သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေကာ့ကရိတ္-ျမဝတီ အာရွအျမန္လမ္းမွာ စစ္ေကာင္စီတပ္နဲ႔  KNLA/PDF  ပူးေပါင္းတပ္ဖြဲ႔ေတြၾကား တိုက္ပြဲျဖစ္


၂၀၂၂၊ ဧျပီလ ၄ ရက္ေန့က ျမဝတီ-ေကာ့ကရိတ္၊ အာရွလမ္းေပၚမွာ ကုန္ကားေတြအပါအဝင္ ကားေတြ ပစ္ခတ္မီးရွို ့ခံေနရပံု (CJ)


[[Zawgyi/Unicode]]

ကရင္ျပည္နယ္၊ ေကာ့ကရိတ္-ျမဝတီ အာရွကားလမ္းမႀကီးေပၚက ေတာေနာ္ေရတံခြန္အနီးမွာ စစ္ေကာင္စီတပ္ေတြနဲ႔ ကရင္အမ်ိဳးသားလြတ္ေျမာက္ေရး KNLA တပ္၊ ျပည္သူ႔ကာကြယ္ေရး PDF ပူးေပါင္းတပ္ဖဲြ႔ေတြ ဒီေန႔ ဧၿပီလ ၄ ရက္မွာ တုိက္ပဲြေတြ ျဖစ္ခဲ့ပါတယ္။ တိုက္ပြဲေတြေၾကာင့္ အာရွလမ္းေပၚသြားေနတဲ့ ကားတခ်ဳိ႕မီးေလာင္ ပ်က္စီးခဲ့ပါတယ္။ ေကာ့ကရိတ္ၿမိဳ႕နယ္အတြင္းက က်ိတ္ရြာကိုလည္း စစ္ေကာင္စီတပ္ေတြက မေန႔ကနဲ႔ ဒီေန႔ ေလေႀကာင္းကေန ဗံုးႀကဲတိုက္ခိုက္ခဲ့ပါတယ္။ ဒီသတင္းကို ဗီြအိုေအသတင္းေထာက္ မေအးေအးမာက သတင္းေပးပုိ့ထားပါတယ္။

ကရင္ျပည္နယ္ထဲမွာ စစ္ေကာင္စီတပ္ေတြနဲ႔ ကရင္အမ်ိဳးသားလြတ္ေျမာက္ေရး KNLA တပလ၊ ျပည္သူ့ကာကြယ္ ေရးတပ္ဖဲြ ့PDF ပူးေပါင္းတပ္ဖဲြ႔ေတြၾကား ဒီေန႔လည္း တုိက္ပြဲေတြျဖစ္ခဲ့ပါတယ္။ ေကာ့ကရိတ္-ျမဝတီ အာရွကားလမ္းမႀကီးမွာ႐ွိတဲ့ ေတာေနာ္ေရတံခြန္အနီးမွာ ဒီေန႔ တိုက္ပြဲေတြျဖစ္ခဲ့တာမွာ အာရွလမ္းေပၚသြားေနတဲ့ ကုန္ကား၂ စီးအပါအဝင္ ကား ၄ စီး မီးေလာင္ပ်က္စီးသြားပါတယ္။ ညေနေရာက္တဲ့အခ်ိန္အထိ တိုက္ပဲြေတြ ျပင္းထန္ေနတဲ့အေၾကာင္း ျပည္သူ့ကာကြယ္ေရတပ္ဖဲြ႔က ေခါင္းေဆာင္တဦးျဖစ္တဲ့ ကိုေစာမြန္က ေျပာျပပါတယ္။

“အာရွလမ္းက ေတာေနာ္ေရတံခြန္အနားမွာလည္း တုိက္ပဲြ ျဖစ္တယ္။ ေကာ့ႏဲြ႔ထိပ္နားမွာလည္းျဖစ္တယ္။ ေကာ့ႏဲြ႔အဝင္လမ္းကုိလည္းေခၚတယ္။ က်ိဳက္ဒုံ၊ ၾကာအင္းဆိပ္ႀကီးလမ္းဘက္မွာလည္း တိုက္ပဲြျဖစ္တယ္။ ဒီေန့တုိက္ပဲြကျပင္းထန္တယ္။ ကားေတြလည္းမီးေလာင္တယ္။ ကုန္သည္ကားေတြကလည္း အတက္အဆင္းလုပ္ေနတယ္။ ကုန္သည္ေတြကလည္းခက္တယ္။ ကုန္သည္ေတြကလည္း မသြားပါနဲ့ ဆိုတာလည္း သြားေနၾကတယ္။ ကားလမ္းကလည္း ဆက္ေနတယ္။ ေရတံခြန္ေက်ာ္ရင္ အႏၱရာယ္ကင္းတယ္ဆိုျပီး ေရတံခြန္နားမွာ စုၿပံုျပီး ပိတ္ေနတယ္။ က်န္တဲ့ေနရာေတြက ေတာစပ္ေနရာနဲ့ အလွမ္းေဝးတယ္။ ကင္းပုန္းလည္းမရွိဘူးဆုိေတာ့ ေန့ဘက္သြားရင္ လြယ္ကူတယ္။ ေရတံခြန္ေက်ာ္ရင္အႏၱရာယ္ကင္းျပီဆုိျပီး ေရတံခြန္အဝနားမွာစုပံုျပီး ပိတ္ေနၾကတယ္။ အဲဒီနားမွာတိုက္ပဲြေတြျဖစ္ေတာ့ အထိအခိုက္ေတြျဖစ္တာေပါ့။”

ႏွစ္ဘက္တိုက္ပဲြျဖစ္ေနတဲ့ ေတာေနာ္ေရတံခြန္အနီး အာရွလမ္းေပၚမွာျဖတ္သြားျဖတ္လာလုပ္ေနတဲ့ ကုန္ကားေတြနဲ့အရပ္သားကားေတြ ထိခိုက္ မီးေလာင္ခဲ့တာျဖစ္ပါတယ္။ မတ္လ ၁၂ ရက္ေန႔ကတႀကိ္မ္ မတ္လ ၂၈ ရက္ေန႔နဲ႔ ၂၉ ရက္ေန႔ေတြမွာလည္း အဲဒီလမ္းမေတြေပၚမွာ ကုန္ကားေတြ ပစ္ခတ္ခံခဲ့ရပါတယ္။ ပစ္ခတ္မႈေတြေၾကာင့္လူေသဆံုးတာေတြလည္း ရွိခဲ့ပါတယ္။ အာရွလမ္းမရဲ႕ ေကာ့ကရိတ္-ျမဝတီ လမ္းတေလွ်ာက္နဲ႔ ျမဝတီ-ေဝၚေလ လမ္းတေလွ်ာက္ကို ခရီးသည္တင္ယာဥ္ေတြေရာ ကုန္တင္ကားေတြပါ သြားလာျခင္းမျပဳဖုိ႔ KNU က မတ္လ၂၆ ရက္ေန႔က စာထုတ္ျပိီး အသိေပးထားပါတယ္။ အဲဒီေနရာေတြဘက္မွာ စစ္ေကာင္စီဘက္ကလည္း တပ္စဲြေနရာယူထားပါတယ္။ ဒါေပမယ့္ စားဝတ္ေနေရးအတြက္ လုပ္ကုိင္စားေသာက္ဖို႔ သြားလာေနၾကတဲ့ ကုန္သည္ေတြကေတာ့ တို္က္ပဲြေတြျဖစ္ေနတဲ့ၾကားကပဲ အရဲစြန့္ျပီး ေန႔စဥ္ သြားလာေနၾကတယ္လို့လည္း ေဒသခံတဦးကေျပာျပပါတယ္။

“လြတ္ရင္ေတာ့လည္းသြားတာေပါ့။ မလြတ္ေတာ့လည္း ပိတ္မိေနတာေပါ့။ အခုလည္း အရဲစြန့္ျပီးသြားေနၾကတယ္။ ေန့တိုင္းသြားေနၾကတယ္။”

စစ္ေကာင္စီတပ္ေတြနဲ့ KNU တို႔ ႏွစ္ဘက္တုိက္ပဲြေတြ တိုက္ပြဲေတြျပင္းထန္ေနတာ သီတင္းပတ္နဲ႔ခ်ီ ႐ွိေနပါၿပီ။ တုိက္ပြဲေတြအတြင္း စစ္ေကာင္စီဘက္က ေလေၾကာင္းတုိက္ခိုက္ေနတာမွာ မေန႔ ဧျပီလ ၃ ရက္ေန႔ညနဲ႔ ဒီေန႔ ၄ ရက္ေန့ေတြမွာလည္း ေကာ့ကရိတ္ျမိဳ႕နယ္ထဲက က်ိတ္ရြာဘက္ကုိ စစ္တပ္က ေလေၾကာင္းကေန တိုက္ခိုက္ခဲ့တယ္လို႔ ကိုေစာမြန္ကေျပာပါတယ္။

“က်ိတ္ရြာကိုေလယာဥ္နဲ့လာႀကဲတယ္။ ကြင္းကေလး က်ိတ္ဆိုတာ က်ိဳက္ဒံုနဲ့ တဆက္တည္းေပါ့။ ကြင္းကေလး က်ိတ္ ဆုိတာရိွတယ္။ ဒီမနက္လည္း လာတယ္။ မေန့ညကလည္း လာတယ္။ အဲဒီေနရာမွာ BGF ေတြ ထုိင္တယ္။ တပ္စခန္း ၂ ခုရိွတယ္။ က်ိတ္ဗ်ဴဟာနဲ့ က်ိဳက္ဒံုဗ်ဳဟာဆုိျပီး ရိွတယ္။”

ေလေၾကာင္းက တုိက္ခိုက္တာေတြေၾကာင့္ ထိ္ခိုက္ပ်က္စီးတာေတြကိုေတာ့ မသိရေသးပါဘူး။ ဒါေပမယ့္ ေလေၾကာင္းတိုက္ခိုက္မႈေတြေၾကာင့္ က်ိတ္ရြာအပါအဝင္ အနီးနားမွာရွိတဲ့ ေက်းရြာေတြက ရြာလံုးက်ြတ္ ထြက္ေျပးေနရတယ္လို့ ေဒသခံေတြကေျပာၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

============

[[Zawgyi/Unicode]]

ကော့ကရိတ်-မြဝတီ အာရှအမြန်လမ်းမှာ စစ်ကောင်စီတပ်နဲ့ KNLA/PDF ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲဖြစ်


ကရင်ပြည်နယ်၊ ကော့ကရိတ်-မြဝတီ အာရှကားလမ်းမကြီးပေါ်က တောနော်ရေတံခွန်အနီးမှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေး KNLA တပ်၊ ပြည်သူ့ကာကွယ်ရေး PDF ပူးပေါင်းတပ်ဖွဲ့တွေ ဒီနေ့ ဧပြီလ ၄ ရက်မှာ တိုက်ပွဲတွေ ဖြစ်ခဲ့ပါတယ်။ တိုက်ပွဲတွေကြောင့် အာရှလမ်းပေါ်သွားနေတဲ့ ကားတချို့မီးလောင် ပျက်စီးခဲ့ပါတယ်။ ကော့ကရိတ်မြို့နယ်အတွင်းက ကျိတ်ရွာကိုလည်း စစ်ကောင်စီတပ်တွေက မနေ့ကနဲ့ ဒီနေ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကရင်ပြည်နယ်ထဲမှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေး KNLA တပလ၊ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့PDF ပူးပေါင်းတပ်ဖွဲ့တွေကြား ဒီနေ့လည်း တိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။ ကော့ကရိတ်-မြဝတီ အာရှကားလမ်းမကြီးမှာရှိတဲ့ တောနော်ရေတံခွန်အနီးမှာ ဒီနေ့ တိုက်ပွဲတွေဖြစ်ခဲ့တာမှာ အာရှလမ်းပေါ်သွားနေတဲ့ ကုန်ကား၂ စီးအပါအဝင် ကား ၄ စီး မီးလောင်ပျက်စီးသွားပါတယ်။ ညနေရောက်တဲ့အချိန်အထိ တိုက်ပွဲတွေ ပြင်းထန်နေတဲ့အကြောင်း ပြည်သူ့ကာကွယ်ရေတပ်ဖွဲ့က ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုစောမွန်က ပြောပြပါတယ်။

“အာရှလမ်းက တောနော်ရေတံခွန်အနားမှာလည်း တိုက်ပွဲ ဖြစ်တယ်။ ကော့နွဲ့ထိပ်နားမှာလည်းဖြစ်တယ်။ ကော့နွဲ့အဝင်လမ်းကိုလည်းခေါ်တယ်။ ကျိုက်ဒုံ၊ ကြာအင်းဆိပ်ကြီးလမ်းဘက်မှာလည်း တိုက်ပွဲဖြစ်တယ်။ ဒီနေ့တိုက်ပွဲကပြင်းထန်တယ်။ ကားတွေလည်းမီးလောင်တယ်။ ကုန်သည်ကားတွေကလည်း အတက်အဆင်းလုပ်နေတယ်။ ကုန်သည်တွေကလည်းခက်တယ်။ ကုန်သည်တွေကလည်း မသွားပါနဲ့ ဆိုတာလည်း သွားနေကြတယ်။ ကားလမ်းကလည်း ဆက်နေတယ်။ ရေတံခွန်ကျော်ရင် အန္တရာယ်ကင်းတယ်ဆိုပြီး ရေတံခွန်နားမှာ စုပြုံပြီး ပိတ်နေတယ်။ ကျန်တဲ့နေရာတွေက တောစပ်နေရာနဲ့ အလှမ်းဝေးတယ်။ ကင်းပုန်းလည်းမရှိဘူးဆိုတော့ နေ့ဘက်သွားရင် လွယ်ကူတယ်။ ရေတံခွန်ကျော်ရင်အန္တရာယ်ကင်းပြီဆိုပြီး ရေတံခွန်အဝနားမှာစုပုံပြီး ပိတ်နေကြတယ်။ အဲဒီနားမှာတိုက်ပွဲတွေဖြစ်တော့ အထိအခိုက်တွေဖြစ်တာပေါ့။”

နှစ်ဘက်တိုက်ပွဲဖြစ်နေတဲ့ တောနော်ရေတံခွန်အနီး အာရှလမ်းပေါ်မှာဖြတ်သွားဖြတ်လာလုပ်နေတဲ့ ကုန်ကားတွေနဲ့အရပ်သားကားတွေ ထိခိုက် မီးလောင်ခဲ့တာဖြစ်ပါတယ်။ မတ်လ ၁၂ ရက်နေ့ကတကြိမ် မတ်လ ၂၈ ရက်နေ့နဲ့ ၂၉ ရက်နေ့တွေမှာလည်း အဲဒီလမ်းမတွေပေါ်မှာ ကုန်ကားတွေ ပစ်ခတ်ခံခဲ့ရပါတယ်။ ပစ်ခတ်မှုတွေကြောင့်လူသေဆုံးတာတွေလည်း ရှိခဲ့ပါတယ်။ အာရှလမ်းမရဲ့ ကော့ကရိတ်-မြဝတီ လမ်းတလျှောက်နဲ့ မြဝတီ-ဝေါ်လေ လမ်းတလျှောက်ကို ခရီးသည်တင်ယာဉ်တွေရော ကုန်တင်ကားတွေပါ သွားလာခြင်းမပြုဖို့ KNU က မတ်လ၂၆ ရက်နေ့က စာထုတ်ပြီး အသိပေးထားပါတယ်။ အဲဒီနေရာတွေဘက်မှာ စစ်ကောင်စီဘက်ကလည်း တပ်စွဲနေရာယူထားပါတယ်။ ဒါပေမယ့် စားဝတ်နေရေးအတွက် လုပ်ကိုင်စားသောက်ဖို့ သွားလာနေကြတဲ့ ကုန်သည်တွေကတော့ တိုက်ပွဲတွေဖြစ်နေတဲ့ကြားကပဲ အရဲစွန့်ပြီး နေ့စဉ် သွားလာနေကြတယ်လို့လည်း ဒေသခံတဦးကပြောပြပါတယ်။

“လွတ်ရင်တော့လည်းသွားတာပေါ့။ မလွတ်တော့လည်း ပိတ်မိနေတာပေါ့။ အခုလည်း အရဲစွန့်ပြီးသွားနေကြတယ်။ နေ့တိုင်းသွားနေကြတယ်။”

စစ်ကောင်စီတပ်တွေနဲ့ KNU တို့ နှစ်ဘက်တိုက်ပွဲတွေ တိုက်ပွဲတွေပြင်းထန်နေတာ သီတင်းပတ်နဲ့ချီ ရှိနေပါပြီ။ တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်နေတာမှာ မနေ့ ဧပြီလ ၃ ရက်နေ့ညနဲ့ ဒီနေ့ ၄ ရက်နေ့တွေမှာလည်း ကော့ကရိတ်မြို့နယ်ထဲက ကျိတ်ရွာဘက်ကို စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ ကိုစောမွန်ကပြောပါတယ်။

“ကျိတ်ရွာကိုလေယာဉ်နဲ့လာကြဲတယ်။ ကွင်းကလေး ကျိတ်ဆိုတာ ကျိုက်ဒုံနဲ့ တဆက်တည်းပေါ့။ ကွင်းကလေး ကျိတ် ဆိုတာရှိတယ်။ ဒီမနက်လည်း လာတယ်။ မနေ့ညကလည်း လာတယ်။ အဲဒီနေရာမှာ BGF တွေ ထိုင်တယ်။ တပ်စခန်း ၂ ခုရှိတယ်။ ကျိတ်ဗျူဟာနဲ့ ကျိုက်ဒုံဗျုဟာဆိုပြီး ရှိတယ်။”

လေကြောင်းက တိုက်ခိုက်တာတွေကြောင့် ထိခိုက်ပျက်စီးတာတွေကိုတော့ မသိရသေးပါဘူး။ ဒါပေမယ့် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ကျိတ်ရွာအပါအဝင် အနီးနားမှာရှိတဲ့ ကျေးရွာတွေက ရွာလုံးကျွတ် ထွက်ပြေးနေရတယ်လို့ ဒေသခံတွေကပြောကြပါတယ်။

============

XS
SM
MD
LG