သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

မေကြးတိုင္း ဆိပ္ျဖဴၿမိဳ႕နယ္တြင္း စစ္ေျပးဒုကၡသည္မ်ား ေဆာၿမိဳ႕နယ္ထဲခိုလႈံ


မေကြးတိုင္း၊ ဆိပ္ျဖဴၿမိဳ႕နယ္ ဖလံမေက်းရြာ (Crd: mIMU)

[[Zawgyi/Unicode]]

မေကြးတိုင္း ဆိပ္ျဖဴၿမိဳ႕နယ္တြင္း တိုက္ပြဲေၾကာင့္ ေက်း႐ြာသုံး႐ြာက ေဒသခံေတြ ေဆာၿမိဳ႕နယ္ဘက္ကို ၿပီးခဲ့တဲ့ရက္ပိုင္းက တိမ္းေရွာင္လာၾကပါတယ္။ စစ္ေျပးေရွာင္အမ်ားစုက ဖ်ားနာေနၾကသလို စားေရးေသာက္ေရးနဲ႔ အဝတ္အစားေတြ အကူအညီ လိုအပ္ေနပါတယ္။ ဆိပ္ျဖဴနယ္ေတြဘက္ စစ္ေကာင္စီတပ္ စစ္ေၾကာင္းေတြသြားလာလႈပ္ရွားေနၿပီး တိုက္ပြဲေတြလည္း က်ယ္ျပန႔္လာေနတယ္လို႔ သိရပါတယ္။ ရန္ကုန္ကေပးပို႔လာတဲ့သတင္းကို အလိမၼာက တင္ျပေပးထားပါတယ္။

ဆိပ္ျဖဴၿမိဳ႕နယ္မွာ တိုက္ပြဲေၾကာင့္ ေက်း႐ြာသုံး႐ြာက ေဒသခံ ၄၅၀ ေလာက္ဟာ ၿပီးခဲ့တဲ့ ဇူလိုင္ ၆ ရက္ေန႔က ေဆာၿမိဳ႕နယ္ဘက္ကို ခိုလႈံလာၾကပါတယ္။ ေဆာၿမိဳ႕ နယ္မွာ ခိုလႈံေနတဲ့ ကန္ပတ္လက္ စစ္ေရွာင္ျပည္သူေတြက လက္ရွိ ေျပးေရွာင္လာတဲ့ ဆိပ္ျဖဴၿမိဳ႕နယ္က စစ္ေျပးေရွာင္ေတြအတြက္ တတ္ႏိုင္သေလာက္ အဝတ္အစားနဲ႔ အစာအးေသာက္ေတြ သြားလႉခဲ့တယ္လို႔ သြားလႉခဲ့တဲ့ ကန္ပတ္လက္စစ္ေရွာင္တဦးက ေျပာပါတယ္။

“ဆိပ္ျဖဴစိုက္ခင္းရယ္၊ ဖလံမ႐ြာရယ္ အဲ့ေက်း႐ြာ ၃ ႐ြာက က်ေနာ္တို႔နဲ႔ အနီးအနား သုံးလံျပည့္ဆိုတဲ့႐ြာမွာ လူေပါင္း ၄၅၀ ေျပးလာၾကတယ္။ အဲ့မွာ က်ေနာ္တို႔ နည္းနည္းတတ္ႏိုင္တဲ့ဘက္ကေန ဆန္ေလး အဝတ္အစားေလး သြားလႉလိုက္တယ္။ အဲမွာက ႏွစ္ဘက္အဖြဲ႔ရဲ႕တိုက္ပြဲၾကားမွာ အဲ့ ၃ ႐ြာက ငတ္ေနလို႔တဲ့။ အဲ့လိုေတြ ေျပးလာၾကတယ္။ အဲ့မွာ ကားနဲ႔ ေျပးလာတဲ့ဟာရွိတယ္၊ ဆိုင္ကယ္နဲ႔ ေျပးလာတဲ့ဟာရွိတယ္။ အသက္ ၇၀ ေက်ာ္ အဖိုးႀကီးနဲ႔ အဖြားႀကီးလင္းမယာကေတာ့ ဆိုင္ကယ္မရွိ ကားမရွိ ေျခလ်င္နဲ႔ေျပးလာၾကတယ္တဲ့။ ေျခလ်င္ ေလွ်ာက္လာတာက ၃ ရက္ျပည့္ထိ အစာငတ္ၿပီး ေလွ်ာက္လာတယ္လို႔ ေျပာတဲ့အခါၾကေတာ့ လုံးဝ စိတ္မေကာင္းဘူး။”

စစ္ေျပးေရွာင္ေတြဟာ လက္ရွိ ေဆာၿမိဳ႕နယ္ သုံးလံျပည့္ေက်း႐ြာမွာ ခိုလႈံေနၾကတာပါ။ ဆိပ္ျဖဴၿမိဳ႕နယ္ ဖလံမေက်း႐ြာနဲ႔ ေဆာၿမိဳ႕နယ္ သုံးလံျပည့္ေက်း႐ြာနဲ႔ဆိုရင္ ၁၂ မိုင္ေလာက္ အကြာအေဝးရွိၿပီး တခ်ိဳ႕က ကား၊ ဆိုင္ကယ္နဲ႔ ေရွာင္လာၾကသလို တခ်ိဳ႕က လမ္းေလွ်ာက္ ေျပးလာၾကပါတယ္။ စစ္ေျပးေရွာင္အမ်ားစုက ဖ်ားနာ၊ ဝမ္းေလ်ာတာေတြလည္း ခံစားေနရတဲ့အျပင္ စစ္ေျပးေရွာင္အမ်ားစုက အဝတ္တထည္ ကိုယ္တခုနဲ႔ အသက္ေဘးလြတ္ေအာင္ ေျပးလႊားလာၾကရတာလို႔လည္း ကူညီေနသူေတြက ေျပာပါတယ္။

“ဖ်ားနာတာ ေနမေကာင္းတဲ့ဟာေတြလည္း ရွိတယ္။ လဲစရာအဝတ္အစားလည္း မရွိဘူးတဲ့။ ကိုယ္ထဲမွာပါလာတဲ့ အဝတ္အစားေလးနဲ႔ပဲ ေနၾကတယ္လို႔ ေျပၾကတယ္။ အခုက်ေနာ္တို႔ ဆိုလို႔ရွိရင္လည္း နည္းနည္းအေနသားက်လာၿပီးဆိုေတာ့ေနာ္ အခက္အခဲကလည္း နည္းနည္းပါးပါးေတာ့ ရင္ဆိုင္ႏိုင္တဲ့ စြမ္းအားေတြ ရွိလာၿပီေလ။ ေရာက္ခါစဆိုေတာ့ သူတို႔ဘက္ကေန စစ္တပ္ရယ္၊ ၿပီးလို႔ရွိရင္ေတာ့ စားနပ္ရိကၡာအခက္အခဲ၊ အဝတ္အစား အခက္အခဲရယ္ေပါ့ေနာ္၊ က်ေနာ္တို႔ထက္ဆိုလို႔ရွိရင္ အမ်ားႀကီးကြာတာေပါ့၊ အဲ့ခါက်ေတာ့ ဘဝတူခ်င္းေတြဆိုေတာ့ေလ၊ ကိုယ္ကလည္း တတ္ႏိုင္တဲ့ဘက္ကေန ဆန္ေလးရွိတဲ့ဟာ သြားလႉတယ္၊ မိသားစုအလိုက္ ကိုယ့္ဆီမွာရွိတဲ့ အဝတ္အစားေလးကို တေယာက္ခ်င္စီမွ်ၿပီးကာမွ မိသားစုအလိုက္ မွ်ၿပီးကာမွ တတ္ႏိုင္သေလာက္ေလးကို သြားလႉတယ္။”

တိုက္ပြဲအတြင္း လက္နက္ႀကီးေတြပါ ပစ္ခတ္လာၾကတဲ့အတြက္ ေဘးကင္းတဲ့ေနရာကို ေရွာင္လာတာလို႔ ေျပးေရွာင္လာသူ ဒုကၡသည္တဦးကေျပာပါတယ္။

“တအားေတြ တိုက္ပြဲျဖစ္သြားတယ္၊ လက္နက္သံႀကီးေတြ ၾကားလို႔ က်ေနာ္တို႔ ေဆာၿမိဳ႕နယ္ဘက္ကို စစ္ေဘးေရွာင္လာၾကတယ္။”

ဆိပ္ျဖဴၿမိဳ႕နယ္ဘက္မွာေတာ့ စစ္ေကာင္စီတပ္ေတြ စစ္ေၾကာင္းနဲ႔ နယ္ေျမရွင္းလင္းေရးေတြ လုပ္ေဆာင္ေနၿပီး ေဒသခံ ကာကြယေရးပူးေပါင္းအဖြဲ႔ေတြနဲ႔လည္း ထိေတြ႔ တိုက္ပြဲျဖစ္ပြားေနတာပါ။ ဒီအတြက္ တခ်ိဳ႕ေနရာမွာ ဖုန္းလိုင္း ျဖတ္ေတာက္ခံထားရတယ္လို႔ ေျပာပါတယ္။

ၿပီးခဲ့တဲ့ ဇူလိုင္ ၉ ရက္ေန႔နဲ႔ ၁၀ ရက္ေန႔က ဆိပ္ျဖဴၿမိဳ႕နယ္ ပိုင္းေက်း႐ြာအနီးက စစ္ေကာင္စီနဲ႔ ေဒသခံကာကြယ္ေရးပူးေပါင္းအဖြဲ႔ေတြၾကား တိုက္ပြဲျဖစ္ခဲ့ပါတယ္။ စစ္ေကာင္စီစစ္ေၾကာင္းေတြ နယ္ေျမတြင္း တိုးျမႇင့္လႈပ္ရွားလာတာေၾကာင့္လည္း တိုက္ပြဲဧရိယာက ပိုၿပီးက်ယ္ျပန႔္လာတယ္လို႔ ေဒသခံကေတြက ေျပာၾကပါတယ္။

ဆိပ္ျဖဴနယ္ဘက္က လတ္တေလာတိုက္ပြဲနဲ႔ ပတ္သက္လို႔ စစ္ေကာင္စီဘက္ကေတာ့ တစုံတရာထုတ္ျပန္တာ မေတြ႕ေသးပါဘူး။

တိုက္႐ိုက္ လင့္ခ္

==========

[[Unicode]]

မကွေးတိုင်း ဆိပ်ဖြူမြို့နယ်တွင်း တိုက်ပွဲကြောင့် ကျေးရွာသုံးရွာက ဒေသခံတွေ ဆောမြို့နယ်ဘက်ကို ပြီးခဲ့တဲ့ရက်ပိုင်းက တိမ်းရှောင်လာကြပါတယ်။ စစ်ပြေးရှောင်အများစုက ဖျားနာနေကြသလို စားရေးသောက်ရေးနဲ့ အဝတ်အစားတွေ အကူအညီ လိုအပ်နေပါတယ်။ ဆိပ်ဖြူနယ်တွေဘက် စစ်ကောင်စီတပ် စစ်ကြောင်းတွေသွားလာလှုပ်ရှားနေပြီး တိုက်ပွဲတွေလည်း ကျယ်ပြန့်လာနေတယ်လို့ သိရပါတယ်။ ရန်ကုန်ကပေးပို့လာတဲ့သတင်းကို အလိမ္မာက တင်ပြပေးထားပါတယ်။

ဆိပ်ဖြူမြို့နယ်မှာ တိုက်ပွဲကြောင့် ကျေးရွာသုံးရွာက ဒေသခံ ၄၅၀ လောက်ဟာ ပြီးခဲ့တဲ့ ဇူလိုင် ၆ ရက်နေ့က ဆောမြို့နယ်ဘက်ကို ခိုလှုံလာကြပါတယ်။ ဆောမြို့ နယ်မှာ ခိုလှုံနေတဲ့ ကန်ပတ်လက် စစ်ရှောင်ပြည်သူတွေက လက်ရှိ ပြေးရှောင်လာတဲ့ ဆိပ်ဖြူမြို့နယ်က စစ်ပြေးရှောင်တွေအတွက် တတ်နိုင်သလောက် အဝတ်အစားနဲ့ အစာအးသောက်တွေ သွားလှူခဲ့တယ်လို့ သွားလှူခဲ့တဲ့ ကန်ပတ်လက်စစ်ရှောင်တဦးက ပြောပါတယ်။

“ဆိပ်ဖြူစိုက်ခင်းရယ်၊ ဖလံမရွာရယ် အဲ့ကျေးရွာ ၃ ရွာက ကျနော်တို့နဲ့ အနီးအနား သုံးလံပြည့်ဆိုတဲ့ရွာမှာ လူပေါင်း ၄၅၀ ပြေးလာကြတယ်။ အဲ့မှာ ကျနော်တို့ နည်းနည်းတတ်နိုင်တဲ့ဘက်ကနေ ဆန်လေး အဝတ်အစားလေး သွားလှူလိုက်တယ်။ အဲမှာက နှစ်ဘက်အဖွဲ့ရဲ့တိုက်ပွဲကြားမှာ အဲ့ ၃ ရွာက ငတ်နေလို့တဲ့။ အဲ့လိုတွေ ပြေးလာကြတယ်။ အဲ့မှာ ကားနဲ့ ပြေးလာတဲ့ဟာရှိတယ်၊ ဆိုင်ကယ်နဲ့ ပြေးလာတဲ့ဟာရှိတယ်။ အသက် ၇၀ ကျော် အဖိုးကြီးနဲ့ အဖွားကြီးလင်းမယာကတော့ ဆိုင်ကယ်မရှိ ကားမရှိ ခြေလျင်နဲ့ပြေးလာကြတယ်တဲ့။ ခြေလျင် လျှောက်လာတာက ၃ ရက်ပြည့်ထိ အစာငတ်ပြီး လျှောက်လာတယ်လို့ ပြောတဲ့အခါကြတော့ လုံးဝ စိတ်မကောင်းဘူး။”

စစ်ပြေးရှောင်တွေဟာ လက်ရှိ ဆောမြို့နယ် သုံးလံပြည့်ကျေးရွာမှာ ခိုလှုံနေကြတာပါ။ ဆိပ်ဖြူမြို့နယ် ဖလံမကျေးရွာနဲ့ ဆောမြို့နယ် သုံးလံပြည့်ကျေးရွာနဲ့ဆိုရင် ၁၂ မိုင်လောက် အကွာအဝေးရှိပြီး တချို့က ကား၊ ဆိုင်ကယ်နဲ့ ရှောင်လာကြသလို တချို့က လမ်းလျှောက် ပြေးလာကြပါတယ်။ စစ်ပြေးရှောင်အများစုက ဖျားနာ၊ ဝမ်းလျောတာတွေလည်း ခံစားနေရတဲ့အပြင် စစ်ပြေးရှောင်အများစုက အဝတ်တထည် ကိုယ်တခုနဲ့ အသက်ဘေးလွတ်အောင် ပြေးလွှားလာကြရတာလို့လည်း ကူညီနေသူတွေက ပြောပါတယ်။

“ဖျားနာတာ နေမကောင်းတဲ့ဟာတွေလည်း ရှိတယ်။ လဲစရာအဝတ်အစားလည်း မရှိဘူးတဲ့။ ကိုယ်ထဲမှာပါလာတဲ့ အဝတ်အစားလေးနဲ့ပဲ နေကြတယ်လို့ ပြေကြတယ်။ အခုကျနော်တို့ ဆိုလို့ရှိရင်လည်း နည်းနည်းအနေသားကျလာပြီးဆိုတော့နော် အခက်အခဲကလည်း နည်းနည်းပါးပါးတော့ ရင်ဆိုင်နိုင်တဲ့ စွမ်းအားတွေ ရှိလာပြီလေ။ ရောက်ခါစဆိုတော့ သူတို့ဘက်ကနေ စစ်တပ်ရယ်၊ ပြီးလို့ရှိရင်တော့ စားနပ်ရိက္ခာအခက်အခဲ၊ အဝတ်အစား အခက်အခဲရယ်ပေါ့နော်၊ ကျနော်တို့ထက်ဆိုလို့ရှိရင် အများကြီးကွာတာပေါ့၊ အဲ့ခါကျတော့ ဘဝတူချင်းတွေဆိုတော့လေ၊ ကိုယ်ကလည်း တတ်နိုင်တဲ့ဘက်ကနေ ဆန်လေးရှိတဲ့ဟာ သွားလှူတယ်၊ မိသားစုအလိုက် ကိုယ့်ဆီမှာရှိတဲ့ အဝတ်အစားလေးကို တယောက်ချင်စီမျှပြီးကာမှ မိသားစုအလိုက် မျှပြီးကာမှ တတ်နိုင်သလောက်လေးကို သွားလှူတယ်။”

တိုက်ပွဲအတွင်း လက်နက်ကြီးတွေပါ ပစ်ခတ်လာကြတဲ့အတွက် ဘေးကင်းတဲ့နေရာကို ရှောင်လာတာလို့ ပြေးရှောင်လာသူ ဒုက္ခသည်တဦးကပြောပါတယ်။

“တအားတွေ တိုက်ပွဲဖြစ်သွားတယ်၊ လက်နက်သံကြီးတွေ ကြားလို့ ကျနော်တို့ ဆောမြို့နယ်ဘက်ကို စစ်ဘေးရှောင်လာကြတယ်။”

ဆိပ်ဖြူမြို့နယ်ဘက်မှာတော့ စစ်ကောင်စီတပ်တွေ စစ်ကြောင်းနဲ့ နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်နေပြီး ဒေသခံ ကာကွယရေးပူးပေါင်းအဖွဲ့တွေနဲ့လည်း ထိတွေ့ တိုက်ပွဲဖြစ်ပွားနေတာပါ။ ဒီအတွက် တချို့နေရာမှာ ဖုန်းလိုင်း ဖြတ်တောက်ခံထားရတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၉ ရက်နေ့နဲ့ ၁၀ ရက်နေ့က ဆိပ်ဖြူမြို့နယ် ပိုင်းကျေးရွာအနီးက စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးပူးပေါင်းအဖွဲ့တွေကြား တိုက်ပွဲဖြစ်ခဲ့ပါတယ်။ စစ်ကောင်စီစစ်ကြောင်းတွေ နယ်မြေတွင်း တိုးမြှင့်လှုပ်ရှားလာတာကြောင့်လည်း တိုက်ပွဲဧရိယာက ပိုပြီးကျယ်ပြန့်လာတယ်လို့ ဒေသခံကတွေက ပြောကြပါတယ်။

ဆိပ်ဖြူနယ်ဘက်က လတ်တလောတိုက်ပွဲနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ တစုံတရာထုတ်ပြန်တာ မတွေ့သေးပါဘူး။

XS
SM
MD
LG