သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကေလးၿမိဳ႕ေတာင္ပိုင္း တိုက္ပြဲမ်ားၾကား ေက်း႐ြာတခ်ိဳ႕မီးရႈိ႕ဖ်က္ဆီးခံရ


စစ္ကိုင္းတုိင္း၊ ကေလးၿမိဳ႕နယ္၊ နတ္ေခ်ာင္းရြာကို ဧၿပီလ ၁၂ ရက္ေန႔က စစ္တပ္က နယ္ေျမရွင္းလင္းစဥ္ မီး႐ိႈ႕ထားတဲ့ျမင္ကြင္း။ (ဓာတ္ပံု-Aung Hsan Lin FB)

[[Zawgyi/unicode]]

တိုက္ပြဲေတြျဖစ္ပြါးေနတဲ့ စစ္ကိုင္းတိုင္း ကေလးၿမိဳ႕နယ္မွာ မေန႔ကေရာ ဒီကေန႔ဧၿပီလ (၁၂) ရက္ေန႔မွာပါ စစ္ေကာင္စီတပ္ကေန ေက်း႐ြာေတြကို မီးရႈိ႕ခဲ့တယ္လို႔ ေဒသခံေတြကေျပာပါတယ္။ မေန႔က နတ္ေခ်ာင္း႐ြာမီးရႈိ႕ခံရသလို ဒီကေန႔မွာ နတ္ေခ်ာင္း႐ြာအနီးက ေအာင္ခ်မ္းသာနဲ႔သာစည္႐ြာပါ မီးရႈိ႕ခံရတာပါ။ အိမ္မီးရႈိ႕ခံ႐ြာသားေတြဟာ ေတာေတာင္ထဲနဲ႔ ၿမိဳ႕ေပၚက ေဆြမ်ိဳးသားခ်င္းေတြဆီမွာ ခိုလႈံေနရသလို စားေသာက္ေနထိုင္ေရးအခက္ခဲရွိေနပါတယ္။ ကေလးၿမိဳ႕နယ္ရဲ႕ စစ္ေရးအေျခအေန ရန္ကုန္က ေပးပို႔တဲ့သတင္းကို ကိုၿငိမ္းခ်မ္းက တင္ျပေပးထားပါတယ္။

ကေလးၿမိဳ႕နယ္၊ ကေလး-ဂန႔္ေဂါလမ္းမေပၚမွာရွိတဲ့နတ္ေခ်ာင္းေက်း႐ြာကို မေန႔ကဧၿပီလ (၁၁) ရက္ေန႔မွာ မီးရႈိ႕ ခံခဲ့ရၿပီး ဒီကေန႔ဧၿပီလ (၁၂) ရက္ေန႔မွာ ေအာင္ခ်မမ္းသာ႐ြာကိုလည္း စစ္ေကာင္စီတပ္က မီးရႈိ႕ခဲ့တယ္လို႔ နတ္ေခ်ာင္းေဒသခံ တဦးကအခုလိုေျပာပါတယ္။

“မေန႔ကလည္း (၈၅)လုံးေလာက္ပါသြားတယ္။ ဒီေန႔လည္း ထပ္ရႈိ႕ေနျပန္ၿပီဗ်ာ။ (၁) နာရီ (၁၅) ေလာက္မွာရႈိ႕ တယ္။ ေအာင္ခ်မ္းသာမွာ ရႈိ႕တယ္။ စည္သာမွာလည္း မီးရႈိ႕တယ္ဗ်။ စည္သာရယ္ ေအာင္ခ်မ္းသာရယ္ေပါ့။ စစ္ေခြးေတြလည္း ရွိေသးတယ္ဆိုေတာ့ က်ေနာ္တို႔ ဘာမွလုပ္လို႔မရေသးဘူး။ အခု (၂) နာရီ (၂၃) မိနစ္ေလာက္မွာ ထပ္ရႈိ႕တယ္။ ေလာေလာဆယ္ စစ္ေဆးလို႔မရေသးဘူးဗ်။ မီးရႈိ႕ရတဲ့အေၾကာင္းျပခ်က္ကေတာ့ ရႈိ႕ခ်င္လို႔ကို ရႈိ႕တာျဖစ္မွာေနာ္။”

ဒီကေန႔ မြန္းလြဲပိုင္းေလာက္မွာ နတ္ေခ်ာင္း႐ြာအနီး ေအာင္ခ်မ္းသာ႐ြာနဲ႔စည္သာ႐ြာကို မီးရႈိ႕ခံခဲ့ရတယ္လို႔သူကဆိုေပမယ့္ လက္ရွိေက်း႐ြာေတြထဲမွာ စစ္ေကာင္စီတပ္ေတြရွိေနတာေၾကာင့္မီးေလာင္မႈအေျခအေနကိုေတာ့ ဒီညေန (၆) နာရီအထိ မသိရေသးပါဘူး။

နတ္ေခ်ာင္းေက်း႐ြာဟာ မႏွစ္ ဒီဇင္ဘာလကေန ဒီႏွစ္ ဧၿပီလအထိ (၄) ႀကိမ္မီးရႈိ႕ခံရၿပီး အိမ္ေျခ (၂၀၀) နီးပါး မီးရႈိ႕ခံခဲ့ရပါတယ္။ ပထမအႀကိမ္တုန္းက ေနအိမ္အလုံး ၄၀ ေက်ာ္နဲ႔ ဒုတိအႀကိမ္မွာေတာ့ ေနအိမ္ ၇၀ ေက်ာ္ မီးေလာင္ကြၽမ္းခဲ့သလို အခုတႀကိမ္က အမ်ားဆုံး မီးေလာင္ကြၽမ္းတာလည္းျဖစ္ပါတယ္။

နတ္ေခ်ာင္း၊ ေအာင္ခ်မ္းသာ၊ စည္သာ စတဲ့ အိမ္မီးရႈိ႕ခံ႐ြာသားေထာင္ေက်ာ္ဟာ ေတာေတာင္ထဲမွာနဲ႔ နီးစပ္ရာေဆြမ်ိဳး သားခ်င္းအိမ္မွာခိုလႈံေနရၿပီး စားေသာက္ ေနထိုင္ေရးမွာအခက္ခဲရွိေနတယ္လို႔ နတ္ေခ်ာင္းေက်း႐ြာေဒသခံကပဲ ဆက္ေျပာပါတယ္။

“ဘယ္လိုမ်ိဳးေနထိုင္ၾကလဲဆို ေတာင္ေၾကာေတြေပါ့။ ေရေကာင္းတဲ့ေတာင္ေၾကာေတြကို အဲဒီလို အကာကြယ္ယူၿပီးေတာ့ တဲေတြဘာေတြ ထိုးၿပီးေနၾကတာေပါ့။ စုစုေပါင္း ေထာင္ေလာက္ခ်ီမွာဗ်။ ပိုက္ဆံရွိတဲ့လူကေတာ့ ၿမိဳ႕ေပၚတက္ၿပီးေတာ့ ေနၾကတာေပါ့။ အိမ္ငွါးတဲ့သူလည္း အိမ္ငွါးၿပီးေနၾကတယ္။ ေနာက္ၿပီးေတာ့ ေဆြမ်ိဳးသားခ်င္းေတြအိမ္မွာ ေနတဲ့သူလည္းေန၊ ေနာက္ၿပီးေတာ့ ဘုန္းႀကီးေက်ာင္းမွာလည္း ေနၾကတာေပါ့။ ေတာေတြမွာ ျပန္ေနၾကတာမ်ားပါတယ္။ ဘယ္လို အခက္ခဲရွိသလဲဆိုရင္ေတာ့ ဆန္၊ ဆီ၊ ဆားေတြေပါ့ေနာ္။ အဲဒီလိုမ်ိဳးေတြေပါ့။ လိုအပ္ လာႏိုင္တယ္ေပါ့။ အခက္ခဲေတြရွိလာႏိုင္တယ္။ ”

ကေလးၿမိဳ႕နယ္ေတာင္ပိုင္းမွာ ေဒသခံျပည္သူ႔ကာကြယ္ေရးအဖြဲ႕နဲ႔ စစ္ေကာင္စီတပ္ေတြအၾကား ပစ္ခတ္တိုက္ခိုက္ မႈ ေတြျဖစ္ပြါးေနပါတယ္။

မေန႔ကဧၿပီလ (၁၁) ရက္ေန႔မွာ နတ္ေခ်ာင္းေက်း႐ြာဘက္ကို ထိုးစစ္ဆင္လာတဲ့စစ္ေကာင္စီတပ္ကို ေဒသခံ PDF အဖြဲ႕ေတြက မိုင္းခြဲတိုက္ခိုက္ခဲ့တယ္လို႔ ကေလးၿမိဳ႕နယ္ကာကြယ္ေရး PDF အဖြဲ႕ တာဝန္ရွိသူတဦးကေျပာပါတယ္။

“ဒီႏွမ္းခါးကေနၿပီးေတာ့ေလ တပ္မႀကီးတခုလုံးဆင္းလာတာ။ မေန႔ကနတ္ေခ်ာင္းမွာအိပ္တယ္။ ကားကအစီး(၃၀)ေလာက္ ေလာက္ရွိတယ္ဗ်။ အဲတာျဖတ္သန္းလာတာကို ကြၽန္ေတာ္တို႔ PDFအဖြဲ႕က တလမ္းလုံး မိုင္းဆြဲတိုက္ခိုက္တယ္ဗ်။ မေန႔ကေတာ့သူတို႔(၃၅)ေယာက္ေလာက္က်တယ္။ အဲဒီမွာနတ္ေခ်ာင္းမွာရွိတဲ့အိမ္ေတြကို မီးရႈိ႕ ခဲ့ၾကတယ္။ မင္းတို႔တေတြ မီးရႈိ႕မခံခ်င္ရင္ PDFကိုမလာခိုင္းနဲ႔ ဆိုတဲ့ပုံစံလုပ္တာဗ်။”

နတ္ေခ်ာင္း႐ြာဘက္ျဖစ္တဲ့တိုက္ပြဲမွာ စစ္ေကာင္စီတပ္ဘက္ကထိခိုက္မႈမ်ားတယ္လို႔PDFဘက္ကေျပာေပမဲ့ သီးျခား အတည္မျပဳႏိုင္ေသးပါဘူး။ တိုက္ပြဲအေျခအေနနဲ႔အိမ္မီးေလာင္မႈျဖစ္စဥ္ကိုသိရွိဖို႔ စစ္ေကာင္စီေျပာခြင့္ရကို ဆက္သြယ္ခဲ့ေပမဲ့မရခဲ့ပါဘူး။

လက္ရွိ ကေလးၿမိဳ႕အတြင္းမွာ စစ္ကာင္စီတပ္နဲ႔ ေဒသကာကြယ္ေရး ပူးေပါင္းတပ္ဖြဲ႕ေတြျဖစ္တဲ့ ျပည္သူ႔ကာကြယ္ေရး အဖြဲ႕ ပကဖ၊ PDF ကေလးနဲ႔ ခ်င္းအမ်ိဳးသားကာကြယ္ေရးအဖြဲ႕ CNDF စတဲ့ပူးေပါင္းအဖြဲ႕ေတြ တိုက္ပြဲေတြျဖစ္ေနတာ လနဲ႔ခ်ီ ရွိေနပါၿပီ။ တိုက္ပြဲေတြေၾကာင့္ ေဘးလြတ္ရာကို ထြက္ေျပး ပုန္းခိုေနၾကရတဲ့ ေဒသခံေတြလည္း ေထာင္နဲ႔ခ်ီရွိ ေနပါတယ္။ ျမန္မာစစ္ေကာင္စီဖက္က ခ်င္းျပည္နယ္ေရာ စစ္ကိုင္းတိုင္းအတြင္းကိုပါ နယ္ေျမရွင္းလင္းစစ္ဆင္ေရးေတြ ျပဳလုပ္လာတဲ့ေနာက္ ေက်း႐ြာေတြ မီးရႈိ႕ဖ်က္ဆီးခံရမႈ ဆက္တိုက္ဆိုသလို ရွိလာေနတာပါ။

တိုက္႐ိုက္ လင့္ခ္

================

[[unicode]]

ကလေးမြို့တောင်ပိုင်း တိုက်ပွဲများကြား ကျေးရွာတချို့မီးရှို့ဖျက်ဆီးခံရ

တိုက်ပွဲတွေဖြစ်ပွါးနေတဲ့ စစ်ကိုင်းတိုင်း ကလေးမြို့နယ်မှာ မနေ့ကရော ဒီကနေ့ဧပြီလ (၁၂) ရက်နေ့မှာပါ စစ်ကောင်စီတပ်ကနေ ကျေးရွာတွေကို မီးရှို့ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ မနေ့က နတ်ချောင်းရွာမီးရှို့ခံရသလို ဒီကနေ့မှာ နတ်ချောင်းရွာအနီးက အောင်ချမ်းသာနဲ့သာစည်ရွာပါ မီးရှို့ခံရတာပါ။ အိမ်မီးရှို့ခံရွာသားတွေဟာ တောတောင်ထဲနဲ့ မြို့ပေါ်က ဆွေမျိုးသားချင်းတွေဆီမှာ ခိုလှုံနေရသလို စားသောက်နေထိုင်ရေးအခက်ခဲရှိနေပါတယ်။ ကလေးမြို့နယ်ရဲ့ စစ်ရေးအခြေအနေ ရန်ကုန်က ပေးပို့တဲ့သတင်းကို ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။

ကလေးမြို့နယ်၊ ကလေး-ဂန့်ဂေါလမ်းမပေါ်မှာရှိတဲ့နတ်ချောင်းကျေးရွာကို မနေ့ကဧပြီလ (၁၁) ရက်နေ့မှာ မီးရှို့ ခံခဲ့ရပြီး ဒီကနေ့ဧပြီလ (၁၂) ရက်နေ့မှာ အောင်ချမမ်းသာရွာကိုလည်း စစ်ကောင်စီတပ်က မီးရှို့ခဲ့တယ်လို့ နတ်ချောင်းဒေသခံ တဦးကအခုလိုပြောပါတယ်။

“မနေ့ကလည်း (၈၅)လုံးလောက်ပါသွားတယ်။ ဒီနေ့လည်း ထပ်ရှို့နေပြန်ပြီဗျာ။ (၁) နာရီ (၁၅) လောက်မှာရှို့ တယ်။ အောင်ချမ်းသာမှာ ရှို့တယ်။ စည်သာမှာလည်း မီးရှို့တယ်ဗျ။ စည်သာရယ် အောင်ချမ်းသာရယ်ပေါ့။ စစ်ခွေးတွေလည်း ရှိသေးတယ်ဆိုတော့ ကျနော်တို့ ဘာမှလုပ်လို့မရသေးဘူး။ အခု (၂) နာရီ (၂၃) မိနစ်လောက်မှာ ထပ်ရှို့တယ်။ လောလောဆယ် စစ်ဆေးလို့မရသေးဘူးဗျ။ မီးရှို့ရတဲ့အကြောင်းပြချက်ကတော့ ရှို့ချင်လို့ကို ရှို့တာဖြစ်မှာနော်။”

ဒီကနေ့ မွန်းလွဲပိုင်းလောက်မှာ နတ်ချောင်းရွာအနီး အောင်ချမ်းသာရွာနဲ့စည်သာရွာကို မီးရှို့ခံခဲ့ရတယ်လို့သူကဆိုပေမယ့် လက်ရှိကျေးရွာတွေထဲမှာ စစ်ကောင်စီတပ်တွေရှိနေတာကြောင့်မီးလောင်မှုအခြေအနေကိုတော့ ဒီညနေ (၆) နာရီအထိ မသိရသေးပါဘူး။

နတ်ချောင်းကျေးရွာဟာ မနှစ် ဒီဇင်ဘာလကနေ ဒီနှစ် ဧပြီလအထိ (၄) ကြိမ်မီးရှို့ခံရပြီး အိမ်ခြေ (၂၀၀) နီးပါး မီးရှို့ခံခဲ့ရပါတယ်။ ပထမအကြိမ်တုန်းက နေအိမ်အလုံး ၄၀ ကျော်နဲ့ ဒုတိအကြိမ်မှာတော့ နေအိမ် ၇၀ ကျော် မီးလောင်ကျွမ်းခဲ့သလို အခုတကြိမ်က အများဆုံး မီးလောင်ကျွမ်းတာလည်းဖြစ်ပါတယ်။

နတ်ချောင်း၊ အောင်ချမ်းသာ၊ စည်သာ စတဲ့ အိမ်မီးရှို့ခံရွာသားထောင်ကျော်ဟာ တောတောင်ထဲမှာနဲ့ နီးစပ်ရာဆွေမျိုး သားချင်းအိမ်မှာခိုလှုံနေရပြီး စားသောက် နေထိုင်ရေးမှာအခက်ခဲရှိနေတယ်လို့ နတ်ချောင်းကျေးရွာဒေသခံကပဲ ဆက်ပြောပါတယ်။

“ဘယ်လိုမျိုးနေထိုင်ကြလဲဆို တောင်ကြောတွေပေါ့။ ရေကောင်းတဲ့တောင်ကြောတွေကို အဲဒီလို အကာကွယ်ယူပြီးတော့ တဲတွေဘာတွေ ထိုးပြီးနေကြတာပေါ့။ စုစုပေါင်း ထောင်လောက်ချီမှာဗျ။ ပိုက်ဆံရှိတဲ့လူကတော့ မြို့ပေါ်တက်ပြီးတော့ နေကြတာပေါ့။ အိမ်ငှါးတဲ့သူလည်း အိမ်ငှါးပြီးနေကြတယ်။ နောက်ပြီးတော့ ဆွေမျိုးသားချင်းတွေအိမ်မှာ နေတဲ့သူလည်းနေ၊ နောက်ပြီးတော့ ဘုန်းကြီးကျောင်းမှာလည်း နေကြတာပေါ့။ တောတွေမှာ ပြန်နေကြတာများပါတယ်။ ဘယ်လို အခက်ခဲရှိသလဲဆိုရင်တော့ ဆန်၊ ဆီ၊ ဆားတွေပေါ့နော်။ အဲဒီလိုမျိုးတွေပေါ့။ လိုအပ် လာနိုင်တယ်ပေါ့။ အခက်ခဲတွေရှိလာနိုင်တယ်။ ”

ကလေးမြို့နယ်တောင်ပိုင်းမှာ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ စစ်ကောင်စီတပ်တွေအကြား ပစ်ခတ်တိုက်ခိုက် မှု တွေဖြစ်ပွါးနေပါတယ်။

မနေ့ကဧပြီလ (၁၁) ရက်နေ့မှာ နတ်ချောင်းကျေးရွာဘက်ကို ထိုးစစ်ဆင်လာတဲ့စစ်ကောင်စီတပ်ကို ဒေသခံ PDF အဖွဲ့တွေက မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ ကလေးမြို့နယ်ကာကွယ်ရေး PDF အဖွဲ့ တာဝန်ရှိသူတဦးကပြောပါတယ်။

“ဒီနှမ်းခါးကနေပြီးတော့လေ တပ်မကြီးတခုလုံးဆင်းလာတာ။ မနေ့ကနတ်ချောင်းမှာအိပ်တယ်။ ကားကအစီး(၃၀)လောက် လောက်ရှိတယ်ဗျ။ အဲတာဖြတ်သန်းလာတာကို ကျွန်တော်တို့ PDFအဖွဲ့က တလမ်းလုံး မိုင်းဆွဲတိုက်ခိုက်တယ်ဗျ။ မနေ့ကတော့သူတို့(၃၅)ယောက်လောက်ကျတယ်။ အဲဒီမှာနတ်ချောင်းမှာရှိတဲ့အိမ်တွေကို မီးရှို့ ခဲ့ကြတယ်။ မင်းတို့တတွေ မီးရှို့မခံချင်ရင် PDFကိုမလာခိုင်းနဲ့ ဆိုတဲ့ပုံစံလုပ်တာဗျ။”

နတ်ချောင်းရွာဘက်ဖြစ်တဲ့တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်ကထိခိုက်မှုများတယ်လို့PDFဘက်ကပြောပေမဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။ တိုက်ပွဲအခြေအနေနဲ့အိမ်မီးလောင်မှုဖြစ်စဉ်ကိုသိရှိဖို့ စစ်ကောင်စီပြောခွင့်ရကို ဆက်သွယ်ခဲ့ပေမဲ့မရခဲ့ပါဘူး။

လက်ရှိ ကလေးမြို့အတွင်းမှာ စစ်ကာင်စီတပ်နဲ့ ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေဖြစ်တဲ့ ပြည်သူ့ကာကွယ်ရေး အဖွဲ့ ပကဖ၊ PDF ကလေးနဲ့ ချင်းအမျိုးသားကာကွယ်ရေးအဖွဲ့ CNDF စတဲ့ပူးပေါင်းအဖွဲ့တွေ တိုက်ပွဲတွေဖြစ်နေတာ လနဲ့ချီ ရှိနေပါပြီ။ တိုက်ပွဲတွေကြောင့် ဘေးလွတ်ရာကို ထွက်ပြေး ပုန်းခိုနေကြရတဲ့ ဒေသခံတွေလည်း ထောင်နဲ့ချီရှိ နေပါတယ်။ မြန်မာစစ်ကောင်စီဖက်က ချင်းပြည်နယ်ရော စစ်ကိုင်းတိုင်းအတွင်းကိုပါ နယ်မြေရှင်းလင်းစစ်ဆင်ရေးတွေ ပြုလုပ်လာတဲ့နောက် ကျေးရွာတွေ မီးရှို့ဖျက်ဆီးခံရမှု ဆက်တိုက်ဆိုသလို ရှိလာနေတာပါ။
================

XS
SM
MD
LG