[[Zawgyi/Unicode]]
စစ္ေကာင္စီတပ္ေတြက ကေလးၿမိဳ႕ေတာင္ပိုင္းက ေက်း႐ြာေတြကို နယ္ေျမရွင္းလင္းေရးေတြလုပ္ၿပီး ႐ြာေတြကို မီးရႈိ႕ေနတာေၾကာင့္ ေမလအတြင္း ႐ြာေပါင္း ၉ ႐ြာေလာက္က ေနအိမ္ ၂,၀၀၀ ဝန္းက်င္ေလာက္ မီးေလာင္ျပာက်ၿပီး ႐ြာသားေသာင္းနဲ႔ခ်ီ ေဘးလြတ္ရာကို ထြက္ေျပးၾကရတယ္လို႔ ေဒသတြင္းဒုကၡသည္ေတြကိုအကူအညီေပးေနတဲ့အဖြဲ႕အစည္းေတြက ပူးတြဲစာရင္းျပဳစုပါထားပါတယ္။ မိုးရာသီေရာက္ေတာ့မွာမို႔ စစ္ေျပးဒုကၡသည္ေတြအတြက္ အခက္အခဲေတြ ပိုျဖစ္လာဖို႔ရွိတယ္လို႔ အကူအညီေပးေရးအဖြဲ႕ေတြကေျပာပါတယ္။ ရန္ကုန္က သတင္းေပးပို႔ထားပါတယ္။
ဒီကေန႔ ေမ ၁၉ ရက္ေန႔ မနက္ပိုင္းက ကေလးၿမိဳ႕ေတာင္ပိုင္း ျမစ္သာျမစ္ အေရွ႕ဘက္ကမ္းက အိမ္ေျခ ၂၀၀ ရွိတဲ့ လယ္ၾကား႐ြာမွာ က်န္ေနေသးတဲ့ ေနအိမ္ေတြကို စစ္ေကာင္စီတပ္ေတြ ထပ္ၿပီး မီးရႈိ႕သြားတယ္လို႔ ေဒသခံတဦးက ေျပာပါတယ္။
“ဒီေန႔ ၁၉ ရက္ေန႔ကေတာ့ လယ္ျခား (လယ္ၾကား) က က်န္ေနတဲ့အိမ္ေတြကို ထပ္ၿပီးေတာမွ ရႈိ႕တာ။ တ႐ြာလုံးေတာ့ ျပဳန္းသြားပါၿပီဗ်။ တ႐ြာလုံး အိမ္ေျခ ၂၀၀ ေက်ာ္ေက်ာ္ရွိတာ၊ အကုန္လုံး ေလာင္သြားၿပီ။”
စစ္ေကာင္စီတပ္ေတြက ကေလးၿမိဳ႕ေတာင္ပိုင္းက ေက်း႐ြာေတြကို တ႐ြာဝင္ တ႐ြာထြက္ နယ္ေျမရွင္းလင္းေရးလုပ္ေနၿပီး ေက်း႐ြာေတြကို တလွည့္စီ မီးရႈိ႕ေနတာျဖစ္တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ မေန႔က ၁၈ ရက္ေန႔ ကလည္း ကုကၠိဳ႐ြာကို ေနာက္တေခါက္ မီးထပ္ရႈိ႕တာေၾကာင့္ ေနအိမ္ ၁၃၀ ေလာက္ မီးေလာင္သြားတယ္လို႔ ေဒသခံတဦးက ေျပာပါတယ္။
“၁၅ ရက္ေန႔က လယ္ျခား (လယ္ၾကား)႐ြာကို အိမ္ေျခ ၂၀ ေလာက္မီးရႈိ႕ၿပီးရင္ အဲ့ဒီက ေနာက္ ဘက္ကို ကုကၠိဳ႐ြာကိုေက်ာ္ၿပီးမွ ရွားေတာ႐ြာကို သြားၿပီးေတာ့ မီးရႈိ႕တာက အိမ္ေျခ ၁၀၀ ေလာက္မီးေလာင္သြားတယ္ဗ်။ ရွားေတာ႐ြာကို ၁၆ ရက္ေန႔က (မီးရႈိ႕တာ)။ တခါျပန္ၿပီးေတာ့ ေနာက္ေၾကာင္းျပန္သြားၿပီးေတာ့မွ လယ္ျခား႐ြာကို ျပန္ရႈိ႕ျပန္တယ္ဗ်၊ လယ္ျခား႐ြာက ၁၇ ရက္ေန႔။ တခါ ၁၈ ရက္ေန႔က်ေတာ့ ကုကၠိဳကိုသြားၿပီးေတာ့မွ တခါ ရႈိ႕ျပန္တယ္ဗ်။”
စစ္ေကာင္စီတပ္ေတြဟာ အိမ္ေျခ ၂၂၀ ေလာက္ရွိတဲ့ လယ္ၾကား႐ြာကို ၃ ႀကိမ္ မီးရႈိ႕ခဲ့တာေၾကာင့္ ေက်း႐ြာရွိ ေနအိမ္အားလုံး မီးေလာင္သြားၿပီလို႔ ေက်း႐ြာ သားေတြကေျပာပါတယ္။ ေဒသခံေတြေျပာဆိုခ်က္အရ နတ္ေခ်ာင္းေက်း ႐ြာ က ၄ ႀကိမ္ မီးရႈိ႕ခံရၿပီး အိမ္ေျခ ၂၄၀ ေလာက္ မီးေလာင္ခဲ့ပါတယ္၊ ကုကၠိဳ ႐ြာ က အိမ္ေျခ ၁၃၀၊ ရွားေတာ႐ြာက အိမ္ေျခ ၁၁၀၊ ေရရွင္႐ြာက အိမ္ေျခ ၄၀၀ နီးပါး၊ ရွားဖို႐ြာက အိမ္ေျခ ၁၀၀၊ အေရွ႕စီး႐ြာက အိမ္ေျခ ၅၁၀၊ တင္သား ႐ြာက ၇၈ အိမ္ မီးရႈိ႕ခံရတယ္လို႔ဆိုပါတယ္။ ေခ်ာင္းခြ (ေခ်ာင္းဂြ) ႐ြာကိုလည္း စစ္ေကာင္စီတပ္ေတြ မီးရႈိ႕ထားေပမယ့္ ဘယ္ႏွစ္အိမ္ မီးေလာင္ကြၽမ္းသလဲဆိုတာေတာ့ စာရင္း အတိအက် မသိရေသးပါဘူး။
ေဒသတြင္း ကူညီေရးအဖြဲ႕ေတြစုစည္းၿပီး ေကာက္ခံရရွိတဲ့စာရင္းအရဆိုရင္ ေမလအတြင္း ကေလးၿမိဳ႕ေတာင္ပိုင္းမွာ ေက်း႐ြာ ၉ ႐ြာက အိမ္ေျခႏွစ္ေထာင္ဝန္းက်င္ မီးရႈိ႕ဖ်က္ဆီးခံရၿပီး ေက်း႐ြာသား ေသာင္းဂဏန္း ေဘးလြတ္ရာထြက္ေျပးခဲ့ၾကရပါတယ္။ ေမလ ၈ ရက္ကေန ၁၀ ရက္အတြင္း ေရရွင္႐ြာအနီးမွာ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ေတြနဲ႔ စစ္ေကာင္စီတပ္ေတြ ထိေတြ တိုက္ပြဲ ျပင္းထန္ခဲ့ၿပီး ေရရွင္႐ြာကို ႐ြာလုံးကြၽတ္ မီးရႈိ႕ခဲ့ၿပီးေနာက္ က်န္႐ြာေတြကိုပါ ဆက္တိုက္ မီးရႈိ႕ေနတာျဖစ္တယ္လို႔ ေဒသခံေတြက ေျပာျပပါတယ္။
ေဒသခံေတြကေတာ့ စစ္ေကာင္စီတပ္ကရႈိ႕တာလို႔ ေျပာဆိုေနေပမယ့္ တပ္မေတာ္ေျပာခြင့္ရသူကေတာ့ ေဒသခံကာကြယ္ေရးအဖြဲ႕ေတြက ေက်း႐ြာေတြအေျခစိုက္ၿပီး အၾကမ္းဖက္လုပ္ရပ္ေတြလုပ္တာေၾကာင့္ နယ္ေျမရွင္းလင္းမႈ စစ္ဆင္ေရးေတြ ေဆာင္႐ြက္ေနတာလို႔ပဲ ေျပာေနပါတယ္။ ေဒသခံကာကြယ္ေရးအဖြဲ႕ေတြဘက္ မီးရႈိ႕ဖ်က္ဆီးေနတယ္လို႔လည္း တန္ျပန္စြပ္စြဲခဲ့ပါတယ္။
ထြက္ေျပးေနၾကရတဲ့ ေက်း႐ြာသားေတြ ေသာင္းဂဏန္းအထိရွိလာၿပီး မိုးတြင္းကာလလည္း ေရာက္တာမွာမို႔ စစ္ေျပးဒုကၡသည္ေတြ ပိုၿပီး အခက္ႀကဳံလာဖြယ္ ရွိတယ္လို႔ စစ္ေရွာင္ေတြကို အကူအညီေပးေနသူေတြကေျပာပါတယ္။
“စစ္ေရွာင္ေတြကလည္း ႐ြာလုံးကြၽတ္နီးပါးေတြ ေရွာင္ေနၾကရတာဆိုေတာ့ ေသာင္ဂဏန္းဘက္မွာပဲ ရွိမွာဗ်၊ ေသာင္းဂဏန္း ေက်ာ္မယ္ဗ်။ ခုက ရာသီအကူးအေျပာင္းနဲ႔ မိုးတြင္းဘက္ကိုလည္း ေရာက္လာၿပီဆိုေတာ့ လူေတြကလည္းေတာထဲ ေတာင္ထဲေတြမွာ ေနၾကရတာဆိုေတာ့ မိုးကာေတြ မေလာက္ငမႈေတြ၊ လူအမ်ားႀကီးနဲ႔က်ပ္က်ပ္ရပ္ရပ္ ေနၾကရတာေတြ ဆိုေတာ့ အေနအထိုင္ကအစ တအား ခက္ခဲ ေနၾကတယ္။ အဓိကက ေနဖို႔ထိုင္ဖို႔ မိုးကာေပါ့ေနာ္၊ မိုးတြင္းေရာက္လာၿပီဆိုေတာ့ မိုးကာနဲ႔ ေဆးဝါးကေတာ့ အဓိက ဗ်။ မိုးရာသီေရာက္ေတာ့ ေတာ္ေတာ္ႀကီးကို ခက္ခဲေနတယ္။ မိုးကာေတြ အရမ္းလိုအပ္ေနတယ္။ အစားအေသာက္ဆိုရင္လည္း စပါးေတြပါ မီးရႈိ႕ခံထားရေတာ့ အစားအေသာက္ေတြလည္း တအား ခက္ခဲေနၾကတယ္ဗ်။ ၿပီးေတာ့ ဖ်ားတာေတြေရာ၊ ဝမ္းေလွ်ာဝမ္းပ်က္ေတြေရာ၊ ေရမသန႔္တာေတြေၾကာင့္ေရာ၊ အိမ္သာေတြ(မရွိ/မလုံေလာက္တာေၾကာင့္ေရာ) အဲ့လိုမ်ိဳး အဆင္မေျပမႈေတြေၾကာင့္မို႔လို႔ ဝမ္းေလ်ာ္ဝမ္းပ်က္ျဖစ္ၾကတယ္ဗ်။ အစားအေသာက္ေတြနဲ႔ ေနမေကာင္း က်န္းမာေရးေတြက အစ အခက္အခဲေတြကေတာ့ အေတာ္ျဖစ္ေနၾကတယ္ဗ်။”
ထြက္ေျပးေနရတဲ့ဒုကၡသည္ေတြဟာ ေတာေတာင္ေတြထဲမွာ ယာယီေနသူေတြရွိသလို နီးစပ္ရာေဆြမ်ိဳးသားခ်င္း႐ြာေတြ အိမ္ေတြနဲ႔ ဘုန္းႀကီးေက်ာင္းေတြမွာ ခိုလႈံေနရသူေတြလည္းရွိပါတယ္။ သူတို႔ကို ေဒသခံေတြအခ်င္းအခ်င္းျပန္လည္ ကူညီေပးတယ္ဆိုေပမယ့္ အခ်ိန္ၾကာလာတာနဲ႔အမွ် အကူအညီရဖို႔ ပိုၿပီး ခက္ခဲလာတယ္လို႔ စစ္ေရွာင္ကူညီသူေတြက ေျပာပါတယ္။ ေဒသအျပင္ဘက္က အကူအညီေပးဖို႔လည္း သြားလာေရးအခက္အခဲေတြရွိေနပါတယ္။ အာဆီယံကေတာ့ ျမန္မာျပည္လူသားခ်င္းစာနာကူညီမႈအကူအညီေတြ ေပးဖို႔ ညႇိႏႈိင္းေဆာင္႐ြက္ေနရာမွာ စစ္ကိုင္းတိုင္းကိုလည္း ဦးစားေပးအဆင့္ သတ္မွတ္ထားပါတယ္။
#MyanmarViolence #SagaingFighting #VOABurmese #ကေလးၿမိဳ႕ေတာင္ပိုင္း #လဲျခား႐ြာမီးရႈိ႕ #အိမ္ေျခ၂,၀၀၀ #စစ္ေကာင္စီနယ္ေျမရွင္း #ဗြီအိုေအ
=============
[[Unicode]]
မေလအတွင်း ကလေးတောင်ပိုင်း ကျေးရွာ ၉ ရွာရှိ အိမ်ခြေ ၂,၀၀၀ မီးလောင်ဆုံးရှုံးခဲ့
စစ်ကောင်စီတပ်တွေက ကလေးမြို့တောင်ပိုင်းက ကျေးရွာတွေကို နယ်မြေရှင်းလင်းရေးတွေလုပ်ပြီး ရွာတွေကို မီးရှို့နေတာကြောင့် မေလအတွင်း ရွာပေါင်း ၉ ရွာလောက်က နေအိမ် ၂,၀၀၀ ဝန်းကျင်လောက် မီးလောင်ပြာကျပြီး ရွာသားသောင်းနဲ့ချီ ဘေးလွတ်ရာကို ထွက်ပြေးကြရတယ်လို့ ဒေသတွင်းဒုက္ခသည်တွေကိုအကူအညီပေးနေတဲ့အဖွဲ့အစည်းတွေက ပူးတွဲစာရင်းပြုစုပါထားပါတယ်။ မိုးရာသီရောက်တော့မှာမို့ စစ်ပြေးဒုက္ခသည်တွေအတွက် အခက်အခဲတွေ ပိုဖြစ်လာဖို့ရှိတယ်လို့ အကူအညီပေးရေးအဖွဲ့တွေကပြောပါတယ်။ ရန်ကုန်က သတင်းပေးပို့ထားပါတယ်။
ဒီကနေ့ မေ ၁၉ ရက်နေ့ မနက်ပိုင်းက ကလေးမြို့တောင်ပိုင်း မြစ်သာမြစ် အရှေ့ဘက်ကမ်းက အိမ်ခြေ ၂၀၀ ရှိတဲ့ လယ်ကြားရွာမှာ ကျန်နေသေးတဲ့ နေအိမ်တွေကို စစ်ကောင်စီတပ်တွေ ထပ်ပြီး မီးရှို့သွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“ဒီနေ့ ၁၉ ရက်နေ့ကတော့ လယ်ခြား (လယ်ကြား) က ကျန်နေတဲ့အိမ်တွေကို ထပ်ပြီးတောမှ ရှို့တာ။ တရွာလုံးတော့ ပြုန်းသွားပါပြီဗျ။ တရွာလုံး အိမ်ခြေ ၂၀၀ ကျော်ကျော်ရှိတာ၊ အကုန်လုံး လောင်သွားပြီ။”
စစ်ကောင်စီတပ်တွေက ကလေးမြို့တောင်ပိုင်းက ကျေးရွာတွေကို တရွာဝင် တရွာထွက် နယ်မြေရှင်းလင်းရေးလုပ်နေပြီး ကျေးရွာတွေကို တလှည့်စီ မီးရှို့နေတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မနေ့က ၁၈ ရက်နေ့ ကလည်း ကုက္ကိုရွာကို နောက်တခေါက် မီးထပ်ရှို့တာကြောင့် နေအိမ် ၁၃၀ လောက် မီးလောင်သွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“၁၅ ရက်နေ့က လယ်ခြား (လယ်ကြား)ရွာကို အိမ်ခြေ ၂၀ လောက်မီးရှို့ပြီးရင် အဲ့ဒီက နောက် ဘက်ကို ကုက္ကိုရွာကိုကျော်ပြီးမှ ရှားတောရွာကို သွားပြီးတော့ မီးရှို့တာက အိမ်ခြေ ၁၀၀ လောက်မီးလောင်သွားတယ်ဗျ။ ရှားတောရွာကို ၁၆ ရက်နေ့က (မီးရှို့တာ)။ တခါပြန်ပြီးတော့ နောက်ကြောင်းပြန်သွားပြီးတော့မှ လယ်ခြားရွာကို ပြန်ရှို့ပြန်တယ်ဗျ၊ လယ်ခြားရွာက ၁၇ ရက်နေ့။ တခါ ၁၈ ရက်နေ့ကျတော့ ကုက္ကိုကိုသွားပြီးတော့မှ တခါ ရှို့ပြန်တယ်ဗျ။”
စစ်ကောင်စီတပ်တွေဟာ အိမ်ခြေ ၂၂၀ လောက်ရှိတဲ့ လယ်ကြားရွာကို ၃ ကြိမ် မီးရှို့ခဲ့တာကြောင့် ကျေးရွာရှိ နေအိမ်အားလုံး မီးလောင်သွားပြီလို့ ကျေးရွာ သားတွေကပြောပါတယ်။ ဒေသခံတွေပြောဆိုချက်အရ နတ်ချောင်းကျေး ရွာ က ၄ ကြိမ် မီးရှို့ခံရပြီး အိမ်ခြေ ၂၄၀ လောက် မီးလောင်ခဲ့ပါတယ်၊ ကုက္ကို ရွာ က အိမ်ခြေ ၁၃၀၊ ရှားတောရွာက အိမ်ခြေ ၁၁၀၊ ရေရှင်ရွာက အိမ်ခြေ ၄၀၀ နီးပါး၊ ရှားဖိုရွာက အိမ်ခြေ ၁၀၀၊ အရှေ့စီးရွာက အိမ်ခြေ ၅၁၀၊ တင်သား ရွာက ၇၈ အိမ် မီးရှို့ခံရတယ်လို့ဆိုပါတယ်။ ချောင်းခွ (ချောင်းဂွ) ရွာကိုလည်း စစ်ကောင်စီတပ်တွေ မီးရှို့ထားပေမယ့် ဘယ်နှစ်အိမ် မီးလောင်ကျွမ်းသလဲဆိုတာတော့ စာရင်း အတိအကျ မသိရသေးပါဘူး။
ဒေသတွင်း ကူညီရေးအဖွဲ့တွေစုစည်းပြီး ကောက်ခံရရှိတဲ့စာရင်းအရဆိုရင် မေလအတွင်း ကလေးမြို့တောင်ပိုင်းမှာ ကျေးရွာ ၉ ရွာက အိမ်ခြေနှစ်ထောင်ဝန်းကျင် မီးရှို့ဖျက်ဆီးခံရပြီး ကျေးရွာသား သောင်းဂဏန်း ဘေးလွတ်ရာထွက်ပြေးခဲ့ကြရပါတယ်။ မေလ ၈ ရက်ကနေ ၁၀ ရက်အတွင်း ရေရှင်ရွာအနီးမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေ ထိတွေ တိုက်ပွဲ ပြင်းထန်ခဲ့ပြီး ရေရှင်ရွာကို ရွာလုံးကျွတ် မီးရှို့ခဲ့ပြီးနောက် ကျန်ရွာတွေကိုပါ ဆက်တိုက် မီးရှို့နေတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပြပါတယ်။
ဒေသခံတွေကတော့ စစ်ကောင်စီတပ်ကရှို့တာလို့ ပြောဆိုနေပေမယ့် တပ်မတော်ပြောခွင့်ရသူကတော့ ဒေသခံကာကွယ်ရေးအဖွဲ့တွေက ကျေးရွာတွေအခြေစိုက်ပြီး အကြမ်းဖက်လုပ်ရပ်တွေလုပ်တာကြောင့် နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးတွေ ဆောင်ရွက်နေတာလို့ပဲ ပြောနေပါတယ်။ ဒေသခံကာကွယ်ရေးအဖွဲ့တွေဘက် မီးရှို့ဖျက်ဆီးနေတယ်လို့လည်း တန်ပြန်စွပ်စွဲခဲ့ပါတယ်။
ထွက်ပြေးနေကြရတဲ့ ကျေးရွာသားတွေ သောင်းဂဏန်းအထိရှိလာပြီး မိုးတွင်းကာလလည်း ရောက်တာမှာမို့ စစ်ပြေးဒုက္ခသည်တွေ ပိုပြီး အခက်ကြုံလာဖွယ် ရှိတယ်လို့ စစ်ရှောင်တွေကို အကူအညီပေးနေသူတွေကပြောပါတယ်။
“စစ်ရှောင်တွေကလည်း ရွာလုံးကျွတ်နီးပါးတွေ ရှောင်နေကြရတာဆိုတော့ သောင်ဂဏန်းဘက်မှာပဲ ရှိမှာဗျ၊ သောင်းဂဏန်း ကျော်မယ်ဗျ။ ခုက ရာသီအကူးအပြောင်းနဲ့ မိုးတွင်းဘက်ကိုလည်း ရောက်လာပြီဆိုတော့ လူတွေကလည်းတောထဲ တောင်ထဲတွေမှာ နေကြရတာဆိုတော့ မိုးကာတွေ မလောက်ငမှုတွေ၊ လူအများကြီးနဲ့ကျပ်ကျပ်ရပ်ရပ် နေကြရတာတွေ ဆိုတော့ အနေအထိုင်ကအစ တအား ခက်ခဲ နေကြတယ်။ အဓိကက နေဖို့ထိုင်ဖို့ မိုးကာပေါ့နော်၊ မိုးတွင်းရောက်လာပြီဆိုတော့ မိုးကာနဲ့ ဆေးဝါးကတော့ အဓိက ဗျ။ မိုးရာသီရောက်တော့ တော်တော်ကြီးကို ခက်ခဲနေတယ်။ မိုးကာတွေ အရမ်းလိုအပ်နေတယ်။ အစားအသောက်ဆိုရင်လည်း စပါးတွေပါ မီးရှို့ခံထားရတော့ အစားအသောက်တွေလည်း တအား ခက်ခဲနေကြတယ်ဗျ။ ပြီးတော့ ဖျားတာတွေရော၊ ဝမ်းလျှောဝမ်းပျက်တွေရော၊ ရေမသန့်တာတွေကြောင့်ရော၊ အိမ်သာတွေ(မရှိ/မလုံလောက်တာကြောင့်ရော) အဲ့လိုမျိုး အဆင်မပြေမှုတွေကြောင့်မို့လို့ ဝမ်းလျော်ဝမ်းပျက်ဖြစ်ကြတယ်ဗျ။ အစားအသောက်တွေနဲ့ နေမကောင်း ကျန်းမာရေးတွေက အစ အခက်အခဲတွေကတော့ အတော်ဖြစ်နေကြတယ်ဗျ။”
ထွက်ပြေးနေရတဲ့ဒုက္ခသည်တွေဟာ တောတောင်တွေထဲမှာ ယာယီနေသူတွေရှိသလို နီးစပ်ရာဆွေမျိုးသားချင်းရွာတွေ အိမ်တွေနဲ့ ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေရသူတွေလည်းရှိပါတယ်။ သူတို့ကို ဒေသခံတွေအချင်းအချင်းပြန်လည် ကူညီပေးတယ်ဆိုပေမယ့် အချိန်ကြာလာတာနဲ့အမျှ အကူအညီရဖို့ ပိုပြီး ခက်ခဲလာတယ်လို့ စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။ ဒေသအပြင်ဘက်က အကူအညီပေးဖို့လည်း သွားလာရေးအခက်အခဲတွေရှိနေပါတယ်။ အာဆီယံကတော့ မြန်မာပြည်လူသားချင်းစာနာကူညီမှုအကူအညီတွေ ပေးဖို့ ညှိနှိုင်းဆောင်ရွက်နေရာမှာ စစ်ကိုင်းတိုင်းကိုလည်း ဦးစားပေးအဆင့် သတ်မှတ်ထားပါတယ်။
#MyanmarViolence #SagaingFighting #VOABurmese #ကလေးမြို့တောင်ပိုင်း #လဲခြားရွာမီးရှို့ #အိမ်ခြေ၂,၀၀၀ #စစ်ကောင်စီနယ်မြေရှင်း #ဗွီအိုအေ
=============