သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဖယ္ခုံအေရွ႕ျခမ္းတိုက္ပြဲျဖစ္ပြား


ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ဖယ္ခံုၿမိဳ႕ (Crd: Wikipia)

[[Zawgyi/Unicode]]

ရွမ္းျပည္ေတာင္ပိုင္း ဖယ္ခုံၿမိဳ႕နယ္အေရွ႕ျခမ္းမွာ စစ္ေကာင္စီနဲ႔ ဖယ္ခုံ PDF တပ္ရင္း (၂) အဖြဲ႕ေတြၾကား ဇူလိုင္ ၁၃ ရက္ ေန႔ခင္းပိုင္းေလာက္က တိုက္ပြဲ ၂ ႀကိမ္ျဖစ္ ပြားခဲ့ေပမယ့္ ေဒသခံေတြ အထိအခိုက္ေတာ့မရွိပါဘူး။ ဒါေပမယ့္လည္း ေဒသတြင္း စစ္ေျပးဒုကၡသည္ ၄,၀၀၀ ေက်ာ္ရွိတဲ့အထဲ လူ ၁,၀၀၀ ေလာက္က ရာသီတုပ္ေကြးနဲ႔ ဝမ္းေရာဂါေတြျဖစ္ၾကၿပီး ေဆးဝါးလိုအပ္ခ်က္ေနတယ္လို႔ က်န္းမာေရးဝန္ထမ္းေတြကေျပာပါတယ္။ ရန္ကုန္ကေပးပို႔ထားတဲ့သတင္းကို မဆုမြန္က တင္ျပေပးထားပါတယ္။

ဖယ္ခုံၿမိဳ႕နယ္အေရွ႕ျခမ္း ေဆာင္နန္းခဲေက်း႐ြာအနီးမွာ မေန႔ ေန႔ခင္းပိုင္းေလာက္ က တိုက္ပြဲျဖစ္ေနၿပီး လက္နက္ႀကီး လက္နက္ငယ္ ပစ္ခတ္သံေတြ ၾကားေနရတယ္လို႔ ေဒသခံေတြကေျပာပါတယ္။ ေက်း႐ြာအနီးအနားမွာ တပ္စြဲအထိုင္ခ်တဲ့ စစ္ေကာင္စီတပ္စခန္းေတြကို ေျပာက္က်ားနည္းနဲ႔ သြားေရာက္တိုက္ခိုက္ရာကေန ေဆာင္နန္းခဲေက်း႐ြာနဲ႔ လြယ္မကူးေတာင္မွာ တိုက္ပြဲ ၂ ႀကိမ္ျဖစ္ပြားခဲ့ေၾကာင္း ဖယ္ခုံ PDF တပ္ရင္း (၂) တာဝန္ရွိသူတဦးက အတည္ျပဳေျပာပါတယ္။

“လြန္ခဲ့တဲ့ ႏွစ္လကတည္းက သူတို႔က ဒီမွာ စစ္ေၾကာင္းထိုးလာၿပီးေတာ့ အဲ့စစ္ေၾကာင္းေတြ မျပန္ဘဲနဲ႔ တပ္စခန္းေတြထိုင္းၿပီးေတာ့ က်န္ခဲ့တဲ့ က်န္ခဲ့တဲ့ စခန္းေတြကို က်ေနာ္တို႔ PDF တပ္ရင္း (၂) က ေျပာက္က်ားဝင္တိုက္လို႔ တိုက္ပြဲျဖစ္တာဗ်။ က်ေနာ္တို႔ဆီက ေျပာက္က်ားဝင္ၿပီးေတာ့ အနီး နည္းနည္း သူတို႔မျမင္ေအာင္ တက္သြားၿပီးေတာ့မွ အနီးကပ္တိုက္ပြဲျဖစ္ၾကတယ္ေပါ့။ အဲ့လိုျဖစ္ၿပီးမွ ဖယ္ခုံမွာရွိတဲ့ တပ္ေပါ့။ စကစ ၇ ကေနၿပီးေတာ့ လက္နက္ႀကီးပစ္ကူတာေတြရွိတယ္ဗ်။ အဲ့ဒါၿပီးေတာ့ က်ေနာ္တို႔လည္း ျမန္ျမန္ပစ္ၿပီးေတာ့ ေနာက္ကိုျပန္ဆုတ္လာတယ္ဗ်။ လြယ္မကူးေတာင္မွာလည္းပဲ တိုက္ပြဲျဖစ္လိုက္ေသးတယ္။ လြယ္မကူးေတာင္မွာလည္း က်ေနာ္တို႔က ေထာက္တဲ့အေနနဲ႔ အဲ့ဒီတခ်ိန္တည္းပဲ တိုက္ပြဲျဖစ္တယ္၊ ျဖစ္ၿပီးေတာ့ လက္နက္ႀကီးေတြ အျပန္အလွန္ပစ္တာေတြ ရွိတယ္။”

ေဆာင္နန္းခဲ႐ြာအနီး တိုက္ပြဲမွာေတာ့ စစ္ေကာင္စီဘက္က ၅ ဦးေသဆုံးခဲ့ၿပီး ထိခိုက္ဒဏ္ရာရရွိသူလည္း ရွိတယ္လို႔ ဆိုပါတယ္။ ဒီေသဆုံးမႈနဲ႔ ပတ္သက္လို႔ VOA က သီးျခားအတည္မျပဳႏိုင္ေသးပါဘူး။ တိုက္ပြဲအေျခအေနေမးျမန္းဖို႔ စစ္ေကာင္ စီ ေျပာခြင့္ရသူကိုလည္း ဆက္သြယ္လို႔မရခဲ့ပါဘူး။

ဖယ္ခုံၿမိဳ႕နယ္ဘက္ကို စစ္ေကာင္စီက စစ္ေၾကာင္းဆင္လာတာေၾကာင့္ ၿပီးခဲ့တဲ့ ေမလ ၁၂ ရက္ေန႔ေနာက္ပိုင္းကေဆာင္နန္းခဲေက်း႐ြာေတြမွာ ရက္ဆက္တိုက္ပြဲျပင္းထန္ခဲ့ၿပီး ေက်း႐ြာအေတာ္မ်ားမ်ားက ေဒသခံေတြ ႐ြာလုံးကြၽတ္ ေဘးလြတ္ရာကို ထြက္ေျပးေနၾကတာပါ။ ႏွစ္ဖက္ တိုက္ပြဲမရွိတဲ့အခ်ိန္လည္း စစ္ေကာင္စီဘက္ က လက္နက္ႀကီးေတြနဲ႔ ဦးတည္ရာမရွိ မၾကာမၾကာပစ္ခတ္ေနတာမို႔ ေဒသခံေတြ အခုခ်ိန္ထိ ေနရပ္ကို မျပန္ႏိုင္ၾကေသးဘူးလို႔ က်န္းမာေရးဝန္ထမ္းတဦးကေျပာပါတယ္။

ဖယ္ခုံၿမိဳ႕နယ္ အေရွ႕ျခမ္းမွာ စစ္ေျပးဒုကၡသည္ ၄,၀၀၀ ေက်ာ္ရွိေနၿပီး အဲ့ဒီထဲက လူ ၁,၀၀၀ ေလာက္ဟာ ရာသီတုပ္ေကြးေရာဂါ ဝမ္းေရာဂါ ျဖစ္ေနၾကၿပီး ေဆးဝါးနဲ႔ အစားေသာက္ေတြ လိုအပ္ေနတာလို႔လည္း က်န္းမာေရးဆရာမက ေျပာပါတယ္။

“က်မတို႔ ဖယ္ခုံအေရွ႕ဘက္က စစ္ေဘးေရွာင္လူဦးေရ ေနာင္လံအုပ္စုတခုထဲေတာင္မွ လူ ၁,၀၀၀ ေက်ာ္ေလာက္ေတာ့ ရွိတယ္ေလ။ အကုန္လုံးဆိုလို႔ရွိရင္ ၄,၀၀၀ ၊ ၅,၀၀၀ နီးပါးေလာက္ရွိတယ္ေပါ့ေနာ္။ အနည္းဆုံး လူ ၁,၀၀၀ နီးပါးေလာက္ေတာ့ တုပ္ေကြးနဲ႔ ဝမ္းေလွ်ာဝမ္းပ်က္ေပါ့ေနာ္ အဲ့ဒီလကၡဏာ ခပ္မ်ားမ်ားေတြ႕ရတယ္ေပါ့ေနာ္။ လိုအပ္ခ်က္ေတာ့ ရွိတယ္ရွင္။ အမ်ားႀကီးရွိတယ္။ စားဝတ္ေနေရးရယ္၊ ေဆးဝါးရယ္ေပါ့ေနာ္။ ေဆးဝါးရႏိုင္ခဲ့မယ္ဆိုလို႔ရွိရင္ေတာ့ လက္လွမ္းမွီသေလာက္ ေနာင္လံ ပံ့ပိုးေပးဖို႔ေပါ့ေနာ္။”

ၿပီးခဲ့တဲ့ ေမလ တိုက္ပြဲ ကေန လက္ရွိအခုခ်ိန္ထိ စစ္ေကာင္စီက ေက်း႐ြာေတြမွာ တပ္စြဲေနရာယူထားလို႔ ေåဒသခံေတြ ေနရပ္ကို ျပန္မလာႏိုင္ဘဲ စိုက္ပ်ိဳးေရးလုပ္ငန္းေတြလည္း မလုပ္ေဆာင္ႏိုင္ၾကပါဘူး။ ေတာင္သူေတြက မိုးစပါးမစိုက္ပ်ိဳးႏိုင္ဘူးဆိုရင္ ေနာင္လာမယ့္ႏွစ္ေတြအတြက္ စားနပ္ရိကၡာ ပိုမိုခက္ခဲလာမွာကို စိုးရိမ္ေနၾကပါတယ္။

ဖယ္ခုံအေရွ႕ျခမ္းတိုက္ပြဲျဖစ္ပြား.mp3
please wait

No media source currently available

0:00 0:03:19 0:00
တိုက္႐ိုက္ လင့္ခ္

==========

[[Unicode]]

ဖယ်ခုံအရှေ့ခြမ်းတိုက်ပွဲဖြစ်ပွား


ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်အရှေ့ခြမ်းမှာ စစ်ကောင်စီနဲ့ ဖယ်ခုံ PDF တပ်ရင်း (၂) အဖွဲ့တွေကြား ဇူလိုင် ၁၃ ရက် နေ့ခင်းပိုင်းလောက်က တိုက်ပွဲ ၂ ကြိမ်ဖြစ် ပွားခဲ့ပေမယ့် ဒေသခံတွေ အထိအခိုက်တော့မရှိပါဘူး။ ဒါပေမယ့်လည်း ဒေသတွင်း စစ်ပြေးဒုက္ခသည် ၄,၀၀၀ ကျော်ရှိတဲ့အထဲ လူ ၁,၀၀၀ လောက်က ရာသီတုပ်ကွေးနဲ့ ဝမ်းရောဂါတွေဖြစ်ကြပြီး ဆေးဝါးလိုအပ်ချက်နေတယ်လို့ ကျန်းမာရေးဝန်ထမ်းတွေကပြောပါတယ်။ ရန်ကုန်ကပေးပို့ထားတဲ့သတင်းကို မဆုမွန်က တင်ပြပေးထားပါတယ်။

ဖယ်ခုံမြို့နယ်အရှေ့ခြမ်း ဆောင်နန်းခဲကျေးရွာအနီးမှာ မနေ့ နေ့ခင်းပိုင်းလောက် က တိုက်ပွဲဖြစ်နေပြီး လက်နက်ကြီး လက်နက်ငယ် ပစ်ခတ်သံတွေ ကြားနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။ ကျေးရွာအနီးအနားမှာ တပ်စွဲအထိုင်ချတဲ့ စစ်ကောင်စီတပ်စခန်းတွေကို ပြောက်ကျားနည်းနဲ့ သွားရောက်တိုက်ခိုက်ရာကနေ ဆောင်နန်းခဲကျေးရွာနဲ့ လွယ်မကူးတောင်မှာ တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားခဲ့ကြောင်း ဖယ်ခုံ PDF တပ်ရင်း (၂) တာဝန်ရှိသူတဦးက အတည်ပြုပြောပါတယ်။

“လွန်ခဲ့တဲ့ နှစ်လကတည်းက သူတို့က ဒီမှာ စစ်ကြောင်းထိုးလာပြီးတော့ အဲ့စစ်ကြောင်းတွေ မပြန်ဘဲနဲ့ တပ်စခန်းတွေထိုင်းပြီးတော့ ကျန်ခဲ့တဲ့ ကျန်ခဲ့တဲ့ စခန်းတွေကို ကျနော်တို့ PDF တပ်ရင်း (၂) က ပြောက်ကျားဝင်တိုက်လို့ တိုက်ပွဲဖြစ်တာဗျ။ ကျနော်တို့ဆီက ပြောက်ကျားဝင်ပြီးတော့ အနီး နည်းနည်း သူတို့မမြင်အောင် တက်သွားပြီးတော့မှ အနီးကပ်တိုက်ပွဲဖြစ်ကြတယ်ပေါ့။ အဲ့လိုဖြစ်ပြီးမှ ဖယ်ခုံမှာရှိတဲ့ တပ်ပေါ့။ စကစ ၇ ကနေပြီးတော့ လက်နက်ကြီးပစ်ကူတာတွေရှိတယ်ဗျ။ အဲ့ဒါပြီးတော့ ကျနော်တို့လည်း မြန်မြန်ပစ်ပြီးတော့ နောက်ကိုပြန်ဆုတ်လာတယ်ဗျ။ လွယ်မကူးတောင်မှာလည်းပဲ တိုက်ပွဲဖြစ်လိုက်သေးတယ်။ လွယ်မကူးတောင်မှာလည်း ကျနော်တို့က ထောက်တဲ့အနေနဲ့ အဲ့ဒီတချိန်တည်းပဲ တိုက်ပွဲဖြစ်တယ်၊ ဖြစ်ပြီးတော့ လက်နက်ကြီးတွေ အပြန်အလှန်ပစ်တာတွေ ရှိတယ်။”

ဆောင်နန်းခဲရွာအနီး တိုက်ပွဲမှာတော့ စစ်ကောင်စီဘက်က ၅ ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူလည်း ရှိတယ်လို့ ဆိုပါတယ်။ ဒီသေဆုံးမှုနဲ့ ပတ်သက်လို့ VOA က သီးခြားအတည်မပြုနိုင်သေးပါဘူး။ တိုက်ပွဲအခြေအနေမေးမြန်းဖို့ စစ်ကောင် စီ ပြောခွင့်ရသူကိုလည်း ဆက်သွယ်လို့မရခဲ့ပါဘူး။

ဖယ်ခုံမြို့နယ်ဘက်ကို စစ်ကောင်စီက စစ်ကြောင်းဆင်လာတာကြောင့် ပြီးခဲ့တဲ့ မေလ ၁၂ ရက်နေ့နောက်ပိုင်းကဆောင်နန်းခဲကျေးရွာတွေမှာ ရက်ဆက်တိုက်ပွဲပြင်းထန်ခဲ့ပြီး ကျေးရွာအတော်များများက ဒေသခံတွေ ရွာလုံးကျွတ် ဘေးလွတ်ရာကို ထွက်ပြေးနေကြတာပါ။ နှစ်ဖက် တိုက်ပွဲမရှိတဲ့အချိန်လည်း စစ်ကောင်စီဘက် က လက်နက်ကြီးတွေနဲ့ ဦးတည်ရာမရှိ မကြာမကြာပစ်ခတ်နေတာမို့ ဒေသခံတွေ အခုချိန်ထိ နေရပ်ကို မပြန်နိုင်ကြသေးဘူးလို့ ကျန်းမာရေးဝန်ထမ်းတဦးကပြောပါတယ်။

ဖယ်ခုံမြို့နယ် အရှေ့ခြမ်းမှာ စစ်ပြေးဒုက္ခသည် ၄,၀၀၀ ကျော်ရှိနေပြီး အဲ့ဒီထဲက လူ ၁,၀၀၀ လောက်ဟာ ရာသီတုပ်ကွေးရောဂါ ဝမ်းရောဂါ ဖြစ်နေကြပြီး ဆေးဝါးနဲ့ အစားသောက်တွေ လိုအပ်နေတာလို့လည်း ကျန်းမာရေးဆရာမက ပြောပါတယ်။

“ကျမတို့ ဖယ်ခုံအရှေ့ဘက်က စစ်ဘေးရှောင်လူဦးရေ နောင်လံအုပ်စုတခုထဲတောင်မှ လူ ၁,၀၀၀ ကျော်လောက်တော့ ရှိတယ်လေ။ အကုန်လုံးဆိုလို့ရှိရင် ၄,၀၀၀ ၊ ၅,၀၀၀ နီးပါးလောက်ရှိတယ်ပေါ့နော်။ အနည်းဆုံး လူ ၁,၀၀၀ နီးပါးလောက်တော့ တုပ်ကွေးနဲ့ ဝမ်းလျှောဝမ်းပျက်ပေါ့နော် အဲ့ဒီလက္ခဏာ ခပ်များများတွေ့ရတယ်ပေါ့နော်။ လိုအပ်ချက်တော့ ရှိတယ်ရှင်။ အများကြီးရှိတယ်။ စားဝတ်နေရေးရယ်၊ ဆေးဝါးရယ်ပေါ့နော်။ ဆေးဝါးရနိုင်ခဲ့မယ်ဆိုလို့ရှိရင်တော့ လက်လှမ်းမှီသလောက် နောင်လံ ပံ့ပိုးပေးဖို့ပေါ့နော်။”

ပြီးခဲ့တဲ့ မေလ တိုက်ပွဲ ကနေ လက်ရှိအခုချိန်ထိ စစ်ကောင်စီက ကျေးရွာတွေမှာ တပ်စွဲနေရာယူထားလို့ ေåဒသခံတွေ နေရပ်ကို ပြန်မလာနိုင်ဘဲ စိုက်ပျိုးရေးလုပ်ငန်းတွေလည်း မလုပ်ဆောင်နိုင်ကြပါဘူး။ တောင်သူတွေက မိုးစပါးမစိုက်ပျိုးနိုင်ဘူးဆိုရင် နောင်လာမယ့်နှစ်တွေအတွက် စားနပ်ရိက္ခာ ပိုမိုခက်ခဲလာမှာကို စိုးရိမ်နေကြပါတယ်။

XS
SM
MD
LG