သေဆုံးသွားတာဖြစ်တယ်လို့လည်း အမ်းတက်ကြွလှုပ်ရှားသူ ကိုမျိုးလွင်ကပြောပါတယ်။

“ဓားထိုးခံရတဲ့ နေရာကလည်း အမှတ် (၅) ရပ်ကွက်ပေါ့နော်၊ ဓားထိုးခံရသူကလည်း အမှတ် (၅) ရပ်ကွက်အုပ်ချုပ်ရေးမှူးပေါ့နော်၊ အထိုးခံရတဲ့နေရာကလည်း စစ်မှူးထမ်းဟောင်းရုံးနဲ့ သူ့အိမ်ကြားမှာ ထိုးခံရတာဖြစ်တယ်။ လာတာက နှစ်ဦးဆိုပြီးတော့ အကြမ်းအားဖြင့်သိရတယ်ပေါ့နော်။ ထိုးတဲ့အခါမှာလည်း ရှေ့ကတယောက်၊ နောက်က တယောက်ထိုးတယ်ပေါ့နော်။ ဓားထိုးခံရတဲ့နေရာက အမ်းမြို့မရဲစခန်းနဲ့လည်း မဝေးဘူး။ အနီးအနားမှာ ဖြစ်သွားတာပေါ့နော်။”

အမ်းမြို့နယ်အမှတ် (၅) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဓားထိုးခံရပြီးသေဆုံးသွားကြောင်း အမ်းမြို့မရဲစခန်းမှူးက ဗွီအိုအေကို အတည်ပြု ပြောဆိုခဲ့ပေမယ့် ဖြစ်စဉ်နဲ့ပတ်သက်ပြီး အသေးစိတ်ပြောဆိုတာမျိုးမရှိခဲ့ပါဘူး။

ဓားထိုးခံရပြီးသေဆုံးသွားတဲ့ အုပ်ချုပ်ရေးမှူး ဦးပိုင်ပိုင်ဟာ စစ်တပ်အာဏာမသိမ်းခင်က မှုခင်းသတင်းထောက်လုပ်ကိုင်ခဲ့ပြီး အာဏာသိမ်းပြီး နောက်ပိုင်းမှာတော့ သူ့ကို စစ်တပ်က အမ်းမြို့နယ် အမှတ် (၅) ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖြစ် ခန့်လိုက်တာဖြစ်တယ်လို့လည်း အမ်းတက်ကြွလှုပ်ရှားသူ ကိုမျိုးလွင်ကပြောပါတယ်။

“ပထမ သူ အုပ်ချုပ်ရေးမှူးမဖြစ်ခင်ကတော့ မှုခင်းသတင်းထောက်ဆိုပြီး အလုပ်လုပ်တာ ရှိတယ်ပေါ့နော်၊ စစ်အာဏာသိမ်းပြီးတဲ့အခါမှာလည်း စစ်တပ်ကနေပြီး နာမည်တပ်ပြီးခန့်တဲ့ အုပ်ချုပ်ရေးမှူးတွေထဲမှာသူပါတယ်။ စစ်တပ်က သူယုံကြည်ရတဲ့သူတွေကိုခန့်တဲ့ထဲမှာ အခုသေဆုံးသွားတဲ့ အမှတ် (၅) အုပ်ချုပ်ရေးမှူး ဦးပိုင်ပိုင်လည်းပါတယ်ပေါ့နော်။”

အုပ်ချုပ်ရေးမှူးကို ဓါးနဲ့ထိုးသွားသူတွေကို ဖမ်းမမိသေးသလို ဘယ်သူဘယ်ဝါဆိုတာ အတိအကျမသိရသေးပါဘူး။

ရခိုင်ပြည်နယ်မှာ ရခိုင်လက်နက်ကိုင် AA အဖွဲ့နဲ့မြန်မာစစ်တပ်ကြား စစ်ရေးတင်းမာနေသလို အမ်းမြို့ပေါ်မှာလည်း ပြီးခဲ့တဲ့ လက သေနတ်ပစ်ခတ်မှုတွေ ဖြစ်ပေါ်ခဲ့တာကြောင့် ဒေသခံတွေအနေနဲ့လည်း စိုးရိမ်မှုတွေ မြင့်တက်ခဲ့ပါတယ်။ မြို့ပေါ်ရပ်ကွက် အထူးသဖြင့် မြန်မာစစ်တပ် တိုင်းဌာနချုပ်အခြေစိုက်ရာမှာမြို့မှာ အခုလို အုပ်ချုပ်ရေးမှူးတဦး အသတ်ခံရတာကြောင့် အမ်းဒေသခံတွေရဲ့ စိုးရိမ်စိတ် ပိုကြီးလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
=============

XS
SM
MD
LG