သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျပည္နယ္တိုင္းတခ်ိဳ႕မွာ ေလျပင္းတိုက္မိုးႀကီးႏိုင္


ေမလ ၁၉ ရက္၊ ျမန္မာႏိုင္ငံ ဆိုင္ရာ မိုးေလဝသအေျခအေန (ဓာတ္ပံု-ျမန္မာ မိုးဇလ)

[[Zawgyi/Unicode]]

ျပည္နယ္နဲ႔ တိုင္းတခ်ိဳ႕မွာ ေမလ ၁၉ ရက္ကေန ၂၃ ရက္ေန႔အထိ ေလျပင္းတိုက္ မိုးႀကီးႏိုင္တယ္လို႔ မိုးေလဝသနဲ႔ ဇလေဗဒဌာနက သတိေပးထားပါတယ္။ ဒါ့အျပင္ ကုန္းျမင့္ေဒသနဲ႔ ေျမနိမ့္ပိုင္းမွာ ေနထိုင္သူေတြကိုလည္း ေရႀကီး ေျမၿပိဳမႈဒဏ္မခံရေအာင္ ႀကိဳတင္ျပင္ဆင္ဖို႔ သတိေပးထားပါတယ္။ ရန္ကုန္က သတင္းေပးပို႔ထားပါတယ္။

ကပၸလီပင္လယ္ျပင္၊ ဘဂၤလားပင္လယ္ေအာ္ အေရွ႕ေတာင္ပိုင္းနဲ႔ အေရွ႕ အလယ္ပိုင္းတို႔မွာ မုတ္သုံေလအား ပိုေကာင္းလာႏိုင္တာေၾကာင့္ ရန္ကုန္၊ ပဲခူး၊ ဧရာဝတီ၊ တနသၤာရီ၊ ရခိုင္ျပည္နယ္၊ ကရင္ျပည္နယ္နဲ႔ မြန္ျပည္နယ္တို႔မွာ ေမလ ၁၉ ရက္ကေန ၂၃ ရက္ေန႔အထိ မိုးႀကီး၊ ေလျပင္းတိုက္တာေတြ ျဖစ္ႏိုင္တယ္လို႔ မိုးေလဝသနဲ႔ ဇလေဗဒဌာန ၫႊန္ၾကားေရးမႉး ဦးလွထြန္းက ေျပာပါတယ္။

"ျမစ္ဝကြၽန္းေပၚေဒသေတြ၊ ပဲခူး၊ ရန္ကုန္၊ ဧရာဝတီ၊ ရခိုင္ျပည္နယ္ေတာင္ပိုင္း၊ သံတြဲ၊ ဂြေပါ့ေနာ္။ ေျမာက္ပိုင္းကေတာ့ သိပ္မျဖစ္ဘူး။ ဒီဘက္ကေတာင္ပိုင္းဆိုရင္ မြန္၊ ကရင္၊ တနသၤာရီေပါ့ေနာ္။ အဲဒီေနရာေတြမွာ လက္ရွိ မုတ္သုံေလကလည္း အားေကာင္းတဲ့အေနအထားရွိတယ္။ ဆိုေတာ့ မုတ္သုံေလအားေကာင္းေတာ့ ေလျပင္းတိုက္မယ္၊ မိုးႀကီးမယ္၊ မိုးမ်ားမယ္ေပါ့။"

ျမစ္ဝကြၽန္းေပၚ၊ မုတၱမေကြ႔၊ မြန္-တနသၤာရီ ကမ္း႐ိုးတန္းတေလွ်ာက္နဲ႔ ကမ္းလြန္ပင္လယ္ျပင္တို႔မွာ မိုးသက္ေလျပင္းက်ၿပီး လႈိင္းအျမင့္ ၉ ေပကေန ၁၁ ေပအထိ ရွိႏိုင္တယ္လို႔ ခန႔္မွန္းထားပါတယ္။ ရခိုင္ကမ္း႐ိုးတန္းတေလွ်ာက္နဲ႔ ကမ္းလြန္ပင္လယ္ျပင္မွာလည္း မိုးသက္ေလျပင္းက်ႏိုင္ၿပီး လႈိင္းအျမင့္ ၅ ေပကေန ၇ ေပအထိ ရွိႏိုင္တယ္လို႔ သတိေပးထားပါတယ္။ မုတ္သုံေလ အေတာ္အားေကာင္းၿပီး မိုးသည္းထန္ရြာသြန္းတာနဲ႔ ေလျပင္းတိုက္ခတ္တာေၾကာင့္ ႐ုတ္တရက္ ေရႀကီး၊ ေျမၿပိဳႏိုင္တဲ့ သဘာဝေဘးအႏၲရာယ္ေတြကိုလည္း သတိရွိၾကဖို႔ အသိေပးထားပါတယ္။ ကုန္းျမင့္ေဒသမွာ ေနထိုင္သူေတြအေနနဲ႔ ေျမၿပိဳႏိုင္တဲ့ အႏၲရာယ္အျပင္ ျမစ္ငယ္၊ ေခ်ာင္းငယ္အနီး ေနထိုင္သူေတြလည္း ေရႀကီး၊ ေရလွ်ံမယ့္အႏၲရာယ္ သတိထားသင့္တယ္လို႔ ဦးလွထြန္းက ေျပာပါတယ္။

"အခ်ိန္တိုအတြင္း မိုးသည္းထန္စြာ႐ြာရင္ေတာ့ ေရႀကီးေရလွ်ံမႈက ျဖစ္တတ္တဲ့သေဘာ သဘာဝရွိတာေပါ့ေနာ္။ အဲေတာ့ ေရႀကီးတာကေတာ့ လမ္းေတြေရေက်ာ္တာေတြေတာ့ ျဖစ္ႏိုင္တာေပါ့ေလ။ ေျမၿပိဳတာက်ေတာ့ ႐ြာသြန္းမႈပမာဏေပၚ မူတည္တာေပါ့ေနာ္။ ဒီရက္အတြင္းမွာ မိုးမ်ားမယ့္အေနအထား ရွိတာဆိုေတာ့ တရက္ေလာက္ မိုးမ်ားရင္ေတာ့ ျပႆနာမရွိဘူး။ ၂ ရက္၊ ၃ ရက္ ဆက္တိုက္မိုးမ်ားလာရင္ေတာ့ ဒီေျမၿပိဳမႈေတြ ျဖစ္ႏိုင္တာေပါ့ေလ။ ၿပီးခဲ့တဲ့ႏွစ္ေတြကလည္း နယ္ဘက္မွာ မိုးမ်ားလို႔ေျမၿပိဳတာေတြ ရွိတာပဲေလ။ သတိေပးခ်က္ထုတ္ျပန္ထားတဲ့ ျပည္နယ္နဲ႔တိုင္းထဲမွာပါတဲ့ ေတာင္ကုန္းေတာင္တန္း၊ ကုန္းျမင့္ေတာင္ေစာင္း ေနတဲ့သူေတြကေတာ့ မိုးမ်ားမယ့္အေနအထားေပါ့ေနာ္။ ဒါေလးေတြ သတိျပဳၿပီးေတာ့ ႀကိဳေရွာင္ထားဖို႔ သင့္တာေပါ့ေနာ္။"

ကမ္းနီးပင္လယ္ျပင္ထဲ ေလျပင္းတိုက္ခတ္မႈဒဏ္လည္း ခံရႏိုင္တယ္လို႔ ေျပာပါတယ္။ ေမလ ၁၉ ရက္ကေန ၂၃ ရက္ေန႔အထိ မိုးႀကီး ေလျပင္းတိုက္တာေတြ ျဖစ္ႏိုင္လို႔ ပင္လယ္ျပင္ခရီးမထြက္ၾကဖို႔ကိုလည္း မိုးေလဝသနဲ႔ ဇလေဗဒဌာနက သတိေပးထားပါတယ္။

#MyanmarWeather #VOABurmese #မိုးေလဝသ #ဦးလွထြန္း #မိုးဇလ #ဗီြအိုေအ
=============

[[Unicode]]

ပြည်နယ်တိုင်းတချို့မှာ လေပြင်းတိုက်မိုးကြီးနိုင်

ပြည်နယ်နဲ့ တိုင်းတချို့မှာ မေလ ၁၉ ရက်ကနေ ၂၃ ရက်နေ့အထိ လေပြင်းတိုက် မိုးကြီးနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒဌာနက သတိပေးထားပါတယ်။ ဒါ့အပြင် ကုန်းမြင့်ဒေသနဲ့ မြေနိမ့်ပိုင်းမှာ နေထိုင်သူတွေကိုလည်း ရေကြီး မြေပြိုမှုဒဏ်မခံရအောင် ကြိုတင်ပြင်ဆင်ဖို့ သတိပေးထားပါတယ်။ ရန်ကုန်က သတင်းပေးပို့ထားပါတယ်။

ကပ္ပလီပင်လယ်ပြင်၊ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနဲ့ အရှေ့ အလယ်ပိုင်းတို့မှာ မုတ်သုံလေအား ပိုကောင်းလာနိုင်တာကြောင့် ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ တနင်္သာရီ၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ မေလ ၁၉ ရက်ကနေ ၂၃ ရက်နေ့အထိ မိုးကြီး၊ လေပြင်းတိုက်တာတွေ ဖြစ်နိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒဌာန ညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောပါတယ်။

"မြစ်ဝကျွန်းပေါ်ဒေသတွေ၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ ရခိုင်ပြည်နယ်တောင်ပိုင်း၊ သံတွဲ၊ ဂွပေါ့နော်။ မြောက်ပိုင်းကတော့ သိပ်မဖြစ်ဘူး။ ဒီဘက်ကတောင်ပိုင်းဆိုရင် မွန်၊ ကရင်၊ တနင်္သာရီပေါ့နော်။ အဲဒီနေရာတွေမှာ လက်ရှိ မုတ်သုံလေကလည်း အားကောင်းတဲ့အနေအထားရှိတယ်။ ဆိုတော့ မုတ်သုံလေအားကောင်းတော့ လေပြင်းတိုက်မယ်၊ မိုးကြီးမယ်၊ မိုးများမယ်ပေါ့။"

မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ မိုးသက်လေပြင်းကျပြီး လှိုင်းအမြင့် ၉ ပေကနေ ၁၁ ပေအထိ ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ရခိုင်ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်မှာလည်း မိုးသက်လေပြင်းကျနိုင်ပြီး လှိုင်းအမြင့် ၅ ပေကနေ ၇ ပေအထိ ရှိနိုင်တယ်လို့ သတိပေးထားပါတယ်။ မုတ်သုံလေ အတော်အားကောင်းပြီး မိုးသည်းထန်ရွာသွန်းတာနဲ့ လေပြင်းတိုက်ခတ်တာကြောင့် ရုတ်တရက် ရေကြီး၊ မြေပြိုနိုင်တဲ့ သဘာဝဘေးအန္တရာယ်တွေကိုလည်း သတိရှိကြဖို့ အသိပေးထားပါတယ်။ ကုန်းမြင့်ဒေသမှာ နေထိုင်သူတွေအနေနဲ့ မြေပြိုနိုင်တဲ့ အန္တရာယ်အပြင် မြစ်ငယ်၊ ချောင်းငယ်အနီး နေထိုင်သူတွေလည်း ရေကြီး၊ ရေလျှံမယ့်အန္တရာယ် သတိထားသင့်တယ်လို့ ဦးလှထွန်းက ပြောပါတယ်။

"အချိန်တိုအတွင်း မိုးသည်းထန်စွာရွာရင်တော့ ရေကြီးရေလျှံမှုက ဖြစ်တတ်တဲ့သဘော သဘာဝရှိတာပေါ့နော်။ အဲတော့ ရေကြီးတာကတော့ လမ်းတွေရေကျော်တာတွေတော့ ဖြစ်နိုင်တာပေါ့လေ။ မြေပြိုတာကျတော့ ရွာသွန်းမှုပမာဏပေါ် မူတည်တာပေါ့နော်။ ဒီရက်အတွင်းမှာ မိုးများမယ့်အနေအထား ရှိတာဆိုတော့ တရက်လောက် မိုးများရင်တော့ ပြဿနာမရှိဘူး။ ၂ ရက်၊ ၃ ရက် ဆက်တိုက်မိုးများလာရင်တော့ ဒီမြေပြိုမှုတွေ ဖြစ်နိုင်တာပေါ့လေ။ ပြီးခဲ့တဲ့နှစ်တွေကလည်း နယ်ဘက်မှာ မိုးများလို့မြေပြိုတာတွေ ရှိတာပဲလေ။ သတိပေးချက်ထုတ်ပြန်ထားတဲ့ ပြည်နယ်နဲ့တိုင်းထဲမှာပါတဲ့ တောင်ကုန်းတောင်တန်း၊ ကုန်းမြင့်တောင်စောင်း နေတဲ့သူတွေကတော့ မိုးများမယ့်အနေအထားပေါ့နော်။ ဒါလေးတွေ သတိပြုပြီးတော့ ကြိုရှောင်ထားဖို့ သင့်တာပေါ့နော်။"

ကမ်းနီးပင်လယ်ပြင်ထဲ လေပြင်းတိုက်ခတ်မှုဒဏ်လည်း ခံရနိုင်တယ်လို့ ပြောပါတယ်။ မေလ ၁၉ ရက်ကနေ ၂၃ ရက်နေ့အထိ မိုးကြီး လေပြင်းတိုက်တာတွေ ဖြစ်နိုင်လို့ ပင်လယ်ပြင်ခရီးမထွက်ကြဖို့ကိုလည်း မိုးလေဝသနဲ့ ဇလဗေဒဌာနက သတိပေးထားပါတယ်။

#MyanmarWeather #VOABurmese #မိုးလေဝသ #ဦးလှထွန်း #မိုးဇလ #ဗွီအိုအေ
=============

XS
SM
MD
LG