သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ပုေလာၿမိဳ႕နယ္တြင္းတိုက္ပြဲေၾကာင့္ ရိကၡာသယ္လမ္းေၾကာင္း ပိတ္ဆို႔ထား 


တနသၤာရီတုိင္း၊ ပေလာၿမိဳ႕နယ္ နန္းေတာင္ေက်းရြာတဝိုက္ (Crd: MIMU)

{{Zawgyi/Unicode}}

တနသၤာရီတိုင္း ပုေလာၿမိဳ႕နယ္ နန္းေတာင္ေက်း႐ြာမွာ စစ္ေကာင္စီတပ္နဲ႔ ပုေလာကာကြယ္ေရးပူးေပါင္းအဖြဲ႕ေတြၾကား မေန႔က တိုက္ပြဲျဖစ္ပြားခဲ့ပါတယ္။ တိုက္ပြဲျဖစ္ေနတဲ့ ပုေလာနယ္ေတြဘက္ စစ္ေကာင္စီတပ္ေတြက ရိကၡာသယ္ယူမႈလမ္းေၾကာင္းေတြ ပိတ္ဆို႔ထားၿပီး ေဒသခံေတြဟာ ေလာင္စာဆီနဲ႔ စားေသာက္ကုန္ေတြကို အကန႔္အသတ္နဲ႔ ဝယ္ယူေနၾကရပါတယ္။ ပုေလာနယ္တခြင္ စစ္ေကာင္စီက ျဖတ္ေလးျဖတ္ ပုံ႑ာန္ေဆာင္႐ြက္ေနတဲ့အေၾကာင္း ရန္ကုန္ကေပးပို႔တဲ့သတင္း မဆုမြန္က တင္ျပေပးထားပါတယ္။

ပုေလာၿမိဳ႕နယ္ နန္းေတာင္ေက်း႐ြာမွာ တပ္စြဲေနထိုင္တဲ့ စစ္ေကာင္စီတပ္ေတြကို ပုေလာကာကြယ္ေရး ပူးေပါင္းအဖြဲ႔က ဇြန္လ ၂၇ ရက္၊ မေန႔က သြားေရာက္တိုက္ခိုက္ခဲ့ၿပီး ႏွစ္ဘက္တိုက္ပြဲျဖစ္ပြားခဲ့တယ္လို႔ ပုေလာ ျပည္သူ႔ကာကြယ္ေရးတပ္ ျပန္ၾကားေရးတာဝန္ခံတဦးက ဗြီအိုေအကို ေျပာပါတယ္။

“မေန႔က မေန႔ ၆ နာရီမွာ စျဖစ္တာ၊ ႐ြာအစြန္လးမွာ ျဖစ္တာေပါ့ေနာ္။ သူတို႔က ဒီနန္းေတာင္႐ြာမွာ တပ္စြဲထားတာ။ အဲ့ဒါ က်ေနာ္တို႔ ျပန္သြားပစ္တာေပါ့၊ အဲ့ကေနတိုက္ပြဲျဖစ္တာပါ။ လက္နက္ႀကီးကေလ သူတို႔ တိုက္ပြဲျဖစ္ေနတဲ့အခ်ိန္မွာလည္း ပစ္တယ္။ တိုက္ပြဲျဖစ္ၿပီး အခ်ိန္ေတာ္ေတာ္ၾကာတဲ့အထိေပါ့ေနာ္- သူတို႔က လက္နက္ႀကီးနဲ႔ ရမ္းၿပီးေတာ့ ပစ္ေနတယ္။ ညကလည္းပဲ လက္နက္ႀကီးနဲ႔ ရမ္းၿပီးေတာ့ သူတို႔ပစ္ေသးတာေပ့ါေနာ္။”

စစ္ေကာင္စီဘက္က လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္တာေၾကာင့္ ေမွာ္မိေက်း႐ြာ စတဲ့ ပတ္ဝန္းက်င္႐ြာေတြဘက္ လက္နက္ႀကီးက်ေရာက္လို႔ ေဒသခံေတြ ခဏတာ ေဘးလြတ္ရာကို ေရွာင္ခဲ့ရၿပီး ဒီကေန႔မွာ ႐ြာကို ျပန္လာႏိုင္ၾကၿပီလို႔ ေျပာပါတယ္။

တိုက္ပြဲျဖစ္ၿပီးတဲ့ေနာက္ ဇြန္လ ၂၈ ရက္ ဒီကေန႔မွာ စစ္ေကာင္စီတပ္ေတြ အင္အား ျဖည့္တင္းလာတယ္လို႔ ေဒသခံေတြကေျပာပါတယ္။ အဲဒီေနာက္မွာေတာ့ ပုေလာၿမိဳ႕နယ္ေတြဘက္ကို စစ္ေကာင္စီက ျဖတ္ေလးျဖတ္ပုံသ႑ာန္နဲ႔ေဆာင္ ႐ြက္လာတယ္လို႔လည္း ေျပာပါတယ္။

“သူက ျဖတ္ေလးျဖတ္နဲ႔ အမတို႔ကို ျဖတ္ထားတာေလ။ ေထာက္ပို႔လမ္းေၾကာင္းေတြ ျဖတ္ထားတယ္။ ဆီေတြ ျဖတ္ထားတယ္။ ဆီဆိုင္ေတြ ပိတ္ထားတယ္။ ေနာက္ၿပီးေတာ့ ဆန္ေတြ ဝယ္ဖို႔ဆိုတာေတြကအစေပါ့ေနာ္၊ သူတို႔က အိမ္ေထာင္တစုမွာ ဆန္တအိတ္ေပါ့ေနာ္၊ ဆန္တအိတ္ပဲ ဝယ္ခြင့္ ေပးထားတာ။ ဒီထက္ပိုၿပီးေတာ့ ဝယ္ယူခြင့္ ပိတ္ပင္ထားတယ္ေပ့ါ။ အကုန္လုံး ႐ြာစဥ္႐ြာတိုင္း တၿမိဳ႕နယ္လုံးကို သူတို႔က ေသာင္းက်န္းၿပီးေတာ့၊ ေမႊေႏွာက္ၿပီးေတာ့ အဲ့လိုေတြလုပ္ထားတာ။ ဒီထဲကို ဝင္ၿပီးေတာ့ ေထာက္ပို႔လမ္းေၾကာင္းေတြ သူတို႔အကုန္ပိတ္ထားတာေပါ့ေနာ္။ ေနာက္ၿပီးေတာ့ သူတို႔ကင္းေတြ ပိုၿပီးေတာ့ ခ်ထားတာ။ အင္အားေတြ ထပ္တိုးထားတယ္။ ေနာက္ၿပီးေတာ့ သူတို႔ဘက္ မိုင္းကို ေၾကာက္တဲ့အခါက်ေတာ့ အမတို႔ နယ္ေျမထဲ သူတို႔ဝင္လို႔မရဘူး။ ဝင္လို႔မရတဲ့အခါက်ေတာ့ အေဝးကေနၿပီးေတာ့ အဲ့လက္နက္ႀကီးနဲ႔ သူတို႔က လွမ္းလွမ္းၿပီးေတာ့ ထုတာ။ RPG ေတြနဲ႔ ထုတယ္။ ေနာက္ၿပီးေတာ့ 40 ေတြနဲ႔ အဲ့လိုမ်ိဳးေပါ့ေနာ္။ 79 ေတြလည္း ထုတာေပါ့။ အေျမာက္ေတြနဲ႔လည္း ပစ္တယ္ေပါ့။ အဲ့လိုပုံစံနဲ႔ သူက လုပ္ေနတာ။”

စစ္ေကာင္စီတပ္နဲ႔ ပုေလာကာကြယ္ပူးေပါင္းအဖြဲ႕ေတြၾကား တိုက္ပြဲေၾကာင့္ အိုးပစ္အိမ္ပစ္ စစ္ေရွာင္ေနရတဲ့ ေဒသခံ ၁,၄၀၀ ထက္ မနည္းရွိေနၿပီး အခုဆိုရင္ ေတာေတာင္ေတြထဲ တိမ္းေရွာင္ေနတဲ့ သူေတြအတြက္ အစားအေသာက္၊ ေဆးဝါးေတြ လိုအပ္ေနပါတယ္။ ဒါအျပင္ PDF နဲ႔ စစ္ေရွာင္ေတြကို ေထာက္ပံ့တယ္ဆိုတဲ့ စြပ္စြဲမႈနဲ႔ စစ္ေကာင္စီက ၿမိဳ႕ေပၚကလူေတြကို ဖမ္းဆီးႏွိပ္စက္ၿပီး ေငြညႇစ္ေတာင္းခံတာမ်ိဳးရွိတယ္လို႔ ပုေလာကာကြယ္ေရးတပ္က ေျပာပါတယ္။ လတ္တေလာ ပုေလာတိုက္ပြဲနဲ႔ ဖမ္းဆီးႏွိပ္စက္မႈနဲ႔ ပတ္သက္လို႔ စစ္ေကာင္စီဘက္က တစုံတရာထုတ္ျပန္ ေျပာဆိုတာမ်ိဳး မေတြ႕ရေသးပါဘူး။

တိုက္႐ိုက္ လင့္ခ္

================

{{Unicode}}

ပုလောမြို့နယ်တွင်းတိုက်ပွဲကြောင့် ရိက္ခာသယ်လမ်းကြောင်း ပိတ်ဆို့ထား

တနင်္သာရီတိုင်း ပုလောမြို့နယ် နန်းတောင်ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ပုလောကာကွယ်ရေးပူးပေါင်းအဖွဲ့တွေကြား မနေ့က တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ တိုက်ပွဲဖြစ်နေတဲ့ ပုလောနယ်တွေဘက် စစ်ကောင်စီတပ်တွေက ရိက္ခာသယ်ယူမှုလမ်းကြောင်းတွေ ပိတ်ဆို့ထားပြီး ဒေသခံတွေဟာ လောင်စာဆီနဲ့ စားသောက်ကုန်တွေကို အကန့်အသတ်နဲ့ ဝယ်ယူနေကြရပါတယ်။ ပုလောနယ်တခွင် စစ်ကောင်စီက ဖြတ်လေးဖြတ် ပုံဏ္ဍာန်ဆောင်ရွက်နေတဲ့အကြောင်း ရန်ကုန်ကပေးပို့တဲ့သတင်း မဆုမွန်က တင်ပြပေးထားပါတယ်။

ပုလောမြို့နယ် နန်းတောင်ကျေးရွာမှာ တပ်စွဲနေထိုင်တဲ့ စစ်ကောင်စီတပ်တွေကို ပုလောကာကွယ်ရေး ပူးပေါင်းအဖွဲ့က ဇွန်လ ၂၇ ရက်၊ မနေ့က သွားရောက်တိုက်ခိုက်ခဲ့ပြီး နှစ်ဘက်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ပုလော ပြည်သူ့ကာကွယ်ရေးတပ် ပြန်ကြားရေးတာဝန်ခံတဦးက ဗွီအိုအေကို ပြောပါတယ်။

“မနေ့က မနေ့ ၆ နာရီမှာ စဖြစ်တာ၊ ရွာအစွန်လးမှာ ဖြစ်တာပေါ့နော်။ သူတို့က ဒီနန်းတောင်ရွာမှာ တပ်စွဲထားတာ။ အဲ့ဒါ ကျနော်တို့ ပြန်သွားပစ်တာပေါ့၊ အဲ့ကနေတိုက်ပွဲဖြစ်တာပါ။ လက်နက်ကြီးကလေ သူတို့ တိုက်ပွဲဖြစ်နေတဲ့အချိန်မှာလည်း ပစ်တယ်။ တိုက်ပွဲဖြစ်ပြီး အချိန်တော်တော်ကြာတဲ့အထိပေါ့နော်- သူတို့က လက်နက်ကြီးနဲ့ ရမ်းပြီးတော့ ပစ်နေတယ်။ ညကလည်းပဲ လက်နက်ကြီးနဲ့ ရမ်းပြီးတော့ သူတို့ပစ်သေးတာပေ့ါနော်။”

စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် မှော်မိကျေးရွာ စတဲ့ ပတ်ဝန်းကျင်ရွာတွေဘက် လက်နက်ကြီးကျရောက်လို့ ဒေသခံတွေ ခဏတာ ဘေးလွတ်ရာကို ရှောင်ခဲ့ရပြီး ဒီကနေ့မှာ ရွာကို ပြန်လာနိုင်ကြပြီလို့ ပြောပါတယ်။

တိုက်ပွဲဖြစ်ပြီးတဲ့နောက် ဇွန်လ ၂၈ ရက် ဒီကနေ့မှာ စစ်ကောင်စီတပ်တွေ အင်အား ဖြည့်တင်းလာတယ်လို့ ဒေသခံတွေကပြောပါတယ်။ အဲဒီနောက်မှာတော့ ပုလောမြို့နယ်တွေဘက်ကို စစ်ကောင်စီက ဖြတ်လေးဖြတ်ပုံသဏ္ဍာန်နဲ့ဆောင် ရွက်လာတယ်လို့လည်း ပြောပါတယ်။

“သူက ဖြတ်လေးဖြတ်နဲ့ အမတို့ကို ဖြတ်ထားတာလေ။ ထောက်ပို့လမ်းကြောင်းတွေ ဖြတ်ထားတယ်။ ဆီတွေ ဖြတ်ထားတယ်။ ဆီဆိုင်တွေ ပိတ်ထားတယ်။ နောက်ပြီးတော့ ဆန်တွေ ဝယ်ဖို့ဆိုတာတွေကအစပေါ့နော်၊ သူတို့က အိမ်ထောင်တစုမှာ ဆန်တအိတ်ပေါ့နော်၊ ဆန်တအိတ်ပဲ ဝယ်ခွင့် ပေးထားတာ။ ဒီထက်ပိုပြီးတော့ ဝယ်ယူခွင့် ပိတ်ပင်ထားတယ်ပေ့ါ။ အကုန်လုံး ရွာစဉ်ရွာတိုင်း တမြို့နယ်လုံးကို သူတို့က သောင်းကျန်းပြီးတော့၊ မွှေနှောက်ပြီးတော့ အဲ့လိုတွေလုပ်ထားတာ။ ဒီထဲကို ဝင်ပြီးတော့ ထောက်ပို့လမ်းကြောင်းတွေ သူတို့အကုန်ပိတ်ထားတာပေါ့နော်။ နောက်ပြီးတော့ သူတို့ကင်းတွေ ပိုပြီးတော့ ချထားတာ။ အင်အားတွေ ထပ်တိုးထားတယ်။ နောက်ပြီးတော့ သူတို့ဘက် မိုင်းကို ကြောက်တဲ့အခါကျတော့ အမတို့ နယ်မြေထဲ သူတို့ဝင်လို့မရဘူး။ ဝင်လို့မရတဲ့အခါကျတော့ အဝေးကနေပြီးတော့ အဲ့လက်နက်ကြီးနဲ့ သူတို့က လှမ်းလှမ်းပြီးတော့ ထုတာ။ RPG တွေနဲ့ ထုတယ်။ နောက်ပြီးတော့ 40 တွေနဲ့ အဲ့လိုမျိုးပေါ့နော်။ 79 တွေလည်း ထုတာပေါ့။ အမြောက်တွေနဲ့လည်း ပစ်တယ်ပေါ့။ အဲ့လိုပုံစံနဲ့ သူက လုပ်နေတာ။”

စစ်ကောင်စီတပ်နဲ့ ပုလောကာကွယ်ပူးပေါင်းအဖွဲ့တွေကြား တိုက်ပွဲကြောင့် အိုးပစ်အိမ်ပစ် စစ်ရှောင်နေရတဲ့ ဒေသခံ ၁,၄၀၀ ထက် မနည်းရှိနေပြီး အခုဆိုရင် တောတောင်တွေထဲ တိမ်းရှောင်နေတဲ့ သူတွေအတွက် အစားအသောက်၊ ဆေးဝါးတွေ လိုအပ်နေပါတယ်။ ဒါအပြင် PDF နဲ့ စစ်ရှောင်တွေကို ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲမှုနဲ့ စစ်ကောင်စီက မြို့ပေါ်ကလူတွေကို ဖမ်းဆီးနှိပ်စက်ပြီး ငွေညှစ်တောင်းခံတာမျိုးရှိတယ်လို့ ပုလောကာကွယ်ရေးတပ်က ပြောပါတယ်။ လတ်တလော ပုလောတိုက်ပွဲနဲ့ ဖမ်းဆီးနှိပ်စက်မှုနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစုံတရာထုတ်ပြန် ပြောဆိုတာမျိုး မတွေ့ရသေးပါဘူး။

XS
SM
MD
LG