သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ေမာင္ေတာၿမိဳ႕နယ္တြင္း စစ္သားေတြပါတဲ့ အရပ္သားကား မိုင္းဆြဲတိုက္ခိုက္ခံရ


ရခုိင္ျပည္နယ္၊ ေမာင္ေတာၿမိဳ႕နယ္အတြင္းက ျမန္မာလံုၿခံဳေရးတပ္ဖြဲ႔ဝင္မ်ား။ (ယခင္ပံုေဟာင္း)


[[Zawgyi/Unicode]]

စစ္တပ္နဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႔တို႔ တိုက္ခိုက္မႈေတြ ျပန္ျဖစ္ေနတဲ့ ရခိုင္ျပည္နယ္ ေမာင္ေတာၿမိဳ႕နယ္အတြင္းက ဖားဝပ္ေခ်ာင္းေက်း႐ြာအနီးမွာ ဇန္နဝါရီ ၇ ရက္ေန႔ ညက စစ္သားေတြ ပါလာတဲ့ အရပ္သားကားတစီး မိုင္းဆြဲတိုက္ခိုက္ခံခဲ့ရပါတယ္။ ညတုန္းက ေပါက္ကြဲ ပစ္ခတ္သံေတြၾကားခဲ့ရၿပီး ဒီေန႔ မနက္ပိုင္းမွာေတာ့ ကားေပၚပါသြားတဲ့ ေဒသခံ ယာဥ္ေမာင္းနဲ႔ ကားပိုင္ရွင္အမ်ိဳးသမီးတို႔ ေသဆုံးသြားတာကို ေဒသခံေတြ သိခဲ့ရပါတယ္။ ဒီအေၾကာင္းအျပည့္အစုံ ရန္ကုန္ကလာတဲ့ သတင္းကို ကိုၿငိမ္းခ်မ္းက တင္ျပေပးထားပါတယ္။

ရခိုင္ျပည္ ေမာင္ေတာေျမာက္ပိုင္း ဖားဝပ္ေခ်ာင္းေက်း႐ြာအနီးမွာ စစ္သားေတြလိုက္လာတဲ့ အရပ္သားကားတစီး မေန႔ညေနပိုင္းက မိုင္းဆြဲတိုက္ခိုက္ခံရၿပီး မနက္မွာေတာ့ ကားေမာင္းသူအမ်ိဳးသားနဲ႔အတူ ကားပိုင္ရွင္အမ်ိဳးသမီးတဦးေသဆုံးသြားတယ္ဆိုတာ ေဒသခံေတြ သိခဲ့ၾကရပါတယ္။ စစ္တပ္က ကားကို ေပၚတာဆြဲသြားပုံရၿပီး ည ၁၁ နာရီေလာက္မွာေတာ့ ဖားဝပ္ေခ်ာင္းေက်း႐ြာနဲ႔ တမိုင္ေလာက္အကြာေနရာကေန ေပါက္ကြဲသံနဲ႔ အတူ ေသနတ္ပစ္သံေတြ နာရီဝက္ေလာက္အထိၾကားရတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ဒီေန႔ မနက္မွာေတာ့ ေသဆုံးသူ ႐ြာသား ၂ ေယာက္ ေဒသခံႏွစ္ဦးအေလာင္းကို ရဲတပ္ဖြဲ႔က ေဒသခံေတြကို လာအပ္တယ္လို႔ ဖားဝပ္ေခ်ာင္းေဒသခံတဦးကေျပာပါတယ္။

“၁၁ နာရီေက်ာ္ အသံေတာ့ ၾကားတယ္ေပါ့၊ ေသနတ္သံေတြဘာေတြ အသံေတာ့ၾကားတယ္၊ က်ေနာ္ေတာ့ အဲေလာက္ပဲသိတယ္။ က်ေနာ္တို႔ေတာ့ ႏိုးႏိုးၾကားၾကားေနတာေပါ့၊ အဲဒီဆုံးသြားတဲ့ ႏွစ္ေယာက္က မိုးလင္းမွသိရတာ။ ၁၁ နာရီမွာ ဆုံးတာလား၊ ဘယ္အခ်ိန္မွာ ဆုံးတာလဲေတာ့ က်ေနာ္လည္းမသိဘူး၊ အေလာင္းကိုေတာ့ က်ေနာ့္ကို ရဲတပ္ဖြဲ႔က အပ္တာပါ၊ သၿဂၤဳိဟ္ဖို႔အတြက္ေတာ့ ခြင့္ျပဳခ်က္တင္ထားပါတယ္၊ အမ်ိဳးသမီးကတိုင္းရင္းသား၊ အမ်ိဳးသားကေတာ့ မြတ္ဆလင္ေပါ့။ သူတို႔က စီးပြားလုပ္ကိုင္ဖက္ေတြ။ သစ္ေတြ ဝါးေတြတင္တယ္။ ေရာင္းခ်တယ္အဲလိုမ်ိဳးေပါ့။”

စစ္တပ္အင္အားေတြ ပိုၿပီးတိုးခ်ထားတဲ့ ေမာင္ေတာၿမိဳ႕နယ္ေျမာက္ပိုင္းမွာ ေဖေဖာ္ဝါရီလ ၄ ရက္နဲ႔ ၆ ရက္ေန႔ေတြက စစ္တပ္နဲ႔ ရခိုင္လက္နက္ကိုင္ AA တပ္ေတြ တိုက္ပြဲေတြျဖစ္ခဲ့ပါတယ္။ လူေနေက်း႐ြာေတြအနီးမွာ အခုလို တိုက္ခိုက္မႈေတြ ျဖစ္လာတာေၾကာင့္ ေဒသခံေတြဘက္က စစ္ပြဲေတြ ျပန္ျဖစ္လာမွာကို စိုးရိမ္ေနၾကတယ္လို႔ ေျပာပါတယ္။

“တိုက္ပြဲက႐ြာအနီးအနားမွာျဖစ္တယ္ဆိုေတာ့ က်ေနာ္တို႔ကေနၿပီးေတာ့ စိုးရိမ္စရာတခုရွိ တယ္။ ဆင္းရဲဒုကၡခံၿပီးေတာ့ လုပ္ကိုင္စားေသာက္ေနၾကတဲ့သူေတြ၊ တိုက္ပြဲျဖစ္တာေတာ့ မလိုခ်င္ပါဘူး၊ ေဒသခံေတြလည္း ထိခိုက္မွာ၊ စားဝတ္ေနေရးေတြလည္း ထိခိုက္မွာ။ ဟိုေျပး လိုက္ ဒီေျပးလိုက္နဲ႔ ဒုကၡမ်ိဳးေတြကို က်ေနာ္တို႔က မခံခ်င္ဘူးဗ်ာ။”

ေမာင္ေတာၿမိဳ႕နယ္ေျမာက္ပိုင္းမွာ ARSA အၾကမ္းဖက္အဖြဲ႔လည္း လႈပ္ရွားပါတယ္။ တပ္ေတြနဲ႔ တိုက္ပြဲျဖစ္တာ AA ဆိုတာ AA ဘက္ကေျပာမွ သိတယ္လို႔ စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ခုလိုေျပာပါတယ္။

“က်ေနာ္တို႔က ေလးရက္ေန႔နဲ႔ေျခာက္ရက္ေန႔မွာေတာ့ ျဖစ္ခဲ့တာရွိပါတယ္၊ ေနာက္ပိုင္းျဖစ္ခဲ့တာေတာ့မရွိဘူး။ ၄ ရက္ေန႔ မနက္ပိုင္း ၈နာရီေလာက္မွာ နယ္ျခားေစာင့္တပ္ဖြဲ႔က ကင္းလွည့္ တယ္၊ ကင္းလွည့္တဲ့အခါမွာ ခေမာင္းဆိပ္တို႔ ေတာင္ၿပိဳဘက္တို႔- ေမာင္ေတာ ေျမာက္ျခမ္းေပါ့၊ ARSA အရင္တုန္းက ဝင္ထြက္ေနတဲ့ နယ္ေျမ။ နယ္စပ္ၿခံစည္း႐ိုးေဘးမွာ မိုင္းေထာင္တိုက္ ခိုက္တာေတြ၊ ရဲအခ်ိဳ႕ ထိခိုက္ဒဏ္ရာရရွိခဲ့တာ ရွိတယ္။ အဲဒါေၾကာင့္ အဲဒီဘက္မွာ နယ္ေျမလုံၿခဳံေရး တိုးျမွင့္ေဆာင္႐ြက္တာရွိတယ္။ တမန္းသား ေက်း႐ြာနားမွာ တိုက္ပြဲျဖစ္တာရွိတယ္။ က်ေနာ္တို႔ ယခင္က ARSA နဲ႔ ျဖစ္တယ္ဆိုၿပီးေတာ့ ဟိုဟာျပဳတာေပါ့၊ အဲဒီမွာလက္နက္တစ္ လက္ရတယ္။ ေနာက္ပိုင္း AA ကေတာ့ ထြက္ေျပာတာ သူတို႔နဲ႔ ျဖစ္တယ္ဆိုတာ။ အဲမွာပဲ သိေတာ့တယ္။ အဲဒီနယ္ေျမက သူတို႔နယ္ေျမလည္း မဟုတ္ဘူး၊ ၄ ရက္ေန႔မွာ အဲလိုျဖစ္ခဲ့တယ္။ လုံၿခဳံေရးတပ္ဖြဲ႕ဝင္ေတြနဲ႔ ၆ ရက္ေန႔မွာ တခါျဖစ္ခဲ့တာရွိတယ္၊ ေန႔ခင္းပိုင္းေလာက္မွာပဲ မိုင္းဆြဲတိုက္ခိုက္ၿပီးေတာ့ ပစ္ခတ္ၾကတာရွိတယ္။ အဲဒီမွာ က်ေနာ္တို႔ဆီက ထိခိုက္ဒဏ္ရာရတဲ့ လူတခ်ိဳ႕ရွိတယ္၊ မေန႔ကလည္း ျဖစ္ခဲ့တာမရွိဘူး။ က်န္တဲ့ ၅ ရက္ေန႔ကလည္း ျဖစ္ခဲ့တာမရွိဘူး။”

AA ဘက္ကေတာ့ သူတို႔ တပ္ဖြဲ႔ဝင္ေတြအေပၚ စစ္တပ္က ထိုးစစ္ဆင္တိုက္ခိုက္လာတဲ့အတြက္ တိုက္ပြဲေတြျပင္းထန္ခဲ့တယ္လို႔ ေျပာခြင့္ရ ခိုင္သုခက ဗီြအိုေအကို ေျပာခဲ့ပါတယ္။ ရခိုင္ျပည္နယ္မွာ ၂၀၂၀ ေအာက္တိုဘာလကစလို႔ စစ္တပ္နဲ႔ AA အဖြဲ႕တို႔ၾကား ၂ ဘက္နားလည္မွႈနဲ႔ အပစ္အခတ္ရပ္စဲထားခဲ့ပါတယ္။ ဒါေပမဲ့ အပစ္အခတ္ရပ္စဲထားတာ ၁ ႏွစ္ေက်ာ္ၾကာခ်ိန္ ၂၀၂၁ ခုႏွစ္ ႏိုဝင္ဘာလ ၉ ရက္ေန႔မွာေတာ့ ပထမဆုံးအႀကိမ္ ၂ ဘက္ၾကား တိုက္ပြဲေတြျပန္ျဖစ္ပါတယ္။ အဲဒီကတည္းက ေမာင္ေတာၿမိဳ႕နယ္ေျမာက္ပိုင္းမွာ ျမန္မာစစ္တပ္နဲ႔ AA အဖြဲ႕ၾကား စစ္ေရးတင္းမာေနတာပါ။

ရခိုင္ျပည္နယ္ ေျမာက္ပိုင္း ၿမိဳ႕နယ္ေတာ္ေတာ္မ်ားမ်ားမွာ AA က ထိန္းခ်ဳပ္နယ္ေျမစိုးမိုးထားပါတယ္။ စစ္တပ္ဘက္က ထိုးစစ္ဆင္လာရင္ေတာ့ ခုခံတဲ့အေနနဲ႔ ရခိုင္ျပည္နယ္က ဘယ္ေနရာမဆို တိုက္ပြဲျဖစ္လာႏိုင္တယ္လို႔ AA ေျပာခြင့္ရ ခိုင္သုခက ဗြီအိုေအကို ေျပာဆိုထားပါတယ္။ ရခိုင္ျပည္နယ္ေျမာက္ပိုင္းမွာ ၿပီးခဲ့တဲ့ ၂၀၁၈ အကုန္ပိုင္းေလာက္ကေန ၂၀၂၀ ခုႏွစ္ ေအာက္တိုဘာအထိ AA အဖြဲ႕နဲ႔ စစ္တပ္ၾကား တိုက္ပြဲေတြ အႀကီးအက်ယ္ ျဖစ္ခဲ့တာေၾကာင့္ ေဒသခံ ၂ သိန္းေက်ာ္ေလာက္ ေနရပ္စြန႔္ခြာ ထြက္ေျပးခဲ့ရပါတယ္။ လက္ရွိအခ်ိန္ထိလည္း စစ္ေဘးဒုကၡသည္ ၁ သိန္းနီးပါးေနရပ္ မျပန္ႏိုင္ၾကေသးပါဘူး။ အခုလည္း ေမာင္ေတာၿမိဳ႕နယ္ ထဲမွာ တိုက္ပြဲေတြျပန္ျဖစ္ေနၿပီး စစ္ေရးတင္းမာေနတာေၾကာင့္ ရခိုင္ျပည္နယ္တခုလုံး အတာနဲ႔ တိုက္ ပြဲေတြ ျဖစ္ပြားလာမွာကို ေဒသခံေတြ စိုးရိမ္ေနၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

==========

[[Zawgyi/Unicode]]

မောင်တောမြို့နယ်တွင်း စစ်သားတွေပါတဲ့ အရပ်သားကား မိုင်းဆွဲတိုက်ခိုက်ခံရ

စစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ တိုက်ခိုက်မှုတွေ ပြန်ဖြစ်နေတဲ့ ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်းက ဖားဝပ်ချောင်းကျေးရွာအနီးမှာ ဇန်နဝါရီ ၇ ရက်နေ့ ညက စစ်သားတွေ ပါလာတဲ့ အရပ်သားကားတစီး မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပါတယ်။ ညတုန်းက ပေါက်ကွဲ ပစ်ခတ်သံတွေကြားခဲ့ရပြီး ဒီနေ့ မနက်ပိုင်းမှာတော့ ကားပေါ်ပါသွားတဲ့ ဒေသခံ ယာဉ်မောင်းနဲ့ ကားပိုင်ရှင်အမျိုးသမီးတို့ သေဆုံးသွားတာကို ဒေသခံတွေ သိခဲ့ရပါတယ်။ ဒီအကြောင်းအပြည့်အစုံ ရန်ကုန်ကလာတဲ့ သတင်းကို ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။

ရခိုင်ပြည် မောင်တောမြောက်ပိုင်း ဖားဝပ်ချောင်းကျေးရွာအနီးမှာ စစ်သားတွေလိုက်လာတဲ့ အရပ်သားကားတစီး မနေ့ညနေပိုင်းက မိုင်းဆွဲတိုက်ခိုက်ခံရပြီး မနက်မှာတော့ ကားမောင်းသူအမျိုးသားနဲ့အတူ ကားပိုင်ရှင်အမျိုးသမီးတဦးသေဆုံးသွားတယ်ဆိုတာ ဒေသခံတွေ သိခဲ့ကြရပါတယ်။ စစ်တပ်က ကားကို ပေါ်တာဆွဲသွားပုံရပြီး ည ၁၁ နာရီလောက်မှာတော့ ဖားဝပ်ချောင်းကျေးရွာနဲ့ တမိုင်လောက်အကွာနေရာကနေ ပေါက်ကွဲသံနဲ့ အတူ သေနတ်ပစ်သံတွေ နာရီဝက်လောက်အထိကြားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီနေ့ မနက်မှာတော့ သေဆုံးသူ ရွာသား ၂ ယောက် ဒေသခံနှစ်ဦးအလောင်းကို ရဲတပ်ဖွဲ့က ဒေသခံတွေကို လာအပ်တယ်လို့ ဖားဝပ်ချောင်းဒေသခံတဦးကပြောပါတယ်။

“၁၁ နာရီကျော် အသံတော့ ကြားတယ်ပေါ့၊ သေနတ်သံတွေဘာတွေ အသံတော့ကြားတယ်၊ ကျနော်တော့ အဲလောက်ပဲသိတယ်။ ကျနော်တို့တော့ နိုးနိုးကြားကြားနေတာပေါ့၊ အဲဒီဆုံးသွားတဲ့ နှစ်ယောက်က မိုးလင်းမှသိရတာ။ ၁၁ နာရီမှာ ဆုံးတာလား၊ ဘယ်အချိန်မှာ ဆုံးတာလဲတော့ ကျနော်လည်းမသိဘူး၊ အလောင်းကိုတော့ ကျနော့်ကို ရဲတပ်ဖွဲ့က အပ်တာပါ၊ သြင်္ဂိုဟ်ဖို့အတွက်တော့ ခွင့်ပြုချက်တင်ထားပါတယ်၊ အမျိုးသမီးကတိုင်းရင်းသား၊ အမျိုးသားကတော့ မွတ်ဆလင်ပေါ့။ သူတို့က စီးပွားလုပ်ကိုင်ဖက်တွေ။ သစ်တွေ ဝါးတွေတင်တယ်။ ရောင်းချတယ်အဲလိုမျိုးပေါ့။”

စစ်တပ်အင်အားတွေ ပိုပြီးတိုးချထားတဲ့ မောင်တောမြို့နယ်မြောက်ပိုင်းမှာ ဖေဖော်ဝါရီလ ၄ ရက်နဲ့ ၆ ရက်နေ့တွေက စစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA တပ်တွေ တိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။ လူနေကျေးရွာတွေအနီးမှာ အခုလို တိုက်ခိုက်မှုတွေ ဖြစ်လာတာကြောင့် ဒေသခံတွေဘက်က စစ်ပွဲတွေ ပြန်ဖြစ်လာမှာကို စိုးရိမ်နေကြတယ်လို့ ပြောပါတယ်။

“တိုက်ပွဲကရွာအနီးအနားမှာဖြစ်တယ်ဆိုတော့ ကျနော်တို့ကနေပြီးတော့ စိုးရိမ်စရာတခုရှိ တယ်။ ဆင်းရဲဒုက္ခခံပြီးတော့ လုပ်ကိုင်စားသောက်နေကြတဲ့သူတွေ၊ တိုက်ပွဲဖြစ်တာတော့ မလိုချင်ပါဘူး၊ ဒေသခံတွေလည်း ထိခိုက်မှာ၊ စားဝတ်နေရေးတွေလည်း ထိခိုက်မှာ။ ဟိုပြေး လိုက် ဒီပြေးလိုက်နဲ့ ဒုက္ခမျိုးတွေကို ကျနော်တို့က မခံချင်ဘူးဗျာ။”

မောင်တောမြို့နယ်မြောက်ပိုင်းမှာ ARSA အကြမ်းဖက်အဖွဲ့လည်း လှုပ်ရှားပါတယ်။ တပ်တွေနဲ့ တိုက်ပွဲဖြစ်တာ AA ဆိုတာ AA ဘက်ကပြောမှ သိတယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ခုလိုပြောပါတယ်။

“ကျနော်တို့က လေးရက်နေ့နဲ့ခြောက်ရက်နေ့မှာတော့ ဖြစ်ခဲ့တာရှိပါတယ်၊ နောက်ပိုင်းဖြစ်ခဲ့တာတော့မရှိဘူး။ ၄ ရက်နေ့ မနက်ပိုင်း ၈နာရီလောက်မှာ နယ်ခြားစောင့်တပ်ဖွဲ့က ကင်းလှည့် တယ်၊ ကင်းလှည့်တဲ့အခါမှာ ခမောင်းဆိပ်တို့ တောင်ပြိုဘက်တို့- မောင်တော မြောက်ခြမ်းပေါ့၊ ARSA အရင်တုန်းက ဝင်ထွက်နေတဲ့ နယ်မြေ။ နယ်စပ်ခြံစည်းရိုးဘေးမှာ မိုင်းထောင်တိုက် ခိုက်တာတွေ၊ ရဲအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့တာ ရှိတယ်။ အဲဒါကြောင့် အဲဒီဘက်မှာ နယ်မြေလုံခြုံရေး တိုးမြှင့်ဆောင်ရွက်တာရှိတယ်။ တမန်းသား ကျေးရွာနားမှာ တိုက်ပွဲဖြစ်တာရှိတယ်။ ကျနော်တို့ ယခင်က ARSA နဲ့ ဖြစ်တယ်ဆိုပြီးတော့ ဟိုဟာပြုတာပေါ့၊ အဲဒီမှာလက်နက်တစ် လက်ရတယ်။ နောက်ပိုင်း AA ကတော့ ထွက်ပြောတာ သူတို့နဲ့ ဖြစ်တယ်ဆိုတာ။ အဲမှာပဲ သိတော့တယ်။ အဲဒီနယ်မြေက သူတို့နယ်မြေလည်း မဟုတ်ဘူး၊ ၄ ရက်နေ့မှာ အဲလိုဖြစ်ခဲ့တယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ၆ ရက်နေ့မှာ တခါဖြစ်ခဲ့တာရှိတယ်၊ နေ့ခင်းပိုင်းလောက်မှာပဲ မိုင်းဆွဲတိုက်ခိုက်ပြီးတော့ ပစ်ခတ်ကြတာရှိတယ်။ အဲဒီမှာ ကျနော်တို့ဆီက ထိခိုက်ဒဏ်ရာရတဲ့ လူတချို့ရှိတယ်၊ မနေ့ကလည်း ဖြစ်ခဲ့တာမရှိဘူး။ ကျန်တဲ့ ၅ ရက်နေ့ကလည်း ဖြစ်ခဲ့တာမရှိဘူး။”

AA ဘက်ကတော့ သူတို့ တပ်ဖွဲ့ဝင်တွေအပေါ် စစ်တပ်က ထိုးစစ်ဆင်တိုက်ခိုက်လာတဲ့အတွက် တိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့ ပြောခွင့်ရ ခိုင်သုခက ဗွီအိုအေကို ပြောခဲ့ပါတယ်။ ရခိုင်ပြည်နယ်မှာ ၂၀၂၀ အောက်တိုဘာလကစလို့ စစ်တပ်နဲ့ AA အဖွဲ့တို့ကြား ၂ ဘက်နားလည်မှှုနဲ့ အပစ်အခတ်ရပ်စဲထားခဲ့ပါတယ်။ ဒါပေမဲ့ အပစ်အခတ်ရပ်စဲထားတာ ၁ နှစ်ကျော်ကြာချိန် ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့မှာတော့ ပထမဆုံးအကြိမ် ၂ ဘက်ကြား တိုက်ပွဲတွေပြန်ဖြစ်ပါတယ်။ အဲဒီကတည်းက မောင်တောမြို့နယ်မြောက်ပိုင်းမှာ မြန်မာစစ်တပ်နဲ့ AA အဖွဲ့ကြား စစ်ရေးတင်းမာနေတာပါ။

ရခိုင်ပြည်နယ် မြောက်ပိုင်း မြို့နယ်တော်တော်များများမှာ AA က ထိန်းချုပ်နယ်မြေစိုးမိုးထားပါတယ်။ စစ်တပ်ဘက်က ထိုးစစ်ဆင်လာရင်တော့ ခုခံတဲ့အနေနဲ့ ရခိုင်ပြည်နယ်က ဘယ်နေရာမဆို တိုက်ပွဲဖြစ်လာနိုင်တယ်လို့ AA ပြောခွင့်ရ ခိုင်သုခက ဗွီအိုအေကို ပြောဆိုထားပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ပြီးခဲ့တဲ့ ၂၀၁၈ အကုန်ပိုင်းလောက်ကနေ ၂၀၂၀ ခုနှစ် အောက်တိုဘာအထိ AA အဖွဲ့နဲ့ စစ်တပ်ကြား တိုက်ပွဲတွေ အကြီးအကျယ် ဖြစ်ခဲ့တာကြောင့် ဒေသခံ ၂ သိန်းကျော်လောက် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။ လက်ရှိအချိန်ထိလည်း စစ်ဘေးဒုက္ခသည် ၁ သိန်းနီးပါးနေရပ် မပြန်နိုင်ကြသေးပါဘူး။ အခုလည်း မောင်တောမြို့နယ် ထဲမှာ တိုက်ပွဲတွေပြန်ဖြစ်နေပြီး စစ်ရေးတင်းမာနေတာကြောင့် ရခိုင်ပြည်နယ်တခုလုံး အတာနဲ့ တိုက် ပွဲတွေ ဖြစ်ပွားလာမှာကို ဒေသခံတွေ စိုးရိမ်နေကြပါတယ်။
==========

XS
SM
MD
LG