သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ရခိုင္စစ္တိုင္းမႉး ေဒသတြင္းျပႆနာမ်ား ဖန္တီးေနဟု AA သတိေပး 


AA တပ္ဖဲြ႔ဝင္တဦး။ (မွတ္တမ္း ဓာတ္ပံု - arakanarmy

[[Zawgyi/Unicode]]

စစ္ေကာင္စီဘက္က ၿငိမ္းခ်မ္းေရးေဆြးေႏြးဖို႔ ဖိတ္ေခၚထားခ်ိန္မွာပဲ ရခိုင္ေဒသ စစ္ေကာင္စီလက္ေအာက္ခံ စစ္တိုင္းမႉးဟာ ေအာက္ေျခမွာ နည္းမ်ိဳးစုံနဲ႔ ျပႆနာ ဖန္တီးတာမ်ိဳးရွိေနတယ္လို႔ AA ေျပာခြင့္ရ ခိုင္သုခကေျပာပါတယ္။ လက္ရွိမွာေတာ့ စစ္ေကာင္စီအေနနဲ႔ ၿမိဳ႕ဝင္ၿမိဳ႕ထြက္ေတြမွာ စစ္ေဆး ေရးတင္းၾကပ္တာေတြ ကုန္ပစၥည္းသယ္ယူခြင့္ကန႔္ သတ္တာေတြနဲ႔ ေဒသခံေတြကို AA နဲ႔ ဆက္စပ္တယ္ဆိုၿပီး ဖမ္းဆီးတာေတြရွိလာတယ္လို႔လည္း ေဒသခံေတြက ေျပာဆိုၾက ပါတယ္။ဒီအေၾကာင္း ရန္ကုန္က သတင္းေပးပို႔တာကို ကိုသိန္းထိုက္ဦးက တင္ျပေပးထားပါတယ္။

ရခိုင္ျပည္နယ္အတြင္းမွာ စစ္ေကာင္စီဘက္က လုံၿခဳံေရးတင္းၾကပ္တာေတြ ကုန္ပစၥည္း သယ္ယူခြင့္တင္းၾကပ္တာေတြရွိေနၿပီး ရခိုင္ေဒသခံေတြကို AA နဲ႔ ဆက္စပ္တယ္ဆိုၿပီး ဖမ္းဆီးတာေတြ ၿပီးခဲ့တဲ့လပိုင္းအတြင္း ျဖစ္လာတာပါ။

ရခိုင္လက္နက္ကိုင္ AA အဖြဲ႔ေျပာခြင့္ရ ခိုင္သုခကေတာ့ နကစ ဥကၠ႒က ၿငိမ္းခ်မ္းေရးေဆြးေႏြးဖို႔ ဖိတ္ေခၚထားေပမယ့္ ေအာက္ေျခမွာ နည္းမ်ိဳးစုံနဲ႔ ျပႆနာဖန္တီးေနတာေတြရွိတယ္လို႔ ဗြီအိုေအကို ေျပာပါတယ္။

“ တဘက္နဲ႔တဘက္ လိုအပ္ရင္လိုအပ္သလို ေတြ႔ဆုံေဆြးေႏြးၾကတယ္ဆိုတာကေတာ့ ဒါဟာ ေကာင္းတဲ့ လုပ္ငန္းစဥ္ တခုျဖစ္တယ္ဗ်ာ၊ ဒါေပမယ့္ တဘက္မွာ နစက ဥကၠ႒က ၿငိမ္းခ်မ္းေရး ေဆြးေႏြးဖို႔ ဖိတ္ေခၚေနခ်ိန္မွာ သူ႔ရဲ႕ လက္ေအာက္ခံ စစ္တိုက္မႉးေတြက ေအာက္ေျခမွာ နည္းမ်ိဳးစုံနဲ႔ ျပႆနာ ဖန္တီးေနတာကေတာ့ တဘက္နဲ႔တဘက္ ယုံၾကည္ မႈကို ပ်က္ျပားေစတယ္ဗ်ာ၊ ယုံၾကည္မႈပ်က္ရင္ေတာ့ က်န္တဲ့ တျခား ေရွ႕ဆက္ေဆြးေႏြးေရး ကိစၥေတြအတြက္ အမ်ားႀကီး အေႏွာင့္အယွက္ အတားအဆီး ျဖစ္သြားတာေပါ့ဗ်ာ။”

စစ္ေကာင္စီကခန႔္အပ္ထားတဲ့ အေနာက္ပိုင္းတိုင္းစစ္တိုင္းဌာနာခ်ဳပ္ တိုင္းမႉးကို ေျမျပင္မွာ နည္းမ်ိဳးစုံနဲ႔ ျပႆနာ ဖန္တီးေနတာေၾကာင့္ ျပႆနာပိုတက္ေအာင္မလုပ္ဖို႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႔ စစ္ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ထြန္းျမတ္ႏိုင္ က သူ႔ရဲ႕ လူမႈကြန္ယက္ေပၚမွာ သတိေပးေရးတင္ထားတဲ့ေနာက္ ရခိုင္မွာ စစ္ေရးတင္းမာမႈေတြရွိလားမလား စိုးရိမ္မႈတိုးလာပါတယ္။

ရခိုင္ျပည္နယ္မွာ ဒီႏွစ္အတြင္းမွာ AA အဖြဲ႕နဲ႔ ဆက္စပ္တယ္ဆိုၿပီး ရခိုင္ေဒသခံေတြကို ဖမ္းဆီးတာေတြ မ်ားလာေနသလို ရခိုင္ျပည္နယ္ကို ဝင္လာတဲ့ ကုန္ပစၥည္းေတြကို စစ္ေကာင္စီဖက္က ကန႔္သတ္ထားတာေတြရွိတယ္လို႔လည္း ရခိုင္ႏိုင္ငံေရးေလ့လာသူ ကိုထြန္းၾကည္က ေျပာပါတယ္။

“အခုဒီ ၂၀၂၂ မွာ စစ္ေကာင္စီဘက္ကေနၿပီးေတာ့ AA နဲ႔ ဆက္စပ္တယ္ဆိုၿပီးေတာ့ ဖမ္းဆီးမႈေတြ ျပန္ေပၚလာတာကိုေတြ႕ရတယ္၊ ေနာက္တခုကေတာ့ ရခိုင္ျပည္နယ္ကို ဝင္လာတဲ့ ကုန္ပစၥည္းေတြအကုန္လုံးကို နပခတိုင္းမႉးရဲ႕ လက္မွတ္ ပါမွ ဝင္လို႔ရတယ္။ တခ်ိဳ႕ ဂိတ္ေတြကလည္း ေနဝင္ရင္ ျဖတ္လို႔မရတဲ့ ေနရာေတြ အမ်ားႀကီးရွိေနတယ္။ ဆိုေတာ့ ဒီတင္းၾကပ္မႈေတြ က ေတာ္ေတာ္မ်ားတယ္လို႔ ေျပာလို႔ရတယ္ေပါ့ေနာ္။”

၂၀၂၀ ျပည့္ႏွစ္၊ စက္တင္ဘာ လကုန္ပိုင္းေလာက္ကတည္းက တပ္မေတာ္နဲ႔ AA အဖြဲ႕ၾကားတို က္ပြဲေတြ ရပ္တန႔္ထားတာ ျဖစ္သလို တပ္နဲ႔ AA အဖြဲ႕တို႔ရဲ႕ နယ္ေျမေခါင္းေဆာင္ေတြ သီးသန႔္ ေတြ႕ဆုံးေဆြးေႏြးတာေတြလည္း ရွိခဲ့ပါတယ္။ အဲဒီေနာက္ပိုင္းကစၿပီး ရခိုင္လက္နက္ကိုင္ AA အဖြဲ႕အေနနဲ႔ ရခိုင္ျပည္နယ္မွာ အုပ္ခ်ဳပ္ေရးပိုင္းနဲ႔ တရားစီရင္ေရးပိုင္းေတြကို ကိုင္တြယ္ ထိန္းခ်ဳပ္ႏိုင္ဖို႔ စတင္လုပ္ေဆာင္လာတာပါ။

လက္ရွိေျမျပင္အေနအထားအရ ရခိုင္ျပည္နယ္က ၿမိဳ႕နယ္ အမ်ားဆုံးမွာ ၿမိဳ႕ေပၚရပ္ ကြက္ေတြကလြဲၿပီး ေက်းလက္ေဒသေတြမွာ စစ္ေကာင္စီရဲ႕ အုပ္ခ်ဳပ္ေရး ထက္ ULA/AAရဲ႕ အုပ္ခ်ဳပ္ေရးက ပိုၿပီးေတာ့ အားေကာင္းေနတယ္လို႔ ကိုထြန္းၾကည္က ေျပာပါတယ္။

“လက္ရွိေျမျပင္မွာေတာ့ စစ္ေတြကလြဲရင္ ၿမိဳ႕အမ်ားစုမွာေတာ့ စစ္ေကာင္ဘက္က တရား႐ုံးေတြ အလုပ္မျဖစ္တာ ေတြ႔တယ္။ ဆိုေတာ့ တျခားဌာန က်န္းမာေရး၊ ပညာေရးတို႔ကေတာ့ စစ္ေကာင္စီဘက္က ဆက္ၿပီးေတာ့ လည္ပတ္ေနတယ္။ အုပ္ခ်ဳပ္ေရးပိုင္းနဲ႔ တရားဥပေဒ စိုးမိုးေရးပိုင္းကိုေတာ့ ၿမိဳ႕ေပၚကို ပယ္လိုက္လို႔ရွိရင္ ဒီဘက္ဆိုရင္ ေက်ာက္ျဖဴ ေတာင္ကုတ္အထိေပါ့ေနာ္၊ ULA ကလြမ္းမိုးထားတာကို က်ေနာ္တို႔ေတြ႕ရတယ္၊ စစ္ေကာင္စီဘက္ကလည္း ႐ြာ ေတြမွာ ပုံမွန္ကင္းလွည့္တာေတြဘာေတြ လုပ္ေနတာ ရွိတယ္ ဒါေပမယ့္ အုပ္ခ်ဳပ္ေရး ယႏၲာရားတခုလုံးက ULA ဘက္က အသာစီးရေနတာကိုေတြ႕ရတယ္။ ”

စစ္တပ္ဘက္ကေတာ့ ရခိုင္ျပည္နယ္မွာ ULA/ AA အဖြဲ႔ရဲ႕ တရားစီရင္မႈေတြထဲ ဝင္ေရာက္ပတ္သက္ျခင္း မလုပ္ဖို႔၊ ULA/AA အဖြဲ႔ဝင္ေတြရွိရင္ သတင္းေပးဖို႔ ေဒသခံေတြကို ႏႈတ္နဲ႔တားျမစ္တာေတြ ရွိတယ္လို႔ ေဒသခံေတြက ေျပာၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

================

[[Unicode]]

ရခိုင်စစ်တိုင်းမှူး ဒေသတွင်းပြဿနာများ ဖန်တီးနေဟု AA သတိပေး

စစ်ကောင်စီဘက်က ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ်ထားချိန်မှာပဲ ရခိုင်ဒေသ စစ်ကောင်စီလက်အောက်ခံ စစ်တိုင်းမှူးဟာ အောက်ခြေမှာ နည်းမျိုးစုံနဲ့ ပြဿနာ ဖန်တီးတာမျိုးရှိနေတယ်လို့ AA ပြောခွင့်ရ ခိုင်သုခကပြောပါတယ်။ လက်ရှိမှာတော့ စစ်ကောင်စီအနေနဲ့ မြို့ဝင်မြို့ထွက်တွေမှာ စစ်ဆေး ရေးတင်းကြပ်တာတွေ ကုန်ပစ္စည်းသယ်ယူခွင့်ကန့် သတ်တာတွေနဲ့ ဒေသခံတွေကို AA နဲ့ ဆက်စပ်တယ်ဆိုပြီး ဖမ်းဆီးတာတွေရှိလာတယ်လို့လည်း ဒေသခံတွေက ပြောဆိုကြ ပါတယ်။ဒီအကြောင်း ရန်ကုန်က သတင်းပေးပို့တာကို ကိုသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ စစ်ကောင်စီဘက်က လုံခြုံရေးတင်းကြပ်တာတွေ ကုန်ပစ္စည်း သယ်ယူခွင့်တင်းကြပ်တာတွေရှိနေပြီး ရခိုင်ဒေသခံတွေကို AA နဲ့ ဆက်စပ်တယ်ဆိုပြီး ဖမ်းဆီးတာတွေ ပြီးခဲ့တဲ့လပိုင်းအတွင်း ဖြစ်လာတာပါ။

ရခိုင်လက်နက်ကိုင် AA အဖွဲ့ပြောခွင့်ရ ခိုင်သုခကတော့ နကစ ဥက္ကဋ္ဌက ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ်ထားပေမယ့် အောက်ခြေမှာ နည်းမျိုးစုံနဲ့ ပြဿနာဖန်တီးနေတာတွေရှိတယ်လို့ ဗွီအိုအေကို ပြောပါတယ်။

“ တဘက်နဲ့တဘက် လိုအပ်ရင်လိုအပ်သလို တွေ့ဆုံဆွေးနွေးကြတယ်ဆိုတာကတော့ ဒါဟာ ကောင်းတဲ့ လုပ်ငန်းစဉ် တခုဖြစ်တယ်ဗျာ၊ ဒါပေမယ့် တဘက်မှာ နစက ဥက္ကဋ္ဌက ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ဖိတ်ခေါ်နေချိန်မှာ သူ့ရဲ့ လက်အောက်ခံ စစ်တိုက်မှူးတွေက အောက်ခြေမှာ နည်းမျိုးစုံနဲ့ ပြဿနာ ဖန်တီးနေတာကတော့ တဘက်နဲ့တဘက် ယုံကြည် မှုကို ပျက်ပြားစေတယ်ဗျာ၊ ယုံကြည်မှုပျက်ရင်တော့ ကျန်တဲ့ တခြား ရှေ့ဆက်ဆွေးနွေးရေး ကိစ္စတွေအတွက် အများကြီး အနှောင့်အယှက် အတားအဆီး ဖြစ်သွားတာပေါ့ဗျာ။”

စစ်ကောင်စီကခန့်အပ်ထားတဲ့ အနောက်ပိုင်းတိုင်းစစ်တိုင်းဌာနာချုပ် တိုင်းမှူးကို မြေပြင်မှာ နည်းမျိုးစုံနဲ့ ပြဿနာ ဖန်တီးနေတာကြောင့် ပြဿနာပိုတက်အောင်မလုပ်ဖို့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် က သူ့ရဲ့ လူမှုကွန်ယက်ပေါ်မှာ သတိပေးရေးတင်ထားတဲ့နောက် ရခိုင်မှာ စစ်ရေးတင်းမာမှုတွေရှိလားမလား စိုးရိမ်မှုတိုးလာပါတယ်။

ရခိုင်ပြည်နယ်မှာ ဒီနှစ်အတွင်းမှာ AA အဖွဲ့နဲ့ ဆက်စပ်တယ်ဆိုပြီး ရခိုင်ဒေသခံတွေကို ဖမ်းဆီးတာတွေ များလာနေသလို ရခိုင်ပြည်နယ်ကို ဝင်လာတဲ့ ကုန်ပစ္စည်းတွေကို စစ်ကောင်စီဖက်က ကန့်သတ်ထားတာတွေရှိတယ်လို့လည်း ရခိုင်နိုင်ငံရေးလေ့လာသူ ကိုထွန်းကြည်က ပြောပါတယ်။

“အခုဒီ ၂၀၂၂ မှာ စစ်ကောင်စီဘက်ကနေပြီးတော့ AA နဲ့ ဆက်စပ်တယ်ဆိုပြီးတော့ ဖမ်းဆီးမှုတွေ ပြန်ပေါ်လာတာကိုတွေ့ရတယ်၊ နောက်တခုကတော့ ရခိုင်ပြည်နယ်ကို ဝင်လာတဲ့ ကုန်ပစ္စည်းတွေအကုန်လုံးကို နပခတိုင်းမှူးရဲ့ လက်မှတ် ပါမှ ဝင်လို့ရတယ်။ တချို့ ဂိတ်တွေကလည်း နေဝင်ရင် ဖြတ်လို့မရတဲ့ နေရာတွေ အများကြီးရှိနေတယ်။ ဆိုတော့ ဒီတင်းကြပ်မှုတွေ က တော်တော်များတယ်လို့ ပြောလို့ရတယ်ပေါ့နော်။”

၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာ လကုန်ပိုင်းလောက်ကတည်းက တပ်မတော်နဲ့ AA အဖွဲ့ကြားတို က်ပွဲတွေ ရပ်တန့်ထားတာ ဖြစ်သလို တပ်နဲ့ AA အဖွဲ့တို့ရဲ့ နယ်မြေခေါင်းဆောင်တွေ သီးသန့် တွေ့ဆုံးဆွေးနွေးတာတွေလည်း ရှိခဲ့ပါတယ်။ အဲဒီနောက်ပိုင်းကစပြီး ရခိုင်လက်နက်ကိုင် AA အဖွဲ့အနေနဲ့ ရခိုင်ပြည်နယ်မှာ အုပ်ချုပ်ရေးပိုင်းနဲ့ တရားစီရင်ရေးပိုင်းတွေကို ကိုင်တွယ် ထိန်းချုပ်နိုင်ဖို့ စတင်လုပ်ဆောင်လာတာပါ။

လက်ရှိမြေပြင်အနေအထားအရ ရခိုင်ပြည်နယ်က မြို့နယ် အများဆုံးမှာ မြို့ပေါ်ရပ် ကွက်တွေကလွဲပြီး ကျေးလက်ဒေသတွေမှာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေး ထက် ULA/AAရဲ့ အုပ်ချုပ်ရေးက ပိုပြီးတော့ အားကောင်းနေတယ်လို့ ကိုထွန်းကြည်က ပြောပါတယ်။

“လက်ရှိမြေပြင်မှာတော့ စစ်တွေကလွဲရင် မြို့အများစုမှာတော့ စစ်ကောင်ဘက်က တရားရုံးတွေ အလုပ်မဖြစ်တာ တွေ့တယ်။ ဆိုတော့ တခြားဌာန ကျန်းမာရေး၊ ပညာရေးတို့ကတော့ စစ်ကောင်စီဘက်က ဆက်ပြီးတော့ လည်ပတ်နေတယ်။ အုပ်ချုပ်ရေးပိုင်းနဲ့ တရားဥပဒေ စိုးမိုးရေးပိုင်းကိုတော့ မြို့ပေါ်ကို ပယ်လိုက်လို့ရှိရင် ဒီဘက်ဆိုရင် ကျောက်ဖြူ တောင်ကုတ်အထိပေါ့နော်၊ ULA ကလွမ်းမိုးထားတာကို ကျနော်တို့တွေ့ရတယ်၊ စစ်ကောင်စီဘက်ကလည်း ရွာ တွေမှာ ပုံမှန်ကင်းလှည့်တာတွေဘာတွေ လုပ်နေတာ ရှိတယ် ဒါပေမယ့် အုပ်ချုပ်ရေး ယန္တာရားတခုလုံးက ULA ဘက်က အသာစီးရနေတာကိုတွေ့ရတယ်။ ”

စစ်တပ်ဘက်ကတော့ ရခိုင်ပြည်နယ်မှာ ULA/ AA အဖွဲ့ရဲ့ တရားစီရင်မှုတွေထဲ ဝင်ရောက်ပတ်သက်ခြင်း မလုပ်ဖို့၊ ULA/AA အဖွဲ့ဝင်တွေရှိရင် သတင်းပေးဖို့ ဒေသခံတွေကို နှုတ်နဲ့တားမြစ်တာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

================

XS
SM
MD
LG