သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ယခုႏွစ္မိုးတြင္း မိုးမ်ားႏိုင္၊ ေလျပင္းတိုက္မႈအႀကိမ္မ်ားႏိုင္


ေရပတ္လည္ဝိုင္းေနတဲ့ ေညာင္တုန္းၿမိဳ႕မွာ ေသာက္ေရရွားပါးျပတ္လပ္ေနတဲ့အေျခအေန။ (ယခင္ မွတ္တမ္းဓာတ္ပံု)

[[Zawgyi/Unicode]]

ျမန္မာႏိုင္ငံတြင္း ဒီႏွစ္မိုးတြင္းမွာ ၿပီးခဲ့တဲ့ ႏွစ္ေတြကထက္ မိုးပိုရႏိုင္တယ္လို႔ မိုးေလဝသနဲ႔ ဇလေဗဒ ဦးစီးဌာနက ခန႔္မွန္းပါတယ္။ လက္ရွိ မိုးႀကိဳကာလအတြင္းမွာ ေလထုမၿငိမ္သက္မႈေၾကာင့္ ျမန္မာႏိုင္ငံေျမာက္ပိုင္းဘက္မွာ ေလျပင္းတိုက္ခတ္မႈေတြရွိလာႏိုင္တယ္လို႔ သတိေပးေျပာဆိုပါတယ္။ မိုးေလဝသအေျခအေန ရန္ကုန္ကလာတဲ့ သတင္းေပးပို႔ထားပါတယ္။

မိုးဇလက ခန႔္မွန္းထားခ်က္အရ လာမယ့္ ေမ ၈ ရက္ကေနစတင္ၿပီး ျမန္မာႏိုင္ငံေတာင္ပိုင္းကို စတင္ မိုးဝင္ ေရာက္ႏိုင္တာမို႔ အဲဒီ အခ်ိန္ကစတင္ၿပီး မိုးဦးကာလအေနနဲ႔စတင္သတ္မွတ္ထားတယ္လို႔ ဆိုပါတယ္။ မၾကာခင္ ဝင္ေရာက္ေတာ့မယ့္ မိုးရာသီနဲ႔ပတ္သက္လို႔ မိုးေလဝ သနဲ႔ဇလေဗဒဦးစီးဌာနဘက္က တာဝန္ရွိသူတဦးက ဗြီအိုေအ ကိုအခုလိုေျပာျပပါတယ္။

“မိုးကာလကေတာ့ အခု က်ေနာ္တို႔ခန႔္မွန္းတာ ေမ ၈ ရက္ကေန ၁၃ ရက္အတြင္းမွာ ျမန္မာႏိုင္ငံ ေတာင္ပိုင္းကို မုတ္သုံဝင္မယ္။ ေနာက္တဆင့္ ျမစ္ဝကြၽန္းေပၚကိုေတာ့ ၁၄ ရက္ကေန ၂၀ အတြင္းေပါ့ေနာ္၊ ၂၁ ကေန ၂၇ အဲရက္အတြင္းမွာေတာ့ အဲလို တဆင့္ခ်င္း မုတ္သုံကေတာ့ ဝင္လာမွာေပါ့ေလ။ မိုးဦးကာလမွာ မိုးအသင့္အတင့္ရႏိုင္တယ္။ ၂၀၂၂ မွာေတာ့ က်ေနာ္တို႔မွန္းတာ မိုးအသင့္အတင့္ရမယ္။ မိုးလယ္က နည္းနည္းေလးညံ့ႏိုင္တယ္။ မိုးေႏွာင္းက ႐ြာသြန္းၿမဲေလာက္ရႏိုင္တယ္။ ၿပီးခဲ့တဲ့ ၂ ႏွစ္ထက္ယွဥ္ရင္ေတာ့ ဒီႏွစ္က မိုးရဖို႔ ပို အခြင့္အေရးပိုမ်ားတယ္လို႔ ေျပာလို႔ရတယ္။ ဒါကေယဘုယ်ခန႔္မွန္းခ်က္ပဲေပါ့။”

ၿပီးခဲ့တဲ့ ၂ ႏွစ္ကထက္ မိုး႐ြာသြန္းမႈ ပိုလာမယ္ဆိုေပမယ့္ အပူခ်ိန္ျမင့္တက္လာမႈ အက်ိဳးဆက္ အေနနဲ႔ မိုးသည္းသည္းထန္ထန္႐ြာသြန္းၿပီး ေလျပင္းတိုက္မႈေတြ၊ ေျမၿပိဳမႈေတြျဖစ္လာႏိုင္တယ္ လို႔ သူကသတိေပးပါတယ္။ အထူးသျဖင့္ မိုးဝင္ေစာတဲ့ ေဒသျဖစ္တဲ့ ျမန္မာႏိုင္ငံေတာင္ပိုင္းမွာ ပိုသတိထားသင့္တယ္လို႔ေျပာ ပါတယ္။

“အပူခ်ိန္မ်ားလာေတာ့ ႐ြာရင္လည္း သည္းထန္စြာ႐ြာႏိုင္ေတာ့ လွ်ပ္တျပက္ေရႀကီးတာ၊ အခ်ိန္ တိုတိုအတြင္း မိုးသည္းထန္စြာ႐ြာတာေတြျဖစ္ႏိုင္ေတာ့ ေျမၿပိဳတာေတြ၊ ျမစ္ေခ်ာင္းေတြမွာ လွ်ပ္ တျပက္ ေရႀကီးတာ၊ လမ္းေရေက်ာ္တာေတြ။ ဒါေတြကေတာ့ ျမန္မာႏိုင္ငံေတာင္ပိုင္း မြန္တို႔၊ ဘာတို႔ဘက္ေတြမွာ မိုးသည္းလို႔လမ္းေတြေရေက်ာ္တာ၊ ေျမၿပိဳတာေတြပိုျဖစ္ႏိုင္တယ္။ ဒါ သတိျပဳရမယ္။ ဘဂၤလားပင္လယ္ေအာ္ ေျမာက္ပိုင္းဘက္မွာ မုန္တိုင္းငယ္ေတြ ရွိလာရင္ေတာ့ မုတ္သုံပိုအားေကာင္းလာဖြယ္ရွိၿပီးေတာ့ ကမ္း႐ိုးတန္း ေဒသမွာမိုးမ်ားလာႏိုင္တယ္။ ဒါေတြက သတိထားရမယ့္အခ်က္ပါ။”

ၿပီးခဲ့တဲ့ရက္ပိုင္းက ထူးျခားတဲ့ ေန႔အပူခ်ိန္ေတြအေနနဲ႔ ျမင္းၿခံ၊ ေခ်ာက္၊ ဂန႔္ေဂါ စတဲ့ၿမိဳ႕ေတြမွာ ေန႔ဘက္အပူခ်ိန္ ၄၄ ဒီဂရီစင္တီဂရိတ္၊ မင္းကင္း၊ မုံ႐ြာ၊ ျမင္းမူစတဲ့ စစ္ကိုင္းတိုင္းက ၿမိဳ႕ေတြနဲ႔ မေကြးၿမိဳ႕၊ ေဘာ္လခဲၿမိဳ႕ေတြမွာ ၄၃ ဒီဂရီစင္တီဂရိတ္အထိ ပူျပင္းခဲ့တာမို႔ အဲဒီေဒသမွာ သက္ႀကီး႐ြယ္အိုေတြ ေသဆုံးမႈေတြရွိခဲ့ပါတယ္။

လက္ရွိမွာက ျမန္မာႏိုင္ငံအလယ္ပိုင္းမွာရွိေနတဲ့ စစ္ေဘးေရွာင္ျပည္သူေတြဟာ ပူျပင္းလာမႈအက်ိဳးဆက္ကို သာမန္အခ်ိန္ထက္ပိုခံစားရသလို အပူဒဏ္ရဲ႕ ေနာက္ဆက္တြဲအက်ဳိးေတြက မိုးဦးကာလမွာလည္း စစ္ေဘးေရွာင္ေတြအေပၚ ႐ိုက္ခတ္ႏိုင္ဖြယ္ရွိတယ္လို႔ သူကေျပာပါတယ္။

#MyanmarWeather #Myanmar #VOABurmese #ျမန္မာမုတ္သံု #မိုးဦးကာလ #စစ္ေဘးေရွာင္ #ဗီြအိုေအ

===========

[[Unicode]]


ယခုနှစ်မိုးတွင်း မိုးများနိုင်၊ လေပြင်းတိုက်မှုအကြိမ်များနိုင်

မြန်မာနိုင်ငံတွင်း ဒီနှစ်မိုးတွင်းမှာ ပြီးခဲ့တဲ့ နှစ်တွေကထက် မိုးပိုရနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ဦးစီးဌာနက ခန့်မှန်းပါတယ်။ လက်ရှိ မိုးကြိုကာလအတွင်းမှာ လေထုမငြိမ်သက်မှုကြောင့် မြန်မာနိုင်ငံမြောက်ပိုင်းဘက်မှာ လေပြင်းတိုက်ခတ်မှုတွေရှိလာနိုင်တယ်လို့ သတိပေးပြောဆိုပါတယ်။ မိုးလေဝသအခြေအနေ ရန်ကုန်ကလာတဲ့ သတင်းပေးပို့ထားပါတယ်။

မိုးဇလက ခန့်မှန်းထားချက်အရ လာမယ့် မေ ၈ ရက်ကနေစတင်ပြီး မြန်မာနိုင်ငံတောင်ပိုင်းကို စတင် မိုးဝင် ရောက်နိုင်တာမို့ အဲဒီ အချိန်ကစတင်ပြီး မိုးဦးကာလအနေနဲ့စတင်သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။ မကြာခင် ဝင်ရောက်တော့မယ့် မိုးရာသီနဲ့ပတ်သက်လို့ မိုးလေဝ သနဲ့ဇလဗေဒဦးစီးဌာနဘက်က တာဝန်ရှိသူတဦးက ဗွီအိုအေ ကိုအခုလိုပြောပြပါတယ်။

“မိုးကာလကတော့ အခု ကျနော်တို့ခန့်မှန်းတာ မေ ၈ ရက်ကနေ ၁၃ ရက်အတွင်းမှာ မြန်မာနိုင်ငံ တောင်ပိုင်းကို မုတ်သုံဝင်မယ်။ နောက်တဆင့် မြစ်ဝကျွန်းပေါ်ကိုတော့ ၁၄ ရက်ကနေ ၂၀ အတွင်းပေါ့နော်၊ ၂၁ ကနေ ၂၇ အဲရက်အတွင်းမှာတော့ အဲလို တဆင့်ချင်း မုတ်သုံကတော့ ဝင်လာမှာပေါ့လေ။ မိုးဦးကာလမှာ မိုးအသင့်အတင့်ရနိုင်တယ်။ ၂၀၂၂ မှာတော့ ကျနော်တို့မှန်းတာ မိုးအသင့်အတင့်ရမယ်။ မိုးလယ်က နည်းနည်းလေးညံ့နိုင်တယ်။ မိုးနှောင်းက ရွာသွန်းမြဲလောက်ရနိုင်တယ်။ ပြီးခဲ့တဲ့ ၂ နှစ်ထက်ယှဉ်ရင်တော့ ဒီနှစ်က မိုးရဖို့ ပို အခွင့်အရေးပိုများတယ်လို့ ပြောလို့ရတယ်။ ဒါကယေဘုယျခန့်မှန်းချက်ပဲပေါ့။”

ပြီးခဲ့တဲ့ ၂ နှစ်ကထက် မိုးရွာသွန်းမှု ပိုလာမယ်ဆိုပေမယ့် အပူချိန်မြင့်တက်လာမှု အကျိုးဆက် အနေနဲ့ မိုးသည်းသည်းထန်ထန်ရွာသွန်းပြီး လေပြင်းတိုက်မှုတွေ၊ မြေပြိုမှုတွေဖြစ်လာနိုင်တယ် လို့ သူကသတိပေးပါတယ်။ အထူးသဖြင့် မိုးဝင်စောတဲ့ ဒေသဖြစ်တဲ့ မြန်မာနိုင်ငံတောင်ပိုင်းမှာ ပိုသတိထားသင့်တယ်လို့ပြော ပါတယ်။

“အပူချိန်များလာတော့ ရွာရင်လည်း သည်းထန်စွာရွာနိုင်တော့ လျှပ်တပြက်ရေကြီးတာ၊ အချိန် တိုတိုအတွင်း မိုးသည်းထန်စွာရွာတာတွေဖြစ်နိုင်တော့ မြေပြိုတာတွေ၊ မြစ်ချောင်းတွေမှာ လျှပ် တပြက် ရေကြီးတာ၊ လမ်းရေကျော်တာတွေ။ ဒါတွေကတော့ မြန်မာနိုင်ငံတောင်ပိုင်း မွန်တို့၊ ဘာတို့ဘက်တွေမှာ မိုးသည်းလို့လမ်းတွေရေကျော်တာ၊ မြေပြိုတာတွေပိုဖြစ်နိုင်တယ်။ ဒါ သတိပြုရမယ်။ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းဘက်မှာ မုန်တိုင်းငယ်တွေ ရှိလာရင်တော့ မုတ်သုံပိုအားကောင်းလာဖွယ်ရှိပြီးတော့ ကမ်းရိုးတန်း ဒေသမှာမိုးများလာနိုင်တယ်။ ဒါတွေက သတိထားရမယ့်အချက်ပါ။”

ပြီးခဲ့တဲ့ရက်ပိုင်းက ထူးခြားတဲ့ နေ့အပူချိန်တွေအနေနဲ့ မြင်းခြံ၊ ချောက်၊ ဂန့်ဂေါ စတဲ့မြို့တွေမှာ နေ့ဘက်အပူချိန် ၄၄ ဒီဂရီစင်တီဂရိတ်၊ မင်းကင်း၊ မုံရွာ၊ မြင်းမူစတဲ့ စစ်ကိုင်းတိုင်းက မြို့တွေနဲ့ မကွေးမြို့၊ ဘော်လခဲမြို့တွေမှာ ၄၃ ဒီဂရီစင်တီဂရိတ်အထိ ပူပြင်းခဲ့တာမို့ အဲဒီဒေသမှာ သက်ကြီးရွယ်အိုတွေ သေဆုံးမှုတွေရှိခဲ့ပါတယ်။

လက်ရှိမှာက မြန်မာနိုင်ငံအလယ်ပိုင်းမှာရှိနေတဲ့ စစ်ဘေးရှောင်ပြည်သူတွေဟာ ပူပြင်းလာမှုအကျိုးဆက်ကို သာမန်အချိန်ထက်ပိုခံစားရသလို အပူဒဏ်ရဲ့ နောက်ဆက်တွဲအကျိုးတွေက မိုးဦးကာလမှာလည်း စစ်ဘေးရှောင်တွေအပေါ် ရိုက်ခတ်နိုင်ဖွယ်ရှိတယ်လို့ သူကပြောပါတယ်။

#MyanmarWeather #Myanmar #VOABurmese #မြန်မာမုတ်သုံ #မိုးဦးကာလ #စစ်ဘေးရှောင် #ဗွီအိုအေ

===========

XS
SM
MD
LG