သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဟားခါး-ဖလမ္းအၾကား တိုက္ပြဲေတြေၾကာင့္ ေဒသခံေတြတိမ္းေရွာင္


Chin ethnics group IDPs hiding in the forest

[[Zawgyi/Unicode]]

ခ်င္းျပည္နယ္၊ ဟားခါး - ဖလမ္းၾကားက ခြၽန္က်ဳံးေက်း႐ြာအနီးတဝိုက္မွာ ခ်င္း ကာကြယ္ေရးတပ္နဲ႔ စစ္ေကာင္စီၾကားတိုက္ပြဲျဖစ္ပြားေနၿပီး လူေနအိမ္ေတြ မီးရႈိ႕ခံေနရတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ စစ္ေကာင္စီတပ္ ႐ြာထဲမွာရွိေနလို႔ ႐ြာလုံးကြၽတ္ထြက္ေျပးေနရတယ္လို႔လည္း ေျပာပါတယ္။ ဒီအေၾကာင္း ရန္ကုန္က ေပးပို႔ထားတဲ့သတင္း မဆုမြန္က တင္ျပေပးထားပါတယ္။

ခ်င္းျပည္နယ္၊ ဟားခါး နဲ႔ ဖလမ္းၾကားက ခြၽန္က်ဳံးေက်း႐ြာမွာ ဇူလိုင္လ ၁၄ ရက္၊ မေန႔ညကတည္းက လူေနအိမ္ေတြကို စစ္ေကာင္စီဘက္က မီးရႈိ႕ေနၿပီး ဒီကေန႔ ေန႔လည္အခ်ိန္ထိ မီးေလာင္ေနတုန္းပဲလို႔ ေဒသခံေတြက ေျပာပါတယ္။ လူေနအိမ္ေျခ ၂၀ ဝန္းက်င္ မီးရႈိ႕ခံရၿပီး စစ္သားေတြ ေရာက္မလာခင္ကတည္းက တ႐ြာလုံးထြက္ေျပးေနၾကရတယ္လို႔ ခ်င္းလူ႔အခြင့္အေရးအဖြဲ႔ CHRO အမႈေဆာင္ဒါ႐ိုက္တာ ဆလိုင္းဇာအုပ္က ေျပာပါတယ္။

"အိမ္ေျခေပါင္း ၂၀ ေလာက္ေတာ့ မီးေလာင္သြားၿပီ။ တ႐ြာလုံး ထြက္ေျပးသြားၾကတာ။ စစ္ေကာင္စီလာမွာ သတင္းၾကားၿပီးေတာ့ ေဒသခံေတြ တခါတည္းထြက္ သြားၾကတာ။"

ခ်င္းျပည္နယ္၊ လိုင္လင္းမီၿမိဳ႕နယ္ကေန မတူပီၿမိဳ႕နယ္ဘက္ ခ်ီတက္လာတဲ့ စစ္ေကာင္စီတပ္ေတြနဲ႔ ခ်င္းကာကြယ္ေရးတပ္ေတြၾကား ဇူလိုင္လ ၆ ရက္ေန႔ကတည္းက တိုက္ပြဲျဖစ္ပြားေနတာပါ။ အဲဒီကေန တဆင့္ခ်င္းစီ စစ္ေကာင္စီက နယ္ေျမရွင္းလင္းေရးဝင္လာၿပီး ဇူလိုင္လ ၁၄ ရက္ မေန႔ညကစၿပီး ခြၽန္က်ဳံး႐ြာအဝင္မွာ ႏွစ္ဖက္တိုက္ပြဲ ျဖစ္ခဲ့တယ္လို႔ Chinland Joint Defense Committee ရဲ႕ ေျပာေရးဆိုခြင့္ရွိသူက ေျပာပါတယ္။

"စစ္ေကာင္စီေတြက ခြၽန္က်ဳံး႐ြာအဝင္မွာပဲ အိပ္တယ္။ ဒီမနက္ကေနစၿပီးေတာ့ က်ေနာ္တို႔နဲ႔ စပစ္တယ္ေပါ့။ သူတို႔ဘက္ကေတာ့ ဒီေန႔နဲ႔ဆို ၈ ရက္တိုက္ပြဲအတြင္းမွာေတာ့ လူေပါင္း ၇၀ ေလာက္က်တယ္။ သူတို႔ရဲ႕အေလာင္းေတြ၊ ပစၥည္းက်န္ခဲ့တာေတြက က်ေနာ္တို႔ဆီမွာ ေဒတာေတြအကုန္လုံးရွိပါတယ္။ မေန႔ညကဆိုရင္လည္း က်ေနာ္တို႔ ၇ နာရီအထိ တိုက္တဲ့အခ်ိန္မွာ သူတို႔အိမ္ထဲမွာ အေလာင္းထားၿပီး မီးရႈိ႕တဲ့ဟာကို က်ေနာ္တို႔တပ္သားေတြ မ်က္ျမင္ေတြ႕တာလည္းရွိတယ္။ ေလာေလာဆယ္အထိကေတာ့ က်ေနာ္တို႔ဘက္က အက်အဆုံး ၁ ေယာက္ပဲရွိတယ္။ အေသးစားဒဏ္ရာရတာက ၉ ေယာက္၊ အႀကီးစားဒဏ္ရာရသူက ၁ ေယာက္ပဲရွိတယ္။"

တိုက္ပြဲျဖစ္ပြားတဲ့ လမ္းေၾကာင္းတေလွ်ာက္မွာ ေဒသခံေတြ ထြက္ေျပးတိမ္းေရွာင္ေနရတယ္လို႔ဆိုပါတယ္။ အခုလည္း ခြၽန္က်ဳံးေက်း႐ြာအနား တိုက္ပြဲျဖစ္ပြားေနလို႔ ေဒသခံေတြ ေရွာင္တိမ္းၾကရတယ္လို႔ CJDC ေျပာေရးဆိုခြင့္ရွိသူက ေျပာပါတယ္။

"သူတို႔ကေတာ့ ကေလးဘက္ကေန ဖလမ္း၊ ဖလမ္းဘက္ကေန ဟားခါး။ အဲဒီလို တဆင့္ၿပီးေတာ့ တဆင့္သြားတာေပါ့ေနာ္။ မေန႔ညကေနစၿပီးေတာ့ ဒီေန႔အထိျဖစ္တာကေတာ့ ခြၽန္က်ဳံးနားတဝိုက္မွာ ျဖစ္ေနတဲ့အေနအထားရွိတယ္။ ခြၽန္က်ဳံးကို သူတို႔ကပစ္မွတ္ထားတာ မဟုတ္ဘဲနဲ႔ သူတို႔ဘက္က အက်အရႈံးမ်ားတယ္ဆိုရင္ေတာ့ သူတို႔က မီးရႈိ႕တဲ့ပုံစံျဖစ္ေနတယ္။ ခြၽန္က်ဳံးကလည္း ေတာ္ေတာ္လည္းႀကီးတဲ့႐ြာေပါ့ေနာ္။ လမ္းေဘးမွာရွိတဲ့ ႐ြာျဖစ္တဲ့အတြက္ေၾကာင့္ သူတို႔က အက်အဆုံးတခုခုရွိတယ္ဆို အဲလိုက်ဆုံးတဲ့ဟာနဲ႔ အိမ္နဲ႔ တခါတည္းမီးရႈိ႕တဲ့ပုံစံမ်ိဳးျဖစ္တယ္။"

ခ်င္းျပည္နယ္မွာ ျဖစ္ပြားေနတဲ့တိုက္ပြဲေတြနဲ႔ ပတ္သက္လို႔ စစ္ေကာင္စီဘက္ကေတာ့ တစုံတရာထုတ္ျပန္တာ မရွိေသးပါဘူး။ ဟားခါးကာကြယ္ေရးအင္အားစုကေတာ့ ဒီကေန႔ ဇူလိုင္လ ၁၅ ရက္ေန႔မွာ စစ္ေကာင္စီတပ္နဲ႔ တိုက္ပြဲဝင္ရင္း သူတို႔ဘက္က တဦးက်ဆုံးခဲ့တယ္လို႔ ထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

===============

[[Unicode]]

ဟားခါး-ဖလမ်းအကြား တိုက်ပွဲတွေကြောင့် ဒေသခံတွေတိမ်းရှောင်

ချင်းပြည်နယ်၊ ဟားခါး - ဖလမ်းကြားက ချွန်ကျုံးကျေးရွာအနီးတဝိုက်မှာ ချင်း ကာကွယ်ရေးတပ်နဲ့ စစ်ကောင်စီကြားတိုက်ပွဲဖြစ်ပွားနေပြီး လူနေအိမ်တွေ မီးရှို့ခံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီတပ် ရွာထဲမှာရှိနေလို့ ရွာလုံးကျွတ်ထွက်ပြေးနေရတယ်လို့လည်း ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်က ပေးပို့ထားတဲ့သတင်း မဆုမွန်က တင်ပြပေးထားပါတယ်။

ချင်းပြည်နယ်၊ ဟားခါး နဲ့ ဖလမ်းကြားက ချွန်ကျုံးကျေးရွာမှာ ဇူလိုင်လ ၁၄ ရက်၊ မနေ့ညကတည်းက လူနေအိမ်တွေကို စစ်ကောင်စီဘက်က မီးရှို့နေပြီး ဒီကနေ့ နေ့လည်အချိန်ထိ မီးလောင်နေတုန်းပဲလို့ ဒေသခံတွေက ပြောပါတယ်။ လူနေအိမ်ခြေ ၂၀ ဝန်းကျင် မီးရှို့ခံရပြီး စစ်သားတွေ ရောက်မလာခင်ကတည်းက တရွာလုံးထွက်ပြေးနေကြရတယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO အမှုဆောင်ဒါရိုက်တာ ဆလိုင်းဇာအုပ်က ပြောပါတယ်။

"အိမ်ခြေပေါင်း ၂၀ လောက်တော့ မီးလောင်သွားပြီ။ တရွာလုံး ထွက်ပြေးသွားကြတာ။ စစ်ကောင်စီလာမှာ သတင်းကြားပြီးတော့ ဒေသခံတွေ တခါတည်းထွက် သွားကြတာ။"

ချင်းပြည်နယ်၊ လိုင်လင်းမီမြို့နယ်ကနေ မတူပီမြို့နယ်ဘက် ချီတက်လာတဲ့ စစ်ကောင်စီတပ်တွေနဲ့ ချင်းကာကွယ်ရေးတပ်တွေကြား ဇူလိုင်လ ၆ ရက်နေ့ကတည်းက တိုက်ပွဲဖြစ်ပွားနေတာပါ။ အဲဒီကနေ တဆင့်ချင်းစီ စစ်ကောင်စီက နယ်မြေရှင်းလင်းရေးဝင်လာပြီး ဇူလိုင်လ ၁၄ ရက် မနေ့ညကစပြီး ချွန်ကျုံးရွာအဝင်မှာ နှစ်ဖက်တိုက်ပွဲ ဖြစ်ခဲ့တယ်လို့ Chinland Joint Defense Committee ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

"စစ်ကောင်စီတွေက ချွန်ကျုံးရွာအဝင်မှာပဲ အိပ်တယ်။ ဒီမနက်ကနေစပြီးတော့ ကျနော်တို့နဲ့ စပစ်တယ်ပေါ့။ သူတို့ဘက်ကတော့ ဒီနေ့နဲ့ဆို ၈ ရက်တိုက်ပွဲအတွင်းမှာတော့ လူပေါင်း ၇၀ လောက်ကျတယ်။ သူတို့ရဲ့အလောင်းတွေ၊ ပစ္စည်းကျန်ခဲ့တာတွေက ကျနော်တို့ဆီမှာ ဒေတာတွေအကုန်လုံးရှိပါတယ်။ မနေ့ညကဆိုရင်လည်း ကျနော်တို့ ၇ နာရီအထိ တိုက်တဲ့အချိန်မှာ သူတို့အိမ်ထဲမှာ အလောင်းထားပြီး မီးရှို့တဲ့ဟာကို ကျနော်တို့တပ်သားတွေ မျက်မြင်တွေ့တာလည်းရှိတယ်။ လောလောဆယ်အထိကတော့ ကျနော်တို့ဘက်က အကျအဆုံး ၁ ယောက်ပဲရှိတယ်။ အသေးစားဒဏ်ရာရတာက ၉ ယောက်၊ အကြီးစားဒဏ်ရာရသူက ၁ ယောက်ပဲရှိတယ်။"

တိုက်ပွဲဖြစ်ပွားတဲ့ လမ်းကြောင်းတလျှောက်မှာ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ဆိုပါတယ်။ အခုလည်း ချွန်ကျုံးကျေးရွာအနား တိုက်ပွဲဖြစ်ပွားနေလို့ ဒေသခံတွေ ရှောင်တိမ်းကြရတယ်လို့ CJDC ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

"သူတို့ကတော့ ကလေးဘက်ကနေ ဖလမ်း၊ ဖလမ်းဘက်ကနေ ဟားခါး။ အဲဒီလို တဆင့်ပြီးတော့ တဆင့်သွားတာပေါ့နော်။ မနေ့ညကနေစပြီးတော့ ဒီနေ့အထိဖြစ်တာကတော့ ချွန်ကျုံးနားတဝိုက်မှာ ဖြစ်နေတဲ့အနေအထားရှိတယ်။ ချွန်ကျုံးကို သူတို့ကပစ်မှတ်ထားတာ မဟုတ်ဘဲနဲ့ သူတို့ဘက်က အကျအရှုံးများတယ်ဆိုရင်တော့ သူတို့က မီးရှို့တဲ့ပုံစံဖြစ်နေတယ်။ ချွန်ကျုံးကလည်း တော်တော်လည်းကြီးတဲ့ရွာပေါ့နော်။ လမ်းဘေးမှာရှိတဲ့ ရွာဖြစ်တဲ့အတွက်ကြောင့် သူတို့က အကျအဆုံးတခုခုရှိတယ်ဆို အဲလိုကျဆုံးတဲ့ဟာနဲ့ အိမ်နဲ့ တခါတည်းမီးရှို့တဲ့ပုံစံမျိုးဖြစ်တယ်။"

ချင်းပြည်နယ်မှာ ဖြစ်ပွားနေတဲ့တိုက်ပွဲတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ တစုံတရာထုတ်ပြန်တာ မရှိသေးပါဘူး။ ဟားခါးကာကွယ်ရေးအင်အားစုကတော့ ဒီကနေ့ ဇူလိုင်လ ၁၅ ရက်နေ့မှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဝင်ရင်း သူတို့ဘက်က တဦးကျဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG