သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေက်ာက္ႀကီးၿမိဳ႕နယ္ မုန္းေဒသတြင္း တိုက္ပြဲမ်ား ရက္ဆက္ျဖစ္ပြားေန


ေက်ာက္ႀကီးၿမိဳ႕နယ္ထဲမွာ ထြက္ေျပးေနရတဲ့ စစ္ေဘးေရွာင္ဒုကၡသည္မ်ား ( Photo: KNU)

[[Zawgyi/Unicode]]

KNU ကရင္အမ်ိဳးသားအစည္းအ႐ုံး ထိန္းခ်ဳပ္ရာ ပဲခူးတိုင္း ေညာင္ေလးပင္ခ႐ိုင္ ေက်ာက္ႀကီးၿမိဳ႕နယ္ မုန္းေဒသထဲမွာ စစ္ေကာင္စီတပ္ေတြနဲ႔ KNLA ကရင္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္တို႔ တိုက္ပြဲေတြ ဆက္တိုက္ျဖစ္ပြားေနၿပီး စစ္ေဘးေရွာင္ ဦးေရဟာ ရက္ပိုင္းအတြင္း ၄ ေသာင္းေလာက္တိုးလာတယ္လို႔ KNU ဘက္ကေျပာပါတယ္။ ဒီသတင္းကို ဗြီအိုေအသတင္းေထာက္ မေအးေအးမာက သတင္းေပးပို႔ထားပါတယ္။

KNU ကရင္အမ်ိဳးသားအစည္းအ႐ုံး ထိန္းခ်ဳပ္ရာ ပဲခူးတိုင္း ေညာင္ေလးပင္ခ႐ိုင္ ေက်ာက္ႀကီးၿမိဳနယ္ မုန္းေဒသထဲမွာ စစ္ေကာင္စီတပ္ေတြနဲ႔ KNLA ကရင္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္၊ PDF ျပည္သူ႔ကာကြယ္ေရးတပ္ (႐ိုးမ) စတဲ့ ပူးေပါင္းတပ္ဖြဲ႔ေတြ တိုက္ပြဲဆက္တိုက္ျဖစ္ပြားေနၿပီး တနလၤာေန႔ကေတာ့ ေက်ာက္ႀကီးၿမိဳ႕ နယ္ထဲ အင္းနက္ေက်း႐ြာမွာ တိုက္ပြဲေတြျပင္းထန္ခဲ့ပါတယ္။ ေက်ာက္ႀကီးၿမိဳ႕နယ္ ထဲမွာ တိုက္ပြဲေတြ ဆက္တိုက္ျဖစ္ေနသလို KNU တပ္ေတြက စစ္ေကာင္စီ စခန္းေတြကို သိမ္းလိုက္ၿပီးတဲ့ေနာက္မွာ အရပ္သားေတြကို ပစ္မွတ္ထားတိုက္ခိုက္ခံရတာေတြမ်ားလာၿပီး စစ္ေဘးေရွာင္ေတြ ေသာင္းနဲ႔ခ်ီၿပီး ထြက္ေျပးေနရတယ္လို႔ ကရင္အမ်ိဳးသားအစည္းအ႐ုံးႏိုင္ငံျခားေရးဌာန ေျပာေရးဆိုခြင့္ရွိသူ ဖဒိုေစာေတာနီးက ေျပာပါတယ္။

“တပ္မဟာ (၃) ဘက္ကေတာ့ အေတာ္မ်ားတယ္။ တပ္မဟာ(၃) မွာ စခန္း (၅) ခုေလာက္ကို သိမ္းလိုက္ၿပီးတဲ့ေနာက္မွာ အရပ္သားေတြကို ပစ္မွတ္ထားလာတယ္။ ဗုံးႀကဲတာလည္းပါတယ္။ ေလယာဥ္ေတြ လာပစ္တာလည္းပါတယ္။ အဲဒီမွာ စစ္ေဘးေရွာင္ဒုကၡသည္ ၄ ေသာင္းအထက္မွာရွိတယ္။ အမွန္က အဲဒီ ၄ ေသာင္းေလာက္ မေျပးခင္ကတည္းက က်ေနာ္တို႔စာရင္းေကာက္ထားတာက ၅ ေသာင္း - ၆ ေသာင္းေလာက္ရွိတယ္။ စခန္း ၅ ခု မသိမ္းခင္ကတည္းက ေကာက္ထားတဲ့စာရင္းက ရက္ပိုင္းေလာက္ပဲရွိေသးတယ္။ ေကာက္ထားတာ အမ်ားစုကေတာ့ ေက်ာက္ႀကီးၿမိဳ႕နယ္ထဲမွာပဲ။”

ေညာင္ေလးပင္ခ႐ိုင္ထဲက ေက်း႐ြာေပါင္း ၆၀ ေလာက္က ေသာင္းနဲ႔ခ်ီၿပီး ထြက္ေျပးေနရတဲ့ ဒုကၡသည္ေတြအတြက္ စားနပ္ရိကၡာေဆးဝါး အမိုးအကာအကူညီေတြအေရးေပၚလိုအပ္ေနတယ္လို႔လည္း ကရင္လူ႔အခြင့္ေရးအဖြဲ႔ KHRC ကေျပာေရးဆိုခြင့္ရွိသူ ေစာနႏၵဆူးကေျပာပါတယ္။

“ေညာင္ေလးပင္ခ႐ိုင္ တပ္မဟာ (၃) မွာက အစားအေသာက္ကေတာ့ အဓိက လိုအပ္တယ္။ ေဆးဝါးလည္းလိုတယ္။ အခုက ငွက္ဖ်ားေတြျဖစ္တယ္။ ေနာက္ တျခား မိုးတြင္းကာလမွာအျဖစ္မ်ားတဲ့ ဖ်ားနာမႈေတြအတြက္လည္း ေဆးဝါးေတြ လိုအပ္တယ္။ ေနာက္ၿပီး မိုးဒဏ္ေလဒဏ္ခံႏိုင္တဲ့ အမိုးအကာေတြလည္း လိုအပ္တယ္။ တပ္မဟာ (၁) မွာေကာ၊ တပ္မဟာ (၆) မွာေကာ လိုအပ္ခ်က္ေတြကေတာ့ ရွိေနတုန္းပါပဲ။”

ဇူလိုင္လ ၄ ရက္ေန႔တုန္းကေတာ့ ေညာင္ေလးပင္ခ႐ိုင္ ေက်ာက္ႀကီးၿမိဳနယ္ထဲမွာကရင္အရပ္ဘက္ လူမႈေရးရာေကာ္မတီက အဖြဲ႔ဝင္တဦးျဖစ္တဲ့ ေစာလားကေဘာ္ ဟာ စစ္ေဘးေရွာင္ဒုကၡသည္ေတြအတြက္ ရိကၡာဝယ္ယူဖို႔သြားတုန္းမွာ ရိကၡာဝယ္ ဖို႔ယူမယ့္ ေငြေတြလည္း သိမ္းယူခံရၿပီး လက္ေတြ ေျခေတြကိုျဖတ္ေတာက္ၿပီး ရက္ရက္စက္စက္ သတ္ျဖတ္တာခံခဲ့ရတဲ့အတြက္ အရပ္ဖက္အဖြဲ႔အစည္းေတြက ကန႔္ကြက္ခဲ့ပါတယ္။ အဲဒီေဒသမွာ တိုက္ပြဲေတြျပင္းထန္ေနသလို စစ္ေဘးေရွာင္ေတြကို အကူညီေပးေနသူေတြပါ အသက္အႏၲာရာယ္ ၿခိမ္းေျခာက္ခံရမႈ၊ မလုံၿခဳံုမႈေတြနဲ႔ရင္ဆိုင္ေနရတယ္လို႔ အရပ္ဘက္ ကရင္လူမႈအဖြဲ႕အစည္းေတြကလည္း ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

==============

[[Unicode]]

ကျောက်ကြီးမြို့နယ် မုန်းဒေသတွင်း တိုက်ပွဲများ ရက်ဆက်ဖြစ်ပွားနေ

KNU ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်ရာ ပဲခူးတိုင်း ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ် မုန်းဒေသထဲမှာ စစ်ကောင်စီတပ်တွေနဲ့ KNLA ကရင်အမျိုးသားလွတ်မြောက်ရေးတပ်တို့ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေပြီး စစ်ဘေးရှောင် ဦးရေဟာ ရက်ပိုင်းအတွင်း ၄ သောင်းလောက်တိုးလာတယ်လို့ KNU ဘက်ကပြောပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

KNU ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်ရာ ပဲခူးတိုင်း ညောင်လေးပင်ခရိုင် ကျောက်ကြီးမြိုနယ် မုန်းဒေသထဲမှာ စစ်ကောင်စီတပ်တွေနဲ့ KNLA ကရင်အမျိုးသားလွတ်မြောက်ရေးတပ်၊ PDF ပြည်သူ့ကာကွယ်ရေးတပ် (ရိုးမ) စတဲ့ ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲဆက်တိုက်ဖြစ်ပွားနေပြီး တနင်္လာနေ့ကတော့ ကျောက်ကြီးမြို့ နယ်ထဲ အင်းနက်ကျေးရွာမှာ တိုက်ပွဲတွေပြင်းထန်ခဲ့ပါတယ်။ ကျောက်ကြီးမြို့နယ် ထဲမှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေသလို KNU တပ်တွေက စစ်ကောင်စီ စခန်းတွေကို သိမ်းလိုက်ပြီးတဲ့နောက်မှာ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်ခံရတာတွေများလာပြီး စစ်ဘေးရှောင်တွေ သောင်းနဲ့ချီပြီး ထွက်ပြေးနေရတယ်လို့ ကရင်အမျိုးသားအစည်းအရုံးနိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ ဖဒိုစောတောနီးက ပြောပါတယ်။

“တပ်မဟာ (၃) ဘက်ကတော့ အတော်များတယ်။ တပ်မဟာ(၃) မှာ စခန်း (၅) ခုလောက်ကို သိမ်းလိုက်ပြီးတဲ့နောက်မှာ အရပ်သားတွေကို ပစ်မှတ်ထားလာတယ်။ ဗုံးကြဲတာလည်းပါတယ်။ လေယာဉ်တွေ လာပစ်တာလည်းပါတယ်။ အဲဒီမှာ စစ်ဘေးရှောင်ဒုက္ခသည် ၄ သောင်းအထက်မှာရှိတယ်။ အမှန်က အဲဒီ ၄ သောင်းလောက် မပြေးခင်ကတည်းက ကျနော်တို့စာရင်းကောက်ထားတာက ၅ သောင်း - ၆ သောင်းလောက်ရှိတယ်။ စခန်း ၅ ခု မသိမ်းခင်ကတည်းက ကောက်ထားတဲ့စာရင်းက ရက်ပိုင်းလောက်ပဲရှိသေးတယ်။ ကောက်ထားတာ အများစုကတော့ ကျောက်ကြီးမြို့နယ်ထဲမှာပဲ။”

ညောင်လေးပင်ခရိုင်ထဲက ကျေးရွာပေါင်း ၆၀ လောက်က သောင်းနဲ့ချီပြီး ထွက်ပြေးနေရတဲ့ ဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာဆေးဝါး အမိုးအကာအကူညီတွေအရေးပေါ်လိုအပ်နေတယ်လို့လည်း ကရင်လူ့အခွင့်ရေးအဖွဲ့ KHRC ကပြောရေးဆိုခွင့်ရှိသူ စောနန္ဒဆူးကပြောပါတယ်။

“ညောင်လေးပင်ခရိုင် တပ်မဟာ (၃) မှာက အစားအသောက်ကတော့ အဓိက လိုအပ်တယ်။ ဆေးဝါးလည်းလိုတယ်။ အခုက ငှက်ဖျားတွေဖြစ်တယ်။ နောက် တခြား မိုးတွင်းကာလမှာအဖြစ်များတဲ့ ဖျားနာမှုတွေအတွက်လည်း ဆေးဝါးတွေ လိုအပ်တယ်။ နောက်ပြီး မိုးဒဏ်လေဒဏ်ခံနိုင်တဲ့ အမိုးအကာတွေလည်း လိုအပ်တယ်။ တပ်မဟာ (၁) မှာကော၊ တပ်မဟာ (၆) မှာကော လိုအပ်ချက်တွေကတော့ ရှိနေတုန်းပါပဲ။”

ဇူလိုင်လ ၄ ရက်နေ့တုန်းကတော့ ညောင်လေးပင်ခရိုင် ကျောက်ကြီးမြိုနယ်ထဲမှာကရင်အရပ်ဘက် လူမှုရေးရာကော်မတီက အဖွဲ့ဝင်တဦးဖြစ်တဲ့ စောလားကဘော် ဟာ စစ်ဘေးရှောင်ဒုက္ခသည်တွေအတွက် ရိက္ခာဝယ်ယူဖို့သွားတုန်းမှာ ရိက္ခာဝယ် ဖို့ယူမယ့် ငွေတွေလည်း သိမ်းယူခံရပြီး လက်တွေ ခြေတွေကိုဖြတ်တောက်ပြီး ရက်ရက်စက်စက် သတ်ဖြတ်တာခံခဲ့ရတဲ့အတွက် အရပ်ဖက်အဖွဲ့အစည်းတွေက ကန့်ကွက်ခဲ့ပါတယ်။ အဲဒီဒေသမှာ တိုက်ပွဲတွေပြင်းထန်နေသလို စစ်ဘေးရှောင်တွေကို အကူညီပေးနေသူတွေပါ အသက်အန္တာရာယ် ခြိမ်းခြောက်ခံရမှု၊ မလုံခြုံမှုတွေနဲ့ရင်ဆိုင်နေရတယ်လို့ အရပ်ဘက် ကရင်လူမှုအဖွဲ့အစည်းတွေကလည်း ပြောပါတယ်

XS
SM
MD
LG